part 13(uni)

318 35 0
                                    

part 14

Bus ရပ်နားဂိတ်လေးကနေ ကျောင်းထိ လမ်းလျှောက်လာခဲ့ပြီး ကျောင်းရှေ့ရောက်တော့

" ညနေ လာကြိုမယ် ကိုယ့်ကိုစောင့်နော်"

"ဟို .... တစ်ခုလောက်မေးလို့ရမလား..."

"အော မေးလေ ဘာမေးမလို့လဲ"

" ကျွန်တော့်ကို ဘာလို့ အပို့အကြို လုပ်နေတာလဲဟင် .... ဟို.....မကြိုက်လို့မဟုတ်ဘူးနော် ကျွန်တော်က ဒီတိုင်း သိချင်လို့"

"အင်းးး...ဒီတိုင်း ..
ဒီတိုင်း လိုက်ပို့ပေးချင်လို့ ..."

" ဗျာ...."

" အဟင်း... မင်းက ချစ်စရာကောင်းတယ်"

" ဗျာ ....."

" မဟုတ်ဘူး ချစ်စရာကောင်းတယ်ဆိုတာ မိန်းကလေးနဲ့တူတာလို့ ပြောတာမဟုတ်ဘူး ..
ဒီတိုင်း မင်းက မင်းပုံစံလေးအတိုင်း ချစ်စရာကောင်းနေတာကို ပြောတာ"

ပြာပြာသလဲ ပြန်ရှင်းပြလာတဲ့ ထိုလူကြီးက ချစ်စရာကောင်းလွန်းပါတယ် 😁

ကျောင်းဆင်းချိန်ရောက်တော့ အမှန်ပင် ကျောင်းရှေ့မှာ ကားတစ်စီးနဲ့ ရောက်နေပါတယ် ။ အဲ့ဒီတော့ ဒီက Byun Baby တို့က ဘဝင်လေဟပ်တော့တာပေါ့ ။ အတူတူထွက်လာတဲ့ D.O တို့ Sehun တို့ကတော့ အံ့သြတဲ့ မျက်ဝန်းတွေနဲ့ "ဘာတွေလဲ" တဲ့လေ
ကျွန်တော်လဲ အပြုံးတစ်ပွင့်နဲ့ "ဒီလိုပဲ" ဟု ခပ်မြူးမြူးပြောကာ Chanyeol ဆီပြေးလာခဲ့လိုက်တယ်။

" Chanyeol shi..."

"သြ... BaekHyunna ...."

"Nae....စောင့်နေတာကြာပြီလား Chanyeol shi.."

"မကြာသေးပါဘူး လာတက်လေ "

" Nae.. Gomawor ..."

သူဖွင့်ပေးတဲ့ ကားတံခါးကနေ lover seat မှာ ဝင်ထိုင်ခဲ့လိုက်တယ်။ စဉ်းစားကြည့်တော့မှ suger daddy နဲ့ baby လိုများ ဖြစ်နေမလားဟူ၍ မျက်နှာတွေပင် ပူလာကာ တစ်ကိုယ်တည်း ဆောင်းတွင်းကြီး ပူနေသလိုပင် ချွေးတွေပါ ထွက်လာလေသည်။

" Baekhyunna နေမကောင်းလို့လား မျက်နှာတွေနီပြီး ချွေးတွေ ပြန်နေသလိုပဲ.."

" အာ အာညီး...အာညီးရော်...."

ကမန်းကတမ်း နဖူးတွေ ပါးတွေ လက်နဲ့ ပွတ်ကာ သုတ်မိသည်အထိ ။ ရင်ထဲမှာလဲ တစ်မျိုးကြီးဖြစ်ကာ နေရထိုင်ရတွေခက်နေသဖြင့်
အာရုံလွဲစေရန် ကျောင်းကအဖြစ်တွေကို ပြောပြနေလိုက်လေသည်။

- Who He Is? (Completed)Where stories live. Discover now