part 43(zawgyi)

136 4 0
                                    

44

စိတ်တွေရှုပ်နေ၍သာ ခြေဦးတည့်ရာ လျောက်နေမိတာ ဘယ်သွားရမှန်းမသိ...
Omma ကိုရော သူငယ်ချင်းတွေကိုရော အကြိမ်ကြိမ်မေးခဲ့ဖူးသည်...
Yeol ဆိုသော အမည်နာမအကြောင်း..
အဲ့ဒီတုန်းကတော့ တကယ်ကို မသိခဲ့ဘူး ထင်ခဲ့ပေမယ့် အခု အားလုံးနဲ့ သိတယ်တဲ့လေ..
ဒါဆို မပြောရတဲ့ အကြောင်းအရင်းက ဘာလဲ....
ဒီနှစ်တွေမှာ ကိုယ့်ကိုကိုယ် မေးခွန်းတွေ အများကြီးမေးဖြစ်တယ်...မေ့သွားတဲ့ တစ်ချို့ကို ပြန်ရှာတယ်...
အပြည့်အစုံ ပြန်မှတ်မိတာတွေလဲ ရှိသလို
တပို်င်းတစ ပြန်မှတ်မိတာတွေလဲ ရှိတယ်...

ဒါပေမယ့် ထိုအမျိုးသားကိုတော့ Yeol ဆိုတာကလွဲလို့ ကျန်တာမသိ...
နောက်ထပ်မသိသေးတဲ့ အကြောင်းအရာတွေရော ကိုယ့်မှာ ဘယ်လောက်ထိ များနေနိုင်မလဲ...
ပြန်မှတ်မိနိုင်ပါဦးမလား...
ဆရာဝန်ပြောသလို တစ်သက်လုံး မမှတ်မိနိုင်တာမျိုးများ ဖြစ်နေမလား...
မမှတ်မိနိုင်တော့မယ့် အရာတွေထဲ တစ်သက်စာ အမှတ်တရတွေ ပါသွားရင်ရော....
တွေးကြည့်တာတောင် အဖိုးတန်သယံဇာတ တွေ ပျောက်ဆုံးသွားသလို ဘယ်ဘက်ရင်အုံက အောင့်တက်လာရပါသည်...
ဒါဆို သူကရော...
သူနဲ့ ပတ်သတ်ဖူးတဲ့ အတိတ်ကို မေ့ပစ်လိုက်တဲ့သူကို...
တစ်ခါ တွန်းထုတ်ဖူးတဲ့ သူကို...
ဆုံးရှုံးရတော့မယ့် အရာတခုလို
ထိုလူ့ကို မြင်ယောင်ကြည့်မိတော့ နှလုံးအိမ်ဟာ ခံနိုင်ရည်မဲ့လာရပါသည်..

အတွေးတွေက တောင်စဉ်ရေမရ ပါပဲ...
လျှောက်လာတာ တော်တော်ကြာတာကြောင့် ခြေထောက်တွေနာလာသည်...
နီးရာ Bus stop လေးမှာ ဝင်ထိုင်တော့

"Oppa...."

"ဟင်......"

"Oppa အတွက်...."

"ကိုယ့်အတွက်....ဟုတ်လား ....
ဒါဆို ကလေးလေးကရော...."

၅ နှစ်ယောက်အရွယ် ကောင်မလေးတစ်ယောက် စတော်ဘယ်ရီရေခဲမုန့်လေး ကိုင်ကာ ထိုးပေးနေလေသည်...

"မီးမီးက banana ice cream စားမှာ..."

"ဟုတ်လား....ဒါဆို ဒါက oppa ကိုကျွေးတာပေါ့..."

"Nae...."

"ကျေးဇူး ကလေးလေး ...."

နာကျင်နေတာတွေ ခဏတာပျောက်ကွယ်ဖို့ ရေခဲမုန့်လေးက တကယ်အသုံးဝင်ပါသည်..
ဆုံးဖြတ်ချက်တစ်ခု မရေမရာချဖို့လည်း အသုံးဝင်နေတတ်ပါသေးသည်...
ခပ်လှမ်းလှမ်းက ကောင်လေးတစ်ယောက်ကတော့ ကလေးလေးကို banana ရေခဲမုန့်လေး ဝယ်ကျွေးနေလေရဲ့...

- Who He Is? (Completed)Where stories live. Discover now