part 11
တစ်နေကုန်ရုံးခန်းထဲမှာ ငူငူကြီးထိုင်နေမိသည့်အဖြစ်သည် ညနေရုံးဆင်းဖို့ ကို Jongdae လာပြောမှ အချိန်တွေကုန်သွားမှန်းသိသည်။ ထိုကောင်လေးသည် ငါးနှစ်ကျော်လာတဲ့အထိ သူ့ကို လွှမ်းမိုးနိုင်ဆဲဖြစ်သည်။ သို့သော် နောက်တစ်ခါသူ ရူးတော့မည်မဟုတ်ပါ
လေးတွဲ့သောခြေလှမ်းတွေနဲ့ သူကုမ္မဏ္ဍီအပြင်ထွက်လာခဲ့သည်။ အပြင်ရောက်ကာမှ မိုးက အကြောင်းမကြားပဲရွာချလာသည်။ သူသတင်းကြည့်ခဲ့ပါတယ် ။သတင်းကြေငြာသူကတော့
* ယနေ့ရာသီဥတု သာယာပါမည်*
ဟု အမှန်ပင်ပြောသွားတာဖြစ်သည်။ ဆောင်းတွင်းကြီး မိုးပြေးရွာလာတာကြောင့် ခိုက်နေအောင် ချမ်းသည်။
မဆီမဆိုင် *ထီးကိုင်ရတာမကြိုက်ဘူး* လို့ပြောဖူးတဲ့တစ်စုံတစ်ယောက်ကို သတိရမိတော့ နာနာကျည်းကျည်းရီမိသည်" ဟက် စောက်ရေးမပါတာတွေ "
ထိုစဉ် အနားကိုရောက်လာတဲ့ အရိပ်လေးတစ်ခုကြောင့် လှည့်ကြည့်မိတော့
သူ့ကို စူးစူးစိုက်စိုက်ငေးနေတဲ့ မျက်ဝန်းမှေးမှေးလေးတစ်စုံ ထိုမျက်ဝန်းတွေထဲမှာ အဓိပ္ပါယ်များစွာ ဖြတ်ပြေးနေသော်လည်း သူဖမ်းမမိ
ထိုစဉ်" ဟို ... ကျွန်တော်တို့ အရင်ကတွေ့ဖူးလားဟင်"
" ဘယ်လို ? "
" အဲ့ဒိဘက်ကကို ရင်းနှီးနေသလိုရှိလို့ ကျွန်တော်လူမှားသွားတာထင်တယ်
နှောက်ယှက်မိလို့ တောင်းပန်ပါတယ်
ခွင့်ပြုပါဉီး ""တောက် "
တောက်တစ်ပြင်းစွာခေါက်မိကာ ခေါင်းထဲမှာ ဘာမှစဉ်းစားချိန်မရလိုက်
လှုပ်ခါနေတဲ့စိတ်အစုံဟာ သူ့ရဲ့ ဆင်ခြင်နိုင်စွမ်းတွေကို အပိုင်သိမ်းထားတယ် ထင်ပါရဲ့
ဉီးဏှောက်က အလုပ်မလုပ်မီ လက်ကအလျင်ရောက်ကာ ထိုကောင်လေးကို ဖြတ်ကနဲဆွဲယူမိကာ" မင်းဘာဖြစ်ချင်နေတာလဲ Byun baekhyun ဟမ် ... ပြောစမ်းပါ
မင်းကဘာကောင်မို့လို့ ငါကို ကစားနေတာလဲ တောက် ...."ထိုကောင်လေးတော့ မှင်သက်သော မျက်ဝန်းကျဉ်းကျဉ်းတွေနဲ့ မပြောင်းမလဲ တိတ်ဆိတ်စွာ သူ့မျက်ဝန်းတွေထဲ တစ်ခုခုကိုရှာနေတယ် အခုထိ ခပ်ကြမ်းကြမ်းဆုပ်ကိုင်ထားမိဆဲ သူ့လက်တွေကိုလဲ မရုန်းသလို ဘာစကားမှလဲ ထပ်မထွက်လာခဲ့ပါပဲ ကျောက်ရုပ်လေးတစ်ရုပ်လို
သူပဲ စိတ်လျော့ကာ ကိုင်ထားဆဲ လက်တွေကိုလွှတ်ချကာ မိုးရွာထဲကို ထွက်လာခဲ့တော့တယ် ထိုကောင်လေးကတော့ သူထားခဲ့တဲ့နေရာကနေ တစ်လက်မတောင်မရွှေ့ခဲ့ပဲ သူကိုပဲမမှိတ်မသုန်ကြည့်နေခဲ့တယ်
ကားကို အရှိန်ပြင်းစွာမောင်းထွက်ရင်း နောက်ကြည့်မှန်ဆီ အကြည့်ရောက်မိတော့ ထိုကောင်လေးဟာ မိုးရေတွေကို မမှုစွာ သူ့ကားလေးဆီသို့ အကြည့်တွေပို့ထားဆဲ
ဘာကို အလိုမကျမှန်းမသိစွာ ၃ ချက်မြောက် တောက်ခေါက်မိတာနဲ့အတူ ကားကို အရှိန်ပိုတင်လိုက်သည် ။
ပြီးတော့ အဖြူထည်သက်သက် မျက်ဝန်တွေက ထိုကောင်လေး သူ့ကို အမှန်ပင်မသိကြောင်း သက်သေခံသည်။
သူစုတ်သတ်ကာ ညည်းမိသည်" အစထဲက မင်းမျက်ဝန်းတွေကို မဖတ်တတ်ခဲ့ရင်ကောင်းမယ် baekhyun "
နေတဲ့တိုက်ခန်းလေးဆီရောက်တော့ စိတ်တွေ ပိုရှုပ်သွားကာ အသက်ရှူပင်ကြပ်လာသည်။ လည်ပင်းနားက necktie ကို ခပ်ကြမ်းကြမ်းဆွဲဖြုတ်ရင်း ဘာမှမရှိတဲ့ မြေပြင်ကို အရှိန်နဲ့ လွှဲကန်ပြစ်လိုက်လျှင်
သူ့ခြေထောက်နားက ခဲလုံးလေး ပျံဝဲသွားသည် ဟိုအဝေးဆီသို့....
မင်းအကြောင်းတွေကိုခဲ အဲ့ဒီခဲလေးလို ငါကန်လို့ အဝေးရောက်သွားရင် ဘယ်လောက်ကောင်းမလဲသူကားပေါ်ပြန်တက်ကာ ဟိုတယ်တစ်ခုဆီသာ လာခဲ့တော့သည်။ ထိုနေရာဆက်နေရင် သူအသက်ရှူတောင် ရပ်သွားမလားမသိနိုင်ပေ။
အခန်းထဲရောက်တာနှင့် အဝတ်စားပင် မချွတ်နိုင်ပဲ ကုတင်ပေါ်လှဲချကာ သူဆောင်လေ့ရှိတဲ့ ဆေးဘူးလေးထဲက ဆေးပြားလေး ငါပြားလောက်ကို ရေနဲ့မြောချလိုက်သည်။ ကျွန်တော်လွတ်မြောက်ချင်ပြီ။
ထိုမျက်ဝန်းကျဉ်းကျဉ်းလေးတွေ
လက်ချောင်းသွယ်သွယ်လေးတွေ
အထိအရှလွယ် အသားရည်လေးတွေ
သူ့ရယ်သံလေးတွေ
တီတီတာတာပြောတတ်တာတွေ
နောက်ဆုံး သူ့အသက်ရှုသံလေးတွေထိ
အရာအားလုံးကို သူမေ့လိုက်ချင်သည်ဒါတွေကို မေ့ဖို့ဆို သူအိပ်ဖို့လိုသည်
လက်တွေ့လောကနဲ့အဆက်သွယ်ပြတ်ဖို့လိုသည်
ဒီညတော့ သူဘယ်နည်းနဲ့မှ နိုးထနေလို့မဖြစ်တော့ပါ ထို့ကြောင့်....သူ့မျက်ဝန်းတွေ တစ်ဖြည်းဖြည်း မှေးကျလာသည် တဖြေးဖြေး အမြင်တွေဝေဝါးလာခဲ့သည် ထို့နောက် သူ သိပ်လှတဲ့ ကမ္ဘာသစ်ဆီသို့ .....
#12-5-2021
#Heki
YOU ARE READING
- Who He Is? (Completed)
FanfictionBaekhyun သိပ်လှတဲ့ လောကကြီးဟာ ကျွန်တော်မရှိလဲ လှတဲ့ အကြောင်းတွေ ကျွန်တော်မပြောလဲ သိစေချင်တယ် မတွေးချင်ပေမယ့် မပေးချင်ပေမယ့် ကျွန်တော်မရှိတော့တဲ့ တစ်နေ့မှာ သူ့ရင်ကို နွေးထွေးစေမယ့် တစ်စုံတစ်ယောက်ရှိလာရင်တောင် ကျွန်တော် သူ့ကို နွေးထွေးနေစေချင်တယ် ကျွ...