part 32(zawgyi)

109 5 0
                                    

33

ဒီရက်ပိုင်း ချာတိတ် ကျွန်တာ့်ကို ရှောင်နေသလိုပင် ...တိတိကျကျဆိုလျှင် ကျောင်းကြိုဖို့ နောက်ကျတဲ့ နေ့ထဲက ဖြစ်သည်..
နောက်ကျလို့ စိတ်ဆိုးနေတာမျိုးမဟုတ်ပဲ ဒီတိုင်း တစ်ခုခုကို စိုးရွံ့နေသလိုပုံမျိုး...
တခါတခါ ချာတိတ်က အဖြေမရှိတဲ့ ပုစ္ဆာဆန်ပါသည်..

အခုလဲ တစ်နေ့လုံးနီးပါး ဖုန်းခေါ်နေတာ လုံးဝမကိုင်ခဲ့ပဲ ရုတ်တရက်ကြီး တွေ့ရအောင်တဲ့လေ.....ပုံမှန်ဆို *Yeol ငါ ကစားကွင်းမှာ....* ဟုဆိုကာ ကျွန်တော်လာခေါ်မှာကို စောင့်တတ်ပါသည်....အခုတော့ ခွင့်တောင်းနေသလို....တွေ့ရအောင်တဲ့.....

ကျွန်တော်ဟာ သူ့လေသံအသွားအလာကို နားထောင်ပြီး သူစိတ်ကို ခန့်မှန်းနိုင်ပါသည်...သူပျော်နေလား ...စိတ်ရှုပ်နေလား...ဝမ်းနည်းနေလား...စိတ်ညစ်နေတာလာ...စသဖြင့်ပေါ့...
ကျွန်တော့်ကမ္ဘာမှာ hyunee တစ်ယောက်တည်းရှိတဲ့အခါ...
ကျွန်တော်အရာရာတိုင်းဟာ သူ့တစ်ဦးတည်း အတွက်သာ...
Hyunee နဲ့ မတွေ့ခင်ထိ သူ့ဘဝဟာ လူသားစက်ရုပ်လို လည်ပတ်နေသည်...စကားပြောစရာ ကိစ္စလည်းမရှိသလို...ကရုစိုက်ပြီး စကားပြောရမယ့်လူလဲ မရှိ...
ပါးစပ်သုံးရမယ့် ကိစ္စတစ်ချို့ဆို လက်သုံးလိုက်တယ်....ကိစ္စမြန်မြန်ပြတ်တာပေါ့...
ဒါဟာ ပုံမှန်ပါပဲ....
ကျွန်တော် အသားကျနေတဲ့ လောကကြီးပေါ့...
ချာတိတ်နဲ့ မတွေ့ခင်က သူဟာ ပြုံးတတ်ဖို့ မသင်ကြားခဲ့ရတဲ့လူလို...
စကားပြောတတ်ဖို့ မသင်ကြားခဲ့ဖူးတဲ့လူလို...
ချစ်ခြင်းမေတ္တာရဲ့ အကြောင်းဟာ ကျော်ပစ်လိုက်တဲ့ သုံးမိနစ်စာ ကြော်ငြာလေးတွေလို...
အဲ့ဒီလိုပါပဲ...

မိုးတွေ မစဲသေးပေမယ့် မိုးထဲပဲ အပြေးလာခဲ့မိတယ်...ကျွန်တော် ချာတိတ်ကို တကယ်လွမ်းပါတယ်...ဒီရက်ပိုင်း အရိပ်အရောင်လေးတောင် မပြခဲ့တဲ့အတွက် နေ့ရက်တိုင်းဟာ ငရဲပါပဲ....
ဒီချာတိတ်ကိုသာ မတွေ့ရရင် ကျွန်တော် ရူးသွားတော့မယ်ထင်ပါရဲ့...
အမြန်ဆုံး တွေ့ချင်လို့ အပြေးလာပေမယ့်
အမြန်လို အနှေးရောက် ဆိုသလိုပါပဲ..
ဒီနေ့မှ မိလိုက်တဲ့ မီးပွိုင့် ရှုပ်လိုက်ရတဲ့လူ..
တိုးတိုက်ကာ ပြေးလာတော့လဲ ဆဲကျန်ခဲ့တဲ့ လူတွေရယ်...
ပရမ်းပတာဖြစ်သွားတဲ့ ကားတစ်ချို့ရယ်နဲ့...
ဒါပေမယ့် ခင်များတို့ ယုံမလားတော့မသိဘူး..
ကျွန်တော့်ကို ဘာပြောပြော သိပ်မနာတတ်ဘူး...တခြားသူတွေ ဘာပြောနေနေ ကျွန်နော်ာမခံစားရဘူး ..နည်းနည်းလေးတောင်မှပေါ့...

- Who He Is? (Completed)Where stories live. Discover now