Zawgyi
ေသနတ္ပစ္သံမရပ္ခင္ အခ်ိန္ေလးမွာပဲ Zhan Zhao က ဝရန္တာဘက္ကို ထြက္သြားၿပီး ၾကမ္းျပင္ေပၚက ေကာ္ေဇာကို ဆြဲလာသည္၊ Zhan Zhao ႏွင့္အတူ ရဲတင္းေသာ ဧည့္သည္အခ်ိဳ႕က ေနာက္မွ လိုက္ကာ ေကာ္ေဇာကို ဆြဲလာၿပီး ခန္းမွ တစ္ခုလံုးကို အျပင္မွ မျမင္ရေအာင္ မွန္မ်ားကို ကာလိုက္သည္။
Bai Yutang က ျပန္လွည့္လိုက္ၿပီး ဓာတ္ေလွကားဆီသို႔ အေျပးသြားၿပီး ေၾကာက္လန္႔ေနၾကေသာ လူမ်ားကို စကားနဲနဲေျပာလိုက္သည္။
"သတိထားၿပီး ေနၾကပါ ရဲေတြမလာမခ်င္း ဘယ္သူမွ အျပင္မထြက္ၾကပါနဲ႔၊ အခုအခ်ိန္မွာ အထဲမွာက ပိုၿပီး လံုျခံဳတယ္"
Zhan Zhao က ဓာတ္ေလွကားဆီသို႔ အေျပးလိုက္လာၿပီး အထဲဝင္ၿပီးမွ ဓာတ္ေလွကားတံခါးက ပိတ္သြားသည္။
"ေၾကာင္ေလး၊ မင္းကဘယ္သြားမလို႔လဲ"
Bai Yutang က ဓာတ္ေလွကားထဲ ႐ုတ္တရက္ေျပးဝင္လာသည့္ Zhan Zhao ကို ၾကည့္ၿပီး သူ႔လည္ပင္းမွာ သူ႔ကို တစ္ခ်ိန္လံုး ဒုကၡေပးေနသည့္ နက္ခ္တိုင္ကို လက္တစ္ဖက္ျဖင့္ဆြဲျဖဳတ္ၿပီး ေဘာင္းဘီအိတ္ထဲ ထိုးထည့္လိုက္သည္။
"ငါလဲ မင္းနဲ႔အတူတူလိုက္မယ္"
Zhan Zhao ကလဲ Bai Yutang က အရင္တစ္ခါသူ႔ကို ေပးထား၍ ကိုယ္ႏွင့္မကြာေဆာင္ထားေသာ Remington ေသနတ္အေသးေလးကို ထုတ္၍ ဟန္ပါပါ ခ်ိန္လိုက္သည္။
Bai Yutang ကေတာ့ မ်က္ႏွာတင္းေနရာမွ ျပံဳးလိုက္ၿပီး မ်က္လံုးမ်ားက Zhan Zhao ကိုသာ စိုက္ၾကည့္ေနသည္။
"ေနာက္မွ ခ်ိန္လဲရပါတယ္ ေၾကာင္ေလးရယ္၊ ခ်ိန္ရင္ ခ်ိန္ရင္းနဲ႔ ငါ့ကိုလဲ ပစ္မိပါဦးမယ္၊ ေျခေထာက္ကိုလဲ သတိထားေနာ္ ကိုယ့္ေျခေထာက္ကိုယ္ တက္နင္းေနမိဦးမယ္"
Zhan Zhao တစ္ေယာက္ ေဒါသထြက္သြားေလသည္။
"ႂကြက္ျဖဴ စုတ္၊ ငါမင္းကို အခုပစ္လိုက္ရမလားေျပာ"
Zhan Zhao က လက္ကို ေျမႇာက္ၿပီး Bai Yutang ဘက္ကို ခ်ိန္လိုက္သည္။
Bai Yutang ကေတာ့ Zhan Zhao ကို အလ်င္အျမန္ လွမ္းဆြဲထားလိုက္သည္။
"ေဟ့ ေဟ့ ေၾကာင္ေလး၊ မင္းငါ့ကို ေသေအာင္ပစ္ေတာ့ မင္းတစ္ဘဝလံုး ဘယ္လို ဆက္ၿပီး အသက္႐ွင္မလို႔လဲ"
"မင္းေတာ့ ေသမယ္ ၾကပ္ၾကပ္သတိထား"
Zhan Zhao က ေျခဖဝါးကို ေျမာက္လိုက္ၿပီး ကန္ဖို႔ျပင္လိုက္ေတာ့ Bai Yutang အသာေလးေ႐ွာင္လိုက္ၿပီး တျခားဘက္ လွည့္လိုက္တုန္းမွာပင္ ဓာတ္ေလွကား တံခါးက ဝုန္းခနဲ ပြင့္သြားသည္။
ႏွစ္ေယာက္သား မ်က္ႏွာေပၚမွ အျပံဳးေလးေတြ ေပ်ာက္သြားၿပီး မ်က္ႏွာခ်င္းဆိုင္ အေဆာက္အဦးဆီသို႔ ေျပးၾကေလသည္။
ညစာစားပြဲ ခန္းမမွ လူမ်ားကေတာ့ ႐ုတ္တရက္ ျဖစ္ေပၚလာေသာ အျဖစ္အပ်က္မ်ားေၾကာင့္ အကုန္လံုး ေၾကာင္ေနၾကသည္။ ကံမေကာင္းစြာ Mr. Wilson အေနာက္မွာ ေနမိ၍ ေသနတ္ထိသြားေသာ လူကေတာ့ ၾကမ္းေပၚမွာပင္ နာက်င္မႈႏွင့္ လူးလွိမ့္ေနသည္။ Zhaohui က ထိုလူ႔ကို ဆြဲထူလိုက္ၿပီး Zhaolan က လွမ္းကူလိုက္ရင္း ေသြးထြက္ေနေသာ ဒဏ္ရာကို ဖိထားလိုက္ေတာ့ နာလြန္း၍ ေအာ္လိုက္သည္မွာ အခန္းထဲ႐ွိ လူအားလံုးၾကားလိုက္ရသည္။
"ခနေလး သည္းခံပါခင္ဗ်ာ၊ ေဆးရံုကားေခၚထားပါတယ္"
Zhaohui က ထိုလူ႔ကို အားေပးေနၿပီး Bai Jintang ကို လွည့္ၾကည့္ေတာ့ မ်က္ႏွာမေကာင္းေပ။ Bai Jintang က ေခါင္းညိတ္ကာ ခြင့္ျပဳေပးလိုက္သည္နွင့္ Zhaolan ကေတာ့ ဖုန္းထုတ္ကာ ရဲကို ဖုန္းဆက္ေခၚလိုက္သည္။
႐ုတ္တရက္ Jon King ၏ က်ယ္ေလာင္ေသာ ေအာ္သံကို ၾကားလိုက္ရသည္။
"Dr.Wilson....."
Bai Jintang ေရာ အႁမႊာႏွစ္ေယာက္ပါ အာရံုေတြက ထိုအသံေပၚသို႔ ေရာက္သြားၾကသည္။ Dr. Wilson က သူ႔ရင္ဘတ္ကို လက္ႏွစ္ဖက္ျဖင့္ တအားဖိထားၿပီး ခႏၶာကိုယ္ တြန္႔လိမ္ေနကာ ေျမျပင္ေပၚသို႔ ဗုန္းခနဲ က်သြားေတာ့သည္။
"Dr..ah"
Jon King က ေၾကာက္ရြံ႔တုန္လႈပ္စြာျဖင့္ ေအာ္ကာ ထိုင္ခ်လိုက္သည္။
"သူ...သူေသၿပီလား... မ..မဟုတ္ေလာက္ပါဘူး..."
"စိတ္ကို ၿငိမ္ၿငိမ္ထားပါ ႐ုတ္တရက္ ႏွလံုးေရာဂါထေဖာက္ရံုေလးပါ "
ေအးစက္တည္ၿငိမ္ေသာ အသံျဖင့္ Gongsun က Dr. Wilson အနားကို ေရာက္လာၿပီး ထိုင္ခ်လိုက္သည္။
"သူ႔ကို ဆန္႔ဆန္႔ေလး ျဖစ္ေအာင္ လဲွခ်ေပးလိုက္ပါ"
Gongsun ရဲ႕ တည္ၿငိမ္မႈက ၾကည့္ေနသူအားလံုးကို ကူးစက္သြားေစသည္ထင္သည္။ အနားမွာ ႐ွိေနသူမ်ားက Dr. Wilson ကို ဆန္႔ဆန္႔ေလး ျဖစ္ေအာင္ ဝိုင္းကူေပးၾကသည္။
Gongsun က Dr. Wilson ရဲ႕ လည္ပင္းမွ နက္တိုင္ကို ျဖည္းကာ ေဘးနားခ်ၿပီး အက်ႌမွ ၾကယ္သီးနွစ္လံုးကို ျဖဳတ္ကာ အားလံုးကို အမိန္႔ေပးလိုက္သည္။
"လူ ႏွစ္ေယာက္ေလာက္ သူ႔ေျခေထာက္ကို ေျမာက္ေပးထားၾကပါ၊ ႏွလံုးဘက္ကို ေျခေထာက္က ေသြးျပန္ေလ်ွာက္ဖို႔ လိုတယ္"
ေျခေထာက္နားမွ လူႏွစ္ေယာက္က ခ်က္ခ်င္းပင္ ကို္င္ကာ ေျမာက္ေပးထားၾကသည္။
Gongsun က ေခါင္းကို ငံု႔ကာ Dr. Wilson ရဲ႕ ရင္ဘတ္နားကို ကပ္လိုက္ၿပီး ႏွလံုးခုန္သံကို ေသခ်ာနားေထာင္ကာ ခါးကို ျပန္မတ္လိုက္သည္။
လက္ကို ရင္ဘတ္ေပၚမွာ တင္တာ ေနရာတစ္ခုကို ေရြးေနသည္။ေနရာအတည္တက် သတ္မွတ္ၿပီးသည့္ေနာက္မွာေတာ့ ဘယ္လက္ကို ရင္ဘက္မွာ ျဖန္႔ကာ ကပ္ထားလိုက္ၿပီး ညာလက္ကိုေတာ့ ျဖန္႔ထားေသာ ဘယ္လက္ၾကားမွာ ဆုပ္ထားလိုက္ကာ ႏွလံုးေနရာသို႔ စည္းခ်က္ ညီညီ ဖိေနသည္။ (CPR လုပ္ေနတာပါ)
"အဟြတ္...အဟြတ္"
Dr. Wilson က ႐ုတ္တရက္ တုန္သြားၿပီးေနာက္ ေခ်ာင္းတစ္ခ်က္ဆိုးလိုက္ၿပီး ျပင္းထန္စြာ အသက္ျပန္႐ွဴ လာသည္။
Gongsun က Dr. Wilson ရဲ႕ အိတ္ကပ္ထဲ လက္ႏိႈက္႐ွာေတာ့ ေဆးျပားေပါင္းမ်ားစြာပါတဲ့ ပုလင္းေလးတစ္လံုးကို စမ္းမိ၍ ဆြဲထုတ္လိုက္သည္။ Gongsun က ေဆးနာမည္ကို ဖတ္ၾကည့္လိုက္ၿပီး ပုလင္းကို ဖြင့္၍ ေဆးတစ္ျပားကို ထုတ္ကာ Dr. Wilson ကို ေပးလိုက္သည္။
"ခင္ဗ်ားလ်ွာကို လိပ္ၿပီး ပါးစပ္ဟလိုက္"
Dr. Wilson က သတိေကာင္းေကာင္းျပန္ရလာပံုေပၚၿပီး ပါးစပ္ဟေပးလိုက္သည္။ Gongsun က ေဆးျပားကို လ်ွာေအာက္ထဲ ထည့္ေပးကာ ေျပာလိုက္သည္။
"ျဖည္းျဖည္းခ်င္း ၿမိဳခ်ပါ"
Wilson က ေဆးျပားကို လ်ွာေအာက္မွာ ငံုထားရင္း ပါးစပ္ပိတ္လိုက္သည္။
(Dr. Wilson ရဲ႕ အိတ္ထဲက ေဆးက GTN လို႔ေခၚတဲ့ ႏွလံုးေဆးျပားပါ လ်ွာေအာက္မွာ ငံုရတာပါ)
Gongsun က Dr. Wilson ရဲ႕ လက္ေကာက္ဝတ္က ၾကယ္သီးကို ျဖဳတ္လိုက္ၿပီး အက်ႌလက္ကို ေခါက္တင္ကာ ေသြးခုန္ႏႈန္းကို စမ္းရင္း လက္က နာရီကို ငံု႔ၾကည့္သည္။
မိနစ္ဝက္ေလာက္ၾကာေတာ့ Dr. Wilson ရဲ႕ အေျခအေနက သိသိသာသာ တိုးတက္လာသည္။ Dr. Wilson က Gongsun ကို ေက်းဇူးတင္စြာ ၾကည့္လိုက္ေသာ္လဲ Gongsun ကေတာ့ ေအးစက္စက္ပင္။
"မလႈပ္ပါနဲ႔ဦး" ဟု တစ္ခြန္းသာေျပာသည္။
Gongsun က ထရပ္လိုက္ၿပီး လွည့္ကာ ေနာက္ကို တစ္ခ်က္မွ လွည့္မၾကည့္ပဲ ေအးစက္စက္ထြက္သြားသည္။
ခန္းမထဲမွ လူေတြကေတာ့ ရင္သပ္႐ႈေမာစြာျဖင့္ လိုက္ၾကည့္ေနၿပီး ေစာေစာက ေၾကာက္ရြံေနတဲ့သူေတြအကုန္လံုး အေၾကာက္တရားမ်ား ေလ်ာ့သြားသည္။
Bai Jintang က ခပ္လွမ္းလွမ္းမွာ ရပ္ေနေပမဲ့ Gongsun ရဲ႕ လႈပ္႐ွားမႈ တစ္ခုခ်င္းစီကို တစ္စကၠန္႔ေတာင္ မလြတ္ေစရပဲ ေငး၍သာ ၾကည့္ေနသည္။
Gongsun က သူ႔ကို တစ္ေယာက္ေယာက္ ၾကည့္ေနသလို ခံစားရ၍ ေနာက္ျပန္လွည့္ၾကည့္လိုက္သည္။
Bai Jintang ကေတာ့ ႐ုတ္တရက္ ျပံဳးလိုက္ၿပီး ဝိုင္ကို တစ္ငံုငံုလိုက္သည္။ သူ႔ရဲ႕ ႏွင္းဆီသဖြယ္ နီရဲေနတဲ့ ႏႈတ္ခမ္းသားမ်ားက ၾကည္လင္ေနတဲ့ ဖန္ခြက္အနားစကို ထိခတ္သြားၿပီး ေရႊေရာင္ အရည္အခ်ိဳ႕က သူ႔ပါးစပ္ထဲ စီးေမ်ာ၍ ဝင္သြားေလသည္။
တစ္ခုခ်င္းစီ အေသးစိတ္ျမင္လိုက္ရေသာ Gongsun ကေတာ့ ႏွလံုးသားတစ္ခုလံုး တုန္ခါသြားကာ စိတ္ထဲမွ ေအာ္ဟစ္ေနသည္။
"နီနီရဲရဲေလး.."
Gongsun က Bai Jintang ရဲ႕ ႐ိုး႐ွင္းလွေသာ အျပဳအမူတစ္ခုက ထိုမ်ွအထိ ဆြဲေဆာင္မႈ႐ွိသည္ကို ျမင္လိုက္ေတာ့ ေလးစားသြားရသည္။
Bai Jintang ကလဲ Gongsun ရဲ႕ မ်က္ႏွာေလးႏွင့္ နားရြက္ေလးမ်ား ရဲလာတာကို ျမင္ေတာ့ မသိမသာ တံေတြးၿမိဳခ်မိသည္။
"ဆြဲေဆာင္မႈ ႐ွိလိုက္တာ"
(ဒီေနရာမွာ ဆြဲေဆာင္မႈကို sexy လို႔ေတာင္ သံုးထားတာပါေနာ္😁😁)
.......
Bai Yutang နဲ႔ Zhan Zhao တို႔ မ်က္ႏွာခ်င္းဆိုင္ အေဆာက္အဦးရဲ႕ ေခါင္မိုးထပ္သို႔ တက္ေတာ့ သံတံခါးတစ္ခုက ပိတ္လ်က္သား၊ သူတို႔ႏွစ္ေယာက္သား ေျခဖြဖြေလး နင္းကာ တံခါးတစ္ဖက္တစ္ခ်က္ဆီမွာ ေနရာယူလိုက္ၾကသည္။
တံခါးကို ညင္သာစြာ တြန္းဖြင့္လိုက္ေတာ့ တံခါးပြင့္သြားၿပီး Bai Yutang က သတိႏွင့္ ဝင္လိုက္ၿပီး Zhan Zhao က ထပ္ၾကပ္မကြာ လိုက္သြားသည္။
ေခါင္မိုးထပ္က ေလက ေရခဲကဲ့သို႔ ေအးစက္ေနၿပီး ဟိုတယ္ဘက္ကို မ်က္ႏွာမူထားတဲ့ အကာအရံေနရာမွာ လူတစ္ေယာက္...။
ႏွစ္ေယာက္သား ၾကည့္လိုက္ရင္း ထိုလူ႐ွိရာသို႔ေျပးသြားေတာ့.
ထိုလူမွာ ဘယ္ဘက္မ်က္လံုးက ေသြးထြက္ကာ အေပါက္ျဖစ္ေနၿပီး မွန္ကြဲစမ်ားကလဲ Bai Yutang က ေသနတ္မွန္ေျပာင္းကို ေသခ်ာတည့္မတ္စြာ ပစ္လိုက္ႏိုင္သည္ကို သက္ေသျပေနၾကသည္၊
ညသန္းေခါင္ ေမွာင္မိုက္၍ မီးမ်ားထြန္းမထားေသာ္လဲ Zhan Zhao ကေတာ့ ထိုလူသတ္သမားေကာင္ေလးဟာ အသက္၂၀ ေက်ာ္ေလာက္ပင္ ႐ွိဦးမယ္ဆိုတာေတာ့ ေသခ်ာေျပာႏိုင္ေလသည္။
ထိုအခ်ိန္မွာ Bai Yutang ကေတာ့ ေတာင့္တင္းစြာ ရပ္ေနၿပီး ေခါင္မိုးတံခါးကို သတိျဖင့္ ေစာင္ၾကည့္ေနသည္။
Zhan Zhao က Bai Yutang ရဲ႕ လႈပ္႐ွားမႈ တံု႔ျပန္မႈတိုင္းကို အလြတ္ရေနသူျဖစ္ရာ Bai Yutang ရဲ႕ ယခုလို အသင့္အေနအထားျပင္ထားျခင္းက အႏၲရာယ္အေငြ႔အသက္ကို ခံစားမိတိုင္း ျဖစ္တတ္သည့္အမူအရာ။
Bai Yutang ရဲ႕ ႂကြက္သားတိုင္းက ေတာင့္တင္းေနၿပီး က်ားသစ္က သားေကာင္ေခ်ာင္းေနသလို တံခါးဘက္ကို သတိထားၿပီး ၾကည့္ေနတာကို Zhan Zhao က ျမင္ေနသည္။
Zhan Zhao လဲ ႐ုတ္တရက္ စိတ္လႈပ္႐ွားသြားၿပီး Bai Yutang ကေတာ့ လက္ဟန္ေျခဟန္ျဖင့္ Zhan Zhao ကို ထိုင္ခိုင္းလိုက္ၿပီး ေရပိုက္လိုင္းမ်ား ေနာက္မွာ ပုန္းဖို႔ အခ်က္ျပေနသည္။
Bai Yutang ရဲ႕ မ်က္လံုးမ်ားက အေမွာင္ထဲမွာ တလက္လက္ေတာက္ပေနၿပီး တံခါးကိုသာ သတိထားၿပီးသာ ေစာင့္ၾကည့္ေနသည္။ အေရးထဲမွ ဟိုတစ္ေလာက အက်ဥ္းေထာင္ထဲမွာ Qin Jiaqi ေျပာျပတဲ့ သရဲကို သတိရလိုက္ေသးသည္။
Zhan Zhao ကေတာ့ သူ႔ေဘးနားမွာ Bai Yutang သာ ႐ွိေနရင္ ဘယ္ေလာက္ႀကီးမားတဲ့ အႏၲရာယ္ျဖစ္ျဖစ္ သူ႔အတြက္ အေသးအမႊားသာ။ Zhan Zhao က Bai Yutang ရဲ႕ အားေပးမႈေတြ၊ ကာကြယ္ေပးမႈေတြေၾကာင့္ သူဘာကိုမွ မေၾကာက္တတ္ေတာ့တာ အခုမွ သတိထားမိေနသည္။
Zhan Zhao တစ္ေယာက္ အေတြးႏြံနစ္ေနခ်ိန္မွာပဲ တံခါးအနီးကို ေလ်ွာက္လာတဲ့ ေျခသံခပ္ဖြဖြ ကို ၾကားလိုက္ရသည္။ ဒီအခ်ိန္ႀကီး ဘယ္သူကမ်ား ေခါင္မိုးထပ္ကို ေလညႇင္းခံဖို႔ လာမွာပါလိမ့္၊ Zhan Zhao ေရာ Bai Yutang ပါ အာရံုေတြက တံခါးဆီသို႔ ေရာက္သြားသည္။
ေျခသံက တျဖည္းျဖည္းနီးလာေလေလ ထိုလူ၏ ဓာတ္မီးေရာင္က ဖ်တ္ခနဲ လက္သြားၿပီး သူတ့ိုႏွစ္ေယာက္ကေတ့ာ အသက္႐ွဴ သံကို ၾကားသြားမည္စိုး၍ အသက္ေအာင့္ထားၾကေလသည္။
"အဲ...အဲဒီမွာ ဘယ္...ဘယ္သူလဲ"
အသံက အနဲငယ္တုန္ခါေနေတာ့ Zhan Zhao က Bai Yutang ကို လွမ္းၾကည့္သည္။
အခုအခ်ိန္မွာေတာ့ ထိုသူက ေခါင္မိုးထပ္မွာ ရပ္လိုက္သည္။ အနက္ေရာင္ ယူနီေဖာင္းနဲ႔ လက္တစ္ဖက္က ဓာတ္မီးကို ကိုင္ထားၿပီး တျခားတစ္ဖက္က ေသနတ္ကို ကုိင္ထားသည္... ရဲမ်ားလား..။
"ဘယ္...ဘယ္သူလဲ.."
ရဲသားေလး၏ ဓာတ္မီးေရာင္က ေစာေစာက ေသေနတဲ့ အေလာင္းေပၚကို ေရာက္သြားေတာ့ ထိုရဲသားေလး၏ နာမည္က ပို၍ တုန္ခါလာၿပီး တစ္ကိ္ုယ္လံုးတုန္ယင္လာၿပီး အသံကုန္ ေအာ္ဟစ္လိုက္သည္။
" အေမ....ေရ..."
ေသဆံုးေနေသာ အေလာင္း၏ ေသြးမ်ားရႊဲနစ္ေနေသာ မ်က္ႏွာကို ေတြ႔လိုက္သည္ႏွင့္ ထိုရဲသားေလးက ေအာ္ၿပီး ထိုင္ခ်သြားသည္။
Bai Yutang ကေတာ့ ထိုအျဖစ္အပ်က္ကို ၾကည့္ၿပီး စိတ္ပ်က္စြာ ႏွာေခါင္း႐ွံု႔လိုက္သည္၊
"အသံုးမက်လိုက္တာ.."
"ဘယ္..ဘယ္သူလဲ"
ထိုရဲသားေလးက ထူးျခားတဲ့ လႈပ္႐ွားမႈကို ၾကားလိုက္ရေတာ့ လန္႔သြားၿပီး ေသနတ္ကို ေရပိုက္လိုင္းမ်ားဘက္သို႔ ခ်ိန္လိုက္သည္။
"မပစ္နဲ႔.. ငါတို႔က ရဲေတြပဲ.."
Zhan Zhao က Bai Yutang ရဲ႕ စိတ္မ႐ွည္ဟန္ကို ျမင္လိုက္ရေတာ့ ရဲသားေလးကို လွမ္းေအာ္လိုက္သည္။
"ရဲ..ရဲေတြ.. ဟုတ္...ဟုတ္လို႔လား.. ဘာ အေထာက္အထား ႐ွိ..႐ွိလို႔လဲ"
ရဲသားေလးက တုန္ယင္ေနေသးေသာ အသံျဖင့္ လွမ္းေအာ္သည္။
Bai Yutang ကေတာ့ ထရပ္လိုက္ၿပီး ထိုရဲသားေလးဆီသို႔ ရဲရဲဝံ့ဝံ့ပင္ ေလွ်ာက္သြားေလသည္။
"မ..မလာနဲ႔ေနာ္...ေ႐ွ႕တိုး..တိုးလာရင္.. ပစ္..ပစ္ရလိမ့္မယ္.."
ရဲသားေလးက Bai Yutang လက္ထဲမွ ေသနတ္ကို ေတြ႔ေတာ့ ပို၍ပင္ ေၾကာက္သြားၿပီး သတိေပးလိုက္သည္။ သူ႔အတြက္ ကံဆိုးတာကေတာ့ Bai Yutang က သူေျပာတာကို တစ္ခြန္းမွ ဂ႐ုမစိုက္ပဲ ေ႐ွ႕သို႔သာ တည့္တည့္တိုးလာေနသည္။
"ပစ္.. ပစ္လိုက္မယ္.. "
ရဲသားေလးက ေသနတ္ကို Bai Yutang အား ခိ်န္ကာ ပစ္လိုက္ေပမဲ့ ေသနတ္ ေမာင္းဆြဲ၍ မရ။
"အ." ရဲသားေလး၏ နာက်င္စြာ ေအာ္သံႏွင့္အတူ သူ႔ေသနတ္က Bai Yutang လက္ထဲသို႔ ေရာက္သြားသည္။
Bai Yutang က ထိုေျခာက္လံုးျပဴ း ေသနတ္ကို ဖြင့္ၾကည့္ေတာ့ က်ည္ဆန္ေျခာက္ေတာင့္လံုးအျပည့္။ Bai Yutang က ထိုရဲသားေလးရဲ႕ အိတ္ကပ္ထဲကို ႏိႈက္ၾကည့္ၿပီး ရဲကတ္ကို ဆြဲထုတ္ကာ ဓာတ္ပံုႏွင့္ အျပင္မွ ပံုကို ႏိႈင္းယွဥ္ၾကည့္ေနသည္။ ဓာတ္ပံုထဲမွ တည္တင္းေနေသာ မ်က္ႏွာထားႏွင့္ အျပင္မွ ထိတ္လန္႔ေနေသာ မ်က္ႏွာထားမွလြဲ၍ က်န္တာေတာ့ အတူတူပင္။
"Bai Chi.?"
(တ႐ုတ္မွာဆို ငတံုးလို႔ေခၚတဲ့ အသံနဲ႔ နဲနဲဆင္ပါတယ္၊ drama ျကည့္ဖူးသူေတြ သိၾကမွာပါ)
Bai Yutang က ရဲသားေလး၏ နာမည္ကို ဖတ္ၾကည့္ၿပီး ရယ္ခ်င္သြားသည္။ သူ႔မိဘေတြက ဘယ္လိုစိတ္ကူးနဲ႔မ်ား ဒီလိုနာမည္ႀကီးကို ေပးရတာပါလိမ့္။
"ေကာင္းၿပီ"
Zhan Zhao က Bai Yutang ႏွင့္ Bai Chi ၾကားဝင္လိုက္ၿပီး သူ႔အိတ္ထဲက ရဲID ကတ္ကို ထုတ္ၿပီး Bai Chi ကို ျပလိုက္သည္။
"စိတ္မပူပါနဲ႔၊ ကြၽန္ေတာ္တို႔က ရဲေတြပါ"
Bai Chi က Zhan Zhao ျပတဲ့ ID ကတ္ကို ၾကည့္ၿပီးသည္ႏွင့္ ပါးစပ္အေဟာင္းသားျဖစ္ကာ ဘာစကားမွ ျပန္မေျပာႏိုင္။
Bai Yutang ကေတာ့ Bai Chi အား ေမးလိုက္သည္။
"မင္းက ဒီကို ဘာလာလုပ္တာလဲ"
"ဟို.."
Bai Chi က ေခါင္းကို ကုတ္လိုက္သည္။
"ကြၽန္...ကြၽန္ေတာ္.. ဒီေန႔မွ ဒီကို ကင္းလွည့္ဖို႔ တာဝန္က်တာ.."
Bai Yutang ေရာ Zhan Zhao ပါ တစ္ခ်ိန္တည္း ေခါင္းညိတ္လိုက္ၾကသည္။ အေၾကာင္းျပခ်က္က ခိုင္လံုသည္ေလ။
"အဲ...အဲဒါ ေအာက္ထပ္ကေန ေသ..ေသနတ္သံၾကား..ၾကားလိုက္ၿပီး ေသ..ေသနတ္တစ္လက္ ျပဳတ္က်တာ ေတြ႕လို႔ ဒီအေပၚထပ္ တက္လာၾကည့္တာ.."
Bai Chi ရဲ႕ မ်က္ႏွာေလးက နီလာၿပီး ေမာ့ၾကည့္ေတာ့ သူ႔ကို ၾကည့္ေနေသာ Zhan Zhao ကို ေတြ႔လိုက္သည္။
"ဆ..ဆရာ.. တို႔က S.C.I. က အရာ႐ွိေတြလား.."
Zhan Zhao က သူ႔ကို ႏူးညံ့စြာ ျပံဳးျပလိုက္သည္။
"ကြၽန္ေတာ့္ နာမည္က Zhan Zhao၊ ၿပီးေတာ့ သူက Bai Yutang "
Bai Chi မ်က္ႏွာက ႐ုတ္တရက္ ပိုလို႔ေတာင္ ရဲသြားသည္။ ၿပီးေတာ့ သူတို႔ႏွစ္ေယာက္ကို အ့ံျသစြာ ၾကည့္လိုက္ၿပီး
"အဲ.. အဲဒါဆို Bai...Bai Sir လား.."
Bai Yutang ကေတာ့ သူ႔ကို ေလွာင္ျပံဳးႏွင့္ ၾကည့္လိုက္ၿပီး သူ႔အိတ္ကပ္ထဲကို ID ကတ္ျပန္ထည့္ေပးလိုက္သည္။ ၿပီးေတာ့ ေသနတ္ကို ေျမႇာက္ျပလိုက္ၿပီး ေမးလိုက္သည္။
"မင္း ေသနတ္က ဘာလို႔ ေမာင္းဆြဲလို႔ မရတာလဲ သိလား"
"ဟို..ဟို"
Bai Chi ကေတာ့ ေခါင္းသာ တြင္တြင္ ကုတ္ေနသည္။
Bai Yutang က ေသနတ္ထဲမွ က်ည္ဆန္အကုန္လံုးကို ထုတ္လိုက္ၿပီး ေသနတ္အခြံကို Bai Chi အားေပးကာ ရယ္လိုက္သည္။
"မွတ္ထား.. ေနာက္တစ္ခါ ေသနတ္ပစ္မယ္ဆိုရင္ ေမာင္းတင္ဖို႔ မေမ့နဲ႔"
.........
ညစာစားပြဲ ခန္းမရဲ႕ အေျခအေနကေတာ့ ၿငိမ္သက္ေနၿပီး Zhaohui နဲ႔ Zhaolan တို႔က လူနာတစ္ေယာက္စီကုိ တာဝန္ယူထားၾကၿပီး ေဆးရံုကားကို ေစာင့္ေနၾကသည္။
Zhan Zhao က ေကာ္ေဇာကို လိုက္ကာသဖြယ္ အုပ္ထားေပး၍ ပိတ္ေနေသာ အခန္းထဲတြင္ တစ္စကၠန္႔ခ်င္းဆီက ၾကာလြန္းေနသည္။ Bai Jintang က Gongsun ႐ွိရာသို႔ သြားၿပီး စကားေျပာရန္ၾကံေတာ့မွပဲ သူ႔ေ႐ွ႕မွာ လူတစ္ေယာက္ လာရပ္ေလသည္။
"ဘယ္လိုလဲ၊ ဒီေန႔ ခင္ဗ်ား အေတာ္ေလး ကံမေကာင္းဘူးပဲ"
Bai Jintang က ေမာ့ၾကည့္ေတာ့ သူ႔ေ႐ွ႕မွာက အသက္ငါးဆယ္အရြယ္ အဖိုးႀကီးက သူ႔ေဘာ္ဒီဂတ္ေတြႏွင့္ သူ႔ကို ေလွာင္သလိုလို ၾကည့္ေနသည္။
"Pangji လန္႔သြားရင္ ေတာင္းပန္ပါတယ္ဗ်ာ"
Bai Jintang က ယဥ္ေက်းစြာ ေတာင္းပန္လိုက္ေပမဲ့ စိတ္ထဲကေတာ့ လံုးဝမပါ။ သူ႔ေ႐ွ႕တြင္ ရပ္ေနေသာ Pangji ဆိုသည့္ အဖိုးႀကီးမွာ ႏိုက္ကလပ္မ်ားစြာပိုင္ၿပီး S ၿမိဳ႕ေတာ္ရဲ႕ အရင္း႐ွင္ႀကီး တစ္ေယာက္ျဖစ္ၿပီး၊ Bai Jintang က သူ႔အေၾကာင္းေတြကို စံုစမ္းၾကည့္ေတာ့ သူလံုးဝမႀကိဳက္။
"Oh! Bai မိသားစုရဲ႕ သားအႀကီးဆံုးက ဒီေန႔မွ ဟိုတယ္စဖြင့္တာ ဘယ္လိုေတာင္ ကံဆိုးရတာလဲ၊ ဘယ္လိုလူမ်ိဳးကမ်ား လုပ္ရဲတာပါလိမ့္၊ ၾကည့္ရတာေတာ့ S ၿမိဳ႕ေတာ္က Bai မိသားစုရဲ႕ သားအႀကီးဆံုးကို မႀကိဳဆိုဘူးနဲ႔ တူပါတယ္"
Pangji ကေျပာၿပီးသည္ႏွင့္ အေနာက္မွ လူအုပ္ႀကီးထံသို႔ လွည့္လိုက္ၿပီး ေအာ္ေျပာလိုက္သည္။
"လူႀကီးမင္းတို႔. ကြၽန္ေတာ္ေတာ့ အရင္သြားႏွင့္ပါ၊ ဒီမွာက သိပ္မလံုျခံဳဘူး"
လူေတြ ရံုးစုရံုးစုျဖစ္ကုန္ကာ ျပန္ခ်င္သူမ်ား မ်ားလာၾကသည္။
Pangji ကေက်နပ္စြာျဖင့္ ေနာက္လွည့္ၿပီး ျပန္ဖို႔ျပင္ရင္းမွ ႐ုတ္တရက္ ရပ္သြားသည္။ ဆိုဖာေပၚမွာ ေအးေဆးတည္ၿငိမ္စြာ ထိုင္ေနေသာ လူငယ္တစ္ေယာက္ရဲ႕ အေပၚကို မ်က္စိက်သြားၿပီး စကားသြားေျပာလိုက္သည္။
"မသြားေသးဘူးလား၊ အတူတူသြားၾကမလား"
Pangji ရဲ႕ အၾကံက Gongsun ဟာ Dr.Wilson ရဲ႕ အသက္ကို ကယ္တင္ထားသူျဖစ္သည့္အေလ်ာက္ အခုအခ်ိန္မွာ လူအေတာ္မ်ားမ်ားကို လႊမ္းမိုးထားႏိုင္သူျဖစ္ေလရာ သူသာ ထြက္သြားမည္ဆိုပါက လူအေတာ္မ်ားမ်ား လိုက္ျပန္ၾကမွာ အမွန္ပင္။ ၿပီးေတာ့ Gongsun က Bai Jintang နဲ႔ ဆက္ဆံေရးသိပ္မေကာင္းဟု ထင္ရသည္ေလ။
Gongsun ကေတာ့ Pangji ကို စက္ဆုပ္ရြံ႐ွာသည့္ အၾကည့္ျဖင့္ၾကည့္လိုက္ၿပီး သက္ျပင္းခ်ကာ သက္ေတာင့္သက္သာ ေအးေဆးစြာ ေျပာေလသည္။
"ကြၽန္ေတာ္က ဘယ္လိုလုပ္ ျပန္ႏိုင္မွာလဲ"
ေျပာၿပီးေတာ့ ေအးေဆးစြာ ဝိုင္ေသာက္ေနၾကတဲ့ Chen Jiayi နဲ႔ Fang Jing တို႔ကို ၾကည့္လိုက္သည္။
"ဟိုမွာ ထိုင္ေနတဲ့ အားႏြဲ႔ပါတယ္ဆိုတဲ့ အမ်ိဳးသမီ္းေတြေတာင္ ရဲရင့္ၿပီး တည္ၿငိမ္ေနၾကတာ၊ ေယာက်္ားေလးျဖစ္တဲ့ ခင္ဗ်ားက ခင္ဗ်ား အေစာင့္ေတြနဲ႔ ထြက္ေျပးမလို႔လား"
"Oh"
အႁမႊာႏွစ္ေကာင္က ေစာေစာက ေဒါသျဖင့္ ေသနတ္ကို ကိုင္လ္ိုက္ၾကေသာ္လဲ Gongsun ရဲ႕ စကားေၾကာင့္ မရယ္ပဲ မေနႏိုင္ၾကေတာ့။ သူတို႔နဲ႔ အတူ႐ွိေနၾကတဲ့ ေယာက်္ားေလး ဧည့္သည္အခ်ိဳ႕ကလဲ ရဲရင့္တည္ၿငိမ္ပံုေပၚေနသည္။
ထိုအခ်ိန္မွာပင္ ရဲသားဥျသသံမ်ား ၾကားလိုက္ရၿပီး Bai Yutang နဲ႔ Zhan Zhaoကလဲ ရဲသားေလး Bai Chi ႏွင့္အတူ တစ္ဖက္အေဆာက္အဦးမွ ထြက္လာကာ ေျပးဝင္လာေသာ လုပ္ေဖာ္ကိုင္ဖက္ေဟာင္း Aihu ႏွင့္ ေတြ႔ေလသည္။
"Bai Sir"
Aihu က မေတြ႔တာၾကာတာေတာင္မွ Bai Yutang နာမည္ကို သတိတရ ႏႈတ္ဆက္သည္။
"အေပၚထပ္ေရာ ဘယ္လိုအေျခအေန႐ွိလဲ"
Bai Yutang က ခန္းမအေၾကာင္း အရင္ေမးေလသည္။
"ဒဏ္ရာရသြားတဲ့သူနဲ႔ ႏွလံုးေဖာက္ေနတဲ့သူကိုေတာ့ ေဆးရံုကို ပို႔လိုက္ပါၿပီ တျခားသူေတြကေတာ့ အသီးသီး ျပန္ဖို႔ ျပင္ေနၾကပါၿပီ"
Aihu က ျပန္ေျဖသည္။
"ကံေကာင္းတာကေတာ့ေသဆံုးတဲ့သူ မ႐ွိပါဘူး"
Bai Yutang ကေတာ့ မ်က္ေမွာင္ၾကံဳ႕လိုက္ၿပီး ေခါင္းညိတ္သည္။
"ေသဆံုးသူကေတာ့ ေခါင္မိုးေပၚမွာ.."
"ဟုတ္သားပဲ၊ ေသနတ္ေရာ ႐ွာေတြ႔လား"
Zhan Zhao ကေမးလိုက္သည္။
"ကြၽန္ေတာ္ အဲဒါကို တင္ျပစရာ႐ွိလို႔"
Aihu က ေလးနက္စြာေျပာလိုက္ၿပီး ေဘးနားက ရဲအရာ႐ွိတစ္ေယာက္ဆီမွ က်ိဳးေၾကေနေသာ ႐ိုင္ဖယ္ေသနတ္ကို လွမ္းယူလိုက္သည္။
"Barrett M82A1?"
Bai Yutang က ေခါင္းပါကိုက္သြားသလို၊ ထိုေသနတ္မ်ိဳးက အသံုးမ်ားေပမဲ့ အျပင္လူေတြ လြယ္လြယ္ကူကူဝယ္ဖို႔ မျဖစ္ႏိုင္ေပ။
"ဒီအမႈက S.C.I. ကို လႊဲျဖစ္မွာပဲ"
Aihu က ႐ုတ္တရက္ ထေျပာေလသည္။
"ဘာလို႔လဲ"
Zhan Zhao ေရာ Bai Yutang ပါ တစ္ၿပိဳင္တည္းလိုလိုေျပာလိုက္ၾကသည္။
Aihu ကေတာ့ ေခါင္းယမ္းလိုက္သည္။
"ဒါက ဒီလထဲမွာ ေလးႀကိမ္ေျမာက္ ေသနတ္ပစ္ၿပီး လူသတ္တဲ့ အမႈပဲ"
........
ညက တျဖည္းျဖည္းနက္လာၿပီး အေမွာင္ထုက တျဖည္းျဖည္းႀကီးစိုးလာကာ ေျပးစရာေနေရာမ႐ွိေအာင္ ေၾကာက္ရြံေနသည္။
သူ႔ရဲ႕ ၿမိဳ႕ေတာ္ႀကီးကို အေပၚစီ ခပ္လွမ္းလွမ္းက ၾကည့္လိုက္ေတာ့ တစ္ၿမိဳ႕လံုးရဲ႕ ငိုသံေတြက မရပ္မနား အဆက္မျပတ္..။
Di.........
ကြန္ျပဴ တာ မ်က္ႏွာျပင္က အေရာင္လက္လာၿပီး mail ဝင္လာသည္။
"အျပစ္ေတြကို ႐ိုင္းစိုင္းမႈ ျဖစ္သြားပါေစ
႐ုပ္ဆိုးတာကို မျမင္ႏိုင္ေအာင္ ျဖစ္သြားပါေစ
ညစ္ပတ္ၿပီး အေရျခံဳထားတဲ့ သူေတြကို ေသမင္းရဲ႕ လက္နက္နဲ႔ ထိေတြ႔ပါေစ.."
ကြန္ျပဴ တာကို ပိတ္လိုက္ၿပီး လက္္ႏွစ္ဖက္ကို ဆန္႔တန္းကာ တိတ္ဆိတ္ေနေသာ ညရဲ႕ အေမွာင္ကို ၿဖိဳခြင္းေစႏိုင္တဲ့ က်ယ္ေလာင္ေသာ ရယ္သံႀကီး ေပၚလာေလသည္။
လမ္းေလးရဲ႕ အစြန္မွာေတာ့ ဝမ္းနည္းပူေဆြးစြာ ငိုေႂကြးေနၾကသူေတြအတြက္ ေလက ရက္စက္ျပင္းထန္စြာ တိုက္ခတ္ေနသည္။
သူကေတာ့ အကူအညီမဲ့ေနေသာ ဝိညာဥ္ေတြ ေလအေဝွ့မွာ လူးလွိမ့္ေနတာကို ေပ်ာ္ျမဴ းစြာ ၾကည့္ေနသည္။
အခ်ိဳ႕ေသာ ဝိညာဥ္မ်ားကေတာ့ ေတာင္နံရံမ်ားႏွင့္ ထိလိုက္တိုင္း နာက်င္ခံခက္စြာ ေအာ္ငိုၾကသည့္ အသံ၊ သူမခံႏိုင္ေတာ့ နားကို ပိတ္ၿပီး အစြမ္းကုန္ ေအာ္လိုက္ေလသည္။ "အား....."
"Divine Comedy".
ငရဲျပည္၏ ဒုတိယထပ္
.........
End of Training camp 02
Thank you all
မေန႔က ၾကက္သားစကားပံုက ညီမေလးတစ္ေယာက္ေျပာျပတာကေတာ့ Bai Jintangက Gongsun ကို ပိုက္ဆံနဲ႔ ရေအာင္ေခၚလာေပမဲ့ Gongsun ကေတာ့ Chen Jiayi နဲ႔ပဲ စကားေျပာေနတာေၾကာင့္ ခိုးထားတဲ့ ၾကက္သားက ထမင္းဝိုင္းထဲ မဝင္လာပါဘူးတဲ့
ေျပာျပေပးတဲ့ ညီမေလး ေက်းဇူးပါေနာ္😍😍
Unicode
သေနတ်ပစ်သံမရပ်ခင် အချိန်လေးမှာပဲ Zhan Zhao က ဝရန်တာဘက်ကို ထွက်သွားပြီး ကြမ်းပြင်ပေါ်က ကော်ဇောကို ဆွဲလာသည်၊ Zhan Zhao နှင့်အတူ ရဲတင်းသော ဧည့်သည်အချို့က နောက်မှ လိုက်ကာ ကော်ဇောကို ဆွဲလာပြီး ခန်းမှ တစ်ခုလုံးကို အပြင်မှ မမြင်ရအောင် မှန်များကို ကာလိုက်သည်။
Bai Yutang က ပြန်လှည့်လိုက်ပြီး ဓာတ်လှေကားဆီသို့ အပြေးသွားပြီး ကြောက်လန့်နေကြသော လူများကို စကားနဲနဲပြောလိုက်သည်။
"သတိထားပြီး နေကြပါ ရဲတွေမလာမချင်း ဘယ်သူမှ အပြင်မထွက်ကြပါနဲ့၊ အခုအချိန်မှာ အထဲမှာက ပိုပြီး လုံခြုံတယ်"
Zhan Zhao က ဓာတ်လှေကားဆီသို့ အပြေးလိုက်လာပြီး အထဲဝင်ပြီးမှ ဓာတ်လှေကားတံခါးက ပိတ်သွားသည်။
"ကြောင်လေး၊ မင်းကဘယ်သွားမလို့လဲ"
Bai Yutang က ဓာတ်လှေကားထဲ ရုတ်တရက်ပြေးဝင်လာသည့် Zhan Zhao ကို ကြည့်ပြီး သူ့လည်ပင်းမှာ သူ့ကို တစ်ချိန်လုံး ဒုက္ခပေးနေသည့် နက်ခ်တိုင်ကို လက်တစ်ဖက်ဖြင့်ဆွဲဖြုတ်ပြီး ဘောင်းဘီအိတ်ထဲ ထိုးထည့်လိုက်သည်။
"ငါလဲ မင်းနဲ့အတူတူလိုက်မယ်"
Zhan Zhao ကလဲ Bai Yutang က အရင်တစ်ခါသူ့ကို ပေးထား၍ ကိုယ်နှင့်မကွာဆောင်ထားသော Remington သေနတ်အသေးလေးကို ထုတ်၍ ဟန်ပါပါ ချိန်လိုက်သည်။
Bai Yutang ကတော့ မျက်နှာတင်းနေရာမှ ပြုံးလိုက်ပြီး မျက်လုံးများက Zhan Zhao ကိုသာ စိုက်ကြည့်နေသည်။
"နောက်မှ ချိန်လဲရပါတယ် ကြောင်လေးရယ်၊ ချိန်ရင် ချိန်ရင်းနဲ့ ငါ့ကိုလဲ ပစ်မိပါဦးမယ်၊ ခြေထောက်ကိုလဲ သတိထားနော် ကိုယ့်ခြေထောက်ကိုယ် တက်နင်းနေမိဦးမယ်"
Zhan Zhao တစ်ယောက် ဒေါသထွက်သွားလေသည်။
"ကြွက်ဖြူ စုတ်၊ ငါမင်းကို အခုပစ်လိုက်ရမလားပြော"
Zhan Zhao က လက်ကို မြှောက်ပြီး Bai Yutang ဘက်ကို ချိန်လိုက်သည်။
Bai Yutang ကတော့ Zhan Zhao ကို အလျင်အမြန် လှမ်းဆွဲထားလိုက်သည်။
"ဟေ့ ဟေ့ ကြောင်လေး၊ မင်းငါ့ကို သေအောင်ပစ်တော့ မင်းတစ်ဘဝလုံး ဘယ်လို ဆက်ပြီး အသက်ရှင်မလို့လဲ"
"မင်းတော့ သေမယ် ကြပ်ကြပ်သတိထား"
Zhan Zhao က ခြေဖဝါးကို မြောက်လိုက်ပြီး ကန်ဖို့ပြင်လိုက်တော့ Bai Yutang အသာလေးရှောင်လိုက်ပြီး တခြားဘက် လှည့်လိုက်တုန်းမှာပင် ဓာတ်လှေကား တံခါးက ဝုန်းခနဲ ပွင့်သွားသည်။
နှစ်ယောက်သား မျက်နှာပေါ်မှ အပြုံးလေးတွေ ပျောက်သွားပြီး မျက်နှာချင်းဆိုင် အဆောက်အဦးဆီသို့ ပြေးကြလေသည်။
ညစာစားပွဲ ခန်းမမှ လူများကတော့ ရုတ်တရက် ဖြစ်ပေါ်လာသော အဖြစ်အပျက်များကြောင့် အကုန်လုံး ကြောင်နေကြသည်။ ကံမကောင်းစွာ Mr. Wilson အနောက်မှာ နေမိ၍ သေနတ်ထိသွားသော လူကတော့ ကြမ်းပေါ်မှာပင် နာကျင်မှုနှင့် လူးလှိမ့်နေသည်။ Zhaohui က ထိုလူ့ကို ဆွဲထူလိုက်ပြီး Zhaolan က လှမ်းကူလိုက်ရင်း သွေးထွက်နေသော ဒဏ်ရာကို ဖိထားလိုက်တော့ နာလွန်း၍ အော်လိုက်သည်မှာ အခန်းထဲရှိ လူအားလုံးကြားလိုက်ရသည်။
"ခနလေး သည်းခံပါခင်ဗျာ၊ ဆေးရုံကားခေါ်ထားပါတယ်"
Zhaohui က ထိုလူ့ကို အားပေးနေပြီး Bai Jintang ကို လှည့်ကြည့်တော့ မျက်နှာမကောင်းပေ။ Bai Jintang က ခေါင်းညိတ်ကာ ခွင့်ပြုပေးလိုက်သည်နှင့် Zhaolan ကတော့ ဖုန်းထုတ်ကာ ရဲကို ဖုန်းဆက်ခေါ်လိုက်သည်။
ရုတ်တရက် Jon King ၏ ကျယ်လောင်သော အော်သံကို ကြားလိုက်ရသည်။
"Dr.Wilson....."
Bai Jintang ရော အမြွှာနှစ်ယောက်ပါ အာရုံတွေက ထိုအသံပေါ်သို့ ရောက်သွားကြသည်။ Dr. Wilson က သူ့ရင်ဘတ်ကို လက်နှစ်ဖက်ဖြင့် တအားဖိထားပြီး ခန္ဓာကိုယ် တွန့်လိမ်နေကာ မြေပြင်ပေါ်သို့ ဗုန်းခနဲ ကျသွားတော့သည်။
"Dr..ah"
Jon King က ကြောက်ရွံ့တုန်လှုပ်စွာဖြင့် အော်ကာ ထိုင်ချလိုက်သည်။
"သူ...သူသေပြီလား... မ..မဟုတ်လောက်ပါဘူး..."
"စိတ်ကို ငြိမ်ငြိမ်ထားပါ ရုတ်တရက် နှလုံးရောဂါထဖောက်ရုံလေးပါ "
အေးစက်တည်ငြိမ်သော အသံဖြင့် Gongsun က Dr. Wilson အနားကို ရောက်လာပြီး ထိုင်ချလိုက်သည်။
"သူ့ကို ဆန့်ဆန့်လေး ဖြစ်အောင် လဲှချပေးလိုက်ပါ"
Gongsun ရဲ့ တည်ငြိမ်မှုက ကြည့်နေသူအားလုံးကို ကူးစက်သွားစေသည်ထင်သည်။ အနားမှာ ရှိနေသူများက Dr. Wilson ကို ဆန့်ဆန့်လေး ဖြစ်အောင် ဝိုင်းကူပေးကြသည်။
Gongsun က Dr. Wilson ရဲ့ လည်ပင်းမှ နက်တိုင်ကို ဖြည်းကာ ဘေးနားချပြီး အကျႌမှ ကြယ်သီးနှစ်လုံးကို ဖြုတ်ကာ အားလုံးကို အမိန့်ပေးလိုက်သည်။
"လူ နှစ်ယောက်လောက် သူ့ခြေထောက်ကို မြောက်ပေးထားကြပါ၊ နှလုံးဘက်ကို ခြေထောက်က သွေးပြန်လျှောက်ဖို့ လိုတယ်"
ခြေထောက်နားမှ လူနှစ်ယောက်က ချက်ချင်းပင် ကို်င်ကာ မြောက်ပေးထားကြသည်။
Gongsun က ခေါင်းကို ငုံ့ကာ Dr. Wilson ရဲ့ ရင်ဘတ်နားကို ကပ်လိုက်ပြီး နှလုံးခုန်သံကို သေချာနားထောင်ကာ ခါးကို ပြန်မတ်လိုက်သည်။
လက်ကို ရင်ဘတ်ပေါ်မှာ တင်တာ နေရာတစ်ခုကို ရွေးနေသည်။နေရာအတည်တကျ သတ်မှတ်ပြီးသည့်နောက်မှာတော့ ဘယ်လက်ကို ရင်ဘက်မှာ ဖြန့်ကာ ကပ်ထားလိုက်ပြီး ညာလက်ကိုတော့ ဖြန့်ထားသော ဘယ်လက်ကြားမှာ ဆုပ်ထားလိုက်ကာ နှလုံးနေရာသို့ စည်းချက် ညီညီ ဖိနေသည်။ (CPR လုပ်နေတာပါ)
"အဟွတ်...အဟွတ်"
Dr. Wilson က ရုတ်တရက် တုန်သွားပြီးနောက် ချောင်းတစ်ချက်ဆိုးလိုက်ပြီး ပြင်းထန်စွာ အသက်ပြန်ရှူ လာသည်။
Gongsun က Dr. Wilson ရဲ့ အိတ်ကပ်ထဲ လက်နှိုက်ရှာတော့ ဆေးပြားပေါင်းများစွာပါတဲ့ ပုလင်းလေးတစ်လုံးကို စမ်းမိ၍ ဆွဲထုတ်လိုက်သည်။ Gongsun က ဆေးနာမည်ကို ဖတ်ကြည့်လိုက်ပြီး ပုလင်းကို ဖွင့်၍ ဆေးတစ်ပြားကို ထုတ်ကာ Dr. Wilson ကို ပေးလိုက်သည်။
"ခင်ဗျားလျှာကို လိပ်ပြီး ပါးစပ်ဟလိုက်"
Dr. Wilson က သတိကောင်းကောင်းပြန်ရလာပုံပေါ်ပြီး ပါးစပ်ဟပေးလိုက်သည်။ Gongsun က ဆေးပြားကို လျှာအောက်ထဲ ထည့်ပေးကာ ပြောလိုက်သည်။
"ဖြည်းဖြည်းချင်း မြိုချပါ"
Wilson က ဆေးပြားကို လျှာအောက်မှာ ငုံထားရင်း ပါးစပ်ပိတ်လိုက်သည်။
(Dr. Wilson ရဲ့ အိတ်ထဲက ဆေးက GTN လို့ခေါ်တဲ့ နှလုံးဆေးပြားပါ လျှာအောက်မှာ ငုံရတာပါ)
Gongsun က Dr. Wilson ရဲ့ လက်ကောက်ဝတ်က ကြယ်သီးကို ဖြုတ်လိုက်ပြီး အကျႌလက်ကို ခေါက်တင်ကာ သွေးခုန်နှုန်းကို စမ်းရင်း လက်က နာရီကို ငုံ့ကြည့်သည်။
မိနစ်ဝက်လောက်ကြာတော့ Dr. Wilson ရဲ့ အခြေအနေက သိသိသာသာ တိုးတက်လာသည်။ Dr. Wilson က Gongsun ကို ကျေးဇူးတင်စွာ ကြည့်လိုက်သော်လဲ Gongsun ကတော့ အေးစက်စက်ပင်။
"မလှုပ်ပါနဲ့ဦး" ဟု တစ်ခွန်းသာပြောသည်။
Gongsun က ထရပ်လိုက်ပြီး လှည့်ကာ နောက်ကို တစ်ချက်မှ လှည့်မကြည့်ပဲ အေးစက်စက်ထွက်သွားသည်။
ခန်းမထဲမှ လူတွေကတော့ ရင်သပ်ရှုမောစွာဖြင့် လိုက်ကြည့်နေပြီး စောစောက ကြောက်ရွံနေတဲ့သူတွေအကုန်လုံး အကြောက်တရားများ လျော့သွားသည်။
Bai Jintang က ခပ်လှမ်းလှမ်းမှာ ရပ်နေပေမဲ့ Gongsun ရဲ့ လှုပ်ရှားမှု တစ်ခုချင်းစီကို တစ်စက္ကန့်တောင် မလွတ်စေရပဲ ငေး၍သာ ကြည့်နေသည်။
Gongsun က သူ့ကို တစ်ယောက်ယောက် ကြည့်နေသလို ခံစားရ၍ နောက်ပြန်လှည့်ကြည့်လိုက်သည်။
Bai Jintang ကတော့ ရုတ်တရက် ပြုံးလိုက်ပြီး ဝိုင်ကို တစ်ငုံငုံလိုက်သည်။ သူ့ရဲ့ နှင်းဆီသဖွယ် နီရဲနေတဲ့ နှုတ်ခမ်းသားများက ကြည်လင်နေတဲ့ ဖန်ခွက်အနားစကို ထိခတ်သွားပြီး ရွှေရောင် အရည်အချို့က သူ့ပါးစပ်ထဲ စီးမျော၍ ဝင်သွားလေသည်။
တစ်ခုချင်းစီ အသေးစိတ်မြင်လိုက်ရသော Gongsun ကတော့ နှလုံးသားတစ်ခုလုံး တုန်ခါသွားကာ စိတ်ထဲမှ အော်ဟစ်နေသည်။
"နီနီရဲရဲလေး.."
Gongsun က Bai Jintang ရဲ့ ရိုးရှင်းလှသော အပြုအမူတစ်ခုက ထိုမျှအထိ ဆွဲဆောင်မှုရှိသည်ကို မြင်လိုက်တော့ လေးစားသွားရသည်။
Bai Jintang ကလဲ Gongsun ရဲ့ မျက်နှာလေးနှင့် နားရွက်လေးများ ရဲလာတာကို မြင်တော့ မသိမသာ တံတွေးမြိုချမိသည်။
"ဆွဲဆောင်မှု ရှိလိုက်တာ"
(ဒီနေရာမှာ ဆွဲဆောင်မှုကို sexy လို့တောင် သုံးထားတာပါနော်😁😁)
.......
Bai Yutang နဲ့ Zhan Zhao တို့ မျက်နှာချင်းဆိုင် အဆောက်အဦးရဲ့ ခေါင်မိုးထပ်သို့ တက်တော့ သံတံခါးတစ်ခုက ပိတ်လျက်သား၊ သူတို့နှစ်ယောက်သား ခြေဖွဖွလေး နင်းကာ တံခါးတစ်ဖက်တစ်ချက်ဆီမှာ နေရာယူလိုက်ကြသည်။
တံခါးကို ညင်သာစွာ တွန်းဖွင့်လိုက်တော့ တံခါးပွင့်သွားပြီး Bai Yutang က သတိနှင့် ဝင်လိုက်ပြီး Zhan Zhao က ထပ်ကြပ်မကွာ လိုက်သွားသည်။
ခေါင်မိုးထပ်က လေက ရေခဲကဲ့သို့ အေးစက်နေပြီး ဟိုတယ်ဘက်ကို မျက်နှာမူထားတဲ့ အကာအရံနေရာမှာ လူတစ်ယောက်...။
နှစ်ယောက်သား ကြည့်လိုက်ရင်း ထိုလူရှိရာသို့ပြေးသွားတော့.
ထိုလူမှာ ဘယ်ဘက်မျက်လုံးက သွေးထွက်ကာ အပေါက်ဖြစ်နေပြီး မှန်ကွဲစများကလဲ Bai Yutang က သေနတ်မှန်ပြောင်းကို သေချာတည့်မတ်စွာ ပစ်လိုက်နိုင်သည်ကို သက်သေပြနေကြသည်၊
ညသန်းခေါင် မှောင်မိုက်၍ မီးများထွန်းမထားသော်လဲ Zhan Zhao ကတော့ ထိုလူသတ်သမားကောင်လေးဟာ အသက်၂၀ ကျော်လောက်ပင် ရှိဦးမယ်ဆိုတာတော့ သေချာပြောနိုင်လေသည်။
ထိုအချိန်မှာ Bai Yutang ကတော့ တောင့်တင်းစွာ ရပ်နေပြီး ခေါင်မိုးတံခါးကို သတိဖြင့် စောင်ကြည့်နေသည်။
Zhan Zhao က Bai Yutang ရဲ့ လှုပ်ရှားမှု တုံ့ပြန်မှုတိုင်းကို အလွတ်ရနေသူဖြစ်ရာ Bai Yutang ရဲ့ ယခုလို အသင့်အနေအထားပြင်ထားခြင်းက အန္တရာယ်အငွေ့အသက်ကို ခံစားမိတိုင်း ဖြစ်တတ်သည့်အမူအရာ။
Bai Yutang ရဲ့ ကြွက်သားတိုင်းက တောင့်တင်းနေပြီး ကျားသစ်က သားကောင်ချောင်းနေသလို တံခါးဘက်ကို သတိထားပြီး ကြည့်နေတာကို Zhan Zhao က မြင်နေသည်။
Zhan Zhao လဲ ရုတ်တရက် စိတ်လှုပ်ရှားသွားပြီး Bai Yutang ကတော့ လက်ဟန်ခြေဟန်ဖြင့် Zhan Zhao ကို ထိုင်ခိုင်းလိုက်ပြီး ရေပိုက်လိုင်းများ နောက်မှာ ပုန်းဖို့ အချက်ပြနေသည်။
Bai Yutang ရဲ့ မျက်လုံးများက အမှောင်ထဲမှာ တလက်လက်တောက်ပနေပြီး တံခါးကိုသာ သတိထားပြီးသာ စောင့်ကြည့်နေသည်။ အရေးထဲမှ ဟိုတစ်လောက အကျဉ်းထောင်ထဲမှာ Qin Jiaqi ပြောပြတဲ့ သရဲကို သတိရလိုက်သေးသည်။
Zhan Zhao ကတော့ သူ့ဘေးနားမှာ Bai Yutang သာ ရှိနေရင် ဘယ်လောက်ကြီးမားတဲ့ အန္တရာယ်ဖြစ်ဖြစ် သူ့အတွက် အသေးအမွှားသာ။ Zhan Zhao က Bai Yutang ရဲ့ အားပေးမှုတွေ၊ ကာကွယ်ပေးမှုတွေကြောင့် သူဘာကိုမှ မကြောက်တတ်တော့တာ အခုမှ သတိထားမိနေသည်။
Zhan Zhao တစ်ယောက် အတွေးနွံနစ်နေချိန်မှာပဲ တံခါးအနီးကို လျှောက်လာတဲ့ ခြေသံခပ်ဖွဖွ ကို ကြားလိုက်ရသည်။ ဒီအချိန်ကြီး ဘယ်သူကများ ခေါင်မိုးထပ်ကို လေညှင်းခံဖို့ လာမှာပါလိမ့်၊ Zhan Zhao ရော Bai Yutang ပါ အာရုံတွေက တံခါးဆီသို့ ရောက်သွားသည်။
ခြေသံက တဖြည်းဖြည်းနီးလာလေလေ ထိုလူ၏ ဓာတ်မီးရောင်က ဖျတ်ခနဲ လက်သွားပြီး သူတ့ိုနှစ်ယောက်ကတေ့ာ အသက်ရှူ သံကို ကြားသွားမည်စိုး၍ အသက်အောင့်ထားကြလေသည်။
"အဲ...အဲဒီမှာ ဘယ်...ဘယ်သူလဲ"
အသံက အနဲငယ်တုန်ခါနေတော့ Zhan Zhao က Bai Yutang ကို လှမ်းကြည့်သည်။
အခုအချိန်မှာတော့ ထိုသူက ခေါင်မိုးထပ်မှာ ရပ်လိုက်သည်။ အနက်ရောင် ယူနီဖောင်းနဲ့ လက်တစ်ဖက်က ဓာတ်မီးကို ကိုင်ထားပြီး တခြားတစ်ဖက်က သေနတ်ကို ကိုင်ထားသည်... ရဲများလား..။
"ဘယ်...ဘယ်သူလဲ.."
ရဲသားလေး၏ ဓာတ်မီးရောင်က စောစောက သေနေတဲ့ အလောင်းပေါ်ကို ရောက်သွားတော့ ထိုရဲသားလေး၏ နာမည်က ပို၍ တုန်ခါလာပြီး တစ်ကိ်ုယ်လုံးတုန်ယင်လာပြီး အသံကုန် အော်ဟစ်လိုက်သည်။
" အမေ....ရေ..."
သေဆုံးနေသော အလောင်း၏ သွေးများရွှဲနစ်နေသော မျက်နှာကို တွေ့လိုက်သည်နှင့် ထိုရဲသားလေးက အော်ပြီး ထိုင်ချသွားသည်။
Bai Yutang ကတော့ ထိုအဖြစ်အပျက်ကို ကြည့်ပြီး စိတ်ပျက်စွာ နှာခေါင်းရှုံ့လိုက်သည်၊
"အသုံးမကျလိုက်တာ.."
"ဘယ်..ဘယ်သူလဲ"
ထိုရဲသားလေးက ထူးခြားတဲ့ လှုပ်ရှားမှုကို ကြားလိုက်ရတော့ လန့်သွားပြီး သေနတ်ကို ရေပိုက်လိုင်းများဘက်သို့ ချိန်လိုက်သည်။
"မပစ်နဲ့.. ငါတို့က ရဲတွေပဲ.."
Zhan Zhao က Bai Yutang ရဲ့ စိတ်မရှည်ဟန်ကို မြင်လိုက်ရတော့ ရဲသားလေးကို လှမ်းအော်လိုက်သည်။
"ရဲ..ရဲတွေ.. ဟုတ်...ဟုတ်လို့လား.. ဘာ အထောက်အထား ရှိ..ရှိလို့လဲ"
ရဲသားလေးက တုန်ယင်နေသေးသော အသံဖြင့် လှမ်းအော်သည်။
Bai Yutang ကတော့ ထရပ်လိုက်ပြီး ထိုရဲသားလေးဆီသို့ ရဲရဲဝံ့ဝံ့ပင် လျှောက်သွားလေသည်။
"မ..မလာနဲ့နော်...ရှေ့တိုး..တိုးလာရင်.. ပစ်..ပစ်ရလိမ့်မယ်.."
ရဲသားလေးက Bai Yutang လက်ထဲမှ သေနတ်ကို တွေ့တော့ ပို၍ပင် ကြောက်သွားပြီး သတိပေးလိုက်သည်။ သူ့အတွက် ကံဆိုးတာကတော့ Bai Yutang က သူပြောတာကို တစ်ခွန်းမှ ဂရုမစိုက်ပဲ ရှေ့သို့သာ တည့်တည့်တိုးလာနေသည်။
"ပစ်.. ပစ်လိုက်မယ်.. "
ရဲသားလေးက သေနတ်ကို Bai Yutang အား ခိျန်ကာ ပစ်လိုက်ပေမဲ့ သေနတ် မောင်းဆွဲ၍ မရ။
"အ." ရဲသားလေး၏ နာကျင်စွာ အော်သံနှင့်အတူ သူ့သေနတ်က Bai Yutang လက်ထဲသို့ ရောက်သွားသည်။
Bai Yutang က ထိုခြောက်လုံးပြူ း သေနတ်ကို ဖွင့်ကြည့်တော့ ကျည်ဆန်ခြောက်တောင့်လုံးအပြည့်။ Bai Yutang က ထိုရဲသားလေးရဲ့ အိတ်ကပ်ထဲကို နှိုက်ကြည့်ပြီး ရဲကတ်ကို ဆွဲထုတ်ကာ ဓာတ်ပုံနှင့် အပြင်မှ ပုံကို နှိုင်းယှဉ်ကြည့်နေသည်။ ဓာတ်ပုံထဲမှ တည်တင်းနေသော မျက်နှာထားနှင့် အပြင်မှ ထိတ်လန့်နေသော မျက်နှာထားမှလွဲ၍ ကျန်တာတော့ အတူတူပင်။
"Bai Chi.?"
(တရုတ်မှာဆို ငတုံးလို့ခေါ်တဲ့ အသံနဲ့ နဲနဲဆင်ပါတယ်၊ drama ကြည့်ဖူးသူတွေ သိကြမှာပါ)
Bai Yutang က ရဲသားလေး၏ နာမည်ကို ဖတ်ကြည့်ပြီး ရယ်ချင်သွားသည်။ သူ့မိဘတွေက ဘယ်လိုစိတ်ကူးနဲ့များ ဒီလိုနာမည်ကြီးကို ပေးရတာပါလိမ့်။
"ကောင်းပြီ"
Zhan Zhao က Bai Yutang နှင့် Bai Chi ကြားဝင်လိုက်ပြီး သူ့အိတ်ထဲက ရဲID ကတ်ကို ထုတ်ပြီး Bai Chi ကို ပြလိုက်သည်။
"စိတ်မပူပါနဲ့၊ ကျွန်တော်တို့က ရဲတွေပါ"
Bai Chi က Zhan Zhao ပြတဲ့ ID ကတ်ကို ကြည့်ပြီးသည်နှင့် ပါးစပ်အဟောင်းသားဖြစ်ကာ ဘာစကားမှ ပြန်မပြောနိုင်။
Bai Yutang ကတော့ Bai Chi အား မေးလိုက်သည်။
"မင်းက ဒီကို ဘာလာလုပ်တာလဲ"
"ဟို.."
Bai Chi က ခေါင်းကို ကုတ်လိုက်သည်။
"ကျွန်...ကျွန်တော်.. ဒီနေ့မှ ဒီကို ကင်းလှည့်ဖို့ တာဝန်ကျတာ.."
Bai Yutang ရော Zhan Zhao ပါ တစ်ချိန်တည်း ခေါင်းညိတ်လိုက်ကြသည်။ အကြောင်းပြချက်က ခိုင်လုံသည်လေ။
"အဲ...အဲဒါ အောက်ထပ်ကနေ သေ..သေနတ်သံကြား..ကြားလိုက်ပြီး သေ..သေနတ်တစ်လက် ပြုတ်ကျတာ တွေ့လို့ ဒီအပေါ်ထပ် တက်လာကြည့်တာ.."
Bai Chi ရဲ့ မျက်နှာလေးက နီလာပြီး မော့ကြည့်တော့ သူ့ကို ကြည့်နေသော Zhan Zhao ကို တွေ့လိုက်သည်။
"ဆ..ဆရာ.. တို့က S.C.I. က အရာရှိတွေလား.."
Zhan Zhao က သူ့ကို နူးညံ့စွာ ပြုံးပြလိုက်သည်။
"ကျွန်တော့် နာမည်က Zhan Zhao၊ ပြီးတော့ သူက Bai Yutang "
Bai Chi မျက်နှာက ရုတ်တရက် ပိုလို့တောင် ရဲသွားသည်။ ပြီးတော့ သူတို့နှစ်ယောက်ကို အ့ံသြစွာ ကြည့်လိုက်ပြီး
"အဲ.. အဲဒါဆို Bai...Bai Sir လား.."
Bai Yutang ကတော့ သူ့ကို လှောင်ပြုံးနှင့် ကြည့်လိုက်ပြီး သူ့အိတ်ကပ်ထဲကို ID ကတ်ပြန်ထည့်ပေးလိုက်သည်။ ပြီးတော့ သေနတ်ကို မြှောက်ပြလိုက်ပြီး မေးလိုက်သည်။
"မင်း သေနတ်က ဘာလို့ မောင်းဆွဲလို့ မရတာလဲ သိလား"
"ဟို..ဟို"
Bai Chi ကတော့ ခေါင်းသာ တွင်တွင် ကုတ်နေသည်။
Bai Yutang က သေနတ်ထဲမှ ကျည်ဆန်အကုန်လုံးကို ထုတ်လိုက်ပြီး သေနတ်အခွံကို Bai Chi အားပေးကာ ရယ်လိုက်သည်။
"မှတ်ထား.. နောက်တစ်ခါ သေနတ်ပစ်မယ်ဆိုရင် မောင်းတင်ဖို့ မမေ့နဲ့"
.........
ညစာစားပွဲ ခန်းမရဲ့ အခြေအနေကတော့ ငြိမ်သက်နေပြီး Zhaohui နဲ့ Zhaolan တို့က လူနာတစ်ယောက်စီကို တာဝန်ယူထားကြပြီး ဆေးရုံကားကို စောင့်နေကြသည်။
Zhan Zhao က ကော်ဇောကို လိုက်ကာသဖွယ် အုပ်ထားပေး၍ ပိတ်နေသော အခန်းထဲတွင် တစ်စက္ကန့်ချင်းဆီက ကြာလွန်းနေသည်။ Bai Jintang က Gongsun ရှိရာသို့ သွားပြီး စကားပြောရန်ကြံတော့မှပဲ သူ့ရှေ့မှာ လူတစ်ယောက် လာရပ်လေသည်။
"ဘယ်လိုလဲ၊ ဒီနေ့ ခင်ဗျား အတော်လေး ကံမကောင်းဘူးပဲ"
Bai Jintang က မော့ကြည့်တော့ သူ့ရှေ့မှာက အသက်ငါးဆယ်အရွယ် အဖိုးကြီးက သူ့ဘော်ဒီဂတ်တွေနှင့် သူ့ကို လှောင်သလိုလို ကြည့်နေသည်။
"Pangji လန့်သွားရင် တောင်းပန်ပါတယ်ဗျာ"
Bai Jintang က ယဉ်ကျေးစွာ တောင်းပန်လိုက်ပေမဲ့ စိတ်ထဲကတော့ လုံးဝမပါ။ သူ့ရှေ့တွင် ရပ်နေသော Pangji ဆိုသည့် အဖိုးကြီးမှာ နိုက်ကလပ်များစွာပိုင်ပြီး S မြို့တော်ရဲ့ အရင်းရှင်ကြီး တစ်ယောက်ဖြစ်ပြီး၊ Bai Jintang က သူ့အကြောင်းတွေကို စုံစမ်းကြည့်တော့ သူလုံးဝမကြိုက်။
"Oh! Bai မိသားစုရဲ့ သားအကြီးဆုံးက ဒီနေ့မှ ဟိုတယ်စဖွင့်တာ ဘယ်လိုတောင် ကံဆိုးရတာလဲ၊ ဘယ်လိုလူမျိုးကများ လုပ်ရဲတာပါလိမ့်၊ ကြည့်ရတာတော့ S မြို့တော်က Bai မိသားစုရဲ့ သားအကြီးဆုံးကို မကြိုဆိုဘူးနဲ့ တူပါတယ်"
Pangji ကပြောပြီးသည်နှင့် အနောက်မှ လူအုပ်ကြီးထံသို့ လှည့်လိုက်ပြီး အော်ပြောလိုက်သည်။
"လူကြီးမင်းတို့. ကျွန်တော်တော့ အရင်သွားနှင့်ပါ၊ ဒီမှာက သိပ်မလုံခြုံဘူး"
လူတွေ ရုံးစုရုံးစုဖြစ်ကုန်ကာ ပြန်ချင်သူများ များလာကြသည်။
Pangji ကကျေနပ်စွာဖြင့် နောက်လှည့်ပြီး ပြန်ဖို့ပြင်ရင်းမှ ရုတ်တရက် ရပ်သွားသည်။ ဆိုဖာပေါ်မှာ အေးဆေးတည်ငြိမ်စွာ ထိုင်နေသော လူငယ်တစ်ယောက်ရဲ့ အပေါ်ကို မျက်စိကျသွားပြီး စကားသွားပြောလိုက်သည်။
"မသွားသေးဘူးလား၊ အတူတူသွားကြမလား"
Pangji ရဲ့ အကြံက Gongsun ဟာ Dr.Wilson ရဲ့ အသက်ကို ကယ်တင်ထားသူဖြစ်သည့်အလျောက် အခုအချိန်မှာ လူအတော်များများကို လွှမ်းမိုးထားနိုင်သူဖြစ်လေရာ သူသာ ထွက်သွားမည်ဆိုပါက လူအတော်များများ လိုက်ပြန်ကြမှာ အမှန်ပင်။ ပြီးတော့ Gongsun က Bai Jintang နဲ့ ဆက်ဆံရေးသိပ်မကောင်းဟု ထင်ရသည်လေ။
Gongsun ကတော့ Pangji ကို စက်ဆုပ်ရွံရှာသည့် အကြည့်ဖြင့်ကြည့်လိုက်ပြီး သက်ပြင်းချကာ သက်တောင့်သက်သာ အေးဆေးစွာ ပြောလေသည်။
"ကျွန်တော်က ဘယ်လိုလုပ် ပြန်နိုင်မှာလဲ"
ပြောပြီးတော့ အေးဆေးစွာ ဝိုင်သောက်နေကြတဲ့ Chen Jiayi နဲ့ Fang Jing တို့ကို ကြည့်လိုက်သည်။
"ဟိုမှာ ထိုင်နေတဲ့ အားနွဲ့ပါတယ်ဆိုတဲ့ အမျိုးသမီ်းတွေတောင် ရဲရင့်ပြီး တည်ငြိမ်နေကြတာ၊ ယောကျ်ားလေးဖြစ်တဲ့ ခင်ဗျားက ခင်ဗျား အစောင့်တွေနဲ့ ထွက်ပြေးမလို့လား"
"Oh"
အမြွှာနှစ်ကောင်က စောစောက ဒေါသဖြင့် သေနတ်ကို ကိုင်လ်ိုက်ကြသော်လဲ Gongsun ရဲ့ စကားကြောင့် မရယ်ပဲ မနေနိုင်ကြတော့။ သူတို့နဲ့ အတူရှိနေကြတဲ့ ယောကျ်ားလေး ဧည့်သည်အချို့ကလဲ ရဲရင့်တည်ငြိမ်ပုံပေါ်နေသည်။
ထိုအချိန်မှာပင် ရဲသားဥသြသံများ ကြားလိုက်ရပြီး Bai Yutang နဲ့ Zhan Zhaoကလဲ ရဲသားလေး Bai Chi နှင့်အတူ တစ်ဖက်အဆောက်အဦးမှ ထွက်လာကာ ပြေးဝင်လာသော လုပ်ဖော်ကိုင်ဖက်ဟောင်း Aihu နှင့် တွေ့လေသည်။
"Bai Sir"
Aihu က မတွေ့တာကြာတာတောင်မှ Bai Yutang နာမည်ကို သတိတရ နှုတ်ဆက်သည်။
"အပေါ်ထပ်ရော ဘယ်လိုအခြေအနေရှိလဲ"
Bai Yutang က ခန်းမအကြောင်း အရင်မေးလေသည်။
"ဒဏ်ရာရသွားတဲ့သူနဲ့ နှလုံးဖောက်နေတဲ့သူကိုတော့ ဆေးရုံကို ပို့လိုက်ပါပြီ တခြားသူတွေကတော့ အသီးသီး ပြန်ဖို့ ပြင်နေကြပါပြီ"
Aihu က ပြန်ဖြေသည်။
"ကံကောင်းတာကတော့သေဆုံးတဲ့သူ မရှိပါဘူး"
Bai Yutang ကတော့ မျက်မှောင်ကြုံ့လိုက်ပြီး ခေါင်းညိတ်သည်။
"သေဆုံးသူကတော့ ခေါင်မိုးပေါ်မှာ.."
"ဟုတ်သားပဲ၊ သေနတ်ရော ရှာတွေ့လား"
Zhan Zhao ကမေးလိုက်သည်။
"ကျွန်တော် အဲဒါကို တင်ပြစရာရှိလို့"
Aihu က လေးနက်စွာပြောလိုက်ပြီး ဘေးနားက ရဲအရာရှိတစ်ယောက်ဆီမှ ကျိုးကြေနေသော ရိုင်ဖယ်သေနတ်ကို လှမ်းယူလိုက်သည်။
"Barrett M82A1?"
Bai Yutang က ခေါင်းပါကိုက်သွားသလို၊ ထိုသေနတ်မျိုးက အသုံးများပေမဲ့ အပြင်လူတွေ လွယ်လွယ်ကူကူဝယ်ဖို့ မဖြစ်နိုင်ပေ။
"ဒီအမှုက S.C.I. ကို လွှဲဖြစ်မှာပဲ"
Aihu က ရုတ်တရက် ထပြောလေသည်။
"ဘာလို့လဲ"
Zhan Zhao ရော Bai Yutang ပါ တစ်ပြိုင်တည်းလိုလိုပြောလိုက်ကြသည်။
Aihu ကတော့ ခေါင်းယမ်းလိုက်သည်။
"ဒါက ဒီလထဲမှာ လေးကြိမ်မြောက် သေနတ်ပစ်ပြီး လူသတ်တဲ့ အမှုပဲ"
........
ညက တဖြည်းဖြည်းနက်လာပြီး အမှောင်ထုက တဖြည်းဖြည်းကြီးစိုးလာကာ ပြေးစရာနေရောမရှိအောင် ကြောက်ရွံနေသည်။
သူ့ရဲ့ မြို့တော်ကြီးကို အပေါ်စီ ခပ်လှမ်းလှမ်းက ကြည့်လိုက်တော့ တစ်မြို့လုံးရဲ့ ငိုသံတွေက မရပ်မနား အဆက်မပြတ်..။
Di.........
ကွန်ပြူ တာ မျက်နှာပြင်က အရောင်လက်လာပြီး mail ဝင်လာသည်။
"အပြစ်တွေကို ရိုင်းစိုင်းမှု ဖြစ်သွားပါစေ
ရုပ်ဆိုးတာကို မမြင်နိုင်အောင် ဖြစ်သွားပါစေ
ညစ်ပတ်ပြီး အရေခြုံထားတဲ့ သူတွေကို သေမင်းရဲ့ လက်နက်နဲ့ ထိတွေ့ပါစေ.."
ကွန်ပြူ တာကို ပိတ်လိုက်ပြီး လက််နှစ်ဖက်ကို ဆန့်တန်းကာ တိတ်ဆိတ်နေသော ညရဲ့ အမှောင်ကို ဖြိုခွင်းစေနိုင်တဲ့ ကျယ်လောင်သော ရယ်သံကြီး ပေါ်လာလေသည်။
လမ်းလေးရဲ့ အစွန်မှာတော့ ဝမ်းနည်းပူဆွေးစွာ ငိုကြွေးနေကြသူတွေအတွက် လေက ရက်စက်ပြင်းထန်စွာ တိုက်ခတ်နေသည်။
သူကတော့ အကူအညီမဲ့နေသော ဝိညာဉ်တွေ လေအဝှေ့မှာ လူးလှိမ့်နေတာကို ပျော်မြူ းစွာ ကြည့်နေသည်။
အချို့သော ဝိညာဉ်များကတော့ တောင်နံရံများနှင့် ထိလိုက်တိုင်း နာကျင်ခံခက်စွာ အော်ငိုကြသည့် အသံ၊ သူမခံနိုင်တော့ နားကို ပိတ်ပြီး အစွမ်းကုန် အော်လိုက်လေသည်။ "အား....."
"Divine Comedy".
ငရဲပြည်၏ ဒုတိယထပ်
.........
End of Training camp 02
Thank you all
မနေ့က ကြက်သားစကားပုံက ညီမလေးတစ်ယောက်ပြောပြတာကတော့ Bai Jintangက Gongsun ကို ပိုက်ဆံနဲ့ ရအောင်ခေါ်လာပေမဲ့ Gongsun ကတော့ Chen Jiayi နဲ့ပဲ စကားပြောနေတာကြောင့် ခိုးထားတဲ့ ကြက်သားက ထမင်းဝိုင်းထဲ မဝင်လာပါဘူးတဲ့
ပြောပြပေးတဲ့ ညီမလေး ကျေးဇူးပါနော်😍😍