part 15(zawgyi)

146 10 0
                                    

part 16

"တကယ် သဘောကျတယ် "

"•••"
စက္ကန့်တွေ တရွေ့ရွေ့ကုန်ကာ အချိန်တွေဖြတ်ပြေးနေတယ် ။ ဆောင်းနှောင်းကာလဖြစ်တာကြောင့် လေတဖြူးဖြူးနဲ့ ပတ်ဝန်းကျင်က ဒီအခြေအနေကို အထောက်အပံ့ပေးနေသလို။

သူဟာကျွန်တော့်မျက်ဝန်းတွေကိုပဲ တည့်တည့် စိုက်ကြည့်နေတယ် ။ ပြီးတော့ သူ့မျက်ဝန်းတွေ စိုနေသယောင်။ တဖြည်းဖြည်းထလာကာ ကျွန်တော့်ဆီလာနေတယ်။ ကျွန်တော် မလှုပ်မိ ဒီတိုင်းလေးရပ်နေမိတယ်။

ရုတ်တရက် သူ့အပြုအမူက လူကို ကျောက်ရုပ်လိုပါပဲ ။ ဖွင့်ပြောတာကိုတောင် အဓိပ္ပါယ် မဖော်နိုင်တဲ့ မျက်ဝန်းတွေနဲ့ပဲ ကြည့်နေခဲ့တဲ့သူဟာ ရုတ်တရက် ကျွန်တော့်ကိုယ်လေးကို သူ့ရင်ခွင်ထဲ ဆွဲထည့်လိုက်ပါတယ် ။
ပြီးတော့ လွတ်ထွက်သွားမှာစိုးသလို
ကြားလေသွေးမှာစိုးသလို
တင်းတင်းကြပ်ကြပ်
တကယ်ကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားကာ အချိန်အနည်းအငယ်ကြာမှ

" Gomawor ....
Gomarwor Baekhyunee...."

ကျွန်တော့် ပုခုံးခေါ်မေးတင်ထားသော သူ့ဆီက အသံတိုးတိုး ထွက်လာပါတယ်။ ပြီးတော့ ပုခုံးလေးတစ်ဖက် စိုစွတ်လာတာကို အမှတ်မထင်ခံစားလိုက်မိတော့

"Yeol ah ....
ဘာဖြစ်လို့လဲ..."

"အာညီး... ချိုးဝါးဆော်...
ဒီတိုင်းလေး..ဒီတိုင်းလေး ငြိမ်ငြိမ်လေး ခဏနေပေးလို့ရမလား
ကိုယ့်ပျော့ညံ့တဲ့ အခြမ်းကို မင်းကို မပြချင်ဘူး"

သူဆိုတဲ့ ငြိမ်ငြိမ်လေး နေပေးရတဲ့သူဟာလဲ ကျွန်တော်ပါပဲ။ အချိန် အနည်းငယ်ကြာ ဖြတ်သန်းသွားပြီးတော့ ကျွန်တော့် ကိုယ်လေးကို လွှတ်ကာ သူဘာပြောလာတယ်ထင်ပါသလဲ?

"Strawberry icecream စားမလား" တဲ့လေ

ဘယ်လိုတောင် ချစ်စရာကောင်းတဲ့ လူကြီးလေးပါလိမ့် ။ ကျွန်တော်လဲ အလိုက်သင့် ခေါင်းညိမ့်ပြတော့ ရန်သူတစ်ထောင်အောင်နိုင်တဲ့ စစ်သူကြီး လို မာန်မျိုးနဲ့ သူဟာ ရေခဲမုန့်ဝယ် ထွက်ခွာသွားလေတယ်...

အဲ့ဒီနေ့က ပထမဆုံး ကျောင်းပြေးဖူးတာပေမယ့် သိပ်ပျော်ဖို့ကောင်းခဲ့တယ်။ သူဝယ်ကျွေးတဲ့ရေခဲမုန့်ကို သူ့ပုခုံးကိုမှီပြီး စားရတာဟာ စည်းစိမ်တစ်မျိုးပါပဲ..
စကားနည်းတဲ့သူဟာ အနားမှာငြိမ်ငြိမ်လေးထိုင်ပြီး ကျွန်တော့်ကို တစ်စိမ့်စိမ့်ကြည့်ကာ ကျွန်တော်ပြောသမျှ မရယ်ရတဲ့ ဟာသတွေကိုလဲ လှိုက်လှိုက်လဲလဲ ရယ်မောပေးနေခဲ့တယ် ။ ဘယ်သူထင်မှာလဲ အမြဲတွန့်ချိုးထားတတ်တဲ့ မျက်ခုံးတွေ ပြေကျချိန်ဟာ ကျွန်တော့်အတွက်မို့ဆိုတာ ...
ပါးချိုင့် နက်နက်တွေ ဖြစ်တည်ရာဟာ ကျွန်တော့် စကားတွေ အပေါ်သာ မှီငြမ်းတယ်ဆိုတာ....
မျက်ဝန်းဝိုင်းဝိုင်းတွေ စိုစွတ်တာဟာ ကျွန်တော့် ဝန်ခံမှုကြောင့်ဆိုတာ...

- Who He Is? (Completed)Where stories live. Discover now