part 20(uni)

298 31 2
                                    

21

ချာတိတ်အိမ်ရှေ့ရောက်လာတော့ ချာတိတ်ဟာ အိမ်ထဲဝင်ကာ Byun Omma ကိုနှုတ်ဆက်ဖို့ခေါ်နေပါတယ်...
ကျွန်တော်သိတာပေါ့ ချာတိတ်ဟာ ကျွန်တော့်ကို အချစ်ခံရတဲ့ ခံစားချက်ကောင်းလေးတွေကို မျှဝေပေးချင်တယ်ဆိုတာ....
ကျွန်တော်ဟာလဲ လူသားတစ်ယောက်ပါပဲ...
သာမာန်နှလုံးသားနဲ့ပါပဲ...
ကျွန်တော်ဟာလဲ ချစ်ခြင်းမေတ္တာကို မလိုအပ်တဲ့ လူတစ်ယောက်မဟုတ်ပါဘူး...
အထီးကျန်ခြင်းမှာ အသားကျနေတဲ့ လူတစ်ယောက်မဟုတ်ပါဘူး...

ကျွန်တော်လဲ ချစ်ခြင်းမေတ္တာတွေကို လိုချင်မိပါတယ် ထိုက်တန်တယ်ဆိုရင်ပေါ့....
ကမ်းလင့်မယ့်လက်တွေဟာ ကျွန်တော့်အတွက်သီးသန့်ဆိုရင် ကျွန်တော်လဲ မလွှတ်တမ်းဆုပ်ကိုင်ထားချင်ပါရဲ့....
ကျွန်တော်ဟာ တဘဝလုံး မေတ္တာငတ်ခဲ့သူမို့လား မသိဘူး တဘဝစာအတွက်မှ မဟုတ်ရင်တော့ ဘယ်လို မေတ္တာ၊ စေတနာကိုမှ မလိုချင်ပါဘူး...

အမှန်တိုင်းပြောရရင် ချာတိတ်ကိုချစ်ရတာဟာ ကြိုးတစ်ချောင်းတည်းရှိတဲ့ တံတားကို ညမှောင်မှောင်မှာ စမ်းလျှောက်နေရသလိုပါပဲ...
ကျွန်တော်တကယ်ကို ကြောက်မိပါတယ်..
အထက်တန်းကျောင်းသားလေးဟာ ကျွန်တော့်လို ပြစ်ချက်များတဲ့သူကို တဘဝစာ လက်တွဲချင်ပါ့မလား...
တစ်နေ့ စိတ်ကစားတာဆိုပြီး ထားသွားလေမလား...
နောင်တစ်ချိန် သိပ်လှတဲ့ ကောင်မလေးတွေတဲ့အခါ သူစိတ်တွေ ပြောင်လဲသွားနိုင်မလား..
စသဖြင့်ပေါ့ ....လားပေါင်းများစွာနဲ့ ကျွန်တော့်ရဲ့ ညတာတွေဟာ တကယ်ကို ရှည်ခဲ့ပါတယ်...

ကျွန်တော့်ဘဝထဲကို ဝင်လာဖို့ ဆိုပြီး တစ်စုံတစ်ယောက်ကိုမှ ဖွင့်ဟမပေးဖူးခဲ့ပါဘူး...
ပထမဆုံး လှပ်ပေးခဲ့တံခါးလေး ကြိုးသွားရမှာကိုတော့ ကျွန်တော်တကယ်ကို ကြောက်ပါတယ်

အတွေးများနေတဲ့ ကျွန်တော့်ကို ပစ္စု ပ္ပန်တွေဆီ ပြန်ခေါ်လာတာကတော့ ကြည်လင်တဲ့ အသံစူးစူးလေးပါပဲ...

"Yeol..
Yeollie....
Chanyeollie shi ...
Yawgiyaw....Chanyeol shi..."

"အင်း mian ..."

"ဟို အဆင်မပြေရင်လဲ နောက်နေ့မှ နှုတ်ဆက်လိုက်လေ ...
ကျွန်တော် Omma ကို Chanyeollie shi က ပင်ပန်းနေလို့ လို့ ပြောလိုက်မယ်..."

- Who He Is? (Completed)Där berättelser lever. Upptäck nu