part 36(uni)

258 22 1
                                    

37..

"အာ ရွာပြန်ပြီ မိုးကလဲ ဆောင်းတွင်းကြီးကို...ဟူး....."

ရွာကျနေတဲ့ မိုးရေစက်တွေကို လက်နဲ့ ခံကြည့်ရင်း baekhyun ညီးညူ မိသည်....
ထီးဆိုတာ mrs.byun ထည့်မပေးရင် ဘယ်တော့မှ မပါတတ်တဲ့အမျိုးဆိုတော့ ဒီနေလဲ မိုးစိုရဦးမယ်....

"ဟင်း....."

သက်ပြင်းရှည်တစ်ချက်ချလိုက်ရင်း...မိုးရေထဲကို ခြေလှမ်းစလိုက်သည်....ဖတ်ဖူးထားတဲ့ သီအိုရီအရ မိုးရွာချိန် ပြေးခြင်းဖြစ်စေ လမ်းလျှောက်ခြင်းဖြစ်စေ မိုးရဲ့သိပ်သည်းစက တူည်ီသဖြင့် စိုမယ့် ပမာဏ လဲ အတူတူပဲဟု ဖြစ်သည်...
ထို့ကြောင့် အများတကာတွေလို အိတ်ကိုခေါင်းပေါ်တင်ပြီး မပြေးဖြစ်...
ပုံမှန်အတိုင်းလေး လမ်းလျှောက်ထွက်လာခဲ့သည်....

"ဟူး ပြေးလဲစိုမှာချင်းအတူတူကို အလကားဒုက္ခခံပြီးပြေးနေကြသေးတယ်..."

တစ်ယောက်တည်းစကားပြောကာ အေးအေးလူလူ လျှောက်လာတဲ့သူ့ကို တစ်ချို့တွေကတော့ လည်ပြန့်ကြည့်သွားကြသည်...ကရုမစိုက်ပါ...

"ဟပ်ချေး....ဟပ်ချေး...
ဟာ ဒီနှာကလဲ မိုးကဖြင့်မမိရသေးဘူး ချေချင်နေပြီ တကယ်ပဲ....
ဟပ်..ဟပ်ချေး..."

"ဝါး တကယ်ကို အေးတာပဲ ဆောင်းတွင်းမိုးက..."

Bus stop လေးမှာ ထိုင်စောင့်တုန်းမိုးက ရုပ်တရက်ဆိုသလို တိတ်သွားပါသည်...
မိုးပြေးပဲ ဟု တွေးကာ ကိုယ်ပေါ်က ရေစက်တွေကို ခါထုတ်ရင်း ဆံပင်ဖျားတွေပေါ်က ရေတွေကို တဖြတ်ဖြတ်ခါရင်း..

"ဟော Bus လာပြီ...."

Bus ပေါ်တက်ကာ နောက်ဆုံးတန်းရဲ့ ရှေ့ခုံလေးမှာ နေရာယူလိုက်သည်....ထိုနေရာလေးမှာ ထိုင်ရတာ သိပ်ကြိုက်ပါသည်...ဘာကြောင့်မှန်းမသိ...ထိုနေရာမှာ ထိုင်မိပြီဆိုတာနဲ့ တပြိုင်နက် လုံခြုံ မှု ၊ လွမ်းဆွတ်မှု၊ နွေးထွေးမှု စတဲ့ ခံစားချက်တွေ ဖြစ်လာကာ တခုခုကိ အတိအကျကြီးကို သတိရနေပါသည်...
ဘာမှန်းတော့ သူလဲမသိ...

အိတ်ထဲက ဖုန်းလေးကို ထုတ်ကာ ဆေးရုံဆင်းပြီးထဲက တစ်ပုဒ်တည်းကျန်သော သီချင်းလေးကို နားကြပ်တပ်ကာ နားထောင်နေလိုက်သည်...ဆေးရုံးဆင်းပြီးထဲက ဒီတစ်ပုဒ်တည်းကို နားထောင်ဖြစ်ခဲ့ပေမယ့် ညီးငွေ့မသွားတာလဲ အံ့သြစရာ...သေချာပေါက် တစ်ယောက်ယောက်က အသံသွင်းထားသလို ဂီတာလေးနဲ့ပဲသီဆိုထားတာဖြစ်သည်...
နားကြပ်လေးမှတဆင့် ကြားနေရတဲ့ အသံသြသြဟာ ဆွတ်ပျံ့ဖွယ်အတိ...နွေးထွေးမှု အတိ..
သီချင်းရှင်လေးကတော့ နူးနူးညံ့လေးနဲ့ သူ့ရဲ့တစ်စုံတစ်ယောက်ကို သူနဲ့အတူ တနေ့တာကို ရိုးရိုးလေးဖြတ်သန်းကြည့်ဖို့ပြောနေလေသည်...

- Who He Is? (Completed)Where stories live. Discover now