part 35(uni)

262 25 2
                                    

36.

" Ring Ring....ring...."

"အာ...ကျစ်..."

"Hello..."

"....."

" အခု ဘယ်နှနာရီလဲ..."

"......"

"ဘာ....၁၁ နာရီဟုတ်လား...."

"......."

"အချိန်ဘယ်လောက်ရသေးလဲ....."

"......"

"Ok မှီအောင်လာခဲ့မယ်..."

ဟက် ဘယ်လောက်တောင် အိပ်ပျော်သွားလို့ ၁၁ နာရီထိ မနိုးရတာလဲ....
မမက်တာကြာတဲ့ အိပ်မက်ရှည်ကြီးကြောင့် မျက်ဝန်းထောင့်က မျက်ရည်တွေ....
ဘဝမှာ ဒီတခါနဲ့ဆို ၃ ကြိမ်တိတိ ....
သူ့ကြောင့်ပဲ ကျတဲ့ မျက်ရည်တွေ....

မအိပ်ခဲ့တဲ့ ညတွေအတွက် အစားယူလိုက်တဲ့ အိမ်မက်ရယ်...
လတ်လတ်ဆတ်ဆတ် ခုန်နေတဲ့ရင် အစုံရယ်....
တော်တော်ကြာမှ ကျလာတဲ့ မျက်ရည်တွေရယ်....
ပြီးတော့ ကျွန်တော့်ကို မသိတော့တဲ့ ကောင်လေးတစ်ယောက်ရယ်...

"တောက်....မုန်းလိုက်တာ...."

နောက်နေတဲ့ ခေါင်းကြောင့် ရေချိုးခန်းဝင်ကာ dae ဆက်တဲ့ဖုန်းကြောင့် အရေးကြီးmeeting ကို အမှီပြေးရဦးမည် ...

ရေတတောက်တောက်ကျနေသော ဆံပင်ကို လက်နဲ့ တဖြတ်ဖြတ် ရိုက်ခါလိုက်ရင်း အတွေးထဲဝင်လာတာက လွန်ခဲ့သော နှစ်တွေဆီက သူသုတ်ပေးခဲ့ဖူးသော ဆံသားနုနုလေးတွေ...

ဟား ဒီနေ့ တကယ်ကို ဘာဖြစ်နေတာလဲ...
လတ်လတ်ဆတ်ဆတ် အိမ်မက်မက် ထားတာကြောင့် သူ့အကြောင်းပဲ ခေါင်းထဲ ရောက်နေသည်ထင်...

ဒီနှစ်တွေမှာသူတကယ်ကို အဆင်ပြေပြေနေခဲ့တာမလား....စကားတွေလဲပြောပြီး...စာအုပ်တွေလဲ ဖတ်ပြီး...တခါတရံ ပန်းတွေလဲ သွားကြည့်ပြီး...လေ့ကျင့်ခန်းလဲ လုပ်ပြီး....
တကယ်ကို လောကကြီးထဲ အံဝင်ခွင်ကျ ရှင်သန်နေခဲ့တာမလား....

တစ်ရက်လောက်ပြန်တွေ့လောက်ယုံနဲ့ ဒီလောက်ယောက်ယက် ခတ်သွားရအောင် သူရင်းထားခဲ့တဲ့ နေ့ရက်တွေက နည်းတာမှ မဟုတာပဲ...

"မင်းကို အမုန်းဆုံးပဲ Byun Beak Hyun..."

*****

"မင်္ဂလာပါ....."

- Who He Is? (Completed)Where stories live. Discover now