Fight The Fire 《火焰戎装》Myanmar...

By Alice__Wang17

801K 112K 7.9K

​Original Author : 水千丞 (Shui Qian Cheng) Myanmar Translation of Fight the Fire 《火焰戎装》 196 Chapters + 4 Extras... More

Intro
Chapter 1
Chapter 2
Chapter 3+3.2
Chapter 4
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12 + 12.2
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17 + 17.2
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Announcement
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48+48.2
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55+55.2
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
​ကျေးဇူးပြု၍ မဖြစ်မ​နေဖတ်​ပေးကြပါ
Chapter 63
Chapter 64
Chapter 65
Chapter 66+66.2
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78+79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chpater 97
Chapter 98
Chapter 99
Chapter 100
Chapter 100.2
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114
Chapter 115
Chapter 116
Chapter 117
Chapter 118
Chapter 119
Chapter 120
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 130
Chapter 131
Chapter 132
Chapter 133
Chapter 134
FTF ကို ဖတ်ဖို့ ဥထားသည့်သူများ ဖတ်​ပေးကြပါ
Chapter 135
Chapter 136
Chapter 137
Chapter 138
Chapter 139
Chapter 140
Chapter 141
Chapter 142
Chapter 143
Chapter 144
Chapter 145
Chapter 146
Chapter 147
Chapter 148
Chapter 149
Chapter 150
Chapter 151
Chapter 152
Chapter 153

Chapter 5

6.7K 935 7
By Alice__Wang17

[Unicode]

ဒုတိယနေ့မနက်တွင်၊ ရန်ရိသည် ဟုန်ဝူ ပြည်သူ့လုံခြုံရေးအစိုးရဌာနခွဲသို့ အစီရင်ခံရန် သွားခဲ့သည်။

ထိုဌာနသည် သူတို့၏ မီးသတ်စခန်းနှင့် မဝေးပေ။ သူတို့ စီရင်ပိုင်ခွင့်ရှိသော နယ်မြေထဲတွင် မပါဝင်သော်လည်း၊ အမြဲတစေ ကူးလူးဆက်သွယ်မှုတော့ ရှိခဲ့သည်။ သို့သော် တစ်နည်းပြောရလျှင် ဘယ်အချိန်တုန်းကတည်းက ဤနေရာတွင် ကုံးရင့်ရှန်ကဲ့သို့သောလူမျိုး များလာတာလဲဆိုတာတော့ မသိပေ။ ဌာနတွင်၊ သူ့အား ကူညီစစ်ဆေးပေးရန် တောင်းဆိုထားသည့်သူကို တွေ့လိုက်သည်--စုန့်ပေ။

စုန့်ပေသည် အတွေ့အကြုံရှိသည့် ရဲဝန်ထမ်းတစ်ဦး ဖြစ်ပြီး၊ လက်ရှိတွင် ဟုန်ဝူအစိုးရဌာနခွဲ၏ ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့၏ တတိယတပ်ရင်းမှ ခေါင်းဆောင်ဖြစ်ပေသည်။ သူ့ပုံစံမှာ အလွန် ဖော်ရွေသည့်ပုံပင်။

ရန်ရိသည် လက်ကို ဆန့်ထုတ်လိုက်ပြီး :

" ခေါင်းဆောင်စုန့်။ "

" ခေါင်းဆောင်ရန်၊ မင်္ဂလာပါ၊ ထိုင်ပါ။ "

နှစ်ယောက်သား လက်ဆွဲနှုတ်ဆက်လိုက်ကြသည်၊ ရန်ရိသည် ထိုင်ချလိုက်ပြီး၊ ရုံခန်းကို တစ်ပတ်လှည့်ကြည့်ကြည့်လိုက်သည်။ တစ်ဝက်ထွင်းဖောက်မြင်နိုင်သည့် မှန်ဖြစ်သဖြင့်၊ အပြင်ဘက်မှ ဖြတ်သွားဖြတ်လာလုပ်နေသည့်လူများကို တွေ့မြင်နိုင်ပေသည်။

စုန့်ပေသည် ရယ်လျက် :

" ခေါင်းဆောင်ရန်ကို အလုပ်ရှုပ်စေမိပြီ၊ ဒီလောက်ပူအိုက်နေတဲ့ နေ့မျိုးမှာမှ ဒီကို လာခိုင်းမိတယ်။ "

" အားနာနေပါပြီ။ ခင်ဗျားက စီနီယာပဲ၊ စည်းမျဉ်းအရဆို ကျွန်တော်က ခင်ဗျားနဲ့ လာပြောသင့်တာပါ၊ ကျွန်တော့်ကို ရှောင်ရန် လို့ ခေါ်ရင်ရပါပြီ၊ ဒါပေမဲ့ ခင်ဗျားလည်း သိတဲ့အတိုင်း ကျွန်တော့်မျိုးရိုးက၊ နည်းနည်းကိုးယိုးကားယားနိုင်တယ်ဆိုတာ။ "

စုန့်ပေသည် တဟားဟားနှင့် ရယ်လိုက်သည်။

" အဲ့တာကြောင့် ကျုပ်က ခင်ဗျားကို ခေါင်းဆောင်ရန်လို့ ခေါ်တာပေါ့။ "

ရန်ရိသည် ရယ်ပြီး ပြောလာသည် :

" ကျွန်တော်တို့ အကြီးအကဲ ပြောတာကို နားထောင်ကြည့်တော့၊ အဲ့ဒီ့ တိုက်ပေါ်က ခုန်ချတဲ့အမှုက ပြောင်းပြန်ဖြစ်သွားတယ်ဆို?"

" ဟုတ်တယ်၊ အစတုန်းကတော့ သတ်သေတာလို့ ဆိုပြီး ကျုပ်တို့က အမှုပိတ်လိုက်တော့မလို့ပဲ၊ ဒါပေမဲ့ အခုတလော အခြေနေအသစ် ထပ်ပေါ်လာတယ်၊ စီပွားရေးကိစ္စတစ်ခုနဲ့ သက်ဆိုင်ဖို့များတယ်၊ အာ့ကြောင့် မင်းကို တစ်ချက်လောက်ကူပြီး စစ်ဆေးပေးစေချင်တာ၊ ပြောရရင် အဲ့အချိန်တုန်းက မြင်ကွင်းကို မင်းက ပိုပြီး နားလည်တယ်လေ။ "

ရန်ရိသည် ခေါင်းတညိတ်ညိတ်နှင့် :

" နက်နက်ရှိုင်းရှိုင်းကို စွဲနေတာ။ "

သူမှတ်မိသည်မှာ ၎င်းသည် သန်းခေါင်ယံည တစ်ညဖြစ်ပြီး၊ လူအများအိပ်မောကျနေကြသည့် လေးနာရီဝန်းကျင်လောက်တွင်၊ ရုတ်တရက်၊ အရေးပေါ်အခြေအနေ ပေါ်ပေါက်လာခဲ့သည်။ ကလပ်မှ ပြန်လာကြသည့် လူငယ် လေး၊ ငါးယောက်သည် အိမ်အနီးရှိ အနောက်တိုင်းပုံစံတစ်ထပ်အိမ် ခြံဝင်း၏ သံဆူးချွန်အပေါ် တွင်၊ ထုတ်ချင်းပေါက်ထိုးမိနေသည့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။ သွေးစီးကြောင်းသည် အိမ်နီးချင်း၏ တံခါးဝအထိ ဆင်ခြေလျှောတစ်လျှောက် စီးဆင်းနေခဲ့သည်။

မီးသတ်ကားရောက်သွားသည့် အချိန်တွင်၊ ထိုလူသည် အသက်ရှိသေးသည်။ သူတို့သည် သံဆူးချွန်ကို ဖြတ်လိုက်ကြသည်၊ အရေးပေါ်ယာဉ်သည် သံဆူးချွန်ကို လူနဲ့တစ်ပါတည်း သယ်လာခဲ့ပြီး ဆေးရုံသို့ ပို့ပေးခဲ့သည်၊ သို့သော် ဆေးရုံတောင် မရောက်လိုက်ဘဲ အသက်ထွက်သွားခဲ့လေသည်။

သူတို့အားလုံးသည် ကိုယ့်ကိုယ်ကိုသတ်သေသည်ဟု ယူဆထားခဲ့ကြခြင်း ဖြစ်သည်၊ နှစ်လမျှ ကုန်လွန်သွားခဲ့ပြီးနောက်၊ မထင်မှတ်ဘဲ အမှုတွင် အပြောင်းအလဲရှိလာခဲ့သည်။

မီးသတ်နှင့် ရဲတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် အမြဲဆိုသလို ဆက်သွယ်မှုရှိသည်။ အဘယ့်ကြောင့်ဆိုသော် မတော်တဆမှု တော်တော်များများတွင် ပစ္စည်းဥစ္စာနှင့် လူများကို ကယ်တင်ရန်၊ အခင်းဖြစ်သည့်နေရာတွင် အမြဲဆိုသလို ဖြစ်တတ်သည့်၊ ရှောင်လွှဲ၍မရသည့် အဖျက်အဆီးများ၊ အထူးသဖြင့် မီးကြီးစွာလောင်ခြင်း စသည်တို့ကြောင့် မီးသတ်သည် အခင်းနေရာသို့ အရင်ဆုံး အမြန်သွားရသောကြောင့် ဖြစ်သည်။

စုန့်ပေသည် ရန်ရိ၏ အရှေ့တွင် အခင်းဓါတ်ပုံများအား ဖြန့်ပြလိုက်ပြီး၊ ပြန်မှတ်မိလာစေရန် ကူညီခဲ့သည် :

" မင်းတို့ စုံစမ်းတုန်းက အစီရင်ခံစာကို ကျုပ် ကြည့်ပြီးပြီ၊ မင်း တစ်ချက်လောက် ပြန်စဉ်းစားကြည့်၊ ဘာထူးခြားတဲ့ အချက်တွေ ရှိသေးလဲဆိုတာကို။ "

ရန်ရိသည် မှတ်ဉာဏ်ကို အစွမ်းကုန်အမှီပြုကာ၊ ထိုအချိန်တုန်းက တွေ့မြင်ခဲ့သမျှအားလုံးကို တစ်ခေါက်ပြန် ပုံဖော်လိုက်သည်။

စုန့်ပေသည် စိတ်အားထက်သန်စွာဖြင့် မေးခွန်းများမေးခဲ့သည်မှာ မေးခွန်းပေါင်း မနည်းတော့ပေ၊ အစည်းဝေးခန်းထဲတွင် နှစ်ယောက်သား ထိုင်နေကြသည်မှာ နှစ်နာရီမျှ ကြာမြင့်နေလေပြီ။

ရုတ်တရက်၊ စုန့်ပေသည် စူးစမ်းလိုစိတ်ဖြင့် မေးလာသည်။

" မင်း အသိကို ရှာနေတာများလား ?"

" အာ?ဘာကို?"

စုန့်ပေသည် မေးတစ်ချက်ငေါ့လိုက်ပြီး

" ကျုပ်ကြည့်နေတာ မင်း လူတစ်ယောက်ဖြတ်သွားတိုင်း အပြင်ကို လှမ်းလှမ်းကြည့်နေလို့။ "

" အယ့်၊ စိတ်မရှိပါနဲ့။ "

ရန်ရိတစ်ယောက် အလွန် ရှက်သွားသဖြင့် သူသည် ဆံပင်ကို တူးဆွလိုက်သည်။ ချက်ချင်းဆိုသလို ကိုယ့်ကိုယ်ကိုယ်ကိုသာ ပိတ်ကန်ပစ်လိုက်ချင်မိသည်။ ကုံးရင့်ရှန်နဲ့ တွေ့နိုင်မယ်လို့ စဉ်စားမိလိုက်တာနဲ့ ဘာဖြစ်လို့ သူက အလွန်အမင်း စိတ်လှုပ်ရှားနေရတာလဲ?အမှားလုပ်ထားတဲ့လူက သူလည်း မဟုတ်ဘဲနဲ့လေ။

စုန့်ပေသည် လက်ပတ်နာရီကို တစ်ချက်ကြည့်လိုက်ပြီး

" အိုင်းယိုး၊ မွန်းတောင်တည့်နေပြီ၊ အားနာလိုက်တာ မင်းကို ဒီလောက် အချိန်အကြာကြီး ဆွဲထားမိတယ်။ သွားရအောင်၊ ကျုပ် ထမင်းဝယ်ကျွေးမယ်။"

" မလိုပါဘူး၊ ဒါတွေက ကျွန်တော် လုပ်ပေးသင့်တာတွေပါ၊ ခင်ဗျားလည်း အလုပ်များနေတာကြီးကို၊ ကျွန်တော့်စခန်းနဲ့ကလည်း မဝေးပါဘူး၊ ကျွန်တော် ပြန်ပြီးပဲ စားလိုက်ပါ့မယ်။ "

" ဒါ ဘယ်ကောင်းပါ့မလဲ၊ သွားရအောင်ပါ၊ ဒီနားက စားသောက်ဆိုင်တစ်ခုက မဆိုးဘူး၊ ကျုပ်လည်း မင်းရဲ့အဖေအကြောင်းကို နားထောင်ချင်နေတာနဲ့ အတော်ပဲ၊ ကြားဖူးနေကျဖြစ်တဲ့ နာမည်ကြီးတစ်ယောက်လေ။ "

ရန်ရိသည် ရယ်လျက် ပြောလာသည်။

" ဒါဆို ကျွန်တော် အားမနာတော့ဘူးနော်။ "

" သွားမယ် သွားမယ် သွားမယ်။ "

နှစ်ယောက်စလုံး ရုံးခန်းထဲမှ ထွက်လာကြပြီး၊ ရုံးခန်းဧရိယာသို့ ရောက်သောအခါ၊ ဝန်ထမ်းများအားလုံးသည် အပြင်ဘက်သို့ ထွက်သွားနေကြသည်ကို တွေ့လိုက်ရပြီး၊ လူတစ်ယောက်တည်းကသာ ထိုလူအုပ်နှင့် ဆန့်ကျင်ပြီး သူတို့ဆီသို့ မျက်နှာချင်းဆိုင် ဦးတည်လာနေလေသည်။

( ရုံးခန်းဧရိယာဆိုတာ ဇာတ်လမ်းတွဲတွေထဲမှာ မြင်ဖူးမှာပါ ရာထူးကြီးတဲ့သူရဲ့အခန်းအပြင်ဘက်မှာ လူအများကြီးက စားပွဲကိုယ်စီနဲ့ စုပြီး အလုပ်လုပ်နေတဲ့နေရာမျိုးကို ပြောချင်တာပါ။ မခေါ်တတ်လို့ ရုံးခန်းဧရိယာလို့ပဲ သုံးလိုက်တယ်။ )

ကုံးရင့်ရှန်!

ရန်ရိသည် မျက်ခုံးကို ပင့်လိုက်သည်။ ရှေ့နှစ်ခေါက်က ကုံးရင့်ရှန်ကို တွေ့ခဲ့သည့်အတိုင်းပင်၊ အလွန်သေသပ်ပြီး ကွက်တိဖြစ်နေသည့် အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားသည်၊ ရှည်လျားသည့် ခြေတံများဖြင့် ခြေလှမ်း လှမ်းလာပြီး၊ မျက်နှာချင်းဆိုင်မှ လျှောက်လှမ်းလာခဲ့သည်။ အဖြူရောင်လက်အိတ် ဝတ်ထားသည့် လက်ထဲတွင် ရိုးရိုးစက္ကူအိတ်ကို ကိုင်ထားခဲ့သည်။

နှစ်ယောက်သား မျက်လုံးချင်း ဆုံသွားသောအခါ၊ ကုံးရင့်ရှန်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သည့်အရိပ်အယောင် ဖြတ်ပြေးသွားခဲ့သည်။

စုန့်ပေသည် ကုံးရင်ရှန်အား မျက်နှာမူကာ ခေါင်းညိတ်ပြလိုက်သည်။

" အရာရှိလေး၊ ထမင်းစားမလို့လား။ "

ကုံးရင်ရှန်သည်လည်း ခေါင်းညိတ်ပြလိုက်ပြီး :

" ခေါင်းဆောင်စုန့်။ "

သူသည် ရန်ရိအား တစ်ချက်ကြည့်လိုက်သည်၊ လူစိမ်းတစ်ယောက်အား ကြည့်နေသကဲ့သို့ပင်။

" လာ၊ မိတ်ဆက်ပေးရဦးမယ်၊ ဒါက ဖုန့်ဟွမ်မီးသတ်တပ်ဖွဲ့ရဲ့ ငယ်ရွယ်ပြီး အလားအလာရှိတဲ့ ခေါင်းဆောင်၊ ရန်ရိ၊ ငါတို့ စစ်ဆေးနေတဲ့ တိုက်ပေါ်က ခုန်ချတဲ့အမှုကို ကူညီလာပေးတဲ့၊ ခေါင်းဆောင်ရန်။ ဒါက မနှစ်ကမှ ရောက်လာတဲ့ ကျုပ်တို့ရဲ့ အလွန့်အလွန်တော်တဲ့ ကျောင်းသား၊ MIT က ဓါတုဗေဒပါရဂူ၊ ကုံးရင့်ရှန်။ "

စကားလမ်းကြောင်းသည် ဤအတိုင်းအတာအထိတောင် ရောက်နေပြီဖြစ်သောလည်း၊ နှစ်ယောက်သား လက်ဆွဲနှုတ်ဆက်ကြသည်ကို စုန့်ပေ မတွေ့ရသေးပေ။ ထို့အပြင် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် စိန်းစိန်းဝါးဝါး ကြည့်နေလိုက်ကြသေးသည်။ သူသည် မသင်္ကာစွာ ပြောလာသည် :

" မင်းတို့၊ သိကြတာလား?"

" မသိပါဘူး။ "

နှစ်ယောက်သား လျင်လျင်မြန်မြန်နှင့် တစ်လေသံတည်း ပြောလာခဲ့သည်၊ အပြောနှေးသွားခဲ့လျှင် ရှုံးသွားမည်ကို ကြောက်ရွံ့နေသည်အလား။

စုန့်ပေသည် သူ့၏မေးစေ့အား တစ်ချက်ပွတ်လိုက်သည်။

ရန်ရိက ပြောလာသည်။

" ခေါင်းဆောင်စုန့်၊ ကျွန်တော်တို့ သွားရအောင်၊ ကျွန်တော် တကယ် ဗိုက်ဆာနေပြီ။ "

" အော့်၊ သွားကြတာပေါ့။ "

ကုံးရင့်ရှန် အဝေးသို့ ရောက်သွားသည်အထိ စောင့်ပြီးမှ၊ စုန့်ပေသည် ရယ်လျက် ပြောလာသည်။

" ဘယ်လိုလဲ၊ ကျုပ်တို့ဌာနမှာ အနုပညာရှင်နဲ့တူတဲ့ ရဲဝန်ထမ်းမျိုး ရှိမယ်လို့ ထင်မထားမိဘူး ဟုတ်တယ်မလား?သူ ရောက်လာတဲ့နေ့တုန်းကဆိုရင်လေ၊ ကျုပ်တို့ မိန်းကလေးလုပ်ဖော်ကိုင်ဖက်တွေများ ရူးမတတ်ပဲ။ "

" အင်း......မထင်ထားမိဘူး၊ သူက ခင်ဗျားလက်အောက်ကလား ?"

" ဟုတ်တယ်၊ မယုံနိုင်လောက်အောင် တော်တဲ့လူငယ်ပဲ၊ ပုံစံကတော့ နည်းနည်း......ဖော်ရွေမှုမရှိဘူး။ "

ရန်ရိ တိတ်တိတ်လေး တွေးမိသည်၊

" ဖော်ရွေမှုမရှိသော " ထို နာမဝိသေသနသည် အလွန်ယဉ်ကျေးလွန်းလှသည်၊ သူ အမေး ရှိလာသည် :

" အကုန်လုံးက အပြင်ဘက်ကို ထွက်သွားကြတာ၊ သူကကျ ဘယ်လိုဖြစ်ပြီး အထဲကို ပြန်ဝင်လာရတာလဲ?"

" နေ့လယ်ဆို၊ အကုန်လုံးက စားသောက်ဆိုင်ကို သွားပြီး ထမင်းစားကြတာ၊ သူက၊ ဟားဟား။ "

စုန့်ပေသည် ခေါင်းကို ယမ်းလိုက်သည်။

" သူက ငါတို့နဲ့အတူ ထမင်းမစားဘူး။ "

" ဘာဖြစ်လို့လဲ ?"

" သူလား၊ အသန့်ကြိုက်တဲ့ရောဂါရှိတယ်၊ သူယူလာတဲ့ ပစ္စည်းကိုပဲ စားတယ်။ "

" ဒီလောက် အုပ်စုဖွဲ့ပြီး မနေတတ်တဲ့ဟာကြီးကို မှုခင်းရဲလုပ်လို့ရတယ်?"

" သဘောထားကြီးပေးရတာပေါ့ကွာ။ "

စုန့်ပေသည် နားထင်ကို ဖိနှိပ်လိုက်ပြီး၊

" သူက ဦးနှောက်လည်းပြေးတယ်၊ တိုက်လည်းတိုက်ခိုက်နိုင်တယ်၊ ရဲလည်းရဲရင့်တယ်၊ လုပ်ရည်ကိုင်ရည်လည်းရှိတယ်၊ အမျိုးမျိုးသော အစွမ်းအစရှိတဲ့ လူတော်တွေကို ကျုပ်တို့က လိုအပ်တယ်လေ။ "

ရန်ရိသည် စိတ်ထဲတွင် ဆန်းစစ်ဝေဖန်နေခြင်းကို အသောမသတ်နိုင်သေးပေ၊ သူ ပစ္စည်းတွေ ဆက်တိုက် လှူဒါန်းခဲ့တာဟာ ဒါကြောင့် ဖြစ်မယ်ထင်တယ်။

" ပြီးတော့လည်း၊ သူ ဒီလိုမျိုး အုပ်စုနဲ့မနေတတ်တာကလည်း အကြောင်းရင်းရှိတော့၊ နားလည်ပေးနိုင်ပါတယ်။ "

" အော့်?ဘာအကြောင်းအရင်းများလဲ?"

စုန်ပေသည် ရယ်လိုက်သည်၊ အများကြီးမပြောရန်ဆုံးဖြတ်ကြောင်း ပေါ်လွင်နေပေသည်။ ရန်ရိသည်လည်း ထပ်မမေးတော့ပေ၊ တကယ်တော့ ၎င်းသည် သူနှင့် ဘာမှသက်ဆိုင်မှုမရှိပေ၊ အများကြီးမေးမိလျှင် သံသယဖြစ်ဖွယ် ဖြစ်နေပေလိမ့်မည်။

----

ထမင်းစားပြီးနောက်၊ ရန်ရိသည် အချိန်ဖဲ့ပြီး အိမ်သို့ တစ်ခေါက် ပြန်သွားခဲ့သည်၊ သူ့အဖေအား အဖော်ပြု၍ နေ့လည်ခင်းလက်ဖက်ရည် သောက်ပြီးမှ၊ စခန်းသို့ ပြန်လာခဲ့သည်။

စခန်းသို့ရောက်သည်နှင့်၊ ချွီးယန်ပေါသည် သူ့အား အခေါ်ရှိသဖြင့် ရုံးခန်းသို့ သွားလေသည်။

ရုံးခန်းဆိုဖာပေါ်တွင် လူသုံးယောက် ထိုင်နေခဲ့သည်၊ အမျိုးသားနှစ်ယောက် အမျိုးသမီးတစ်ယောက် ဖြစ်သည်။ သူ အခန်းထဲသို့ ဝင်လိုက်သည်နှင့်၊ သုံးယောက်စလုံးသည် မတ်တပ်ရပ်လာခဲ့သည်။

ယောကျာ်းလေးနှစ်ယောက်သည် ဘာမှ ထူးထူးခြားခြား မရှိပေ၊ တစ်ဦးတည်းသော မိန်းကလေးမှာ သွယ်လျပြီး အရပ်မြင့်သည်၊ အမျိုးသားများကဲ့သို့ ဆံပင်တိုတို ညှပ်ထားသည်။ ကြည့်ကောင်းသည့် မျက်နှာအသွင်အပြင်နှင့် မွေးဖွားလာသော်လည်း၊ မိန်းမသားတို့၏ နူးညံ့မှုနှင့် လှပမှုတို့ကိုမူ မတွေ့ရချေ။ ထိုအစား ရဲစွမ်းသတ္တိအပြည့်ရှိသည့်ပုံတော့ ပေါ်ပေသည်။

ရန်ရိတစ်ယောက် ပါးစပ်တောင်မဟရသေး၊ ထိုသုံးယောက်သည် ညီညီညာညာဖြင့် အလေးပြုလိုက်ကြသည် :

" ခေါင်းဆောင် မင်္ဂလာပါ။ "

ရန်ရိသည်လည်း ပြန်အလေးပြုလိုက်ပြီး၊ မသင်္ကာသည့် အကြည့်ဖြင့် ချွီးယန်ပေါအား ကြည့်လိုက်သည်။

" အော့်၊ ဒါက ငါ ငါတို့တပ်ဖွဲ့အတွက် အဖွဲ့ဝင်အသစ်ခေါ်တုန်းက ရွေးထားတဲ့ မီးသတ်သမားတွေ။ ကျိန်းသေ၊ အင်တာဗျူး နောက်တစ်ခေါက်ကိုလည်း မင်းကိုယ်တိုင် လုပ်ပေးရဦးမှာ။ "

ရန်ရိသည် ထိုသုံးယောက်အား တစ်ခေါက်မျှ စေ့စေ့ကြည့်လိုက်ပြီး ပြောလိုက်သည် :

" ကောင်းပါပြီ၊ ဟိုလေ၊ ဒီနေ့က နည်းနည်းနောက်ကျနေပြီမလို့၊ ခင်ဗျားတို့ အရင်ပြန်သွားနှင့်ကြပါ။ လူတွေ့မေးမြန်းမဲ့အချိန်ကို ကျွန်တော် နောက်မှ သပ်သပ် အကြောင်းကြားလိုက်ပါမယ်။ "

" ခေါင်းဆောင် နှုတ်ဆက်ပါတယ်၊ နည်းပြ နှုတ်ဆက်ပါတယ်။ "

ထိုသုံးယောက် ထွက်သွားပြီးနောက်၊ ရန်ရိသည် ချွီးယန်ပေါအား မျက်လုံးပြူးကြည့်လိုက်ပြီး :

" ခင်ဗျား ဘာတွေတွေးနေတာလဲ?အမျိုးသမီးတပ်သား?"

" အမျိုးသမီးတပ်သားက ဘာဖြစ်နေလို့လဲ။ "

ချွီးယန်ပေါသည် ပခုံးတွန့်လိုက်ပြီး၊

" ဘယ်တရားဝင်စာတမ်းက အမျိုးသမီးတပ်သား အမှုမထမ်းရဘူးလို့ စည်းမျဉ်းချထားလို့လဲ ?"

ယခုလက်ရှိတွင် သူတို့သည် မီးဘေးကာကွယ်ထိန်းချုပ်ရေးအား ပြန်လည်ဖွဲ့စည်းမှုကို ကြုံတွေ့နေရသည်၊ မနှစ်က တက်လာသည့် ဦးစီးချုပ်သည် တာဝန်ထမ်းဆောင်နေဆဲဖြစ်သည့် လက်နက်ကိုင်ရဲတပ်ဖွဲ့၏ နောက်ဆုံးတစ်သုတ် ဖြစ်သည်၊ နှစ်ကုန်ပိုင်းသို့ရောက်လျှင်၊ သူတို့သည် အငြိမ်းစားယူပြီး တစ်ချိန်တည်းမှာပင် ကျွမ်းကျင်အဆင့်သို့ ကူးပြောင်းသွားမည် ဖြစ်ပြီး ပြည်သူ့လုံခြုံရေးနှင့် မီးဘေးကာကွယ်ထိန်းချုပ်ရေးဌာနမှ အရေးပေါ်ပြန်ကြားရေးစီမံခန့်ခွဲမှုဌာနသို့ ပြောင်းလဲသွားမည် ဖြစ်ပေသည်။ အချိန်ပြည့်တာဝန်ထမ်းဆောင်ရမည့် မီးသတ်သမားများကိုလည်း စုဆောင်းသွားမည် ဖြစ်သည်။

သူတို့သည် မီးသတ်သမားအသစ်ခေါ်ယူရာတွင် ပုံမှန်အားဖြင့် မီးသတ်တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူကို ဦးစားပေး စဉ်းစားကြသည်။ တပ်ဖွဲ့ခေါင်းဆောင်အနေနှင့်ဆိုလျှင်၊ သူ့ထံတွင် ဝန်ထမ်းအာဏာအမြင့်ဆုံး ရှိပေသည်။ ချွီးယန်ပေါကမူ အုပ်ချုပ်ရေးနှင့် နိုင်ငံရေးကို အဓိက ဆောင်ရွက်ရပြီး အစောပိုင်း ဝန်ထမ်းခေါ်ယူမှုအတွက်လည်း တာဝန်ရှိပေသည်။

သို့သော် သူ ဘယ်လိုမှ မထင်ထားမိခဲ့သည်မှာ၊ ချွီးယန်ပေါသည် မိန်းကလေးမီးသတ်သမားအား ခေါ်ယူရန် စဉ်းစားထားခြင်းပင် ဖြစ်သည်။

ရန်ရိသည် မျက်မှောင်ကြုတ်လိုက်ပြီး :

" ကျွန်တော်တို့တပ်ဖွဲ့က ယောကျာ်းလေး အယောက်လေးဆယ်ကျော်ကကော၊ အဆင်ပြေမယ်တဲ့လား?ချစ်ရတဲ့ ရဲဘော်ပေါပေါ။ "

" မင်း အရင်ဆုံး စိတ်အေးအေးထားပါဦး၊ ချစ်ရတဲ့ ရဲဘော်ယန်ယန်။ "

( 炎炎=yán yán (ယန်ယန်) ဆိုတာလည်း ရန်ရိပါပဲ။ ရှေ့တစ်ပိုင်းမှာ ပါတဲ့ ' ရန်စစ်ဟဝေါ် ' လိုမျိုး nickname ပေါ့။ ' ယန်ယန် 'ဆိုတဲ့ စာလုံး၂လုံးကို တွဲရေးလိုက်ရင် 任燚(ရန်ရိ) ရဲ့ 燚 (ရိ) ဖြစ်သွားပါတယ်။ )

ချွီးယန်ပေါသည် သူ၏ ဆိုင်းဘုတ်ကို ချိတ်လိုက်ပြီး၊

" ကိုးလပိုင်းရောက်ရင်၊ လူ လေး၊ ငါးယောက်လောက်က တပ်က ထွက်ကြတော့မှာ၊ ငါတို့ နှစ်ဝက်အတွင်းမှာ အချိန်ပြည့်တပ်သား သုံးယောက်ပဲ စုဆောင်းနိုင်သေးတယ်၊ ဝန်ထမ်းအင်အားက အပြတ်သတ်ကို မလောက်ဘူး။ "

" ဝန်ထမ်းအင်အား မလောက်ဘူးဆိုလည်း ဖြစ်သလိုလာလို့ မရဘူးလေဗျာ။ "

" ဘယ်လို ဖြစ်သလိုလာတာတုန်း၊ မင်းက အမျိုးသမီးတပ်သားအပေါ် ဘာမကျေနပ်ချက်များ ရှိနေလို့လဲ ?"

" ကျွန်တော် အမျိုးသမီးတပ်သားအပေါ် မကျေနပ်တာမျိုး မရှိပါဘူး၊ ဒါပေမဲ့ ဒီဟာက သူနဲ့သင့်တော်မယ်လို့ ခင်ဗျား ထင်နေတာလား ?သူ အမျိုးသမီးစစ်သားလုပ်တဲ့အခါဆို အနည်းဆုံးတော့ သူ့ပတ်ဝန်းကျင်မှာ မိန်းကလေးတွေလေ၊ သူသာ တကယ်လို့ ဒီကိုလာခဲ့ရင်......ကျွန်တော်က သူ့အတွက် တွေးပေးနေတာပါ၊ ဒီလမ်းက လျှောက်ရအရမ်းခက်တယ်ဆိုတာကို သူသိရဲ့လား။ "

" ငါကြည့်ရတာတော့ သူ စဉ်းစားထားတာက အတော်လေး ရှင်းတယ်။ "

ချွီးယန်ပေါသည် မျက်မှန်ကို ပင့်တင်လိုက်သည်၊

" မင်း လူတွေ့တောင် မစစ်ဆေးရသေးဘဲနဲ့၊ သူ့ကို တန်းငြင်းတာက မကောင်းပါဘူး။ ငါ့ရဲ့ အဆက်အသွယ်အရဆို၊ သူက အရည်အချင်းပြည့်မီတဲ့ မီးသတ်သမားတစ်ယောက်ပဲ။ "

" မီးသတ်စစ်သည်တွေက ရှေ့တန်းထွက်ရတယ်၊ ရှေ့တန်းက မိန်းကလေးနဲ့ မသင့်တော်ဘူး။ "

" မင်း ဒါက ဆန့်ကျင်ခွဲခြားပြီး၊ ဘက်လိုက်တာပဲ။ "

" ခင်ဗျား ကျွန်တော့်ကို ဒါနဲ့ လာဖိမနှိပ်နဲ့၊ တစ်တိုင်းပြည်လုံးရဲ့ မီးသတ်တပ်ဖွဲ့ ဘယ်နှခုလောက်မှာများ မိန်းကလေးတပ်သားရှိလဲ ဆိုပြီး ခင်ဗျား သွားမေးကြည့်၊ ဒါက ဘက်လိုက်တဲ့ ပြဿနာလား?ဒါက အလုပ်အမျိုးအစားနဲ့ဆိုင်တဲ့ ပြဿနာ။ "

" ငါတို့က သာမန်တပ်ဖွဲ့မဟုတ်ဘူး၊ ငါတို့က အထူးတာဝန်ထမ်းဆောင်နေရတဲ့ မီးသတ်တပ်ဖွဲ့၊ သဘောထားကြီးကြီးနဲ့ လက်ခံနိုင်တဲ့စိတ် ရှိသင့်တယ်။ အော့် ဟုတ်သားပဲ၊ သူက မင်းရဲ့ ဂျူနီယာပဲ၊ ရဲတက္ကသိုလ်က မီးသတ်စီမံခန့်ခွဲရေးမေဂျာနဲ့ ကျောင်းပြီးထားတာ။ "

ရန်ရိတစ်ယောက် " သဘောထားကြီးသော " ဆိုသည့် စာလုံးလေးလုံးကို ဒီနေ့အတွင်း ဒုတိယအကြိမ်မြောက် ကြားရခြင်း ဖြစ်သည်။ သို့သော် ချွီးယန်ပေါပါးစပ်မှ ပြောလာသောအခါ၊ သူသည် တစ်ခုခု မူမမှန်သည့်အနံ့အသက်ရလိုက်သည်၊ :

" ယန်ပေါ၊ မင်းစိတ်က ငါ့ထက် ပိုအေးအေးထားသင့်တာ၊ မင်း နားထောင်ကြည့်စမ်းပါဦး အခုပြောလိုက်တဲ့ဟာက လူစကားလား၊ မင်း ငါ့ကို ဖုံးကွယ်ထားတဲ့ ကိစ္စတစ်ခုခု ရှိနေတာများလား ?"

ချွီးယန်ပေါသည် မျက်မှန်ကို ချွတ်လိုက်ကာ၊ ဖြေးဖြေးချင်း မျက်မှန်မှန်ကို သုတ်လိုက်ပြီး ပြန်တပ်လိုက်သည်။ :

" ပြန်လည်ဖွဲ့စည်းတာ လုပ်ပြီးရင်၊ ဝါဒဖြန့်ချီရေးဌာနက အရေးပေါ်စီမံခန့်ခွဲရေးဌာနရဲ့ ပုံရိပ်အသစ်ကို တစ်ပြည်လုံးက လူတွေဆီ ပြဖို့အတွက် လုပ်ငန်းတွေ ဆက်တိုက်လုပ်ဆောင်လာလိမ့်မယ်။ ရဲစွမ်းသတ္တိရှိတဲ့ အမျိုးသမီး မီးသတ်သမားက၊ ငါတို့တပ်ဖွဲ့အတွက် ဘယ်လောက်တောင် အာရုံတွေကို ဆွဲဆောင်ပေးနိုင်လိုက်မလဲဆိုတာ မင်း သိရဲ့လား။ "

ရန်ရိသည် ခေါင်းငုံ့လိုက်ပြီး :

" သတင်းက ဒီလောက်တောင် မြန်တယ်၊ ခင်များအဖေ ပြောတာလား?"

" အဲ့လိုပဲ ဆိုပါတော့။ "

ချွီးယန်ပေါသည် စီနီယာတပ်သား၏ သားဖြစ်ပြီး၊ မွေးလာကတည်းက လျှောက်လှမ်းရမည့် အသက်မွေးလမ်းကြောင်းအား ကြိုတင်ဆုံးဖြတ်ထားသကဲ့သို့ပင်။ သူတို့သည် နှစ်ပေါင်းများစွာ သူငယ်ချင်းဖြစ်ခဲ့ကြပေမဲ့၊ ချွီးယန်ပေါသည် သူ့အား အများကြီး ကူညီပေးခဲ့ဖူးသည်၊ သို့သော် နှစ်ယောက်သည် ကိစ္စအတော်များများအပေါ်တွင် အမြဲဆိုသလို အမြင်မတူ ဖြစ်နေတတ်ကြသည်။

ချွီးယန်ပေါသည် စိတ်ရှည်စွာ ဖျောင်းဖျပြောသည် :

" ရန်ရိ၊ မိန်းကလေးတစ်ယောက်က ဒီလောက်အန္တရာယ်များတဲ့အလုပ်နဲ့ မသင့်တော်လို့ မင်း စိတ်ပူတယ်ဆိုတာ ငါ သိတယ်။ သူက မင်းညွှန်ကြားမှုအောက် ရောက်သွားပြီးရင်၊ မင်းက သူ့ကို လာဘ်ကောင်လေးအနေနဲ့ပဲ ထားလိုက်၊ တစ်ချို့အခင်းနေရာတွေကို သူ့ကို မသွားခိုင်းရင် ရပြီပဲ။ သူက မီးသတ်သမားလုပ်ချင်နေတာ၊ ငါတို့က မီးသတ်သမား လိုအပ်နေတာ၊ သူက ငါတို့တပ်ဖွဲ့အတွက် အရောင်အဝါတောင်တိုးစေနိုင်တယ်၊ ဒါက အကုန်လုံးအတွက် ပျော်စရာ မဟုတ်ဘူးလား။ "

ရန်ရိသည် ချွီးယန်ပေါ၏ ရေးရေးလေး အလင်းပြန်နေသည့် မျက်မှန် မှန်ကို တည့်တည့်ကြည့်လိုက်သည်၊ သူ၏ မျက်လုံးကိုတော့ မမြင်ရပေ။ :

" တကယ်လို့ ကျွန်တော် သဘောမတူရင်ရော။ "

ချွီးယန်ပေါသည် ပေါ့ပါးစွာ ရယ်လိုက်ပြီး :

" နည်းပြအနေနဲ့ဆိုရင်တော့၊ ငါက တစ်မဲသာတာပေါ့ကွာ။ "

နှစ်ယောက်စလုံးသည် ရာထူးတူသော်ငြားလည်း၊ စည်းမျဉ်းအရဆိုလျှင်၊ ချွီးယန်ပေါ၏စကားသည် သူ့ထက် ပို အာဏာရှိပေသည်။ ယုတ်စွအဆုံး အထက်ပါကိစ္စသည်လည်း ထိုနည်း၎င်းပင်။

သို့သော် ချွီးယန်ပေါသည် ထိုအာဏာကို သုံးပြီး ရန်ရိကို ချုပ်ကိုင်ခြင်း မပြုခဲ့ပေ။

" ကောင်းပါပြီ၊ ခင်ဗျား ဆုံးဖြတ်ပြီးပြီဆိုတော့လည်း။ "

ရန်ရိ၏ လေသံမှာ သိပ်မကောင်းပေ။

" ညီလေး၊ မင်း သိပ်မလိုလားဘူးဆိုတာ ငါ သိပါတယ်၊ ဒါပေမဲ့ ငါက ငါတို့အားလုံး ကောင်းဖို့အတွက် လုပ်တာပါ။ "

ချွီးယန်ပေါ ဆက်ပြောသည်၊

" ငါ မငြင်းပါဘူး၊ ငါ ရာထူးတိုးချင်တယ်ဆိုတာကို၊ ဘယ်သူက ရာထူးမတိုးချင်ဘဲနေမှာလဲ၊ မင်းက နိုင်ငံရေးမှာ မပါချင်ဘူး၊ ငါက ငါတို့အတွက် စဉ်းစားပေးရမယ်၊ ငါတို့အားလုံး သွားလေလေ အမြင့်ရောက်လေလေဆိုတာမျိုးကို ဖြစ်စေချင်တယ်။ တပ်ဖွဲ့ ကောင်းမယ်ဆိုရင်၊ ငါတို့လည်း ပိုကောင်းနိုင်မှာပဲ၊ ဟင် ?"

ရန်ရိသည် လေပြင်းပြင်း ရှူသွင်းလိုက်ပြီး :

" ခင်များပြောတာပဲ နားထောင်တာပေါ့၊ ဘာပဲဖြစ်ဖြစ် ခင်ဗျားက အမြဲမှန်တယ်ဆိုတာကို နောက်ဆုံးကျ သက်သေပြသွားမှာပဲ။ "

ချွီးယန်ပေါသည် သူ၏ ဦးခေါင်းကို ပွတ်ပြီး ရယ်လျက် ပြောလာသည် :

" အရမ်းတော်တာပဲ။ "

ရန်ရိသည် သူ့၏လက်ဖဝါးကို ဖြန့်ပြီး ဆဲမည်အပြု၊ အချက်ပေးခေါင်းလောင်းသည် မြည်လာခဲ့သည်။

သူသည် အလျင်အမြန် ပြေးဆင်းသွားပြီး :

" ဘာဖြစ်တာလဲ?"

" ......သော့ဖြည်တာ။ "

တပ်သားအားလုံးထံမှ ပြိုကျသည့် အော်ဟစ်သံထွက်ပေါ်လာသည်။

ရန်ရိသည် ဒေါသ အနည်းငယ်ထွက်နေဆဲဖြစ်သဖြင့်၊မျက်ဖြူလှန်လိုက်ကာ :" စာရင်းကော။ "

သတင်းပေးသမားသည် သူ့ထံသို့ လွှဲပေးလိုက်သည်၊ သူသည် ဖုန်းကို ထုတ်လိုက်ပြီး၊ စာရင်းတွင် ရေးထားသည့် နေရာသို့ ဖုန်းဆက်လိုက်သည်၊ :

" Hello မင်္ဂလာပါ၊ မီးသတ်တပ်ဖွဲ့ကပါ။ "

ဖုန်းတစ်ဖက်မှ စိတ်ပူပန်နေသည့် အဖွားအိုတစ်ဦး၏ အသံထွက်ပေါ်လာခဲ့သည် :

" မီးသတ်သမားတို့၊ နင်တို့ ဘယ်အချိန်လာမှာလဲ၊ ငါ့မြေးလေးက ကျောင်းလွှတ်တော့မယ်၊ ငါ သူ့အတွက် ထမင်းချက်ပေးရဦးမှာ!"

" အဒေါ်၊ သော့ဖွင့်တဲ့ ဒီလိုအလုပ်မျိုးက၊ ကျွန်တော်တို့ တကယ် မကျွမ်းကျင်တာမလို့၊ သော့ဖြည်ပေးတဲ့ကုမ္ပဏီကို ရှာဖို့ အဒေါ့်ကို အကြံပြုပါတယ်။ "

" ဘာလို့ သော့ဖြည်ပေးတဲ့ကုမ္ပဏီကို ရှာရမှာလဲ၊ နင်တို့ မဖွင့်တတ်ဘူးလား?"

အန်တီကြီးသည် အော်ပြောလာသည်၊

" သော့ဖြည်တဲ့ ကုမ္ပဏီက ပိုက်ဆံမယူဘူးတဲ့လား!"

" အဒေါ်၊ ဒီလိုဗျ။ "

ရန်ရိသည် စိတ်ရှည်သည်းခံစွာ ပြောလိုက်သည်၊

" ကျွန်တော်တို့ တံခါးဖွင့်တာမှာ၊ နည်းလမ်းသုံးမျိုးရှိတယ်၊ ပျက်စီးတဲ့အဆင့်ကို လိုက်ပြီး၊ သော့ကို ဖျက်ရမလား၊ တံခါးကို ဖောက်ရမလား၊ နံရံကို ဖြိုချရမလားဆိုပြီး ခွဲခြားထားတာ။ အခင်းဖြစ်တဲ့နေရာကို ရောက်မှ နည်းလမ်းအတိအကျကို ဆုံးဖြတ်ကြတာ။ ဒါပေမဲ့ နည်းနည်းရှုပ်ထွေးတဲ့သော့မျိုးဆို ကျွန်တော်တို့ မဖွင့်တတ်လို့၊ တံခါးကိုပဲ ဖောက်လေ့ရှိတယ်။ ကျွန်တော်တို့က အလကားပါ၊ ဒါပေမဲ့ အဒေါ် တံခါးပြောင်း၊ သော့ပြောင်းတာတို့ လုပ်ရမယ်ဆိုရင်တော့ အတော်ဈေးကြီးမှာ။ "

" ......နင်တို့ ငါ့ကို လိမ်နေတာမလား။ "

" ကျွန်တော် မလိမ်ပါဘူး၊ တကယ်လို့ အဒေါ် အင်တာနက် မသုံးတတ်ရင်၊ ကျွန်တော် သော့ကုမ္ပဏီတစ်ခုနဲ့ အဒေါ်ကို မိတ်ဆက်ပေးလို့ရတယ်။ "

" နင်က မိတ်ဆက်ပေးမယ်?"

အမေကြီး၏ လေသံအဆုံးနားသည် မြင့်တက်နေပြီး၊ သံသယများနှင့် ပြည့်နှက်နေပေသည်။

ရန်ရိသည် လေပြင်းပြင်း ရှူသွင်းလိုက်ပြီး :

" အဒေါ်၊ သော့ဖြည်တယ်ဆိုတာလည်း ပိုက်ဆံ ယွမ်ရာဂဏန်း ကုန်တာပါပဲ၊ ကျွန်တော် ဝန်ဆောင်ခ မယူပါဘူး။ "

" အော့်၊ အာ့ဆိုလည်း ကောင်းပါပြီ။ "

" 119 ကို ဆက်ပြီး အဒေါ် ခုနက တိုင်ကြားထားတာကို ဖျက်ပေးပါဦးနော်။ "

၎င်းဘက်မှ ဖုန်းချသွားသည်။

ရန်ရိသည် စာရင်းကို လုံးချေပစ်လိုက်ပြီး၊ တာဝန်ကျသတင်းပေးသမားထံသို့ ပစ်ပေးလိုက်သည်။

" နောက်ထပ် သော့ဖြည်ဖို့ရှိလာခဲ့ရင်၊ အိမ်မှာ အရေးတကြီးအခြေနေ ဖြစ်နေတာမျိုးကလွဲပြီး၊ ကျန်တာဆို ဒီအတိုင်း ဖြေရှင်းကြ။ "

" ဟုတ်ကဲ့။ "

ရန်ရိသည် တဆစ်ဆစ်နှင့် နာကျင်လာသော နားထင်ကို ဖိလိုက်သောအခါ၊ တစ်ချက်လှုပ်သွားသည်ကို ခံစားမိလိုက်သည်။ ဖြစ်နိုင်သည်ကတော့ ဤအချိန်တိုလေးအတွင်းတွင် ကိစ္စအများကြီး ဖြစ်သွားခဲ့ပြီး၊ သူ ဒေါသထွက်ခဲ့ရသည်မှာလည်း မနည်းသဖြင့်၊ ကျန်းမာရေးကို သိပ်ဂရုမစိုက်နိုင်ခဲ့ခြင်းကြောင့် ဖြစ်မည်။

သူ့အဖေအား အဖော်ပြုပေးပြီး သူငယ်ချင်းများနှင့် ဆုံရန် သို့မဟုတ် ချိန်ထားသည့် တွေ့ဆုံပွဲတစ်ခုခုတက်ရန် သူသည် ခွင့်ရက်တိုယူရန် ဆုံးဖြတ်လိုက်သည်။

************************************

[Zawgyi]

ဒုတိယေန႔မနက္တြင္၊ ရန္ရိသည္ ဟုန္ဝူ ျပည္သူ႔လုံၿခဳံေရးအစိုးရဌာနခြဲသို႔ အစီရင္ခံရန္ သြားခဲ့သည္။

ထိုဌာနသည္ သူတို႔၏ မီးသတ္စခန္းႏွင့္ မေဝးေပ။ သူတို႔ စီရင္ပိုင္ခြင့္ရွိေသာ နယ္ေျမထဲတြင္ မပါဝင္ေသာ္လည္း၊ အၿမဲတေစ ကူးလူးဆက္သြယ္မႈေတာ့ ရွိခဲ့သည္။ သို႔ေသာ္ တစ္နည္းေျပာရလွ်င္ ဘယ္အခ်ိန္တုန္းကတည္းက ဤေနရာတြင္ ကုံးရင့္ရွန္ကဲ့သို႔ေသာလူမ်ိဳး မ်ားလာတာလဲဆိုတာေတာ့ မသိေပ။ ဌာနတြင္၊ သူ႔အား ကူညီစစ္ေဆးေပးရန္ ေတာင္းဆိုထားသည့္သူကို ေတြ႕လိုက္သည္--စုန႔္ေပ။

စုန႔္ေပသည္ အေတြ႕အႀကဳံရွိသည့္ ရဲဝန္ထမ္းတစ္ဦး ျဖစ္ၿပီး၊ လက္ရွိတြင္ ဟုန္ဝူအစိုးရဌာနခြဲ၏ ျပစ္မႈဆိုင္ရာစုံစမ္းစစ္ေဆးေရးတပ္ဖြဲ႕၏ တတိယတပ္ရင္းမွ ေခါင္းေဆာင္ျဖစ္ေပသည္။ သူ႔ပုံစံမွာ အလြန္ ေဖာ္ေ႐ြသည့္ပုံပင္။

ရန္ရိသည္ လက္ကို ဆန႔္ထုတ္လိုက္ၿပီး :

" ေခါင္းေဆာင္စုန႔္။ "

" ေခါင္းေဆာင္ရန္၊ မဂၤလာပါ၊ ထိုင္ပါ။ "

ႏွစ္ေယာက္သား လက္ဆြဲႏႈတ္ဆက္လိုက္ၾကသည္၊ ရန္ရိသည္ ထိုင္ခ်လိုက္ၿပီး၊ ႐ုံခန္းကို တစ္ပတ္လွည့္ၾကည့္ၾကည့္လိုက္သည္။ တစ္ဝက္ထြင္းေဖာက္ျမင္ႏိုင္သည့္ မွန္ျဖစ္သျဖင့္၊ အျပင္ဘက္မွ ျဖတ္သြားျဖတ္လာလုပ္ေနသည့္လူမ်ားကို ေတြ႕ျမင္ႏိုင္ေပသည္။

စုန႔္ေပသည္ ရယ္လ်က္ :

" ေခါင္းေဆာင္ရန္ကို အလုပ္ရႈပ္ေစမိၿပီ၊ ဒီေလာက္ပူအိုက္ေနတဲ့ ေန႔မ်ိဳးမွာမွ ဒီကို လာခိုင္းမိတယ္။ "

" အားနာေနပါၿပီ။ ခင္ဗ်ားက စီနီယာပဲ၊ စည္းမ်ဥ္းအရဆို ကြၽန္ေတာ္က ခင္ဗ်ားနဲ႔ လာေျပာသင့္တာပါ၊ ကြၽန္ေတာ့္ကို ေရွာင္ရန္ လို႔ ေခၚရင္ရပါၿပီ၊ ဒါေပမဲ့ ခင္ဗ်ားလည္း သိတဲ့အတိုင္း ကြၽန္ေတာ့္မ်ိဳး႐ိုးက၊ နည္းနည္းကိုးယိုးကားယားႏိုင္တယ္ဆိုတာ။ "

စုန႔္ေပသည္ တဟားဟားႏွင့္ ရယ္လိုက္သည္။

" အဲ့တာေၾကာင့္ က်ဳပ္က ခင္ဗ်ားကို ေခါင္းေဆာင္ရန္လို႔ ေခၚတာေပါ့။ "

ရန္ရိသည္ ရယ္ၿပီး ေျပာလာသည္ :

" ကြၽန္ေတာ္တို႔ အႀကီးအကဲ ေျပာတာကို နားေထာင္ၾကည့္ေတာ့၊ အဲ့ဒီ့ တိုက္ေပၚက ခုန္ခ်တဲ့အမႈက ေျပာင္းျပန္ျဖစ္သြားတယ္ဆို?"

" ဟုတ္တယ္၊ အစတုန္းကေတာ့ သတ္ေသတာလို႔ ဆိုၿပီး က်ဳပ္တို႔က အမႈပိတ္လိုက္ေတာ့မလို႔ပဲ၊ ဒါေပမဲ့ အခုတေလာ အေျခေနအသစ္ ထပ္ေပၚလာတယ္၊ စီပြားေရးကိစၥတစ္ခုနဲ႔ သက္ဆိုင္ဖို႔မ်ားတယ္၊ အာ့ေၾကာင့္ မင္းကို တစ္ခ်က္ေလာက္ကူၿပီး စစ္ေဆးေပးေစခ်င္တာ၊ ေျပာရရင္ အဲ့အခ်ိန္တုန္းက ျမင္ကြင္းကို မင္းက ပိုၿပီး နားလည္တယ္ေလ။ "

ရန္ရိသည္ ေခါင္းတညိတ္ညိတ္ႏွင့္ :

" နက္နက္ရႈိင္းရႈိင္းကို စြဲေနတာ။ "

သူမွတ္မိသည္မွာ ၎သည္ သန္းေခါင္ယံည တစ္ညျဖစ္ၿပီး၊ လူအမ်ားအိပ္ေမာက်ေနၾကသည့္ ေလးနာရီဝန္းက်င္ေလာက္တြင္၊ ႐ုတ္တရက္၊ အေရးေပၚအေျခအေန ေပၚေပါက္လာခဲ့သည္။ ကလပ္မွ ျပန္လာၾကသည့္ လူငယ္ ေလး၊ ငါးေယာက္သည္ အိမ္အနီးရွိ အေနာက္တိုင္းပုံစံတစ္ထပ္အိမ္ ၿခံဝင္း၏ သံဆူးခြၽန္အေပၚ တြင္၊ ထုတ္ခ်င္းေပါက္ထိုးမိေနသည့္ လူတစ္ေယာက္ကို ေတြ႕လိုက္ရသည္။ ေသြးစီးေၾကာင္းသည္ အိမ္နီးခ်င္း၏ တံခါးဝအထိ ဆင္ေျခေလွ်ာတစ္ေလွ်ာက္ စီးဆင္းေနခဲ့သည္။

မီးသတ္ကားေရာက္သြားသည့္ အခ်ိန္တြင္၊ ထိုလူသည္ အသက္ရွိေသးသည္။ သူတို႔သည္ သံဆူးခြၽန္ကို ျဖတ္လိုက္ၾကသည္၊ အေရးေပၚယာဥ္သည္ သံဆူးခြၽန္ကို လူနဲ႔တစ္ပါတည္း သယ္လာခဲ့ၿပီး ေဆး႐ုံသို႔ ပို႔ေပးခဲ့သည္၊ သို႔ေသာ္ ေဆး႐ုံေတာင္ မေရာက္လိုက္ဘဲ အသက္ထြက္သြားခဲ့ေလသည္။

သူတို႔အားလုံးသည္ ကိုယ့္ကိုယ္ကိုသတ္ေသသည္ဟု ယူဆထားခဲ့ၾကျခင္း ျဖစ္သည္၊ ႏွစ္လမွ် ကုန္လြန္သြားခဲ့ၿပီးေနာက္၊ မထင္မွတ္ဘဲ အမႈတြင္ အေျပာင္းအလဲရွိလာခဲ့သည္။

မီးသတ္ႏွင့္ ရဲတို႔၏ ပူးေပါင္းေဆာင္႐ြက္မႈသည္ အၿမဲဆိုသလို ဆက္သြယ္မႈရွိသည္။ အဘယ့္ေၾကာင့္ဆိုေသာ္ မေတာ္တဆမႈ ေတာ္ေတာ္မ်ားမ်ားတြင္ ပစၥည္းဥစၥာႏွင့္ လူမ်ားကို ကယ္တင္ရန္၊ အခင္းျဖစ္သည့္ေနရာတြင္ အၿမဲဆိုသလို ျဖစ္တတ္သည့္၊ ေရွာင္လႊဲ၍မရသည့္ အဖ်က္အဆီးမ်ား၊ အထူးသျဖင့္ မီးႀကီးစြာေလာင္ျခင္း စသည္တို႔ေၾကာင့္ မီးသတ္သည္ အခင္းေနရာသို႔ အရင္ဆုံး အျမန္သြားရေသာေၾကာင့္ ျဖစ္သည္။

စုန႔္ေပသည္ ရန္ရိ၏ အေရွ႕တြင္ အခင္းဓါတ္ပုံမ်ားအား ျဖန႔္ျပလိုက္ၿပီး၊ ျပန္မွတ္မိလာေစရန္ ကူညီခဲ့သည္ :

" မင္းတို႔ စုံစမ္းတုန္းက အစီရင္ခံစာကို က်ဳပ္ ၾကည့္ၿပီးၿပီ၊ မင္း တစ္ခ်က္ေလာက္ ျပန္စဥ္းစားၾကည့္၊ ဘာထူးျခားတဲ့ အခ်က္ေတြ ရွိေသးလဲဆိုတာကို။ "

ရန္ရိသည္ မွတ္ဉာဏ္ကို အစြမ္းကုန္အမွီျပဳကာ၊ ထိုအခ်ိန္တုန္းက ေတြ႕ျမင္ခဲ့သမွ်အားလုံးကို တစ္ေခါက္ျပန္ ပုံေဖာ္လိုက္သည္။

စုန႔္ေပသည္ စိတ္အားထက္သန္စြာျဖင့္ ေမးခြန္းမ်ားေမးခဲ့သည္မွာ ေမးခြန္းေပါင္း မနည္းေတာ့ေပ၊ အစည္းေဝးခန္းထဲတြင္ ႏွစ္ေယာက္သား ထိုင္ေနၾကသည္မွာ ႏွစ္နာရီမွ် ၾကာျမင့္ေနေလၿပီ။

႐ုတ္တရက္၊ စုန႔္ေပသည္ စူးစမ္းလိုစိတ္ျဖင့္ ေမးလာသည္။

" မင္း အသိကို ရွာေနတာမ်ားလား ?"

" အာ?ဘာကို?"

စုန႔္ေပသည္ ေမးတစ္ခ်က္ေငါ့လိုက္ၿပီး

" က်ဳပ္ၾကည့္ေနတာ မင္း လူတစ္ေယာက္ျဖတ္သြားတိုင္း အျပင္ကို လွမ္းလွမ္းၾကည့္ေနလို႔။ "

" အယ့္၊ စိတ္မရွိပါနဲ႔။ "

ရန္ရိတစ္ေယာက္ အလြန္ ရွက္သြားသျဖင့္ သူသည္ ဆံပင္ကို တူးဆြလိုက္သည္။ ခ်က္ခ်င္းဆိုသလို ကိုယ့္ကိုယ္ကိုယ္ကိုသာ ပိတ္ကန္ပစ္လိုက္ခ်င္မိသည္။ ကုံးရင့္ရွန္နဲ႔ ေတြ႕ႏိုင္မယ္လို႔ စဥ္စားမိလိုက္တာနဲ႔ ဘာျဖစ္လို႔ သူက အလြန္အမင္း စိတ္လႈပ္ရွားေနရတာလဲ?အမွားလုပ္ထားတဲ့လူက သူလည္း မဟုတ္ဘဲနဲ႔ေလ။

စုန႔္ေပသည္ လက္ပတ္နာရီကို တစ္ခ်က္ၾကည့္လိုက္ၿပီး

" အိုင္းယိုး၊ မြန္းေတာင္တည့္ေနၿပီ၊ အားနာလိုက္တာ မင္းကို ဒီေလာက္ အခ်ိန္အၾကာႀကီး ဆြဲထားမိတယ္။ သြားရေအာင္၊ က်ဳပ္ ထမင္းဝယ္ေကြၽးမယ္။"

" မလိုပါဘူး၊ ဒါေတြက ကြၽန္ေတာ္ လုပ္ေပးသင့္တာေတြပါ၊ ခင္ဗ်ားလည္း အလုပ္မ်ားေနတာႀကီးကို၊ ကြၽန္ေတာ့္စခန္းနဲ႔ကလည္း မေဝးပါဘူး၊ ကြၽန္ေတာ္ ျပန္ၿပီးပဲ စားလိုက္ပါ့မယ္။ "

" ဒါ ဘယ္ေကာင္းပါ့မလဲ၊ သြားရေအာင္ပါ၊ ဒီနားက စားေသာက္ဆိုင္တစ္ခုက မဆိုးဘူး၊ က်ဳပ္လည္း မင္းရဲ႕အေဖအေၾကာင္းကို နားေထာင္ခ်င္ေနတာနဲ႔ အေတာ္ပဲ၊ ၾကားဖူးေနက်ျဖစ္တဲ့ နာမည္ႀကီးတစ္ေယာက္ေလ။ "

ရန္ရိသည္ ရယ္လ်က္ ေျပာလာသည္။

" ဒါဆို ကြၽန္ေတာ္ အားမနာေတာ့ဘူးေနာ္။ "

" သြားမယ္ သြားမယ္ သြားမယ္။ "

ႏွစ္ေယာက္စလုံး ႐ုံးခန္းထဲမွ ထြက္လာၾကၿပီး၊ ႐ုံးခန္းဧရိယာသို႔ ေရာက္ေသာအခါ၊ ဝန္ထမ္းမ်ားအားလုံးသည္ အျပင္ဘက္သို႔ ထြက္သြားေနၾကသည္ကို ေတြ႕လိုက္ရၿပီး၊ လူတစ္ေယာက္တည္းကသာ ထိုလူအုပ္ႏွင့္ ဆန႔္က်င္ၿပီး သူတို႔ဆီသို႔ မ်က္ႏွာခ်င္းဆိုင္ ဦးတည္လာေနေလသည္။

( ႐ုံးခန္းဧရိယာဆိုတာ ဇာတ္လမ္းတြဲေတြထဲမွာ ျမင္ဖူးမွာပါ ရာထူးႀကီးတဲ့သူရဲ႕အခန္းအျပင္ဘက္မွာ လူအမ်ားႀကီးက စားပြဲကိုယ္စီနဲ႔ စုၿပီး အလုပ္လုပ္ေနတဲ့ေနရာမ်ိဳးကို ေျပာခ်င္တာပါ။ မေခၚတတ္လို႔ ႐ုံးခန္းဧရိယာလို႔ပဲ သုံးလိုက္တယ္။ )

ကုံးရင့္ရွန္!

ရန္ရိသည္ မ်က္ခုံးကို ပင့္လိုက္သည္။ ေရွ႕ႏွစ္ေခါက္က ကုံးရင့္ရွန္ကို ေတြ႕ခဲ့သည့္အတိုင္းပင္၊ အလြန္ေသသပ္ၿပီး ကြက္တိျဖစ္ေနသည့္ အေနာက္တိုင္းဝတ္စုံကို ဝတ္ဆင္ထားသည္၊ ရွည္လ်ားသည့္ ေျခတံမ်ားျဖင့္ ေျခလွမ္း လွမ္းလာၿပီး၊ မ်က္ႏွာခ်င္းဆိုင္မွ ေလွ်ာက္လွမ္းလာခဲ့သည္။ အျဖဴေရာင္လက္အိတ္ ဝတ္ထားသည့္ လက္ထဲတြင္ ႐ိုး႐ိုးစကၠဴအိတ္ကို ကိုင္ထားခဲ့သည္။

ႏွစ္ေယာက္သား မ်က္လုံးခ်င္း ဆုံသြားေသာအခါ၊ ကုံးရင့္ရွန္၏ မ်က္ဝန္းထဲတြင္ အံ့အားသင့္သည့္အရိပ္အေယာင္ ျဖတ္ေျပးသြားခဲ့သည္။

စုန႔္ေပသည္ ကုံးရင္ရွန္အား မ်က္ႏွာမူကာ ေခါင္းညိတ္ျပလိုက္သည္။

" အရာရွိေလး၊ ထမင္းစားမလို႔လား။ "

ကုံးရင္ရွန္သည္လည္း ေခါင္းညိတ္ျပလိုက္ၿပီး :

" ေခါင္းေဆာင္စုန႔္။ "

သူသည္ ရန္ရိအား တစ္ခ်က္ၾကည့္လိုက္သည္၊ လူစိမ္းတစ္ေယာက္အား ၾကည့္ေနသကဲ့သို႔ပင္။

" လာ၊ မိတ္ဆက္ေပးရဦးမယ္၊ ဒါက ဖုန႔္ဟြမ္မီးသတ္တပ္ဖြဲ႕ရဲ႕ ငယ္႐ြယ္ၿပီး အလားအလာရွိတဲ့ ေခါင္းေဆာင္၊ ရန္ရိ၊ ငါတို႔ စစ္ေဆးေနတဲ့ တိုက္ေပၚက ခုန္ခ်တဲ့အမႈကို ကူညီလာေပးတဲ့၊ ေခါင္းေဆာင္ရန္။ ဒါက မႏွစ္ကမွ ေရာက္လာတဲ့ က်ဳပ္တို႔ရဲ႕ အလြန႔္အလြန္ေတာ္တဲ့ ေက်ာင္းသား၊ MIT က ဓါတုေဗဒပါရဂူ၊ ကုံးရင့္ရွန္။ "

စကားလမ္းေၾကာင္းသည္ ဤအတိုင္းအတာအထိေတာင္ ေရာက္ေနၿပီျဖစ္ေသာလည္း၊ ႏွစ္ေယာက္သား လက္ဆြဲႏႈတ္ဆက္ၾကသည္ကို စုန႔္ေပ မေတြ႕ရေသးေပ။ ထို႔အျပင္ အခ်င္းခ်င္း တစ္ေယာက္ကိုတစ္ေယာက္ စိန္းစိန္းဝါးဝါး ၾကည့္ေနလိုက္ၾကေသးသည္။ သူသည္ မသကၤာစြာ ေျပာလာသည္ :

" မင္းတို႔၊ သိၾကတာလား?"

" မသိပါဘူး။ "

ႏွစ္ေယာက္သား လ်င္လ်င္ျမန္ျမန္ႏွင့္ တစ္ေလသံတည္း ေျပာလာခဲ့သည္၊ အေျပာေႏွးသြားခဲ့လွ်င္ ရႈံးသြားမည္ကို ေၾကာက္႐ြံ႕ေနသည္အလား။

စုန႔္ေပသည္ သူ႔၏ေမးေစ့အား တစ္ခ်က္ပြတ္လိုက္သည္။

ရန္ရိက ေျပာလာသည္။

" ေခါင္းေဆာင္စုန႔္၊ ကြၽန္ေတာ္တို႔ သြားရေအာင္၊ ကြၽန္ေတာ္ တကယ္ ဗိုက္ဆာေနၿပီ။ "

" ေအာ့္၊ သြားၾကတာေပါ့။ "

ကုံးရင့္ရွန္ အေဝးသို႔ ေရာက္သြားသည္အထိ ေစာင့္ၿပီးမွ၊ စုန႔္ေပသည္ ရယ္လ်က္ ေျပာလာသည္။

" ဘယ္လိုလဲ၊ က်ဳပ္တို႔ဌာနမွာ အႏုပညာရွင္နဲ႔တူတဲ့ ရဲဝန္ထမ္းမ်ိဳး ရွိမယ္လို႔ ထင္မထားမိဘူး ဟုတ္တယ္မလား?သူ ေရာက္လာတဲ့ေန႔တုန္းကဆိုရင္ေလ၊ က်ဳပ္တို႔ မိန္းကေလးလုပ္ေဖာ္ကိုင္ဖက္ေတြမ်ား ႐ူးမတတ္ပဲ။ "

" အင္း......မထင္ထားမိဘူး၊ သူက ခင္ဗ်ားလက္ေအာက္ကလား ?"

" ဟုတ္တယ္၊ မယုံႏိုင္ေလာက္ေအာင္ ေတာ္တဲ့လူငယ္ပဲ၊ ပုံစံကေတာ့ နည္းနည္း......ေဖာ္ေ႐ြမႈမရွိဘူး။ "

ရန္ရိ တိတ္တိတ္ေလး ေတြးမိသည္၊

" ေဖာ္ေ႐ြမႈမရွိေသာ " ထို နာမဝိေသသနသည္ အလြန္ယဥ္ေက်းလြန္းလွသည္၊ သူ အေမး ရွိလာသည္ :

" အကုန္လုံးက အျပင္ဘက္ကို ထြက္သြားၾကတာ၊ သူကက် ဘယ္လိုျဖစ္ၿပီး အထဲကို ျပန္ဝင္လာရတာလဲ?"

" ေန႔လယ္ဆို၊ အကုန္လုံးက စားေသာက္ဆိုင္ကို သြားၿပီး ထမင္းစားၾကတာ၊ သူက၊ ဟားဟား။ "

စုန႔္ေပသည္ ေခါင္းကို ယမ္းလိုက္သည္။

" သူက ငါတို႔နဲ႔အတူ ထမင္းမစားဘူး။ "

" ဘာျဖစ္လို႔လဲ ?"

" သူလား၊ အသန႔္ႀကိဳက္တဲ့ေရာဂါရွိတယ္၊ သူယူလာတဲ့ ပစၥည္းကိုပဲ စားတယ္။ "

" ဒီေလာက္ အုပ္စုဖြဲ႕ၿပီး မေနတတ္တဲ့ဟာႀကီးကို မႈခင္းရဲလုပ္လို႔ရတယ္?"

" သေဘာထားႀကီးေပးရတာေပါ့ကြာ။ "

စုန႔္ေပသည္ နားထင္ကို ဖိႏွိပ္လိုက္ၿပီး၊

" သူက ဦးေႏွာက္လည္းေျပးတယ္၊ တိုက္လည္းတိုက္ခိုက္ႏိုင္တယ္၊ ရဲလည္းရဲရင့္တယ္၊ လုပ္ရည္ကိုင္ရည္လည္းရွိတယ္၊ အမ်ိဳးမ်ိဳးေသာ အစြမ္းအစရွိတဲ့ လူေတာ္ေတြကို က်ဳပ္တို႔က လိုအပ္တယ္ေလ။ "

ရန္ရိသည္ စိတ္ထဲတြင္ ဆန္းစစ္ေဝဖန္ေနျခင္းကို အေသာမသတ္ႏိုင္ေသးေပ၊ သူ ပစၥည္းေတြ ဆက္တိုက္ လႉဒါန္းခဲ့တာဟာ ဒါေၾကာင့္ ျဖစ္မယ္ထင္တယ္။

" ၿပီးေတာ့လည္း၊ သူ ဒီလိုမ်ိဳး အုပ္စုနဲ႔မေနတတ္တာကလည္း အေၾကာင္းရင္းရွိေတာ့၊ နားလည္ေပးႏိုင္ပါတယ္။ "

" ေအာ့္?ဘာအေၾကာင္းအရင္းမ်ားလဲ?"

စုန္ေပသည္ ရယ္လိုက္သည္၊ အမ်ားႀကီးမေျပာရန္ဆုံးျဖတ္ေၾကာင္း ေပၚလြင္ေနေပသည္။ ရန္ရိသည္လည္း ထပ္မေမးေတာ့ေပ၊ တကယ္ေတာ့ ၎သည္ သူႏွင့္ ဘာမွသက္ဆိုင္မႈမရွိေပ၊ အမ်ားႀကီးေမးမိလွ်င္ သံသယျဖစ္ဖြယ္ ျဖစ္ေနေပလိမ့္မည္။

----

ထမင္းစားၿပီးေနာက္၊ ရန္ရိသည္ အခ်ိန္ဖဲ့ၿပီး အိမ္သို႔ တစ္ေခါက္ ျပန္သြားခဲ့သည္၊ သူ႔အေဖအား အေဖာ္ျပဳ၍ ေန႔လည္ခင္းလက္ဖက္ရည္ ေသာက္ၿပီးမွ၊ စခန္းသို႔ ျပန္လာခဲ့သည္။

စခန္းသို႔ေရာက္သည္ႏွင့္၊ ခြၽီးယန္ေပါသည္ သူ႔အား အေခၚရွိသျဖင့္ ႐ုံးခန္းသို႔ သြားေလသည္။

႐ုံးခန္းဆိုဖာေပၚတြင္ လူသုံးေယာက္ ထိုင္ေနခဲ့သည္၊ အမ်ိဳးသားႏွစ္ေယာက္ အမ်ိဳးသမီးတစ္ေယာက္ ျဖစ္သည္။ သူ အခန္းထဲသို႔ ဝင္လိုက္သည္ႏွင့္၊ သုံးေယာက္စလုံးသည္ မတ္တပ္ရပ္လာခဲ့သည္။

ေယာက်ာ္းေလးႏွစ္ေယာက္သည္ ဘာမွ ထူးထူးျခားျခား မရွိေပ၊ တစ္ဦးတည္းေသာ မိန္းကေလးမွာ သြယ္လ်ၿပီး အရပ္ျမင့္သည္၊ အမ်ိဳးသားမ်ားကဲ့သို႔ ဆံပင္တိုတို ညႇပ္ထားသည္။ ၾကည့္ေကာင္းသည့္ မ်က္ႏွာအသြင္အျပင္ႏွင့္ ေမြးဖြားလာေသာ္လည္း၊ မိန္းမသားတို႔၏ ႏူးညံ့မႈႏွင့္ လွပမႈတို႔ကိုမူ မေတြ႕ရေခ်။ ထိုအစား ရဲစြမ္းသတၱိအျပည့္ရွိသည့္ပုံေတာ့ ေပၚေပသည္။

ရန္ရိတစ္ေယာက္ ပါးစပ္ေတာင္မဟရေသး၊ ထိုသုံးေယာက္သည္ ညီညီညာညာျဖင့္ အေလးျပဳလိုက္ၾကသည္ :

" ေခါင္းေဆာင္ မဂၤလာပါ။ "

ရန္ရိသည္လည္း ျပန္အေလးျပဳလိုက္ၿပီး၊ မသကၤာသည့္ အၾကည့္ျဖင့္ ခြၽီးယန္ေပါအား ၾကည့္လိုက္သည္။

" ေအာ့္၊ ဒါက ငါ ငါတို႔တပ္ဖြဲ႕အတြက္ အဖြဲ႕ဝင္အသစ္ေခၚတုန္းက ေ႐ြးထားတဲ့ မီးသတ္သမားေတြ။ က်ိန္းေသ၊ အင္တာဗ်ဴး ေနာက္တစ္ေခါက္ကိုလည္း မင္းကိုယ္တိုင္ လုပ္ေပးရဦးမွာ။ "

ရန္ရိသည္ ထိုသုံးေယာက္အား တစ္ေခါက္မွ် ေစ့ေစ့ၾကည့္လိုက္ၿပီး ေျပာလိုက္သည္ :

" ေကာင္းပါၿပီ၊ ဟိုေလ၊ ဒီေန႔က နည္းနည္းေနာက္က်ေနၿပီမလို႔၊ ခင္ဗ်ားတို႔ အရင္ျပန္သြားႏွင့္ၾကပါ။ လူေတြ႕ေမးျမန္းမဲ့အခ်ိန္ကို ကြၽန္ေတာ္ ေနာက္မွ သပ္သပ္ အေၾကာင္းၾကားလိုက္ပါမယ္။ "

" ေခါင္းေဆာင္ ႏႈတ္ဆက္ပါတယ္၊ နည္းျပ ႏႈတ္ဆက္ပါတယ္။ "

ထိုသုံးေယာက္ ထြက္သြားၿပီးေနာက္၊ ရန္ရိသည္ ခြၽီးယန္ေပါအား မ်က္လုံးျပဴးၾကည့္လိုက္ၿပီး :

" ခင္ဗ်ား ဘာေတြေတြးေနတာလဲ?အမ်ိဳးသမီးတပ္သား?"

" အမ်ိဳးသမီးတပ္သားက ဘာျဖစ္ေနလို႔လဲ။ "

ခြၽီးယန္ေပါသည္ ပခုံးတြန႔္လိုက္ၿပီး၊

" ဘယ္တရားဝင္စာတမ္းက အမ်ိဳးသမီးတပ္သား အမႈမထမ္းရဘူးလို႔ စည္းမ်ဥ္းခ်ထားလို႔လဲ ?"

ယခုလက္ရွိတြင္ သူတို႔သည္ မီးေဘးကာကြယ္ထိန္းခ်ဳပ္ေရးအား ျပန္လည္ဖြဲ႕စည္းမႈကို ႀကဳံေတြ႕ေနရသည္၊ မႏွစ္က တက္လာသည့္ ဦးစီးခ်ဳပ္သည္ တာဝန္ထမ္းေဆာင္ေနဆဲျဖစ္သည့္ လက္နက္ကိုင္ရဲတပ္ဖြဲ႕၏ ေနာက္ဆုံးတစ္သုတ္ ျဖစ္သည္၊ ႏွစ္ကုန္ပိုင္းသို႔ေရာက္လွ်င္၊ သူတို႔သည္ အၿငိမ္းစားယူၿပီး တစ္ခ်ိန္တည္းမွာပင္ ကြၽမ္းက်င္အဆင့္သို႔ ကူးေျပာင္းသြားမည္ ျဖစ္ၿပီး ျပည္သူ႔လုံၿခဳံေရးႏွင့္ မီးေဘးကာကြယ္ထိန္းခ်ဳပ္ေရးဌာနမွ အေရးေပၚျပန္ၾကားေရးစီမံခန႔္ခြဲမႈဌာနသို႔ ေျပာင္းလဲသြားမည္ ျဖစ္ေပသည္။ အခ်ိန္ျပည့္တာဝန္ထမ္းေဆာင္ရမည့္ မီးသတ္သမားမ်ားကိုလည္း စုေဆာင္းသြားမည္ ျဖစ္သည္။

သူတို႔သည္ မီးသတ္သမားအသစ္ေခၚယူရာတြင္ ပုံမွန္အားျဖင့္ မီးသတ္တပ္ဖြဲ႕တြင္ တာဝန္ထမ္းေဆာင္ခဲ့ဖူးသူကို ဦးစားေပး စဥ္းစားၾကသည္။ တပ္ဖြဲ႕ေခါင္းေဆာင္အေနႏွင့္ဆိုလွ်င္၊ သူ႔ထံတြင္ ဝန္ထမ္းအာဏာအျမင့္ဆုံး ရွိေပသည္။ ခြၽီးယန္ေပါကမူ အုပ္ခ်ဳပ္ေရးႏွင့္ ႏိုင္ငံေရးကို အဓိက ေဆာင္႐ြက္ရၿပီး အေစာပိုင္း ဝန္ထမ္းေခၚယူမႈအတြက္လည္း တာဝန္ရွိေပသည္။

သို႔ေသာ္ သူ ဘယ္လိုမွ မထင္ထားခဲ့သည္မွာ၊ ခြၽီးယန္ေပါသည္ မိန္းကေလးမီးသတ္သမားအား ေခၚယူရန္ စဥ္းစားထားျခင္းပင္ ျဖစ္သည္။

ရန္ရိသည္ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး :

" ကြၽန္ေတာ္တို႔တပ္ဖြဲ႕က ေယာက်ာ္းေလး အေယာက္ေလးဆယ္ေက်ာ္ကေကာ၊ အဆင္ေျပမယ္တဲ့လား?ခ်စ္ရတဲ့ ရဲေဘာ္ေပါေပါ။ "

" မင္း အရင္ဆုံး စိတ္ေအးေအးထားပါဦး၊ ခ်စ္ရတဲ့ ရဲေဘာ္ယန္ယန္။ "

( 炎炎=yán yán (ယန္ယန္) ဆိုတာလည္း ရန္ရိပါပဲ။ ေရွ႕တစ္ပိုင္းမွာ ပါတဲ့ ' ရန္စစ္ဟေဝၚ ' လိုမ်ိဳး nickname ေပါ့။ ' ယန္ယန္ 'ဆိုတဲ့ စာလုံး၂လုံးကို တြဲေရးလိုက္ရင္ 任燚(ရန္ရိ) ရဲ႕ 燚 (ရိ) ျဖစ္သြားပါတယ္။ )

ခြၽီးယန္ေပါသည္ သူ၏ ဆိုင္းဘုတ္ကို ခ်ိတ္လိုက္ၿပီး၊

" ကိုးလပိုင္းေရာက္ရင္၊ လူ ေလး၊ ငါးေယာက္ေလာက္က တပ္က ထြက္ၾကေတာ့မွာ၊ ငါတို႔ ႏွစ္ဝက္အတြင္းမွာ အခ်ိန္ျပည့္တပ္သား သုံးေယာက္ပဲ စုေဆာင္းႏိုင္ေသးတယ္၊ ဝန္ထမ္းအင္အားက အျပတ္သတ္ကို မေလာက္ဘူး။ "

" ဝန္ထမ္းအင္အား မေလာက္ဘူးဆိုလည္း ျဖစ္သလိုလာလို႔ မရဘူးေလဗ်ာ။ "

" ဘယ္လို ျဖစ္သလိုလာတာတုန္း၊ မင္းက အမ်ိဳးသမီးတပ္သားအေပၚ ဘာမေက်နပ္ခ်က္မ်ား ရွိေနလို႔လဲ ?"

" ကြၽန္ေတာ္ အမ်ိဳးသမီးတပ္သားအေပၚ မေက်နပ္တာမ်ိဳး မရွိပါဘူး၊ ဒါေပမဲ့ ဒီဟာက သူနဲ႔သင့္ေတာ္မယ္လို႔ ခင္ဗ်ား ထင္ေနတာလား ?သူ အမ်ိဳးသမီးစစ္သားလုပ္တဲ့အခါဆို အနည္းဆုံးေတာ့ သူ႔ပတ္ဝန္းက်င္မွာ မိန္းကေလးေတြေလ၊ သူသာ တကယ္လို႔ ဒီကိုလာခဲ့ရင္......ကြၽန္ေတာ္က သူ႔အတြက္ ေတြးေပးေနတာပါ၊ ဒီလမ္းက ေလွ်ာက္ရအရမ္းခက္တယ္ဆိုတာကို သူသိရဲ႕လား။ "

" ငါၾကည့္ရတာေတာ့ သူ စဥ္းစားထားတာက အေတာ္ေလး ရွင္းတယ္။ "

ခြၽီးယန္ေပါသည္ မ်က္မွန္ကို ပင့္တင္လိုက္သည္၊

" မင္း လူေတြ႕ေတာင္ မစစ္ေဆးရေသးဘဲနဲ႔၊ သူ႔ကို တန္းျငင္းတာက မေကာင္းပါဘူး။ ငါ့ရဲ႕ အဆက္အသြယ္အရဆို၊ သူက အရည္အခ်င္းျပည့္မီတဲ့ မီးသတ္သမားတစ္ေယာက္ပဲ။ "

" မီးသတ္စစ္သည္ေတြက ေရွ႕တန္းထြက္ရတယ္၊ ေရွ႕တန္းက မိန္းကေလးနဲ႔ မသင့္ေတာ္ဘူး။ "

" မင္း ဒါက ဆန႔္က်င္ခြဲျခားၿပီး၊ ဘက္လိုက္တာပဲ။ "

" ခင္ဗ်ား ကြၽန္ေတာ့္ကို ဒါနဲ႔ လာဖိမႏွိပ္နဲ႔၊ တစ္တိုင္းျပည္လုံးရဲ႕ မီးသတ္တပ္ဖြဲ႕ ဘယ္ႏွခုေလာက္မွာမ်ား မိန္းကေလးတပ္သားရွိလဲ ဆိုၿပီး ခင္ဗ်ား သြားေမးၾကည့္၊ ဒါက ဘက္လိုက္တဲ့ ျပႆနာလား?ဒါက အလုပ္အမ်ိဳးအစားနဲ႔ဆိုင္တဲ့ ျပႆနာ။ "

" ငါတို႔က သာမန္တပ္ဖြဲ႕မဟုတ္ဘူး၊ ငါတို႔က အထူးတာဝန္ထမ္းေဆာင္ေနရတဲ့ မီးသတ္တပ္ဖြဲ႕၊ သေဘာထားႀကီးႀကီးနဲ႔ လက္ခံႏိုင္တဲ့စိတ္ ရွိသင့္တယ္။ ေအာ့္ ဟုတ္သားပဲ၊ သူက မင္းရဲ႕ ဂ်ဴနီယာပဲ၊ ရဲတကၠသိုလ္က မီးသတ္စီမံခန႔္ခြဲေရးေမဂ်ာနဲ႔ ေက်ာင္းၿပီးထားတာ။ "

ရန္ရိတစ္ေယာက္ " သေဘာထားႀကီးေသာ " ဆိုသည့္ စာလုံးေလးလုံးကို ဒီေန႔အတြင္း ဒုတိယအႀကိမ္ေျမာက္ ၾကားရျခင္း ျဖစ္သည္။ သို႔ေသာ္ ခြၽီးယန္ေပါပါးစပ္မွ ေျပာလာေသာအခါ၊ သူသည္ တစ္ခုခု မူမမွန္သည့္အနံ႔အသက္ရလိုက္သည္၊ :

" ယန္ေပါ၊ မင္းစိတ္က ငါ့ထက္ ပိုေအးေအးထားသင့္တာ၊ မင္း နားေထာင္ၾကည့္စမ္းပါဦး အခုေျပာလိုက္တဲ့ဟာက လူစကားလား၊ မင္း ငါ့ကို ဖုံးကြယ္ထားတဲ့ ကိစၥတစ္ခုခု ရွိေနတာမ်ားလား ?"

ခြၽီးယန္ေပါသည္ မ်က္မွန္ကို ခြၽတ္လိုက္ကာ၊ ေျဖးေျဖးခ်င္း မ်က္မွန္မွန္ကို သုတ္လိုက္ၿပီး ျပန္တပ္လိုက္သည္။ :

" ျပန္လည္ဖြဲ႕စည္းတာ လုပ္ၿပီးရင္၊ ဝါဒျဖန႔္ခ်ီေရးဌာနက အေရးေပၚစီမံခန႔္ခြဲေရးဌာနရဲ႕ ပုံရိပ္အသစ္ကို တစ္ျပည္လုံးက လူေတြဆီ ျပဖို႔အတြက္ လုပ္ငန္းေတြ ဆက္တိုက္လုပ္ေဆာင္လာလိမ့္မယ္။ ရဲစြမ္းသတၱိရွိတဲ့ အမ်ိဳးသမီး မီးသတ္သမားက၊ ငါတို႔တပ္ဖြဲ႕အတြက္ ဘယ္ေလာက္ေတာင္ အာ႐ုံေတြကို ဆြဲေဆာင္ေပးႏိုင္လိုက္မလဲဆိုတာ မင္း သိရဲ႕လား။ "

ရန္ရိသည္ ေခါင္းငုံ႔လိုက္ၿပီး :

" သတင္းက ဒီေလာက္ေတာင္ ျမန္တယ္၊ ခင္မ်ားအေဖ ေျပာတာလား?"

" အဲ့လိုပဲ ဆိုပါေတာ့။ "

ခြၽီးယန္ေပါသည္ စီနီယာတပ္သား၏ သားျဖစ္ၿပီး၊ ေမြးလာကတည္းက ေလွ်ာက္လွမ္းရမည့္ အသက္ေမြးလမ္းေၾကာင္းအား ႀကိဳတင္ဆုံးျဖတ္ထားသကဲ့သို႔ပင္။ သူတို႔သည္ ႏွစ္ေပါင္းမ်ားစြာ သူငယ္ခ်င္းျဖစ္ခဲ့ၾကေပမဲ့၊ ခြၽီးယန္ေပါသည္ သူ႔အား အမ်ားႀကီး ကူညီေပးခဲ့ဖူးသည္၊ သို႔ေသာ္ ႏွစ္ေယာက္သည္ ကိစၥအေတာ္မ်ားမ်ားအေပၚတြင္ အၿမဲဆိုသလို အျမင္မတူ ျဖစ္ေနတတ္ၾကသည္။

ခြၽီးယန္ေပါသည္ စိတ္ရွည္စြာ ေဖ်ာင္းဖ်ေျပာသည္ :

" ရန္ရိ၊ မိန္းကေလးတစ္ေယာက္က ဒီေလာက္အႏၲရာယ္မ်ားတဲ့အလုပ္နဲ႔ မသင့္ေတာ္လို႔ မင္း စိတ္ပူတယ္ဆိုတာ ငါ သိတယ္။ သူက မင္းၫႊန္ၾကားမႈေအာက္ ေရာက္သြားၿပီးရင္၊ မင္းက သူ႔ကို လာဘ္ေကာင္ေလးအေနနဲ႔ပဲ ထားလိုက္၊ တစ္ခ်ိဳ႕အခင္းေနရာေတြကို သူ႔ကို မသြားခိုင္းရင္ ရၿပီပဲ။ သူက မီးသတ္သမားလုပ္ခ်င္ေနတာ၊ ငါတို႔က မီးသတ္သမား လိုအပ္ေနတာ၊ သူက ငါတို႔တပ္ဖြဲ႕အတြက္ အေရာင္အဝါေတာင္တိုးေစႏိုင္တယ္၊ ဒါက အကုန္လုံးအတြက္ ေပ်ာ္စရာ မဟုတ္ဘူးလား။ "

ရန္ရိသည္ ခြၽီးယန္ေပါ၏ ေရးေရးေလး အလင္းျပန္ေနသည့္ မ်က္မွန္ မွန္ကို တည့္တည့္ၾကည့္လိုက္သည္၊ သူ၏ မ်က္လုံးကိုေတာ့ မျမင္ရေပ။ :

" တကယ္လို႔ ကြၽန္ေတာ္ သေဘာမတူရင္ေရာ။ "

ခြၽီးယန္ေပါသည္ ေပါ့ပါးစြာ ရယ္လိုက္ၿပီး :

" နည္းျပအေနနဲ႔ဆိုရင္ေတာ့၊ ငါက တစ္မဲသာတာေပါ့ကြာ။ "

ႏွစ္ေယာက္စလုံးသည္ ရာထူးတူေသာ္ျငားလည္း၊ စည္းမ်ဥ္းအရဆိုလွ်င္၊ ခြၽီးယန္ေပါ၏စကားသည္ သူ႔ထက္ ပို အာဏာရွိေပသည္။ ယုတ္စြအဆုံး အထက္ပါကိစၥသည္လည္း ထိုနည္း၎ပင္။

သို႔ေသာ္ ခြၽီးယန္ေပါသည္ ထိုအာဏာကို သုံးၿပီး ရန္ရိကို ခ်ဳပ္ကိုင္ျခင္း မျပဳခဲ့ေပ။

" ေကာင္းပါၿပီ၊ ခင္ဗ်ား ဆုံးျဖတ္ၿပီးၿပီဆိုေတာ့လည္း။ "

ရန္ရိ၏ ေလသံမွာ သိပ္မေကာင္းေပ။

" ညီေလး၊ မင္း သိပ္မလိုလားဘူးဆိုတာ ငါ သိပါတယ္၊ ဒါေပမဲ့ ငါက ငါတို႔အားလုံး ေကာင္းဖို႔အတြက္ လုပ္တာပါ။ "

ခြၽီးယန္ေပါ ဆက္ေျပာသည္၊

" ငါ မျငင္းပါဘူး၊ ငါ ရာထူးတိုးခ်င္တယ္ဆိုတာကို၊ ဘယ္သူက ရာထူးမတိုးခ်င္ဘဲေနမွာလဲ၊ မင္းက ႏိုင္ငံေရးမွာ မပါခ်င္ဘူး၊ ငါက ငါတို႔အတြက္ စဥ္းစားေပးရမယ္၊ ငါတို႔အားလုံး သြားေလေလ အျမင့္ေရာက္ေလေလဆိုတာမ်ိဳးကို ျဖစ္ေစခ်င္တယ္။ တပ္ဖြဲ႕ ေကာင္းမယ္ဆိုရင္၊ ငါတို႔လည္း ပိုေကာင္းႏိုင္မွာပဲ၊ ဟင္ ?"

ရန္ရိသည္ ေလျပင္းျပင္း ရွဴသြင္းလိုက္ၿပီး :

" ခင္မ်ားေျပာတာပဲ နားေထာင္တာေပါ့၊ ဘာပဲျဖစ္ျဖစ္ ခင္ဗ်ားက အၿမဲမွန္တယ္ဆိုတာကို ေနာက္ဆုံးက် သက္ေသျပသြားမွာပဲ။ "

ခြၽီးယန္ေပါသည္ သူ၏ ဦးေခါင္းကို ပြတ္ၿပီး ရယ္လ်က္ ေျပာလာသည္ :

" အရမ္းေတာ္တာပဲ။ "

ရန္ရိသည္ သူ႔၏လက္ဖဝါးကို ျဖန႔္ၿပီး ဆဲမည္အျပဳ၊ အခ်က္ေပးေခါင္းေလာင္းသည္ ျမည္လာခဲ့သည္။

သူသည္ အလ်င္အျမန္ ေျပးဆင္းသြားၿပီး :

" ဘာျဖစ္တာလဲ?"

" ......ေသာ့ျဖည္တာ။ "

တပ္သားအားလုံးထံမွ ၿပိဳက်သည့္ ေအာ္ဟစ္သံထြက္ေပၚလာသည္။

ရန္ရိသည္ ေဒါသ အနည္းငယ္ထြက္ေနဆဲျဖစ္သျဖင့္၊မ်က္ျဖဴလွန္လိုက္ကာ :" စာရင္းေကာ။ "

သတင္းေပးသမားသည္ သူ႔ထံသို႔ လႊဲေပးလိုက္သည္၊ သူသည္ ဖုန္းကို ထုတ္လိုက္ၿပီး၊ စာရင္းတြင္ ေရးထားသည့္ ေနရာသို႔ ဖုန္းဆက္လိုက္သည္၊ :

" Hello မဂၤလာပါ၊ မီးသတ္တပ္ဖြဲ႕ကပါ။ "

ဖုန္းတစ္ဖက္မွ စိတ္ပူပန္ေနသည့္ အဖြားအိုတစ္ဦး၏ အသံထြက္ေပၚလာခဲ့သည္ :

" မီးသတ္သမားတို႔၊ နင္တို႔ ဘယ္အခ်ိန္လာမွာလဲ၊ ငါ့ေျမးေလးက ေက်ာင္းလႊတ္ေတာ့မယ္၊ ငါ သူ႔အတြက္ ထမင္းခ်က္ေပးရဦးမွာ!"

" အေဒၚ၊ ေသာ့ဖြင့္တဲ့ ဒီလိုအလုပ္မ်ိဳးက၊ ကြၽန္ေတာ္တို႔ တကယ္ မကြၽမ္းက်င္တာမလို႔၊ ေသာ့ျဖည္ေပးတဲ့ကုမၸဏီကို ရွာဖို႔ အေဒၚ့ကို အႀကံျပဳပါတယ္။ "

" ဘာလို႔ ေသာ့ျဖည္ေပးတဲ့ကုမၸဏီကို ရွာရမွာလဲ၊ နင္တို႔ မဖြင့္တတ္ဘူးလား?"

အန္တီႀကီးသည္ ေအာ္ေျပာလာသည္၊

" ေသာ့ျဖည္တဲ့ ကုမၸဏီက ပိုက္ဆံမယူဘူးတဲ့လား!"

" အေဒၚ၊ ဒီလိုဗ်။ "

ရန္ရိသည္ စိတ္ရွည္သည္းခံစြာ ေျပာလိုက္သည္၊

" ကြၽန္ေတာ္တို႔ တံခါးဖြင့္တာမွာ၊ နည္းလမ္းသုံးမ်ိဳးရွိတယ္၊ ပ်က္စီးတဲ့အဆင့္ကို လိုက္ၿပီး၊ ေသာ့ကို ဖ်က္ရမလား၊ တံခါးကို ေဖာက္ရမလား၊ နံရံကို ၿဖိဳခ်ရမလားဆိုၿပီး ခြဲျခားထားတာ။ အခင္းျဖစ္တဲ့ေနရာကို ေရာက္မွ နည္းလမ္းအတိအက်ကို ဆုံးျဖတ္ၾကတာ။ ဒါေပမဲ့ နည္းနည္းရႈပ္ေထြးတဲ့ေသာ့မ်ိဳးဆို ကြၽန္ေတာ္တို႔ မဖြင့္တတ္လို႔၊ တံခါးကိုပဲ ေဖာက္ေလ့ရွိတယ္။ ကြၽန္ေတာ္တို႔က အလကားပါ၊ ဒါေပမဲ့ အေဒၚ တံခါးေျပာင္း၊ ေသာ့ေျပာင္းတာတို႔ လုပ္ရမယ္ဆိုရင္ေတာ့ အေတာ္ေဈးႀကီးမွာ။ "

" ......နင္တို႔ ငါ့ကို လိမ္ေနတာမလား။ "

" ကြၽန္ေတာ္ မလိမ္ပါဘူး၊ တကယ္လို႔ အေဒၚ အင္တာနက္ မသုံးတတ္ရင္၊ ကြၽန္ေတာ္ ေသာ့ကုမၸဏီတစ္ခုနဲ႔ အေဒၚကို မိတ္ဆက္ေပးလို႔ရတယ္။ "

" နင္က မိတ္ဆက္ေပးမယ္?"

အေမႀကီး၏ ေလသံအဆုံးနားသည္ ျမင့္တက္ေနၿပီး၊ သံသယမ်ားႏွင့္ ျပည့္ႏွက္ေနေပသည္။

ရန္ရိသည္ ေလျပင္းျပင္း ရွဴသြင္းလိုက္ၿပီး :

" အေဒၚ၊ ေသာ့ျဖည္တယ္ဆိုတာလည္း ပိုက္ဆံ ယြမ္ရာဂဏန္း ကုန္တာပါပဲ၊ ကြၽန္ေတာ္ ဝန္ေဆာင္ခ မယူပါဘူး။ "

" ေအာ့္၊ အာ့ဆိုလည္း ေကာင္းပါၿပီ။ "

" 119 ကို ဆက္ၿပီး အေဒၚ ခုနက တိုင္ၾကားထားတာကို ဖ်က္ေပးပါဦးေနာ္။ "

၎ဘက္မွ ဖုန္းခ်သြားသည္။

ရန္ရိသည္ စာရင္းကို လုံးေခ်ပစ္လိုက္ၿပီး၊ တာဝန္က်သတင္းေပးသမားထံသို႔ ပစ္ေပးလိုက္သည္။

" ေနာက္ထပ္ ေသာ့ျဖည္ဖို႔ရွိလာခဲ့ရင္၊ အိမ္မွာ အေရးတႀကီးအေျခေန ျဖစ္ေနတာမ်ိဳးကလြဲၿပီး၊ က်န္တာဆို ဒီအတိုင္း ေျဖရွင္းၾက။ "

" ဟုတ္ကဲ့။ "

ရန္ရိသည္ တဆစ္ဆစ္ႏွင့္ နာက်င္လာေသာ နားထင္ကို ဖိလိုက္ေသာအခါ၊ တစ္ခ်က္လႈပ္သြားသည္ကို ခံစားမိလိုက္သည္။ ျဖစ္ႏိုင္သည္ကေတာ့ ဤအခ်ိန္တိုေလးအတြင္းတြင္ ကိစၥအမ်ားႀကီး ျဖစ္သြားခဲ့ၿပီး၊ သူ ေဒါသထြက္ခဲ့ရသည္မွာလည္း မနည္းသျဖင့္၊ က်န္းမာေရးကို သိပ္ဂ႐ုမစိုက္ႏိုင္ခဲ့ျခင္းေၾကာင့္ ျဖစ္မည္။

သူ႔အေဖအား အေဖာ္ျပဳေပးၿပီး သူငယ္ခ်င္းမ်ားႏွင့္ ဆုံရန္ သို႔မဟုတ္ ခ်ိန္ထားသည့္ ေတြ႕ဆုံပြဲတစ္ခုခုတက္ရန္ သူသည္ ခြင့္ရက္တိုယူရန္ ဆုံးျဖတ္လိုက္သည္။

************************************

Continue Reading

You'll Also Like

12.7K 1.9K 32
A girl like me Description ကံကောင်းသည့် ခပ်အအဖခင်၊သူမကို အလိုလိုက်ကာ ကာကွယ်ပေးတတ်သော မိခင်နှင့် ကျောကျော့မော့မော့လေးနေပြီး အထက်တန်းဆန်သော မောင်ဖြစ်သူ...
315K 16.8K 53
A Love Story ( Own Characters ) ဘုဏ်းဇေယျာကျော်xရှင်းသန့်တည်ကြည် " မင်းသားလေး...မင်း ငါ့အပေါ် သိပ်သဘောကောင်းတာပဲ၊ ငါ့မေမေကပြောတယ်၊ အသက်ကြီးလို့ လက်ထ...
275K 21.2K 186
Eldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ...
1.3M 37.5K 65
ယော.. ကျွန်တော်ကလူတော်..ဒါပေမယ့် လူကောင်းမဟုတ်ဘူး။ စာရေးသူ၏ စိတ်ကူးယဥ်မှုဖြင့် ရေးသောကြောင့် အပြင်လောကနှင့်ကွဲပြားနိုင်သည်ကို သတိချပ်ပေးစေလိုပါသည်။ လ...