Part 1

1.8K 81 0
                                    

Zawgyi-

"မင်္ဂလာပါရှင် ယခုလေယာဉ်သည် မြေပြင်ပေါ်သို့ ဆင်းသက်တော့မည် ဖြစ်ပါသဖြင့် ခရီးသည်များ ခါးပတ်များပတ်ထားပေးရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်ရှင် အေးချမ်းတဲ့ ခရီးလေးဖြစ်ပါစေရှင်"

မှိတ်ထားတဲ့မျက်လုံးများ ဖျက်ကနဲပွင့်လာကာ လေယဉ်ခါးပတ်ကိုပတ်လိုက်သည် နှစ်ပေါင်းများစွာ စွန့်ပစ်ထားခဲ့သော တစ်နည်းမေ့ထားခဲ့ဖူးသော ဒီမြေကိုပြန်လာရတာ သူ့အတွက် စိမ်းသက်နေသည် မိခင်မြေဖြစ်သော်လည်း စိတ်တွေလေးလံနေသည် စောင့်မျှော်နေမည့်သူလည်းမရှိသလို ပျော်သွားမည့်သူမျိုးလည်းမရှိသော ဒီမြေ နာကျင်စရာအတိတ်တို့ လွှမ်းခြုံသော ဒီမြေ ဘယ်တော့မြှပန်လာဖို့ စိတ်မကူးခဲ့မိသော ဒီမြေကို Mail တစ်ခုကြောင့် သူရောက်လာခြင်းဖြစ်သည်။
ဖေ့ဖေ့ရှေ့နေဆီမှပို့သော ' ဖေဖေဆုံးပြိီ 'ဆိုသော စာလေးတစ်စောင်ကြောင့် သူဘယ်သောအခါမျှခြေမချချင်သော ဒီမြေသို့ နောက်တစ်ခေါက် ရောက်ရှိလာခြင်း။

ဇာတိမြေကိုပြန်ရောက်သော်လည်း သူများတွေလို မြေသင်းနံ့ကိုလည်းသူမသိ နွေးထွေးခြင်းဆိုတဲ့ ပြယုဂ်တွေကင်းလျက် အမိမြေက သူ့ကိုကြိုသည်။

"သခင်လေး"

အသက်လေးဆယ်အရွယ်လောက်ရှိမည့် ဦးလေးကြီးတစ်ယောက် သူ့ကိုကြည့်ပြီးခေါ်နေတာကြောင့် ဖေဖေ့အတွင်းရေးမှုး တစ်နည်း အိမ်တော်ထိန်းမှန်း သူသိလိုက်သည်။ သူငယ်ငယ်တည်းက ရှိသူတွေထဲ အိမ်တော်တွင် တစ်ဦးတည်းသာ ကျန်တော့သော ဖေဖေ့လူယုံတော် အိမ်တော်ထိန်း ဖြစ်သည်။ ပါလာတဲ့အိတ်ကိုလာယူတာကြောင့် အသာတကြည်ပင်ပေးကာ သူနောက်ကလိုက်လာခဲ့သည်။ ကားနားရောက်တော့ နောက်ခန်းတံခါးဖွင့်ကာ ဝင်ထိုင်လိုက်ပြီး မျက်လုံးတွေမှိတ်ထားလိုက်သည်။ ဒီမြေနဲ့ပတ်သတ်တဲ့ အဘယ်ကဲ့သို့သောအရာကိုမှ သူမသိချင် မမြင်ချင် မကြားချင်တော့ပေ။ ကိစ္စမြန်မြန်အဆုံးသတ်ကာ သူဒီမြေရဲ့ဝေးရာကိုသွားချင်လှပြီ ဖြစ်သည်။

"ရောက်ပါပြီ သခင်လေး"

မျက်လုံးများ ဖြည်းညင်းစွာဖွင့်လာသည်။ အတန်ငယ်တိတ်ဆိတ်နေသောခြံဝန်းကျယ်ကြီးကို တချက်ဝေ့ကြည့်ကာ သူအိမ်ထဲဝင်သွားလိုက်သည်။

- Who He Is? (Completed)Where stories live. Discover now