part 12 (uni)

331 34 0
                                    

part 13

"ဒီနေ့တော့ တောင်ကိုးရီးယားကြီး အနောက်ကနေထွက်တော့မယ်
Byunbaek hyunတို့ ကြားသားမိုးကြိုး အစောကြီးထနေပါလားနော် ဟွန်းး"

"အမကြီး Byun တို့ကနော် ကိုယ့်သား အငယ်ဆုံးလေးဆို ပြောမယ်ဆိုတာကြီးပဲ ဟွန့် .."

" ကဲ ...ကိုယ်တော်လေး ပြောပါဦး ဒီလောက်အစောကြီးထရတဲ့ အကြောင်းအရင်း
ခါတိုင်း ကျောင်းသွားခါနီးထိ ခုနှစ်သံချီ နှိုးရတဲ့ ကာလနဂါးလေးက ထူးထူးဆန်းဆန်းတွေ လုပ်နေတော့ "

" ဟား လုပ်ပြီး Omma ရာ
စောစောထလဲ အပြောမလွတ်ဘူး omma တို့က"

သူနှာခေါင်းလေး ရှို့ကာပြောမိသည်။ ဟုတ်တယ်လေ မနက်လေးနာရီလောက်ထဲက နိုးနေတာ ဘယ်လိုလုပ်ရမလဲ ။ည ကလဲ သန်းခေါင်ကျော်မှ အိပ်ပျော်ပြီး မနက်ရောက်တော့လဲ အစောကြီးနိုးနေရော။ ဟော အိပ်ရေးမဝမှာလဲ မပူနဲ့ မနက်တည်းက တက်ကြွတဲ့ ကြက်ဖလေးကို ဖြစ်နေရော။

အဲ့တာ ဟိုလောရှည် အချေကိုယ်တော်ကြောင့် ဟွန့် ....
မသိဘူး သူ့အပြစ်ပဲ သူက လာခေါ်မယ်တာပြောတာ ဘယ်ချိန်ခါခေါ်မှာလဲက မပြောသွားဘူးလေ
သေချာလားမသိပေမယ့် ကျွန်တော်ကတော့ မိုးမလင်းခင်ကပင် ကျောင်းသွားဖို့အရေး ဒို့အရေး ဖြစ်နေတော့တာပါပဲ။

မနက်စာကို ခပ်မြန်မြန်စားကာ လမ်းထိပ် Bus  stop လေးဆီရောက်လာတော့ လူတောင်မရှိ
ခါတိုင်အတင်း ပြေးလိုက် ပြေးတက်ရတဲ့ Byun baek တို့ ကြားသားမိုးကြိုး ကားစောင့်ဖူးပြီ

၁၅ မိနစ်လောက်ကြာလာသည်ထိ လူလဲမရောက်လာသလို ကားရောက်ချိန်လဲ မဟုတ်သေး။ သူပြင်းလာပြီ ။ စောင့်ရတာအမုန်းဆုံးလို့ ကြွေးကြော်ထားတဲ့ ငဘတ်တို့ ဘာကြောင့် လာစောင့်နေမိမှန်းကို နားမလည်တော့ ဟူးးးးး ငါ့မှာလဲနော်....

ခုံတန်းလေးမှာထိုင်ကာ သစ်ရွက်ကြွေလေးတွေကို ခြေနဲ့ ကန်ဆော့နေလိုက်သည်။ သစ်ရွက်ကြွေလေးတွေ တဖွဲဖွဲ အပေါ်ကကျနေသလို မြေပြင်မှလဲ သူကန်ဆော့နေသဖြင့် တဖွဲဖွဲ လွင့်တက်နေသေးသည်။
ဆောင်းတွင်းဖြစ်တာကြောင့် ရာသီဥတုက အေးနေသော်လည်း မနက်က သူမေ့ကာ အပေါ်ထပ်အပါးလေးသာ ဝတ်လာခဲ့သည် ။ ကုတ်အင်္ကျီအထူကို အခန်းထဲက ခုတင်ပေါ်တွင် တင်ထားမိခဲ့ခြင်း အကျိုးကျေးဇူးကြောင့် အခုသူတော်တော်ချမ်းနေလေပြီ။

- Who He Is? (Completed)Where stories live. Discover now