part 38(uni)

280 22 0
                                    

39

"အင်း....."

အိပ်ရာနိုးနိုးချင်း ပထမဆုံးခံစားမိတာက ဆေးနံ့တွေ ...တနည်း ကျွန်တော် အမုန်းဆုံးအနံ့...ထပ်ပြီးတွေ့ရတာက မျက်နှာကြပ်ဖြူဖြူ ...တစ်လျှပ်လျှပ် ပြေးလွှားနေတဲ့ ခြေသံ...ပြီးတော့ လှုပ်ခါသွားတဲ့ လိုက်ကာစလေး....

"baekhyun အဆင်ပြေရဲ့လား..."

"အင်း ဒါနဲ့ Kia ငါဘယ်လို ...."

"မမှတ်မိဘူးလား....မင်း မိတ္တူ ကူးတဲ့နေရာမှာ မေ့လဲသွားလို့ သူဋ္ဌေးခေါ်လာပေးရတာ..."

"ဘယ်လို....."

"သူဋ္ဌေးက မင်းကို drama တွေထဲကလို ချီလာတာပါဆို ငါတို့ဆို ကြောင်ပြီးကြည့်နေမိတာ..."

"သူပို့ပေးခဲ့တာလား ဆေးရုံကို..."

"အင်း ငါတောင် ခုနကမှရောက်တာ..ဆေးရုံစရိတ်လဲ ရှင်းပေးခဲ့တာ....."

"သူရော...."

"ဟင် သူဋ္ဌေးလား..."

"အင်း ...."

"ပြန်သွားပြီ ခနလေးတင်ကပဲ....."

"အော်...."

"အခုသက်သာပြီဆိုတော့ ဆေးရုံဆင်းလို့ရပြီမလား ...."

" အင်း မင်းအဆင်ပြေရင် ရပြီတဲ့.....အခု အိမ်ပြန်နားလိုက်တော့.... "

"အင်း ....ကျေးဇူး ပစ္စည်းတွေ ယူလာပေးတာ..."

"တစ်ယောက်တည်း အဆင်ပြေလား လိုက်ပို့ပေးရမလား...."

"ရတယ် သူငယ်ချင်းကို ခေါ်လိုက်မယ်...."

"အင်း အဆင်ပြေရင် ဟုတ်ပြီ...."

ဖုန်းထုတ်ကာ D.O ကို လာခေါ်ပေးဖို့ပြောရသည်...ဒီပုံစံ အိမ်ပြန်သွားရင် သေချာပေါက် Omma က အစိုးရိမ်လွန်နေဦးမှာ...
ခဏကြာမှ KIA လဲ အလုပ်ပြန်ရဦးမှာမို့ ..

"Kia လဲ ပြန်ချင်ပြန်တော့လေ ကျွန်တော့် သူငယ်ချင်းလဲ ရောက်တော့မယ် ထင်တယ်.."

"အင်း ဒါဆို သွားပြီနော် အလုပ်နည်းနည်းများနေလို့ ဒီနေ့...မဟုတ်ရင် သူငယ်ချင်းရောက်တဲ့ အထိစောင့်ပေးပါတယ်..."

"ရပါတယ်...ကောင်းကောင်းသွားနော်..."

"OK..."

kia တစ်ယောက် ဆေးရုံကအထွက်

- Who He Is? (Completed)Where stories live. Discover now