part 34(zawgyi)

112 3 0
                                    

35

ဒီရက်ပိုင်း မေ့တတ်တာတွေ ပိုများလာတယ် ကျောင်းချိန်တွေ မသိသလို သူငယ်ချင်းတွေကိုလဲ မေ့လာတယ် ။ တခါတခါ omma မျက်နှာကိုတောင် မေ့တတ်လာတယ်။ ပြီးတော့ Yeol...နာမည်ကိုသိနေပေမယ့် ရုပ်ကို မေ့နေတတ်တယ် ဆရာဝန်ကတော့ ပြောတယ် ...ဖြစ်နိုင်ရငိ အခုကစပြီးတော့ ဆေးရုံတက်ပြီး ကုသမှုခံစေချင်တယ်တဲ့ ...

"ရား ငဘတ် ...
ဘာတွေငိုင်နေတာလဲ မင်းဘဲကြီးနဲ့ အဆင်မပြေဘူးလား..."

"မဟုတ်ပါဘူးကွာ..."

"ဘာကိုမဟုတ်ရမှာလဲ ဒီရက်ပိုင်း မင်း yeol hyung ကို ရှောင်နေသလိုပဲ..."

"Sehun ya...ငါ့ကို တစ်ခုလောက်ကူညီပေးပါလား..."

"ဘာ ကူညီရမှာလဲ..."

"ဒီတိုင်း ဘာမှမမေးပဲ ကူညီပေးလို့မရဘူးလား ကျေးဇူးပြုပြီး..."

"ဟ ဘယ်လိုအကူညီတောင်းမှုမျိုးလဲ မင်းဟာက..."

"နော်...."

"အင်း ပြော ဘာလုပ်ပေးရမှာလဲ..."

"ညနေ Yeol လာကြိုရင် ငါ့ကို နမ်းလိုက်..."

"ဘာ ...ဟေ့ရောင် မင်းရူးသွားပြီလား..."

"အင်း ငါရူးသွားရင် ကောင်းတယ်ထင်တယ်...ငါ....ငါ..."

"မင်းဘာဖြစ်နေတာလဲ baekhyun မင်းတစ်ခုခု ဖြစ်နေတယ်မလား..."

D.O ကပါ ဝင်မေးလာသည်...

"သူငယ်ချင်းတွေကို မှမပြောပြရင် မင်း ဘယ်လိုလုပ်မလဲ ဟမ်...."

"ငါ....ငါ...ဦးဏှောက် အကြိတ်ရှိနေတယ်တဲ့...."

"အဲ့တာက ဘာစကားလဲ BAEKHYUN..."

" သုံးလလောက်ပဲ ကျန်တော့တယ်တဲ့..."

"YEOL Hyung ရော သိပြီးပြီလား...."

" ကျေးဇူးပြုပြီး သူ့ကို...မပြောပါနဲ့..."

"ဘာ..."

ဖြစ်ရပ်အစုံတို့ကို ရှင်းပြရင်း yeol ကိုတော့ မသိစေချင်ကြောင်း ပြောပြတော့ သူငယ်ချင်းလေး နှစ်ယောက်ဟာ စိတ်တွေဆိုးကြပါသည်...အပြစ်မမြင်ရက်ပါ ကျွန်တော့်အတွက်ပဲမလား..

yeol ကတစ်ဘဝစာလုံး ဘာခံစားချက်မှ မရှိပဲနေလာခဲ့တာ ကျွန်တော်သာ ဒီလိုအဖြစ်မျိုးနဲ့ သူ့အနားကနေ ထွက်သွားရင် အဲ့ဒီအမျိုးသားလေးက လက်ခံနိုင်မှာ မဟုတ်ပါ...သေချာပေါက် အမုန်းတရားနဲ့ ချန်ထားခဲ့မှသာ ...ကျွန်တော့်ကို နာကျည်းလို့ပဲဖြစ်ဖြစ် ရှင်သန်နိုင်ဦးမှာ ...အနည်းဆုံးတော့ အရင်လို အေးစက်စက်ပဲ ဖြစ်ဖြစ် ရှင်သန်နေဦးမှာ...
ဒီလိုရှင်သန်ရတဲ့ဘဝမှာ အရင်ကလဲ နေဖူးတော့ နည်းနည်းပင်ပန်းတယ်ဆိုရင်တောင် ရှင်သန်နိုင်ဦးမယ်ဆိုရင် ကျွန်တော်....

- Who He Is? (Completed)Where stories live. Discover now