part 44(uni)

297 25 0
                                    

45

"Hello..."

"......"

"ဟုတ်ကဲ့...."

"...."

"အဲ့ကောင်လေးနောက်ပဲ တကောက်ကောက်လိုက်နေတာ.."

"....."

"ဟုတ် အရေးကြီးတဲ့ လူထင်တယ်.."

လျှာထိုးအုပ်ထုတ်အနက် အရောင်ကို ခပ်စိုက်စိုက်ဆောင်းကာ အပင်အကွယ်တခုမှနေ၍ သတင်းပေးနေသူတစ်ဦး ရှိခဲ့တာကိုတော့
chanyeol ရော baekhyun ရော သတိမထားမိလိုက်ပါ...

****

Baekhyun တစ်ယောက် တိုက်ခန်းကို ဖြူ ဖြူ ကို ပတ်ကြည့်နေတုန်း yeol က ကော်ဖီလေး တစ်ခွက်ဖျော်လာပေးပါသည်...
ကော်ဖီခွက်ကို လှမ်းယူရင်း လောကဝတ်စကား ပြောရသည်..

"ကျေးဇူး..."

လုံးဝ  ကျွန်တော်သောက်တဲ့ ပုံစံ ...
မျက်လုံးလေးလှန်ကာ သူ့ကို ကြည့်မိတော့ ဘယ်ချိန်ထဲက ကျွန်တော့်ကို ကြည့်နေမှန်းမသိတဲ့ သူ့မျက်ဝန်းဝိုင်းဝိုင်းတွေနဲ့ စုံပါသည်...

ခုနက သွေးပူနေလို့ လုပ်ချင်တာလုပ် ပြောချင်တာ ပြောခဲ့ပေမယ့်...
အခု ကျတော့ သူ့အခန်းထဲရောက်ပြီးမှ စကားစလဲ ဘယ်ကရှာရမှန်းမသိသလို သူကိုယ့်သူဋ္ဌေး...
ပြီးတော့ ကိုယ့်ကိုပဲ တစိမ့်စိမ့်ကြည့်ကာ ဘာမှ မပြောလာတော့ ပိုဆိုးသည်...
ဒီအခြေအနေကြီးက ဘာပါလိမ့်...

ထိုစဉ် သူ့ဆီက စကားစဆိုလာပါတယ်..

"ချာတိတ်..."

"ဟွမ်..."

"accident ဖြစ်တယ်လို့ ပြောတယ်မလား...
အဲ့ဒါက ဘယ်လိုဖြစ်တာလဲ..."

"အဲ့ဒါက ကျွန်တော်မမှတ်မိဘူး...
ပြောကြတာကတော့ ကျောင်းကအပြန်တဲ့..."

"Sehun ကရော..."

"Sehun  က ဘာဖြစ်လို့လဲ..."

"လိုက်မပို့ဘူး ကျောင်းဆင်းရင်..."

"သူဋ္ဌေး မသိဘူးလား သူတို့က ကျောင်းဆင်းရင် အိမ်တန်းပြန်တဲ့ အမျိုးတွေ မဟုတ်ဘူး..."

"အဲ့တာထက် မင်းကိုတော့ လိုက်ပို့မယ်ထင်ခဲ့တာ...."

"ဘာလို့လဲ..."

"အာညီး ထားပါတော့...
ဒါဆို အထက်တန်းကရော..."

"အဟင်း ကျွန်တော် အထက်တန်းမဖြေလိုက်ရဘူးလေ...
ဆေးရုံတက်ပြီး ခွဲစိတ်လိုက်ရတာတဲ့ ...
အဲ့တာတွေပြီးတော့ သုံးနှစ်လောက် Coma ဝင်သွားတာနဲ့...."

- Who He Is? (Completed)Where stories live. Discover now