part 17(uni)

294 30 3
                                    

part-18

ရေမိုးချိုးပြီး ဟူဒီတစ်ထည်ကောက်စွပ်လိုက်ပြီးမှ ပုံမှန်ပုံပေါက်နေတဲ့ကိုယ့်ကိုမှန်ထဲ မြင်စဉ် အမြဲချောမောနေတတ်တဲ့ Yeol ကိုမြင်ယောင်မိတော့

"Andwre..."

ဗီရိုထဲက အဝတ်အစားတွေ စဖွပါတော့တယ်
ဒီနေ့က ပထမဆုံးနေ့လေ ကျွန်တော် ခံ့ညားနေချင်တယ် အနည်းဆုံး သူ့မျက်လုံးထဲမှာပေါ့
ဟိုဟာ ကောက်စွပ် ဒီဟာ ကောက်လဲနဲ့ ပုံမှန်ဆိုင်ရောက်ချိန်တောင် ကျော်နေလို့ Xiumin hyung က ဖုန်းဆက်လာပါတယ် ကျောင်းလဲမသွားဘူးဆိုလို့ နေမကောင်းဘူးထင်လို့တဲ့
မဟုတ်ကြောင်းပြောကာ အင်္ကျီဝတ်ခြင်းကို အပြီးသတ်ကာ မှန်ကို တစ်ချက်ပြန်ကြည့်တော့  ရှပ်အင်္ကျီအပြာစင်းလေးကို နို့နစ်ရောင် ဘောင်းဘီတိုလေးနဲ့ သူ့ပုံစံက လူငယ်ဆန်ဆန် သစ်လွင်နေလေသည်။

" Perfect "

နှုတ်က ဖွင့်ဟချီးကျူးပြီး ကော်ဖီဆိုင်လေးဆီသို့..
မမေ့မလျော့ Strawberry icecream လေးဝယ်ကာ လတ်ဆတ်သော ခြေလှမ်းတို့နှင့်

ဟော တွေ့ပါပြီ ..ကော်ဖီဆိုင်ရှေ့က ချယ်ရီခုံတန်းလေးမှာ ထိုင်စောင့်နေသော အနှီလူသားဟာလဲ တမူထူးခြားနေပါတယ်...
အဖြူ နဲ့အဝါစပ်ထားတဲ့ Shirt အင်္ကျီကိုအပေါ်ထပ် ဂျာကင်အနက်မှာ သိုးမွှေးတွေပါတာကိုထပ်ဝတ်ထားပြီး ဂျင်းအနက် အပြဲလေးနဲ့ တွဲဝတ်ထားတဲ့သူကလဲ လူငယ်ဆန်ဆန် လွတ်လပ်မှုတွေအပြည့်နဲ့...

"Yeol..Ah.."

"အော Baekhyunee လာပြီလား"

"Nae...စောင့်နေတာကြာပြီလား"

"ဟင့်အင်း အခုလေးတင်မှ.."

"ဝင်ရအောင်..."

"Nae."

အတူတူရှေ့ဆင့်နောက်ဆင့်ဝင်ချိန် တိုက်လဲနေကျ ကုန်းမုလေးရောက်တော့ ထိုလူသားလေးဟာ ခါးလေးထိန်းဖက်ထားပေးပါတယ်
ဘယ်လို အလိုက်သိမှုမျိုးပါလိမ့်...
ထိုနေ့ကစပြီးတော့ကျွန်တော် ထိုနေရာလေးမှာ လဲတတ်မှုတွေလည်း အပြီးတိုင် ဆိတ်သုန်းသွားခဲ့ပါတော့တယ်....

" ဂိုမားဝေါ်.."

ထိုင်နေကျ ထောင့်ကျကျနေရာလေးဆီ လိုက်ပို့ပေးကာ

- Who He Is? (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ