part 7(zawgyi)

269 11 0
                                    

part 7

Zawgyi

ထိုနေ့က ဒီဇင်ဘာရဲ့ အေးချမ်းခြင်းနဲ့ဆန့်ကျင်စွာ သူ့ရင်တွေ နွေးထွေးနေလေရဲ့
ဘာကြောင့်လဲဆိုတော့ သူမြတ်နိုးတဲ့ နှုတ်ခမ်းလေးတစ်စုံကို သူ မိမိရရ အနမ်းချွေခဲ့သောကြောင့်ပင်
Chanyeol ထို သေးသေးလေးကိုစောင့်နေတာကြာပြီဖြစ်သည် အခုချိန်ထိ ပေါ်မလာသေးသောကြောင့် ထပြန်ဖို့ စိတ်ကူးမိစဉ် ရေခဲမုန့် လေးကိုက်ကာဝင်လာသော ကျွန်တော့ ခွေးပေါက်လေး

ကျွန်တော်ထထွက်လာခဲ့လေသည် ဘာလို့လဲမမေးနဲ့ ထိုခွေးပေါက်လေးက နေ့တိုင်းတိုက်မိနေတဲ့ ကမူလေးကို ထပ်တိုက်ပြီး လဲတော့မှာ သိတာကြောင့်ပင်။

"အင့် "

ကျွန်တော်မပြောဘူးလား အခုကျွန်တော်သာ သူခါးလေးကို လှမ်းမဆွဲထားရင် သေချာပေါက် ချာတိတ်လဲကျတော့မည်။ ဆွဲလိုက်သောကြောင့် ကိုယ်လေးပါလာတာနဲ့အတူ ချာတိတ်ရေခဲမုန့်ခွက်လေးက သူ့ပါးစပ်တွေဆီ ။ ထို့အတူမြင်လိုက်ရတာက ရေခဲမုန့်တွေ ခပ်ပေပေဖြစ်နေသော ခပ်ရဲရဲ နှုတ်ခမ်းလွှာလေး။ သူဖမ်းထားတဲ့လက်တွေကို အခွင့်ကောင်းယူကာ အရှေ့ကိုဆွဲလိုက်တော့ ထပ်တူကျသွားတဲ့ နှုတ်ခမ်းအေးအေးလေးက ချိုမြနေသည်။ ရေခဲမုန့်ကလား ထိုနှုတ်ခမ်းပါးလေးကလားတော့ Chanyeol ပင် သိလိမ့်မည်။

သူထိုညက အိပ်မပျော်နိုင်ပေ။ သူများတွေလိုပြောရမယ်ဆို အပျော်လုံးစို့နေသောကြောင့်ပင် ။ ကိုယ်ကနမ်းပြီး ခပ်ကျောကျောလေးပြောလိုက်တော့ ကြောင်တောင်တောင်ကြည့်နေဲ့ မျက်ဝန်းမှေးမှေးလေးတွေဟာ ကဗျာဆရာဖွဲ့မမှီနိုင် ဟုပင်ညွန်းချင်မိသည်အထိ သူအပေါ် သက်ရောက်လွန်းသည်။

ဒီဆိုင်လေးကို စထိုင်မိတည်းက ထိုမျက်ဝန်းလေးတွေကို သဘောတကျရှိခဲ့သည်။ ထိုစဉ်အခါကတော့ ပကတိဖြူစင်မှုတွေမှာ အရောင်မပါနိုင်ဟုထင်မိခဲ့သည်။ ဒါဆိုအခုတော့ရောလို့ မေးလာရင်တော့ ပန်းနုရောင် လွှမ်းနေလောက်ရောပေါ့လို့ ဖြေမိမည်ထင်သည်။

စတွေ့စကတော့ ထိုမျက်ဝန်းလေးတွေ လေးထောင့်ဆန်ဆန် တဟားဟား ရယ်မောတတ်တာလေးတွေက သူ့စိတ်ကို တဒင်္ဂ ညံ့သက်စေတာအမှန်ပင်။ ထိုမျက်နှာလေးကို မြင်ရယုံ ထိုအပြုံးလေးကို ကြည့်ရယုံနဲ့ စိတ်ညစ်စရာတွေကို ခဏ မေ့ထားနိုင်ခဲ့သည်။ ဒါကြောင့် သူစိတ်ညစ်တိုင်းရောက်လာတတ်တဲ့ နေရာဟာ ကော်ဖီဆိုင် သို့မဟုတ် ထိုဆိုင်လေးရှေ့ချယ်ရီပင်အောက်က ခုံတန်းလေးဆီသို့။

- Who He Is? (Completed)Where stories live. Discover now