part 22(zawgyi)

133 5 0
                                    

23

King bed size ကုတင်ကြီးရယ် မာကျူရီမီးဝါဝါ ထိန်ထိန်ညီးနေတဲ့ အိပ်ခန်းကျယ်ကြီးဟာ သူ့အတွက်တော့ မှောင်လဲ့လဲ့အခန်းကျဉ်းလေးလောက် ဘယ်တုန်းကမှ တန်ဖိုးမရှိခဲ့ပါဘူး...

လက်ထဲက ကျစ်ကျစ်စုပ်ထားတဲ့ ဓာတ်ပုံအထပ်လိုက်လေးဟာ အနားလေးတွေ တွန့်ကျေလို့...အခန်းထောင့်က ဂစ်တာဟောင်းလေးဟာ သူလေးတန်းကျောင်းသားဘဝက လက်ဆောင်ရထားတဲ့ တစ်ခုတည်းသော စိတ်ဖြေရာလေး....
လက်ထဲက ဓာတ်ပုံလေးကို ဖြန့်ကြည့်မိတော့ ချာတိတ်ဟာ သူ့ပါးလေးကို ဖြတ်ကနဲအနမ်းမှာ...ကျွန်တော့မျက်ဝန်းဝိုင်းဝိုင်းတွေ ပိုဝိုင်းနေသလို...
ချာတိတ်နှုတ်ခမ်းတွေကတော့ ပြုံးယောင်သန်းနေသလိုပါပဲ...

မိဘတွေကို စိတ်နာလားလို့ မေးရင် စိတ်မနာဘူးလို့ဖြေမယ်...
သူတို့လဲ သူတို့ဘဝနဲ့သူတို့ အလုံအလောက်နာကျင်နေရတယ်မလား...
ပြောရမယ်ဆိုရင် ကျွန်တော့်မှ ဘာလို့ ဒီလိုဖြစ်နေလဲလို့ တခါတခါတော့ တွေးဖူးပါတယ်..
အဲ့လိုဆိုတိုင်း လောကဓံကိုကြီး အပစ်တင်လို့လဲ မရဘူးမလား...
တစ်ချို့တွေကတော့ ကျွန်တော့်ကို မွေးတည်းက နှလုံးသားနေရာမှာ အပေါက်လေးနဲ့ကလေးလို့ ပြောကြတယ်...
တချို့ကတော့ ဒီကလေးက မနာတတ်ဘူး အမဋေ ပါတယ်လို့ပြောတတ်ကြတယ်...
တချို့ကတော့ သနားစရာကလေးလေးဆိုတဲ့ မျက်ဝန်းတွေနဲ့...
တစ်ချို့အခုမှမြင်ဖူးတဲ့သူတွေက ကြောက်တဲ့ မျက်ဝန်းတွေနဲ့...
ဒါပေမယ့် ဘယ်လိုပြောရမလဲ ကျွန်တော် တကယ်ဘယ်လိုမှမခံစားရဘူး...
တကယ်ပဲ သူတို့ပြောသလို ဖြစ်နေလား ကျွန်တော်လဲ တကယ်မသိဘူး...

ဒါပေမယ့်ထူးဆန်းစွာပဲ တနေ့သော ညနေခင်းမှာ ကောင်ငယ်လေးတစ်ယောက်ဟာ ကျွန်တော့်ကို ကျွန်တော်သိတတ်စ အရွယ်ထဲက မမြင်ဖူးခဲ့တဲ့တဲ့ ဖြူ ဖြူ စင်စင် မျက်ဝန်းတွေနဲ့ မျက်ဝန်းလေးတွေ ပိတ်ကျတဲ့အထိ ရယ်ပြနေခဲ့တယ်....
ထူးဆန်းစွာပဲ အပေါက်ပါတယ်ဆိုတဲ့ နှလုံးသားနေရာဟာ တဒိတ်ဒိတ်နဲ့ သူရှိကြောင်း ကျွန်တော့်ကို အချက်ပြပါတယ်...
အဲ့ဒီအချိန်ထဲက ကျွန်တော်သိလိုက်ရတဲ့ အမှန်တရားတခုက ကျွန်တော့်နှလုံးသား တစ်ယောက်ထဲအတွက်ပဲပါပြီး တစ်ခြားအရာတွေကို ခံစားဖို့ကတော့ ဗလာသက်သက်ဆိုတာပါပဲ....

- Who He Is? (Completed)Место, где живут истории. Откройте их для себя