part 41(zawgyi)

139 6 4
                                    

42

အိပ်ရာက နိုးနိုးချင် စားပွဲပေါ်က Custus ပင်လေးတွေကို ငေးရင်း တခုခုကို လွမ်းပါတယ်
သူ ဆေးရုံဆင်းထဲက အခန်းထဲမှာ စောင့်ကြိုနေခဲ့တဲ့ အပင်လေး
omma ကို မေးကြည့်ဖူးတယ်

"Omma ဒီအပင်တွက သားကို တစ်ယောက်ယောက်ပေးထားတာလား..."

"ဟဲ့ နင်ဟာနင်ဝယ်လာတာလေ အဲ့နေ့က မိုးရွာကြီးထဲ custus တွေဝယ်လာလို့ လာတောင်မေးသေးတာ ကို..."

"ကျွန်တော် ဆေးရုံမတက်ခင်က ဒီလို အပင်လေးတွေ ကြိုက်တတ်တူလား..."

"ငါသိသလောက်တော့ နင် ဘာအပင်မှမကြိုက်ဘူး စားလို့ရတာက လွဲလို့..."

မေမေက အမြဲစကားကို အဲ့လိုပြောလေ့ရှိသည်...တည့်တိုး ပဲပြောတတ်သည်...
ပြီးတော့ ဘယ်တော့မှ လိမ်ညာလေ့မရှိ

ပန်းအိုးသေးသေးလေးထဲက Custus ပင်လေးဟာ ခြောက်သွေ့ဒဏ်ကို ခံကာ ကျောက်ခဲလေးတွေကြားထဲ ရုန်းကန်ရှင်သန်နေပါတယ်...
အနက်ဆွေးဆွေး ပန်းအိုးလေးမှာတော့ ဓားနဲ့ စာထွင်းထားပုံရတယ်
**Yeol*** တဲ့

"Yeol.."

ပစ္စည်းတစ်ခုခုလား
အဓိပ္ပါယ်တစ်ခုခုလား
နာမည်တစ်ခုခုလား
ဒါမှ မဟုတ် လူတစ်ယောက်လား

ဒီမေးခွန်းကိုတော့ ကျွန်တော့်ကို ဘယ်သူမှ မဖြေပေးခဲ့ကြပါ...
Omma ရော
Noona ရော
Suho Hyung ရော
Xiumin hyung ရော
D.O ရော Sehun ရော..

"Yeol ဆိုတာဘာလဲ" လို့မေးတိုင်း

"မသိဘူးလေ" ဆိုတဲ့ စကားကိုသာကြားရပါသည်

ကြာလာတော့ မမေးဖြစ်တော့

မကြာခဏ ခေါ်မိတတ်ပေမယ့် ပြန့်မေ့သွားတတ်တဲ့ အမည်နာမလေး
ပန်းအိုးလေးမြင်တိုင်း လက်ကလေးတွေနဲ့ ထိကြည့်မိတဲ့ အမည်နာမလေး
အိမ်မက်တွေထဲထိ ယောင်ရမ်း ခေါ်တတ်တဲ့ အမည်နာမလေး
အားကိုးရာမဲ့အချိန်တွေမှာ အားကိုးတကြီး ခေါ်မိတဲ့ အမည်နာမလေး
လမ်းပျောက်ချိန်တွေ ရှာဖွေမိတဲ့ အမည်နာမလေး

ကျွန်တော်မေ့နေသော အမည်နာမလေး

ကမ္မဏ္ဍီရောက်တော့ Kia က နဖူးလေးကို လာစမ်းပါသည်...ထိုကောင်လေးသည် အမြဲ ပျော်ပျော်နေတတ်ပေမယ့် သူတပါးကို စိတ်ပူတတ်တဲ့ ကောင်လေးဖြစ်သည်...

- Who He Is? (Completed)Onde as histórias ganham vida. Descobre agora