part 46(uni)

323 21 0
                                    

47

အဝေးကိုလွင့်ထွက်လာခဲ့တာ တစ်ပတ်တိတိ
ကိုယ်နေသားမကျသေးဘူး
နေသားကျဖို့လဲလွယ်မှာမဟုတ်ဘူး ချာတိတ်..
မချစ်ဖူးလို့ ရူးတာမဟုတ်ဘူး
မင်းမို့လို့ ချစ်ပြီး ရူးခဲ့တာ
မင်းက သွားဆိုရင် ကိုယ်လွင့်ယုံပေါ့
မင်းက နေဆိုရင် ကိုယ်က တွယ်ကပ်နေယုံပေါ့
မင်းနှုတ်ထွက်စကားဟာ ကိုယ့်အတွက်တော့ ရာဇသံ..
ဟုတ်တယ် ချာတိတ် မင်းတစ်ယောက်တည်း အတွက်ပဲ...

အစထဲက ကိုယ်က မင်းကိုပဲကြည့်ခဲ့သလို
အဆုံးသတ်ဆိုလဲ ကိုယ်က မင်းကိုပဲ ကြည့်နေဦးမှာ
မင်းအတွက် တခြားတစ်ယောက်ရှိတယ်ဆိုရင် ကိုယ်က လွင့်ထွက်ပေးဦးမှာ...
ရလိုရငြား ဆွဲကြည့်မိတယ်
မင်းအပျော်ဘူးဆို ဘာအရေးလဲ
ကိုယ်မဆွဲထားတော့ဘူး မင်းမှ မပျော်တော့တာ...
ဟုတ်တယ် ကိုယ်ကတော့ အချစ်ကို ပုံစံပြောင်းပြီး ချစ်လိုက်မယ်..
မင်းအနားရှိမှ ချစ်လို့ရတာမှမဟုတ်ပဲ
မင်းဆိုတဲ့ ဖြစ်တည်မှုကို သိယုံနဲ့ ကိုယ်ချစ်လို့ရတယ်..
ကျန်တာတွေတော့ မင်းမပေးရင် နေပါစေတော့...

"ဟေ့ "

ဂျပန်ကောင်တွေက သူထိုင်နေရာ ခုံတန်းလေးကို ကန်ကာ ရန်စလာတယ်..
မိုက်ကြည့်ပြန်ကြည့်ပေးလိုက်တော့ ဟက်ကနဲရယ်ကာ ဗန်းစကား တစ်ချို့ ပြောလိုက်တယ် ..
မျက်စိရှေ့က သုံးယောက်ကလဲ လှောင်ရိပ်တွေနဲ့...

ဘေးက အုတ်ခဲကျိုး တစ်ခုကို ကိုင်ကာ ရှေ့ကကောင်ခေါင်းကို ရိုက်ခွဲလိုက်တယ်..

"ခွပ်.."

နဖူးကနေ သွေးတွေ ဖြာကနဲ...
ဘယ်ချိန်က ရှိနေမှန်းမသိတဲ့ ကောင်တွေ အလျိူ လျို ပေါ်လာတယ်..
သေချာတယ် ဒီပွဲ သူခံရဖို့ များနေပြီ...
ရာကူဇာတွေ ဖြစ်ဟန်တူသည်..
ဒီလူတွေကို မှ ရန်သွားစမိတာကို သိပြီးမှတော့
နောက်ဆုတ်ဖို့လဲ မရတော့
ဘယ်လိုဖြစ်ဖြစ် ခံရမှာကို သိနေတာမို့ ဦးအောင် ဆော်နိုင်ဖို့သာ အဓိက..

ရှေ့နားကပြေးလာတဲ့ တစ်ယောက်ကို ခြေထိုးခံကာ ဘေးဘက်ကတစ်ယောက်ကို လည်ပင်းဆီ လက်ဝါးစောင်းနဲ့ တစ်ဆက်တည်း ရိုက်ချလိုက်သည်...
နောက်က ပြေးလာတဲ့ သူတွေဆီ ပြေးကာ ခေါင်းနှစ်လုံးဆွဲတိုက်ရင်း ဘေးဘက်က တစ်ယောက်ကိုပါ ခုန်ကန်လိုက်သည်...
ဟုတ်တယ် အခု သူလိုနေတာ တိုက်ခိုက်ဖို့ပဲ..
ချာတိတ်ရေ ကိုယ်တိုက်ခိုက်နေရရင် မင်းကိုနည်းနည်းလေး မေ့ထားလို့ရတယ်...
တိုက်နေရင်း အမှန်တရားတခုကို သူရှာဖွေတွေ့ရှိလိုက်တယ်...

- Who He Is? (Completed)Where stories live. Discover now