49
ကိစ္စတော်တော်များများကို ကျော်ဖြတ်ပြီးနောက် yeol ဟာ ကျွန်တော့်ကို ဘယ်နေရာကိုမှ တစ်ယောက်တည်းမလွှတ်ချင်တော့ပါ...
အခုလဲ သူအရေးကြီး Meeting ရှိလို့ အိမ်ပြန်နှင့်မယ်ဆိုတာကို သူနဲ့ အတူတူပြန်မယ်ဆိုလို့ ကျွန်တော် ကုမ္မဏ္ဍီရှေ့က ခုံတန်းလေးမှာစောင့်နေခြင်းဖြစ်သည်...ဟော လာပါပြီ ကျွန်တော့်ရဲ့ ရေခဲတုန်းကြီး..
ပြောသာပြောရတာပါ အခုနောက်ပိုင်း သူက မထင်ရင် မထင်သလို သဝန်တိုတတ်လာပြီး..
တခါတလေ လိုချင်တာကို ရအောင် ချွဲတတ်နေပါပြီ..."Hyunee ကြာသွားလား "
"နည်းနည်း..."
"သွားရအောင် လာ...."
"ဟုတ်...."
လမ်းလျောက်တိုင်း မထိတထိ ပွတ်တိုက်သွားသော လက်ဖျားလေးကို ဆွဲယူကာ သူက ခပ်တည်တည်ပဲ သူ့အင်္ကျီထဲ ထိုးထည့်လိုက်ပါသည်...ကျွန်တော် အသာပြုံးလိုက်မိပါသည်...သူက တခါတခါ ကလေးဆန်တတ်လာပါသည်...
"Yeol .."
"ဟင်...."
"ဒီတစ်ပတ် ပိတ်ရက် ဒယ်ဂူ သွားရအောင်..."
"ဒယ်ဂူ? "
"အင်း ...အဘွားရှိတယ် မရောက်တာကြာလို့ အလည်သွားမလို့ "
"အင်း သွားမယ်လေ..."
***----****
"Omma..."
"အသံပြဲကြီးနဲ့ အော်မနေနဲ့ ဘာလဲ..."
"omma သား ဂျာကင် အနက်ရောင်လေး ရှာမတွေ့လို့..."
"မနေ့ကမှ လျော်ထားတာလေ..
မခြောက်သေးဘူး နေမှာပေါ့...""ဟာ အမေက လုပ်ပြီ ...
သားဒီနေ့ ဒယ်ဂူကို ဝတ်သွားမလို့ပါဆို...""ဟဲ့ နင့်မှာ အဲ့တစ်ထည်ပဲ ရှိတာလား
တခြား အနွေးထည် ဝတ်သွား..""အွန် ..."
"baekhyun ရေ chanyeol ရောက်နေပြီနော်..."
"Nae hyung လာပြီ..."
တွေ့တဲ့ အပေါ်ထပ်သိုးမွှေး အဖြူလေး ကောက်ဝတ်ကာ အောက်ဆင်းခဲ့တော့သည်...
"ရော့ ဒီဟာတွေ အဘွားကို သေချာပေးလိုက်နော်...အမေတို့လဲ နောက်လလောက် အလည်လာခဲ့မယ်လို့ ပြောလိုက် ကြားလား..."
YOU ARE READING
- Who He Is? (Completed)
FanfictionBaekhyun သိပ်လှတဲ့ လောကကြီးဟာ ကျွန်တော်မရှိလဲ လှတဲ့ အကြောင်းတွေ ကျွန်တော်မပြောလဲ သိစေချင်တယ် မတွေးချင်ပေမယ့် မပေးချင်ပေမယ့် ကျွန်တော်မရှိတော့တဲ့ တစ်နေ့မှာ သူ့ရင်ကို နွေးထွေးစေမယ့် တစ်စုံတစ်ယောက်ရှိလာရင်တောင် ကျွန်တော် သူ့ကို နွေးထွေးနေစေချင်တယ် ကျွ...