part 29(zawgyi)

110 5 0
                                    

30

"ဟယ်လို...."

"Yeol ...အဟင့်....ကျွန်တော် လမ်းပျောက်နေလို့..."

ငိုသံစွက်နေသော ချာတိတ်စကားမှာ အတန်းဝင်နေတဲ့ ဆရာကိုတောင်ကရုမစိုက်နိုင်ပဲလွယ်အိတ်ဆွဲကာ ကားဆီအပြေးထွက်လာမိခဲ့သည်....
လမ်းဘေး လေးမှာ ငုတ်တုတ်ထိုင်နေတဲ့ ကလေးဟာ တကယ်ကို စိုးရိမ်ကြောက်ရွံ့နေတဲ့ပုံပင်....မိုးတွင်းမို့ တဖွဲဖွဲကျနေတဲ့ မိုးက သိပ်မသိသာသော်လည်း တစ်နေရာတည်း မရွေ့ပဲ ထိုင်စောင့်နေပုံရတဲ့ ကောင်လေးကတော့ ရွဲနစ်လို့ နေသည်....
ပူထူသွားတဲ့ ရင်ဟာ ချာတိတ်ကို ကိုယ့်မျက်စိရှေ့မြင်လာမှ သက်ပြင်းချနိုင်သည်...

ကားရပ်ကာ ဆင်းသွားတော့ မော့ကြည့်လာတဲ့ မျက်ဝန်းလေးတွေဟာ မျက်ရည်စတို့ ရစ်သိုင်းလျက်....
ကျွန်တော့်ကို မြင်တာနဲ့ ရင်ခွင်ထဲ အတင်းဝင်လာသူလေးဟာ ဘယ်လောက်တောင် ကြောက်နေရှာမလဲ ...
အေးစက်နေတဲ့ ကိုယ်လုံးသေးသေးလေးဟာ တစ်စက်စက် တုန်လျက်...

"Yeol....ကျွန်တော် ....အဟင့် ....
ကျွန်တော်လေ....အင့်...သွားနေကျလမ်းကို....အဟင့်...နေ့တိုင်းသွားနေကျလမ်းမှန်း ....အဟင့် ....သိပေမယ့်....အင့်...အင့်....
သိပေမယ့်..မသိတော့ဘူး...ဘယ်ဆက်သွားရမလဲ မသိတော့လို့....အဟင့်....မူဆောဝေါ်...Yeol....ကျောင်းတက်ချိန်မှန်း သိပေမယ့်..ဘယ်သူ့ကိုခေါ်ရမှန်းမသိလို့...အဟင့်.."

"အင်း...အခု ကိုယ်ရောက်လာပြီ မကြောက်နဲ့တော့နော်....ဟုတ်ပြီလား.မကြောက်နဲ့တော့...ကိုယ့်ကလေးလေးကတော်တယ် ...အခုလိုနောက် လမ်းပျောက်ရင်လဲ ကိုယ့်ကို ဖုန်းဆက်နော် ...ဟုတ်ပြီလား...တော်တယ်..."

ငိုလိုက်ရှိုက်လိုက်ပြောနေတဲ့ ချာတိတ်ဟာ မိုးဒဏ်ကြောင့်အေးနေသလို ငိုနေရသဖြင့် နှာဖျားလေးတွေ နားရွက်ဖျားလေးတွေပါ ရဲနေလေသည်...ဘယ်လောက်တောင် အားကိုးးရာမဲ့တဲ့ ခံစားချက်မျိုးဖြစ်နေမလဲ...
ကျွန်တော်နားလည်ပါတယ်...ဒီလိုခံစားချက်မျိုး....ကျွန်တော်သိပ်သိပါတယ်....
အဘိုးဆုံးတုန်းက ခံစားချက်မျိုးပေါ့...
တိတိကျကျပြောရရင် ကျွန်တော် ၄ တန်းနှစ်စာမေးပွဲ ဖြေပြီးတဲ့အချိန်....
ကျွန်တော့်ကို ဂစ်တာလေး လက်ဆောင်ပေးပြီး ၁၄ရက် တိတိကြာတဲ့နေ့...
ကျွန်တော့်ဘဝမှာ ဘယ်သူမှ မရှိတော့ဘူးဆိုတဲ့ ခံစားချက်မျိုး ပထမဦးဆုံးအကြိမ် ခံစားမိတဲ့နေ့...ခိုကိုးရာ မဲ့ခဲ့တဲ့နေ့....

- Who He Is? (Completed)Where stories live. Discover now