26
"ဝါးးး..."
အိပ်ပျော်နေရာကနိုးလာတော့ yeol က ကားပြင်မှာ မှီကာ ဆေးလိပ်ဖွာနေသည်...
Yeol ဆေးလိပ်သောက်မှန်းကို သူနဲ့ နမ်းတိုင်း သူ့နှုတ်ခမ်းဖျားတွေက သိသလို သူ့အနားနေတိုင်း သူ့ကိုယ်သင်းနံ့နဲ့ ရောရနေတတ်သဖြင့် သိတတ်သည်...အခုလိုမျိုး မျက်စိရှေ့မှာ သောက်နေတာမျိုးကတော့ တကယ်ရှားပါသည်...
ဆေးလိပ်ငွေ့တွေ မှုတ်ထုတ်လိုက်သော နှုတ်ခမ်းပါးတွင် အတိတ်တခုခု ကပ်ညိနေသလို...အခါများစွာက အေးစက်နေတတ်သော မျက်ဝန်းတို့သည် အရောင်ဖျော့နေသလို..
ကားပေါ်မှဆင်းလာတာမြင်တော့ သူဟာ ဆေးလိပ်ကို ခြေဦးနဲ့ ဖိခြေကာ ကျွန်တော့်ဘက်လှည့်လာပါတယ်..."Yeol...."
"နိုးပြီလား ..."
"ဘာလို့မနိုးလိုက်တာလဲ..."
ထိုကဲ့သို့ပြောတိုင်း သူဟာ အပြုံးနုနုတစ်ခုနဲ့ သူ့ရဲ့ ပုံစံလေးတိုင်း မလွဲမသွေ ထိုစကားတစ်ခွန်းကိုသာ ပြောပါသည်...
"မင်းအိပ်နေတာလေးက ချစ်စရာကောင်းလို့."
တစ်ခါတစ်လေ တကယ်ကို စဉ်းစားမိပါသည်..ဘဝရဲ့အရေးအကြီးအခိုက်အတန့်တွေမှာ ကျွန်တော် အိပ်ပျော်နေခဲ့ရင်ရော သူဟာအခုလိုလေးပဲ မနိုးပဲ ထားမလားလို့ပေါ့...ဘေးဘီကို မျက်စိကစားကြည့်တော့ မြို့ပြင်မှာတည်ထားတဲ့ သုသာန်လေး...
ကျွန်တော်ကြည့်နေတာကို တွေ့တဲ့သူက"Hyunee ကို မိတ်ဆက်ပေးချင်တဲ့လူရှိလို့.."
"Yeollie အတွက် အရေးကြီးတဲ့လူဖြစ်မှာကို ကြည့်ပါဦး အဝတ်စားက မသပ်မရပ်နဲ့.."
တကယ်ကို ကောင်းကောင်းမွန်မွန် နှုတ်ဆက်ချင်ပါတယ်...ဒါဟာ ပထမဆုံး Yeol ဘက်က သူ့ပိတ်ထားခဲ့တဲ့ဘဝရဲ့ တံခါးတစ်ချပ်ကို စဖွင့်ပြတာမလား...
ပြီးတော့အတပ်သိနေတာဟာ ထိုသူဟာ သေချာပေါက် yeol ဘဝ အတွက် အရေးကြီးတဲ့ တစ်စုံတစ်ယောက် ဖြစ်နေမှာပါ..."ဘာမှ မဖြစ်ဘူး အခုလိုလေးလဲ အဆင်ပြေတယ်..."
"တကယ်နော် ..."
"အင်း..."
မပြေနိုင်မှန်းသိပေမယိ့ ဘာမှ လုပ်လို့မရတဲ့ အခြေအနေမလား...အဲ့တော့ ဒီစကားလေးနဲ့ပဲ ကျေနပ်လိုက်ရပါတယ်...ခင်များတို့ပဲ စဉ်းစားကြည်ဗျာ shirt အပွအဖြူကြီးတစ်ထည်နဲ့ ဘောင်းဘီ ဒူးတိလေးဝတ်ထားတဲ့ကျွန်တော့်က သူ့အတွပ်အရေးပါတဲ့သူကို ပထမဆုံး နှုတ်ဆက်ရမှာလေ ...ဘယ်လိုလုပ်အဆင်ပြေပါ့မလဲ... အနည်းဆုံး suit လေးတော့ ဝတ်လာသင့်တာကို...
YOU ARE READING
- Who He Is? (Completed)
FanfictionBaekhyun သိပ်လှတဲ့ လောကကြီးဟာ ကျွန်တော်မရှိလဲ လှတဲ့ အကြောင်းတွေ ကျွန်တော်မပြောလဲ သိစေချင်တယ် မတွေးချင်ပေမယ့် မပေးချင်ပေမယ့် ကျွန်တော်မရှိတော့တဲ့ တစ်နေ့မှာ သူ့ရင်ကို နွေးထွေးစေမယ့် တစ်စုံတစ်ယောက်ရှိလာရင်တောင် ကျွန်တော် သူ့ကို နွေးထွေးနေစေချင်တယ် ကျွ...