part 24(uni)

255 25 0
                                    

25

ရက်တ္တသပတ်ရဲ့ တနလာင်္နေ့တွေကနေ သောကြာနေ့တွေရဲ့ မနက်ခင်းတွေမှာ ကျွန်တော် ချာတိတ်ကို Bus ကားနောက်ဆုံးတန်းရဲ့ ရှေ့ခုံလေးမှာ ထိုင်ပြီး နားကြပ်လေး တစ်ယောက်တစ်ဖက်တပ်ရင်း ကျောင်းလိုက်ပို့တတ်သလို ညနေခင်းအချိန်တွေမှာလဲ ကျွန်တော့်ကားနဲ့ သွားကြိုဆဲပါပဲ...
ရက်တ္တသပတ်ရဲ့ စနေ တနင်္ဂနွေတွေမှာတော့ ကျွန်တော်တို့ ဈေးသွားကာ ကျွန်တော့်အိမ်အတွက် လိုတာလေးတွေ ဝယ်ချင်ဝယ်မယ်
ဒါမှမဟုတ် ကျွန်တော့်အခန်းလေးထဲမှာပဲ ရုပ်ရှင်တွေ ကြည့်ရင်ကြည့်မယ်...
ဒါမှမဟုတ် ကျွန်တော်ဂီတာတီးပြီး သီချင်းဆိုကြရင် ကီးမကိုက်တဲ့ ဟာမိုနီတွေနဲ့ သူက လိုက်ပေးရင် လိုက်ပေးမယ်...
အဲ့လိုလေး ကျွန်တော်တို့ ငြိမ်းအေးစွာဖြတ်သန်းနေကြပါတယ်...

ဒီနေ့နဲ့ဆို ကျွန်တော်တို့တွဲနေတာ ၄လနဲ့ ၁၃ ရက် တိတိ....
ကျွန်တော့်အသက် ၂၂ နဲ့ ၃ လ
Park အိမ်တော်ကို မပြန်ဖြစ်တာ ၃ လတိတိ ပြည့်ပြီဖြစ်သည်။

တွဲလာတဲ့ကာလတစ်လျှောက် ချာတိတ်ဟာ ကျွန်တော့်ရဲ့ ဘယ်အကြောင်းကိုမှ စပ်စပ်စုစုမမေးခဲ့ပါဘူး...
စကားသိပ်များတဲ့ ကောင်လေးဟာ အပြင်တွေ လျှောက်လည်ရတာထက် အိမ်ထဲနေပြီး ကျွန်တော့်ကို သီချင်းဆိုခိုင်းဖို့ ပိုဝါသနာ ပါတယ်....
ကျွန်တော့်ချက်ကျွေးတဲ့ ထမင်းတွေ စားရတာကြိုက်တယ်..
ကျွန်တော့် ရင်ခွင်ထဲကနေ TV ကြည့်ရင်း အိပ်ရတာကိုကြိုက်တယ်...
ဘယ်လိုရာသီဖြစ်ဖြစ် Stawberry icecream စားရတာကြိုက်တယ်...
ပြီးတော့ ကျွန်တော့်ပါးချိုင့်တွေထဲ လက်ညိုးလေး တစ်ချောင်းထိုးရတာကြိုက်ပါတယ်...

ဒါဟာ ဒီကာလတွေအတွင်း ကျွန်တော် မသင်ရပဲ အလွတ်ရနေတဲ့ စိတ်ချမ်းမြေ့စရာလေးတွေပေါ့....

ကျွန်တော်ထင်ပါတယ်...ဒီကောင်လေးသာမရှိရင် ကျွန်တော်ဆိုတာ အရင်လို အသက်မဲ့စွရှင်သန်နေဦးမှာ...
ကျွန်တော့်ရဲ့အကြောင်းတွေ ချာတိတ်ကို ပြောပြချင်တယ်...
သူလဲ တကယ်သိချင်ရှာတာပါ..
ကျွန်တော်စိတ်ညစ်သွားမျိုးကို တကယ်မကြိုက်တဲ့သူဟာ ကျွန်တော့်ကို မေးချင်တာတွေများနေရင်လဲ ဘယ်တုန်းကမှ မမေးခဲ့ပါဘူး...
ဒါဟာ သူကျွန်နော့်အပေါ်ထားတဲ့ မေတ္တာရဲ့ အတိမ်အနက်ပါပဲ...

- Who He Is? (Completed)Where stories live. Discover now