part 28(uni)

245 19 0
                                    

29

"ဒေါက် ဒေါက် ဒေါက် ....
Byun baek hyun ...မထသေးဘူးလား .."

အစောကြီးနိုးထလာရတဲ့ မနက်ခင်းတွေမှာ ဒီနေ့ဟာ အလှအပဆုံးပါပဲ....မျက်နှာဖောင်းဖောင်းလေးကို ဖိအိပ်ထားသဖြင့် နှုတ်ခမ်းလုံးလုံးလေးဟာ ရှေ့ကို အနည်းငယ် စူထွက်နေသေးသဖြင့် အကောက်ပေါက်လေးလို ...
နဖူးပေါ်ဝဲကျနေတဲ့ ဆံနွယ်နုနုတွေကို သပ်တင်ရင်း နဖူးပေါ် အနမ်းခြွေမိတော့ နှုတ်ခမ်းတို့ ပြုံးယောင်သန်းနေသယောင်..

ချာတိတ်ကတော့ အင်း..အဲ...ပင် မပြန်ပဲ ကျွန်တော့်ခါးပေါ်ကို ခွထားကာ ရင်ဘတ်ပေါ်ကို လက်တစ်ဖက် ပစ်တင်ထားပြီး ခြေကားယားလက်ကားယားလေးနဲ့ အနြေ္ဒရှိစွာ စက်တော်ခေါ်နေလေရဲ့...

ပြောရင်းဆိုရင်း ဝင်ချလာသော Byun Omma ကြောင့် ကျွန်တော့်မှာ မျက်နှာပူရပြန်ပါသေးတယ်...
သူ့အမေရဲ့အရှေ့မှာ သူ့သားကိုခိုးနမ်းထားတဲ့သူဆိုတဲ့အသိနဲ့ တစ်ကိုယ်လုံးပင်ချွေးပြန်လာသလို...Byun Omma ကတော့ ဘာမှမသိစွာပင် ကျွန်တော့်ပေါ်ခွထားသော ကျွန်တော့်ချာတိတ်ပေါက်စကို ရိုက်ပါတော့သည်...

"ဖြန်း...ဖြန်း....
ဟဲ့ Byun baek hyun ....နေဖင်ထိုးနေပြီ မထသေးတဲ့အပြင် ဧည့်သည်ကို ခွထားတာများ...သူများ ထလို့ကိုမရဘူး...ကြည့်စမ်း..."

ဟော ရိုက်လိုက်၍ နီရဲလာသော ခြေထောက်လေးတစ်ထက် ထပ်ရိုက်ဖို့ လက်မြောက်လိုက်ပြန်တော့ ...ကျွန်တော့်မှာ အလန့်တကြား တားရပြန်ပါတယ်...

"Om...Omma....နီရဲနေပြီ ...မရိုက်ပါနဲ့တော့....ဟို ကျွန်တော်နှိုးခဲ့ပါမယ်..."

"chanyeol နော် ကြပ်ကြပ်အလိုလိုက်...ဒီကောင်လေး မင်းအပေါ်ဆို အရမ်းဆိုးလိမ့်မယ်..."

"hyunee က လ်ိမ္မာပါတယ်..."

"အမလေးနော် ငါမနိုင်ဘူး....
ဘာကိုကြည့်ပြီး လိမ္မာနေမှန်းမသိပေမယ့်...
ငါက သူ့အမေနော်...
မြန်မြန်နှိုးပြီး နှစ်ယောက်လုံး ဆင်းလာခဲ့..."

"Nae...."

"baekhyunee ....hyunee...hyunee...
ထတော့လေ Omma ပြန်လာရိုက်လိမ့်မယ်...
Hyunee...."

"အင်း.........အင့်......
Omma ..ya ....ဒီနေ့ကျောင်းပိတ်တယ်မလား ....ဘာလို့ အစောကြီးလာနှိုးနေတာလဲ...."

- Who He Is? (Completed)Where stories live. Discover now