41
"Loey...."
အလုပ်ခန်းထဲတွင် အရေးကြီးသော စာရွက်တွေ လုပ်နေတုန်း Dae ခေါ်လာတာကြောင့် မော့ကြည့်လိုက်သည်...
"ရှေ့တစ်ပတ်က တင်ထားတဲ့ သားရေကိစ္စက..."
"ဘာဖြစ်လို့လဲ ....
ဒီနေ့ပစ္စည်းရောက်ရမယိ့ ရက်မဟုတ်ဘူးလား...""သူတို့ဘက်က အခု မပို့နိုင်တော့ဘူးတဲ့..."
"ဘာ...."
"ကျွန်တော့်အထင် အဲ့တာ ဆရာကတော်ရဲ့ လက်ချက်လို့ ထင်ပါတယ်..."
"အဲ့ဒီမိန်းမက ဘယ်လိုလုပ်..."
"သူ့သမီးအခုတွဲနေတဲ့ တစ်ယောက်က သားေ ရကုပ္ပဏ္ဍီက မန်နေဂျာပါ..."
"ဟား ....ဒီမိန်းကကြီးက ငါ့အကြောင်းကိုမသိလို့ ငါ့လမ်းကိုလာရှုပ်နေတာပဲ..."
"ဟုတ်ကဲ့...ဘယ်လိုလုပ်ဖို့ စဉ်းစားထားပါသလဲ loey ...."
"ငါစီစဉ်လိုက်မယ်...တခြားကုန်ကြမ်းတွေရော အဆင်ပြေတယ်မလား..."
"တခြားဟာတွေတော့ အကုန်အဆင်ပြေပါတယ် ..."
"အင်း....
park အိမ်တော်ကို သွားမယ် ကားပြင်ထားလိုက်...""ဟုတ်ကဲ့...."
အဲ့လိုနဲ့ park အိမ်တော်ရောက်တော့ မိထွေးတော်က ရောက်လာမှာကြိုသိသလို ဧည့်ခန်းမှာ မိန့်မိန့်ကြီး ထိုင်စောင့်နေတယ်...
သူ့သမီး နှစ်ယောက်က ခြံရံလျက် ...
ဆေးဆိုးပန်းရိုက် မျက်နှာတွေဟာ အဆီတဝင်းဝင်းနှင့် ....
အမေနဲ့ သမီး ခွဲမရအောင် ဝတ်စားထားတာက ပုရိသ တို့မကြည့်ရဲလောက်စရာ...
ဒါပေမယ့် Chanyeol အတွက်တော့ ရွံစရာတွေသာဖြစ်သည်...
မပေါ်တပေါ် အဝတ်အစားတို့နဲ့ သူ့ထက်ငါအပြိုင် ဝတ်စားထားကြတာဟာ မမြင်အပ်သောနေရာတွေ ပေါ်နေသည်အထိ...
ရဲတောက်နေတဲ့ နှုတ်ခမ်းလွှာတွေက မဲ့ရွဲ့ပြနေတာ သံမှိုနဲ့ ရိုက်ပစ်ချင်လောက်အောင် စိတ်ပျက်စရာအတိ..."ရောက်လာပြီလား သားလေး......"
"ဘယ်သူက ခင်များသားလဲ မတန်မရာတွေ....ရွံစရာကောင်းလိုက်တာ..."
"ဟေ့ နင် မမိုက်ရိုင်းနဲ့ နင့်အမေအရွယ်ကြီးကို...မစာမနာ..."
"ဟက်....စာနာရအောင် ငါ့မှာအမေမရှိဘူး...."
YOU ARE READING
- Who He Is? (Completed)
FanfictionBaekhyun သိပ်လှတဲ့ လောကကြီးဟာ ကျွန်တော်မရှိလဲ လှတဲ့ အကြောင်းတွေ ကျွန်တော်မပြောလဲ သိစေချင်တယ် မတွေးချင်ပေမယ့် မပေးချင်ပေမယ့် ကျွန်တော်မရှိတော့တဲ့ တစ်နေ့မှာ သူ့ရင်ကို နွေးထွေးစေမယ့် တစ်စုံတစ်ယောက်ရှိလာရင်တောင် ကျွန်တော် သူ့ကို နွေးထွေးနေစေချင်တယ် ကျွ...