part 14 (zawgyi)

158 8 0
                                    

part 15

အဲ့ဒီနေ့က ကျွန်တော် Bus gate လေးမှာ ၂နာရီခွဲလောက်ကြာအောင် ထိုင်နေခဲ့ပေမယ့် သူရောက်မလာခဲ့ဘူး။
ခါတိုင်းနေ့တွေလို အရာရာဟာ ပုံမှန်ပါပဲ ဆောင်နှောင်းပေမယ့် သူပထမဆုံး လိုက်ပို့ပေးခဲ့တဲ့ နေ့တုန်းကလို သစ်ရွက်လေးတွေ တဖွဲဖွဲကြွေနေဆဲ နှင်းမှုန်လေးတွေလဲ တဝဲဝဲ ဝေနေဆဲ ပြီးတော့ကျွန်တော်လဲ သစ်ရွက်လေးတွေကို ခြေနဲ့ ကန်ဆော့နေခဲ့တာပါပဲ
ဒါပေမယ့် ဒါပေမယ့်ပေါ့လေ...
Bus ရောက်ခဲ့သည့်တိုင် သူရောက်မလာသေးပါ။ အမြဲတမ်းလိုလို Bus မရောက်ခင် ရောက်လာတတ်ပေမယ့် ထိုနေ့က Bus ကားဆရာ ဦးလေးကြီးက ကျွန်တော့်ကို မလိုက်ဘူးလားမေးတဲ့အထိ ကျွန်တော်စောင့်နေဆဲ ။ ခေါင်းခါပြမိလား မသေချာပေမယိ့ Bus လေးဟာ ကျွန်တော့ ချန်ထားရစ်ခဲ့ပြီး တရွေ့ရွေ့ ခရီးဆက်သွားပါတယ်။
"သူရောက်လာမှာပါ ဟုတ်တယ် သူရောက်လာမှာ" ရင်ထဲမှာအကြိမ်ကြိမ်ရေရွတ်နေမိပေမယ့်  ကျွန်တော်မယုံရဲဘူး ။ ခြေထောက်တွေတောင့်နေတဲ့အထိ နေရာက တစ်စက်မရွေ့ပဲ ကျွန်တော်စောင့်နေခဲ့တယ် ။ ဒါပေမယ့် နောက်ဆုံးထိ သူရောက်မလာပါဘူး။ ကျွန်တော့်ရှေ့မှ Bus တွေ တစ်စီးပြီးတစ်စီးဖြတ်သွားပေမယ့် မတက်ဖြစ်ဘူး။ လူတွေ တဖွဲဖွဲရောက်လာလိုက် ပြေးတက်သွား လိုက်နဲ့ မြင်ကွင်းတွေ ရှုပ်နေပေမယ့် ကျွန်တော် ဘာမှ သတိမပြုမိဘူး။
ကျွန်တော်ပြောခဲ့ဖူးသလိုပါပဲ ခင်တာ ၂ လနီးပါးရှိလာပေမယ့် ကျွန်တော်သိတာဆိုလို့ သူ့နာမည် တစ်ခုတည်းပါပဲ ။
အဲ့ဒီနေ့ကပေါ့ ၁၀နာရီခွဲလောက်ထိ စောင့်အပြီးမှာ သေချာသိလိုက်တယ် သူလုံးဝမလာတော့ဘူးဆိုတာပေါ့။ ကျောင်းလဲ သွားလို့ မဖြစ်တော့သဖြင့် ကျွန်တော်လေးဖင့်တဲ့ ခြေလှမ်းတွေနဲ့ အိမ်လမ်းတစ်လျှောက် လမ်းလျှောက်ပြန်လာခဲ့တယ် ။ ကျွန်တော်တကယ်ကို စိတ်တွေထိုင်းမှိုင်းနေတယ်။

အိမ်နားက ကစားကွင်းလေးဆီ ဝင်လာခဲ့တယ် ။ဒီချိန်အိမ်ပြန်လဲ မာတာမိခင်က ကျွန်တော့်ကို အပြုံးနဲ့စီးကြိုမှာ မဟုတ်ဘူးလေ။

ဒန်းလေးတွေရှိရာဆီ လျှောက်လာတော့ ခေါင်းငိုက်စိုက်ကျကာ ထိုင်နေတဲ့ ရှည်မြောမြောပုံရိပ်။ ကျွန်တော်မယုံရဲစွာ နှုတ်ခမ်းဖျားလေးတွေ လှုပ်ရှားမိယုံခေါ်မိတော့

- Who He Is? (Completed)Where stories live. Discover now