part 6 (unicode)

399 42 0
                                    

part 6

Baek hyun အလုပ်လျှောက်ရာကအပြန် ကားမှတ်တိုင်ဆီလျှောက်လာခဲ့ခြင်းဖြစ်သည်။ ဒါပေမယ့် ရောက်နေတဲ့နေရာက သူ မရင်းနှီးတဲ့ bus မှတ်တိုင်မှာ

သူ့ခြေထောက်တွေက သူ့ကို သယ်ဆောင်ရာနောက် လိုက်လာခဲ့မှန်းမသိ ဖြစ်နေစဉ် ကားပေါ်ပြေးတက်ခဲ့ရသည်။ ဆောင်းတွင်း အချမ်းပိုချိန်မို့ သူအလွန်အေးနေပြီ ဖြစ်သည်။

မရင်းနှီးတဲ့နေရာသစ်တစ်ခုက ထူးဆန်းစွာပင် စိတ်ထဲမှာ  ရင်းရင်းနီးနီး ခံစားချက်တို့ဖြင့် ပြည့်နက်လျှက်။ ထို့ပြင် မလှမ်းမကမ်းက တိုက်ခန်းလေးတစ်ခန်းက သူ့စိတ်တွေကို သွေးဆောင်နေသယောင် ။ ဒီနေ့တော့ အလွန်အေးနေတာကြောင့် နောက်နေ့မှ ပြန်လာကြည့်မယ်ဟု စိတ်ထဲတွင် တေးမှတ်ခဲ့လိုက်သည်။

" ဟပ် ချေးးးးး..."
"  ဟပ်ချေးးး...."
" ဝါး အေးလိုက်တာ "

ကားပေါ်တွင် လူနည်းချိန်ဖြစ်သဖြင့် တစ်ကားလုံး သူအပါအဝင်မှ ၅ယောက်လောက်သာရှိသည်။ ထို့ကြောင့် လွတ်လပ်စွာ တစ်ယောက်တည်း စကားပြောနေခြင်း ။

ခုနက သူတက်ခဲ့တဲ့နေရာကိုပြန်ငဲ့ကြည့်မိတော့ အတွေးတွေထဲ ခပ်ဝါးဝါး မှတ်ဉာဏ်တို့ ပြေးလွှားနေသည်။ သူဘယ်အပိုင်းအစကိုမှ ဖမ်းလို့မမိ။  ရုတ်တရက်ထိုးကိုက်လာတဲ့ ခေါင်းကြောင့်

" အား .... ကျစ်   ကျစ်..."

သူအသံထွက် ညည်းမိသည်အထိ ။ နားထင်ကို လက်နှစ်ဖက်နဲ့ ထောက်ကာ သူ ညည်းညူနေမိသည်။ ခနကြာတော့ သူဆင်းရမယ့် မှတ်တိုင် ရောက်လာတာကြောင့် သူဆင်းကာ လမ်းလျှောက်လာခဲ့သည်။

ဒီနေ့သူ Loey Fashion cot. ကို ဒီဇိုင်းနေရာအတွက် အလုပ်သွားလျှောက်ခြင်းဖြစ်သည်။ကိုးရီးယားမှာ အကြီးဆုံးနဲ့ အအောင်မြင်ဆုံး Fashion cot. ဖြစ်သည့်အလျှောက် လာလျှောက်သည့်သူများမှာလည်း သူ့ထက်တော်သူတွေ ချည်းပင်။ ကံကောင်းစွာပင် သူနောက် တစ်ပတ် အင်တာဗျူးထဲ ပါခဲ့လေသည်။

သူဒီအလုပ်ရမှဖြစ်မည် ။ သူ့အိမ်မက်တွေကို အကောင်ထည်ဖော်နိုင်ရန် သူLoey မှာ အလုပ်ရမှ ဖြစ်မည်။ အတွေးစတို့နှင့် သူ့ Design စာအုပ်လေးတွေ ထည့်ထားတဲ့ အိတ်လေးကို လက်တစ်ဖက်ကကိုင်ကာ အိမ်ထဲဝင်လာတော့

- Who He Is? (Completed)Where stories live. Discover now