part 19 (uni)

273 25 1
                                    

Part 20

*Note- Micheal Jackson ရဲ့ "You are not alone " သီချင်းလေးကို repeat on ပြီးဖတ်ရင် ပိုပြီးဖတ်လို့ကောင်းမယ်ထင်ပါတယ် အကြံပေးတာပါ 😍*

ရုပ်ရှင်ရုံရောက်တာနဲ့ Yeol ဟာ ခနနော်ဟုဆိုကာ မုန့်ဆိုင်တွေဘက်ကို ခြေလှမ်းကြဲကြီးတွေနဲ့ သွားပါတော့တယ်။ ခနနေတော့ မုန့်ထုပ်တွေ တစ်ပွေ့တစ်ပိုက်နဲ့ ကော်ဖီခွက်လေးနှစ်ခွက်ထည့်ထားတဲ့ ကတ်ထူဘူးလေးကို ပါးစပ်ကနေကိုက်ကာ သူ့ဆီသို့ လာနေပါတယ်။
ဒါဘယ်လို အခြေအနေပါလဲ..
ဒါ ကျွန်တော်သိတဲ့ Park Chanyeol ဆိုတဲ့ အမျိုးသားရဲ့ ပုံစံမှမဟုတ်ပဲ...
မြန်မြန်ဆန်ဆန်ပဲ ဘောင်းဘီအ်ိတ်ကပ်လေးထဲက ဖုန်းလေးထုတ်ကာ မှတ်တမ်း တင်မိတယ်....
ဒါ ဂန္ဓာဝင်တွင်မဲ့ မြင်ကွင်းမဟုတ်လား....

သူကတော့ ဘာလို့လဲဆိုတဲ့ မျက်ဝန်းတွေနဲ့ အနားရောက်လာ ကော်ဖီခွက်တွေကို ကျွန်တော့်ရှေ့နား ငုံ့ကာ ပေးနေတော့ ...
ထိုမြင်ကွင်းလေးကိုပဲ သဘောကျကာ ဘေးလူတွေကို တစ်ချက်ကြည့်ရင် ကော်ဖီဘူးလေးတွေမယူသေးပဲ သူ့ပါးပြင်တွေဆီသို့ နွေးခနဲ အနမ်းတစ်ချက်ခြွေမိတော့ သူဟာ အလန့်တကြားဘေးဘီကို လှည့်ကြည့်ပါတယ်...
ချစ်စရာကောင်းလိုက်တာ...
ဘာမှမဖြစ်တဲ့ပုံစံနဲ့ ကော်ဖီဘူးလေးတွေလှမ်းယူကာ အရှေ့ကနေ ရုံထဲဝင်လာခဲ့တော့သည်...
ရင်ထဲမှာ မီးရထားတစ်စီးခုတ်မောင်းနေသလို အရှိန်နဲ့ ရင်ခုန်နေတာ သူမသိပါစေနဲ့...
ပြီးတော့လဲ သဘောတကျပြုံးမိတာပါပဲ
ကျွန်တော့်နောက်က အမျိုးသားလေးတော့ ဘယ်လိုနေလဲ လှည့်မကြည့်ရဲပါဘူး သေချာပေါက် တအံ့တသြလေးဖြစ်နေမှာပါပဲ....
ခိုးDate ရတဲ့ ခံစားချက်ဟာ ဒါပါလားပေါ့...

ခြေလှမ်းပေါင်းများစွာကို ကျွန်တော့်ဘက်ကပဲ လမ်းစဖောက်ပေးခဲ့ပေမယ့် သူဟာ လမ်းမလျှောက်တတ်တဲ့ကလေးလိုပါပဲ ....
ကျွန်တော်ခင်းသလောက် ပါမလာခဲ့ပါဘူး...
နောက်များမှ သိခဲ့ရတာကတော့ ထိုအမျိုးသားလေးဟာ သူ့ကြောင့် ကျွန်တော်သိက္ခာကျမှာမျိုး မဖြစ်စေချင်ဘူးတဲ့လေ...
အချစ်ဆိုတာ ဘယ်လိုမျိုးပါလိမ့်...

ကျွန်တော်တို့ဟာ စုံတွဲခုံလဲမယူခဲ့သလို တခြားစုံတွဲတွေ ဘာဆိုဘာမှ မလုပ်ဖြစ်ခဲ့ကြပါဘူး...
အဆုံးစွန်ထိ ကျွန်တော့် နဖူးပြင်ကိုတောင် သူမနမ်းခဲ့ပါဘူး....

- Who He Is? (Completed)Where stories live. Discover now