part 10(uni)

366 40 0
                                    

Part 10

အဲ့ဒီညက သူအိပ်မပျော်နိုင်
သူ့မျက်လုံးတွေကို တည့်တည့်ကြည့်ကာ
"ကျေးဇူးတင်ပါတယ်" ဆိုတဲ့ စကားပြောနေတဲ့ ကောင်လေးရဲ့ ပုံရိပ်တွေက တဝဲလည်လည်ဖြစ်နေတယ်

ပြောင်းလဲခြင်းကင်းတဲ့ မျက်ဝန်းတွေမှာ ကိုယ့်ကိုတွေ့လို့ လှုပ်ရှားသွားတဲ့အရိပ်အရောင်လုံးဝ မတွေ့
မုန်းလိုက်တာလို့ တမြေ့မြေ့အော်နေပြီး
အမှတ်မထင်တွေ့ရုံလေးနဲ့ ကျောက်ရုပ်လိုဖြစ်သွားရတာကိုလဲ စိတ်နာတယ်
အရမ်းမုန်းတယ်
လောကမှာ အမုန်းဆုံးလူကို ပြပါဆိုလျှင်
Byun baekhyun လို့မလွဲဧကန်ပြောမှာပင်
နောက်တစ်ယောက်ကတော့
ကိုယ့်ကိုကိုယ် ပဲ
ချစ်နေသေးလားလို့မေးရင်
နှလုံးသားက အမှတ်မရှိစွာ ခေါင်းညိမ့်န်ုင်ပေမယ်
ဦးဏှောက်က ခါးခါးသီးသီးငြင်းတယ်

မသောက်တာကြာပြီဖြစ်တဲ့ အိပ်ဆေးဘူးလေးကို လှမ်းယူလိုက်တယ်
ဒီည ငါအိပ်ပျော်မှဖြစ်မယ်
မနက်ဖြန်တွေမှာ အဲ့ဒီတစ်ယောက်ကို မုန်းနိုက်ဖို့အတွက် သူအားပြည့်နေမှဖြစ်မယ်
ဟုတ်တယ် သူအိပ်ရမယ်

ဆေးလုံး ၃ လုံးလောက်ခပ်မြန်မြန်သောက်လိုက်တယ်
ခါတိုင်းတစ်လုံးသောက်ရင် အဆင်ပြေပေမယ့် ဒီညတော့ သူမြန်မြန်အိပ်ပျော်ချင်နေတာကြောင့် ၃ လုံးထိသောက်လိုက်တယ်
နံရံကပ်နာရီလေးကို လှမ်းကြည့်တော့
၁နာရီ၃၀ မိနစ် ခေါင်းထဲမှာ မဆက်မပြတ်မြည်နေတာက
" လမ်းခွဲရအောင်" ဆိုပြီး ဘာမှမဖြစ်သလို ပြောနေတဲ့ လွန်ခဲ့တဲ့ လေးနှစ်က မိုးရည်တွေရွှဲနေတဲ့ကောင်လေး

ခေါင်းတွေ ကိုက်လာတဲ့အထိ မျက်လုံးတွေ မှိတ်ထားပေမယ့် အဲ့ဒီညက သူတော်တော်နဲ့ အိပ်မပျော်ခဲ့
အဲ့လိုနဲ့ မနက် ၃ နာရီလောက်မှ သူအိပ်ပျော်သွားခဲ့တယ်

***

" Chanyeol ...
Chanyeollie ...."

ခေါ်သံကြောင့် အိပ်ပျော်နေရာနေနိုးလာလေသည်
ဟုတ်သားပဲ Baek ကို ကျောင်းလာကြိုရင်းနဲ့ ကားထဲတွင်အိပ်ပျော်သွားခြင်း

" အင်း.....
လာပြီလား Sehun တို့ရော "
နောက်ကိုဝေ့ဝဲကြည့်ကာ သူမေးတော့

" ညနေကျောင်းပြေးပြီး Advenger ကားအသစ် ရုံတင်တာသွားကြည့်ကြတာ
beak က chanyeollie လာကြိုမှာမို့ မလိုက်သွားတာ"

- Who He Is? (Completed)Opowieści tętniące życiem. Odkryj je teraz