part 8(uni)

369 42 0
                                    

Part 8

Beakhyun တစ်ယောက် မနေ့က သူ့first kiss လေးပါသွားသည်ကို sehunတို့ လှောင်နေသဖြင့် ဒီနေ့ ကော်ဖီဆိုင်ကို နောက်ကျမှလာခဲ့ခြင်းဖြစ်သည်။ ထို့ပြင်မနေ့က သူရင်ထဲ ပုရွက်ဆိတ်အုံလိုက်ကျသွားသလို ယားကျိကျိနဲ့ ရင်တုန်နေကာ မျက်လုံးထဲ ထိုနှုတ်ခမ်းဖူးဖူးကိုပဲ ပြန်မြင်ယောင်နေတာကြောင့် တော်တော်နဲ့ အိပ်မပျော် ။ လက်ကနာရီကို ငုံ့ကြည့်တော့ ဆယ်နာရီတောင်ထိုးပြီ။ ခါတိုင်း ၈ နာရီဆို Coffee shop ကို ရောက်နေပြီဖြစ်သည်။ အချိန်ပိုင်းအလုပ်ဟု တိတိကျကျ မဟုတ်သော်လည်း သူရော sehun ရော အမြဲလိုလို လာကူသလို Xiumin Hyung ကလဲ မုန့်ဖိုးဟုဆိုကာ လကုန်တိုင်း လစာသဘောမျိုးပေးတတ်သည်။ ဒီလိုနဲ့ သူတို့ အချိန်ပိုင်းဖြစ်မှန်းမသိဖြစ်နေခဲ့သလို အပြင်လှိမ့်ချင်ရင်လဲ ဖုန်းတစ်ချက် ဆက်ယုံပဲနှင့် အဆင်ပြေသည်။

" ဟူး....."

သူလေပူတစ်ချက်မှုတ်ထုတ်ကာ ကော်ဖီဆိုင်ဆီသို့ လေးတွဲ့စွာ လာနေခြင်းဖြစ်သည်။

" ဟင် ဟိုလူကြီး "

သူလက်ညိုးလေးထိုးကာ အံ့သြနေတုန်း ကိုယ့်ဘက်ကို ကြည့်လာတာကြောင့် နောက်ပဲပြန်လှည့်ရမလို ရှေ့ပဲ ဆက်တိုးရမလို ပူပူထူထူကြီးဖြစ်လာသဖြင့်

"ဟီးးး...."

သွားသုံးဆယ့်နှစ်ချောင်းလုံးပေါ်အောင် ပြုံးပြခြင်းသို့ ရောက်၏။ ကိုယ့်ကိုယ်ဘာလုပ်လို့ လုပ်မိမှန်းလဲမသိ ဖြစ်နေစဉ် ထိုလူက သူ့ဆီလျှောက်လာနေသည်။

Beakhyun ရင်တွေ တဒိတ်ဒိတ်ခုန်ကာ လက်ဖျားတွေပင်အေးစက်ကုန်သည်။ ဘာလို့မှန်းတော့ သူကိုယ်တိုင်ပင်မသိ ။ သူတဖြေးဖြေးရွေ့လာနေသည် သူနဲ့ တော်တော်လေးနီးနေပြီဖြစ်သည် သို့သော် ရပ်တန့်မသွား
' တစ်လှမ်း နှစ်လှမ်း သုံးလမ်း´
စိတ်ထဲက ရေတွက်မိနေသည်။ ထိုလူနှင့်သူ တစ်မီတာလောက်ပဲ ကွာတော့မည်ထင်သည်။ ရှည်လွန်းသောသူ့အရပ်ကြီး ငုံ့မိုးကျလာတော့ ဘာမှန်းမသိ လန့်ဖြန့်ကာ မျက်လုံးတွေ စုံမှိတ်ချလိုက်မိသည်။ သူမျက်နှာနားမှာ ထိုလောရှည် အကိုရဲ့ ဝင်လေထွက်လေတွေက ကျီစယ်နေသည် ။ ထိုနောက် သြသျှသျှ အသံနဲ့ ခပ်အက်ခက် ရယ်သံတစ်ခု

- Who He Is? (Completed)Where stories live. Discover now