Give Up (詬病) 🌻[MM translatio...

By JD_breeze

678K 99.8K 6.4K

Title - Give Up (詬病) Author(s) - Chi Zongzha /池总渣 Status in COO - 96 Chapters + 9 (Extras+Special Chapters)... More

Prologue
Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
Chapter (23)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30)-Part(1)
Chapter (30)-Part(2)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
Chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chapter (40)
Chapter (41)
Chapter (42)
Chapter (43)
Chapter (44)
Chapter (45)
Chapter (46)
Chapter (47)
Chapter (48)
Chapter (49)
Chapter (50)
Chapter (51)
Chapter (52)
Chapter (53)
Chapter (54)
Chapter (55)
Chapter (56)
Chapter (57)
Chapter (58)
Chapter (59)
Chapter (60)
Chapter (61) 🌻
Chapter (63)
Chapter (64)
Chapter (65)
Chapter (66)
Chapter (67)
Chapter (68) 🌻
Chapter (69)
Chapter (70)
Chapter (71)
Chapter (72)
Chapter (73)
Chapter (74)
Chapter (75)
Chapter (76)
Chapter (77)
Chapter (78)
Chapter (79)
Chapter (80)
Chapter (81)
Chapter (82)
Chapter (83)
Chapter (84)
Chapter (85) 🌻
Chapter (86)
Chapter (87)
Chapter (88)
Chapter (89)
Chapter (90)
Chapter (91)
Chapter (92)
Chapter (93)
Chapter (94)
Chapter (95)
Chapter (96) 🌻 The End
Chapter (97) Extra Story 1 (မင်္ဂလာဝတ်စုံ)
Chapter (98) Extra Story 2 (ကိုကို့ရဲ့ သတိုးသမီးလေး) 🌻
Chapter (99) Extra Story 3 (မင်္ဂလာပွဲ)

Chapter (62)

6.4K 967 57
By JD_breeze

Unicode 🌻

ပူစီနံလေးများက အင်တာနက်ပေါ်တွင် ခေါင်းစဉ်တစ်ခုအား မဲခွဲဆုံးဖြတ်လျှက်ရှိကြသည်  : [ သခင်ကြီးချီကို မင်းတို့ ဘယ်အနေအထားမျိုးနဲ့တွေ့ချင်လဲ]

သူတို့သာ တကယ်တွေ့ခွင့်ရှိလျှင် ယခုအချိန်တွင်‌ချီပေါ်ယန်သည် Bathrobeတစ်ထည်တည်းကိုသာဝတ်ဆင်ထားပြီး သူ၏ဆံပင်အရှည်များက ညာဘက်ပုခုံးပေါ်တွင်ရှိနေကာ မျက်နှာပေါ်၌ အလွန်မှရွှင်လန်းတက်ကြွနေသည့် အမူအရာမျိုးရှိနေသည်။ ထိုအနေအထားမျိုးသည် မဲပေးရမည့်ခေါင်းစဉ်အောက်ရှိ ထိပ်ဆုံးအချက်သုံးချက်နှင့်ညီနေသည်။

သို့သော် ဒီလို သာယာနာပျော်ဖွယ်မြင်ကွင်းမျိုးကို လူတစ်ယောက်သာမြင်ခွင့်ရှိသည်။ ထိုလူ ကျီးဝမ်ကတော့ ကုတင်ပေါ်တွင် မလှုပ်နိုင်မရှားနိုင်ဖြင့် မှောက်လျှက်လှဲနေရပြီး ကုတင်ဘေးနား၌ ရပ်နေသည့် အလှအပလေးကို နည်းနည်းလေးတောင် လှမ်းကြည့်ချင်မနေပေ။

ချီပေါ်ယန်က ဆန်ပြုတ်တစ်ပန်းကန်ဖြင့် အနားသို့ရောက်လာကာ မျက်မှောင်များကျုံ့ထားသော်လည်း သူမျက်လုံးများ၌ အားနာတောင်းပန်လိုဟန်တော့ သိပ်ရှိမနေပေ။ သူက ညှင်သာစွာပြောလိုက်သည် " ကိုကို... ဆန်ပြုတ်နည်းနည်းသောက်ရအောင်လေ"

ကျီးဝမ်က သူ့မျက်နှာရှေ့ရှိ အိပ်ရာခင်းစကို ဆုပ်ကိုင်လိုက်သည်။ ခန္ဓာကိုယ်ကိုလှုပ်ရှားလိုက်သည်အခါ ခါးအောက်ဘက်သည် ‌မခံမရပ်နိုင်အောင် ကိုက်ခဲနာကျင်နေရသည်။

အသက်ပြင်းပြင်းရှုသွင်းကာ တရားခံကိုလှမ်းပြောလိုက်သည် " အကိုက်အခဲပျောက်ဆေးပေး"

ကျီးဝမ်သည် သန်မာလှသည့်Alpha တစ်ယောက်ဖြစ်သည့်အတွက်ကြောင့်သာ တစ်ညလုံး အင်အားယုတ်လျှာ့သွားတာတောင်မှ ယခုလိုထထိုင်နိုင်ခြင်းဖြစ်သည်။ ကျီးဝမ်က ကိုယ့်ရင်ဘက်ကို ငုံ့ကြည့်လိုက်သည် " ငါကို အနာကပ်ပလာစတာ ၂ခုယူပေး ... မဟုတ်ရင် ငါအင်္ကျီတောင်ဝတ်လို့ရမှာမဟုတ်ဘူး"

ချီပေါ်ယန်၏အကြည့်များက ကျီးဝမ်၏ရင်ဘက်ဆီသို့ သက်ဆင်းသွားကာ ခဏမျှကြည့်နေရင်း သူကိုယ်တိုင်ဖန်တီးခဲ့သည့် အပြောင်မြောက်ဆုံးလက်ရာကြောင့် စိတ်ကျေနပ်သွားသည်။

ကျီးဝမ်က ထိုအကြည့်ကိုသတိထားမိသွားသဖြင့် သူ၏အသံမှာ တိုးညှင်းသွာသည် " မြန်မြန်သွား"

" စိတ်မတိုပါနဲ့... ကျွန်တော်အခုပဲသွားလိုက်မယ်" ချီပေါ်ယန်က ဆန်ပြုတ်ပန်းကန်ကို ချထားလိုက်ကာ ဆေးသေတ္တာယူရန် လှည့်ထွက်သွားသည်။

ကျီးဝမ်က ကုတင်အလယ်၌ ခဏလောက်ထိုင်နေပြီးနောက် သူမတ်တပ်ထရပ်လိုက်သည့်အခါ တစ်ခုခုကို ခံစားမိလိုက်သဖြင့် မျက်နှာမှာမည်းမှောင်သွားရသည်....

ချီပေါ်ယန်ထွက်သွားပြီး ပြန်ရောက်လာသည့်အခါ သူ့ကိုကိုက ကုတင်ပေါ်တွင်ရှိမနေတော့ကြောင်းတွေ့လိုက်ရသည်။

ရေချိုးခန်းထဲမှ ရေကျသံကိုကြားနေရသည်။ ချီပေါ်ယန်က ကုတင်ဘေးမှ ခဲရောင်ခြေနင်းအခင်းပေါ်တွင် အနက်ရောင်အစွန်းအထင်များရှိနေပြီး သစ်သားကြမ်းပြင်ပေါ်တွင်တောင် အနည်းငယ် ညစ်ပေနေကြောင်း သိသိသာသာ သတိထားမိလိုက်သည်။

သူသည် နောင်တ'တကြီးဖြင့် စုပ်သပ်လိုက်ကာ ခြေနင်းအခင်းကိုယူပြီး သစ်သားကြမ်းပြင်ပေါ်ရှိ အစွန်းအထင်းများကို သုတ်လိုက်ပြီးနောက် ထိုအခင်းကိုအဝတ်လျှော်စက်ထဲသို့ပစ်ထည့်လိုက်သည်။

အဝတ်လျှော်ခလုပ်ကို နှိပ်လိုက်ပြီးသည့်အခါ ချီပေါ်ယန်သည် ရေချိုးခန်းတံခါးနားသို့ရောက်လာခဲ့သည်။ တံခါးကိုလော့မချထားသဖြင့် လက်ကိုင်ကို၂ချက်မျှလှည့်လိုက်သည့်အခါ တံခါးပွင့်သွားခဲ့သည်။

မှုန်ဝါးဝါးရေငွေ့များကြား၌ ကျီးဝမ်သည် မျက်စိပဿဒဖြစ်လှသော အမှတ်အသားအရာများနှင့် ပြည့်နေသည့် သူ၏နောက်ကျောဘက်အား ရေနွေးဖြင့်ဆေးကျောလို့နေသည်။ ထိုအရာများသည် သွားရာများဖြစ်ကာ အချို့သည် သွေးပင်ထွက်နေပြီး အချို့မှာ ဒဏ်ရာများအဖြစ်ရှိနေကာ ဒဏ်ပေးခြင်းခံထားရသလိုမျိုး နောက်ကျောတစ်ခု၌ အမှတ်အသားများဖြင့်ပြည့်လို့နေသည်။

ကျယ်ပြောလှသော ပုခုံးပြင်ကျယ်၏အောက်ဘက်တွင် သွယ်လျှသည့်ခါးလေးရှိနေသည်။ ကျီးဝမ်၏ ခန္ဓာကိုယ်အချိုးအစားကပြီးပြည့်စုံကာ တောင်တင်းသည့်ကြွက်သားရှိနေသည့်အတွက်ကြောင့် ယခုအချိန်၌ မတ်တပ်ကောင်းကောင်းရပ်နေနိုင်ခြင်းဖြစ်သည်။

သို့သော် သေချာကြည့်လျှင် ကျီးဝမ်၏ ပေါင်များက အနည်းငယ်တုန်ရီနေကာ ယခုလိုမျိုး မတ်မတ်ရပ်နေခြင်းက သူ့အတွက်ဘယ်လောက်ပင်ခက်ခဲကြောင်း သက်သေပြနေသလိုပင်။

ကျီးဝမ်က တံခါးဆီမှ လှုပ်ရှားသံကိုကြားသော်လည်း အနောက်သို့ လှည့်မကြည့်ခဲ့ပေ။ သို့သော် ချီပေါ်ယန်သာ အခုအချိန်၌ estrus ဖြစ်လာပါက သေချာပေါက်ပင် ကျီးဝမ်သည် ထိုသူ့အား တချက်လောက် ခပ်ပြင်းပြင်းပိတ်ထိုး ပစ်လိုက်မည်ဟု အာမခံပါသည်။

ကံကောင်းစွာဖြင့် ချီပေါ်ယန်က အတော်ကလေး ပါးနပ်သည်။ ရေချိုးသဘတ်ဖြင့် ကျီးဝမ်ကိုခြုံပေးလိုက်ပြီးနောက် နောက်ထပ်အပိုလုပ်ရပ်များကိုဆက်မလုပ်ပဲ ကျီးဝမ်ကိုမေးလိုက်သည် " ကိုကို... အကူအညီလိုသေးလား?"

ကျီးဝမ်က မျက်နှာပေါ်ရှိရေစက်များကို သဘတ်ဖြင့်သုတ်လိုက်သည် " နောက်တစ်ခါ Susceptibilityကာလရောက်ရင် ကိုယ့်ဘာသာပဲဖြေရှင်းတော့... ငါ့ကိုလာဆွဲမထည့်နဲ့"

ချီပေါ်ယန်က အနည်းငယ်ပြုံးလိုက်သော်လည်း ကျီးဝမ်၏စကားများကို သဘောမတူပေ။ သူက အလိုက်သိစွာဖြင့် ရေချိုးခန်းထဲမှထွက်သွားပြီး အပြင်ဘက်၌ ပစ္စည်းများကို သိမ်းဆည်းနေလိုက်သည်။

ကျီးဝမ်က ရေချိုးပြီး အပြင်သို့ထွက်လာသည့်အခါ ချီပေါ်ယန်က ညစ်ပေနေသည့် ကုတင်ပေါ်ရှိဝတ်စုံများကို တစ်ထည်ချင်းစီ ‌သပ်သပ်ရပ်ရပ်ခေါက်နေကြောင်းတွေ့လိုက်ရသည် " မင်းဘာလုပ်နေတာလဲ? "

ချီပေါ်ယန်က လက်လှုပ်ရှားမှုကို မရပ်လိုက်ပေ " အခန်းရှင်းနေတာလေ"

ချီပေါ်ယန်အိမ်အလုပ်လုပ်တာကို ကျီးဝမ်တစ်ခါမှမမြင်ဖူးသော်လည်း ထိုဝတ်စုံများအား စနစ်တကျခေါက်ထားကာ အလွန်မှသပ်ရပ်နေသည်။ ကျီးဝမ်က ထိုနေရာသို့လျှောက်သွားလိုက်ပြီး ဝတ်စုံတစ်စုံအား ကောက်ယူလိုက်သည့်အခါ လက်ထဲ၌ စိုစွတ်မှုကိုခံစားလိုက်ရသည် " ဘာ‌လို့မလျှော်ပဲခေါက်နေတာလဲ?"

ချီပေါ်ယန်က ကျီးဝမ်၏ လက်ထဲရှိ ဝတ်စုံကို တစိုက်မတ်မတ်ကြည့်နေပြီး သူ၏စိတ်ထဲမှ ဆန္ဒရှိနေသည့် တစ်ခုခုကိုတောင်းဆိုကြည့်သည် " ကိုကို အဲ့တာကိုလေ...."
(T/N: မနေ့က သူတို့ Sex လုပ်တုန်းက ချီပေါ်ယန်က ကျီးဝမ်ကို ကျောင်းသားဝတ်စုံဝတ်ခိုင်းထားခဲ့တာပါ။ အခုလည်း နောက်ထပ်ဝတ်စုံတစ်စုံ ထပ်ဝတ်ပြဖို့တောင်းဆိုနေတာပါ)

ကျီးဝမ်က သူ့ကိုစကားဆုံးအောင်ပြောခွင့်တောင်မပေးပေ " မရဘူး!"

ချီပေါ်ယန်:"ဒါပေမယ့်..."

ကျီးဝမ်:" ဘာမှ ဒါပေမမယ့်ဘူး!"

ချီပေါ်ယန်က မကျေမနပ်ပြောလာသည် " Susceptibility ကာလမှာ နှလုံးသားလေးနေကောင်းဖို့ ကိုယ့်ပါတနာရဲ့ အနံ့အသက်တွေစွဲကပ်နေတဲ့ အဝတ်တွေကြားမှာနေရချင်တာက သဘာဝပဲလေ... လျှော်လိုက်ရင် ကိုကို့ရဲ့ Pheromoneနံ့တွေ ပျောက်ကုန်မှာပေါ့"

ကျီးဝမ်က ဂရုမစိုက်စွာဖြင့် ချီပေါ်ယန်၏လက်ထဲမှ အဝတ်များကိုဆွဲယူကာ လျှော်စက်ရှိရာအခန်းထဲသို့ ဝင်သွားလိုက်သည်။

ချီပေါ်ယန်က သူ့အနောက်မှ လိုက်လာသည် " ကိုကို ခါးနာနေတာကို လျှောက်သွားမနေနဲ့လေ... ဆန်ပြုတ်သောက်ပြီးအနားယူလိုက်"

အဝတ်လျှော်စက်က မအားသေးသည်ကို တွေ့သည့်အခါ ကျီးဝမ်ကအဝတ်များကို ရေချိုးခန်းထဲသို့ပြန်ယူလာကာ ရေချိုးကန်ထဲသို့ပစ်ထည့်လိုက်ပြီး ရေဖြင့်စိမ်ထားလိုက်သည်။

ချီပေါ်ယန်က ရင်နာနေသည့်အမူအရာမျိုးထုတ်ပြလာသော်လည်း ကျီးဝမ်ကို မဟန့်တားရဲပေ။ ဒါ့ကြောင့် ဘေးနားတွင်သာ တိတ်တဆိတ်ရပ်ကြည့်နေရသည်။

ကျီးဝမ်က အဝတ်များကိုကြည့်လိုက်သည့်အခါ တညလုံးချီပေါ်ယန်ကြောင့် ထွက်ခဲ့သည့်ဒေါသများက မြူမှုန်များလိုပင် အဝေးသို့လွင့်ပြယ်သွားရသည်။

အမှန်အတိုင်းပြောရလျှင် သူ့နှလုံးသားထဲ၌ ခြေဖျက်လို့မရသည့် အစိုင်အခဲတစ်ခုရှိနေခဲ့သည်။ ထိုအရာက ချီပေါ်ယန်က ဒီနှစ်တွေအတွင်း တစ်ခါလေးတောင် သူ့ဆီကိုရောက်မလာခဲ့ခြင်းကြောင့်ဖြစ်သည်။

ချီပေါ်ယန်က ထိုအချိန်တုန်းကသာ သူကြုံတွေ့ခဲ့ရသည့် အမှန်တရားများကိုသာပြောပြခဲ့လျှင် ကျီးဝမ်၏နှလုံးသားရော စိတ်ပါ အချစ်စိတ်မွှန်နေခဲ့သဖြင့် ချီပေါ်ယန်၏စကားထဲမှဟာကွက်များကို သတိထားမိခဲ့မှာမဟုတ်ပေ။

ချီပေါ်ယန်က ကျီးဝမ်ါား အများကြီးတွေးပြီးစိတ်မညစ်စေချင်သောကြောင့်ဖြစ်နိုင်သည်။

သို့သော်လည်း သူ့စိတ်ထဲ၌ သံသယတစ်ခုက အမြဲရှိနေ‌ခဲ့သည်။ ချီပေါ်ယန်က ဘာကြောင့်အထင်လွဲခံခဲ့ရတာလဲ၊ ဘာကြောင့်မရှင်းပြခဲ့ရတာလဲ၊ သူတို့နောက်တကြိမ်ပြန်လည်ဆုံတွေခဲ့သည့်အချိန်၌လည်း အတိတ်မှဖြစ်ပျက်ခဲ့သည့်အရာအတွက် ဘာကြောင့်တရားမျှတမှုကို မရှာဖွေခဲ့ပဲ ကျီးဝမ်၏ ရိုင်းစိုင်းကာ အေးစက်စက်အပြုအမူများကို ငြိမ်ခံနေခဲ့ရတာလဲ။

နောက်ဆုံး ကျီးဝမ်ဘက်မှ အဆုံးစွန်ထိဖိအားပေးလာမှသာ သူ့အတိတ်အကြောင်းကို ဖွင့်ဟပြခဲ့သည်။

ဘယ်လောက်တောင် ကျိုးကြောင်းမညီညွှတ်လိုက်သလဲ။ ချီပေါ်ယန်က ထိုအကြောင်းတွေကို အမှန်အတိုင်းပြောပြခဲ့လျှင်တောင် ကျီးဝမ်က သူ့ကို ခွင့်မလွှတ်လောက်ဘူးဟုထင်နေခဲ့တာလား။ ကျီးဝမ်ကို မယုံကြည်ခဲ့တာလား?

ဒါမှမဟုတ် ဖုံးကွယ်ထားတဲ့ တစုံတရာရှိသေးတာလား ...ဒါမှမဟုတ်...... အဆိုးဆုံးဖြစ်နိုင်တာက ချီပေါ်ယန်က အရာအားလုံးကိုလိမ်ညာပြောခဲ့တာလား?

ပူပန်နေရသည့်ခံစားချက်တစ်ခုသည် ဖျောက်ဖျက်လို့မရနိုင်ခဲ့ပေ။

ချီပေါ်ယန်နဲ့ အတူနေရန်အတွက်လိုအပ်သည့်အသုံးအဆောင်များဝယ်ပေးခြင်း၊ လွန်ခဲ့သည့် ၆နှစ်မှ လက်စွပ်အား ‌ချီပေါ်ယန်အား ပေးခဲ့ခြင်း၊ ယမန်နေ့ညက ချီပေါ်ယန်နှင့်အတူနေခဲ့ခြင်း စသည့်အပြုအမူများအားလုံးသည် ကျီးဝမ်က သူ၏စိတ်ထဲမှပူပန်မှုများအား ဖြေရှင်းသည့် နည်းလမ်းများဖြစ်သည်။

အခြားလူတစ်ယောက်ကို မိမိနှင့်ချည်နှောင်ရန် လက်တွေ့ဆန်သည့် လုပ်ဆောင်ချက်များကို အသုံးပြုရန်လိုအပ်သည်။

ချီပေါ်ယန်က ကျီးဝမ်ဝတ်ဆင်ခဲ့သည့် ဇာတ်ကောင်အဝတ်အစားများကို စုဆောင်းခဲ့သည်၊ လက်ကောက်ဝတ်ပေါ်၌ သူ့နာမည်ကိုဝှက်ထားသည့် သံစဉ်နုတ်ဒ်ကို တက်တူးထိုးထားခဲ့သည်၊ သူလွမ်းနေခဲ့ကြောင်း ကွယ်ဝှက်ခြင်းမရှိဝန်ခံခဲ့သည်၊ အရာအားလုံးကိုပုံအော၍ ကျီးဝမ်အားပိုးပန်းခဲ့သည်၊ ၁၄ခုနှစ်မှ လက်စွပ်အား ကျီးဝမ်၏ လက်၌ကိုယ်တိုင်ဝတ်ဆင်ပေးခဲ့သည်။

လွန်ခဲ့သည့်၆နှစ်ကတည်းက လက်စွပ်ကိုပေးအပ်ခဲ့ချင်ခဲ့သူမှာ ကျီးဝမ်တစ်ယောက်တည်းတော့ ဟုတ်ပုံမရပေ။

ချီပေါ်ယန်က သူ၁၈နှစ်ကတည်းက လက်ထပ်ချင်ခဲ့သည်ဟု ပြောပြခဲ့ပြီး ထိုရည်ရွယ်ချက်၏ အဓိကဇာတ်လိုက်သည် ကျီးဝမ်ပင်ဖြစ်လို့နေသည်။

ထိုအချက်များကြောင့် ချီပေါ်ယန်အပေါ် ကျီးဝမ်၏ယုံကြည်မှုများက တရိပ်ရိပ်တိုးပွားလာခြင်းဖြစ်သည်။ ယခုအခိုက်အတန့်သည် သူတို့နှစ်ဦး၏ပတ်သက်မှုကိုပြန်လည်စတင်ရန် အကောင်းဆုံးအခွင့်အရေးပင်။

နောက်ဆုံး၌ သူသည် ချီပေါ်ယန်စကားများကို ယုံကြည်သွားနိုင်ခဲ့သည်။ သူဂရုမစိုက်ခဲ့ခြင်းမဟုတ်ပဲ ရှေ့ဆက်မတိုးရဲခဲ့ခြင်းဖြစ်သည်။

မချစ်လို့မဟုတ်ပဲ စိုးရိမ်ကြောင့်ကြမှုနှင့် အကြောက်တရားတို့က ကြီးစိုးနေခဲ့ခြင်းကြောင့်သာဖြစ်သည်။

ချီပေါ်ယန်ကလည်း သူ့ထက်မလျော့သည့်ချစ်ခြင်းမျိုးနှင့် ချစ်တယ်ဆိုတာကို သူယုံကြည်သည်။

ကျီးဝမ်သည် ရေချိုးကန်ထဲရှိ ဝတ်စုံများကိုကြည့်မိသည်။ ချီပေါ်ယန်က သူ့ကိုမမေ့နိုင်ခဲ့သလို သူ့နဘေး၌ တချိန်လုံးစောင့်ကြည့်နေခဲ့ပြီး သူသရုပ်ဆောင်ခဲ့ဖူးသည့် ဇာတ်ကောင်များ၏ ဝတ်စုံများကို တစ်ခုမကျန်စုဆောင်းထားခဲ့သည်။

သူက ချီပေါ်ယန်အား ကျောခိုင်းနေရာမှ နောက်သို့လှည့်ကြည့်လိုက်သည် " မင်းရဲ့ Susceptibilityကာလရောက်ရင် အဲ့သနားစရာအဝတ်တွေကိုမဟုတ်ပဲ ငါ့ကိုဖက်ထားလို့ရတယ်လေ..."

"အဲ့တော့... နောက်တစ်ကြိမ် ကျွန်တော့် Susceptibilityကာလရောက်ရင်လည်း... ကိုကိုကကျွန်တော်နဲ့အတူနေပေးမှာလား?" ချီပေါ်ယန်က အံ့ဩစွာမေးလိုက်သည်။

ကျီးဝမ်က အငြင်းစကားမဆိုပေ။

ချီပေါ်ယန်က ရုတ်တရက် သူ့ကိုဆွဲကာ ရင်ခွင်ထဲ၌ဖက်ထားလိုက်သည်။ အားအရမ်းပြင်းသဖြင့် နာကျင်ကိုက်ခဲနေသည့်နေရာများအား ချီပေါ်ယန်က ဖိမိလိုက်မိသည့်အခါ အနည်းငယ်ထုံကျင်သွားသည်။

တဖြည်းဖြည်းဖြင့် ကျီးဝမ်၏ နားဖျားဘေးရှိ ချီပေါ်ယန်၏ပါးပြင်မှာ နီရဲလာသည်။

ချီပေါ်ယန်က အိပ်ရာပေါ်ရောက်သည့်အချိန်၌သာ ညစ်ညမ်းသည့်စကားများကိုပြောတက်ပေမယ့် မထင်မှတ်ထားသည့် အခြားအချိန်များမှာတော့ အမြဲရိုးသားဖြူစင်ပုံစံမျိုးဖြစ်နေတက်သည်။

မျက်နှာနှစ်ဖက်နဲ့ ဆွဲဆောင်မှုအပြည့်ရှိတဲ့ ကောင်စုတ်လေး

ကျီးဝမ်က ချီပေါ်ယန်၏ နားဖျားလေးကို အားအရမ်းမထည့်ပဲ ခပ်ဖွဖွလေးကိုက်လိုက်သည် " ဒါပေမယ့် နောက်တစ်ခါဆိုရင်တော့ ဆေးသောက်ရမယ်နော်... ဒီတစ်ခါလိုမျိုး ငါ့ကို အောက်ပိုင်းသေလုနီးပါးဖြစ်အောင်မလုပ်နဲ့"

ချီပေါ်ယန်၏ အသက်ရှုနှုန်းများက မြန်ဆန်နေကာ ညကအဖြစ်အပျက်များကို တဖန်ပြန်လည်အမှတ်ရသွားလားမသိပေ။ မကြာခင်၌ ထိုသူကမှတ်မိသွားကြောင်း ကျီးဝမ်သေချာသိသွားသည် အဘယ့်ကြောင့်ဆိုသော် သူက ကျီးဝမ်ကိုတားဆီးနေသောကြောင့်ဖြစ်သည်။

ကျီးဝမ်က ထိုသူအား ဂရုမစိုက်စွာ တွန်းထုတ်လိုက်သည်။ ထို့နောက် သူဒီကိုလာတုန်းက ဝတ်ခဲ့သည့်အဝတ်အစားများကို ပြန်လည်ဝတ်ဆင်ရန်ပြင်လိုက်သည်။ မပြန်ခင် အခန်းအားတစ်ချက်လှည့်ပတ်ကြည့်ရှုလိုက်သည်။

ပတ်လက်လန်နေသည့်ဆိုဖာ၊ နေရာရွေ့နေသည့် အဝတ်ဘီဒို၊ လက်ချောင်းရာများဖြင့်ပြည့်နေသည် ကြမ်းပြင်မှ မျက်နှာကျက်ထိမြင့်သည့် မှန်များကို အာရုံစိုက်မိသွားသည်။

စုတ်ပြဲနေသည့် စောင်များနှင့် အိပ်ရာကိုတော့ ပြောနေစရာမလိုတော့ချေ။ ကုတင်ခေါင်းရင်းအကာသည် အနည်းငယ် တွန်းတိုက်ခံထားရသလိုမျိုး နံရံတွင်လည်း အစင်းရာများရှိနေပြန်သည်။

ကျီးဝမ်သည် အခန်း၏ နောက်ဆုံးအခြေအနေကိုကြည့်မိသည့်အခါ ပါးပြင်များနီရဲလာရပြီး တိုင်ဖွန်းမုန်တိုင်းတိုက်ခံလိုက်သည့် အခန်းလေးအတွက် စိတ်မကောင်းဖြစ်မိသွားသည်။

" ဒီအိမ်က ကုမ္ပဏီက မင်းအတွက်ငှားပေးထားတဲ့အိမ်လား?...  အိမ်ရဲ့ပရိဘောဂတွေကို မင်း ပြန်အလျော်ပေးရတော့မှာ‌ပဲ" ကျီးဝမ်က ကုန်ကျစရိတ်ကိုတွက်ချက်ကာ တဝက်စိုက်ပေးရန် စဉ်းစားလိုက်သည်။

ချီပေါ်ယန်က ဆိုဖာကို ပြန်လှန်ကာ ထိုင်ချလိုက်သည် " ဒါက ကျွန်တော်ပိုင်တာ"

" ကျွန်တော်က အခြားတစ်ယောက်ယောက်ရဲ့ အိပ်ရာပေါ်မှာ ကိုကိုနဲ့အတူ အိပ်စရာလား?" ကျီးဝမ်က ထူးဆန်းသည့်တစ်စုံတစ်ခုကိုပြောလိုက်သလိုမျိုး ချီပေါ်ယန်က အံ့အားသင့်သွားသည်။

ထိုအရာကြောင့် ကျီးဝမ်၏ ခံစားချက်များက ရှုပ်ထွေးသွားရသည်။ သူကတော့ အိမ်ဝယ်ထားသည့် ငွေအကျေချေဖို့ရန် ရုန်းကန်နေရသည့်အချိန်၌ ချီပေါ်ယန်ကတော့  သူပိုင်ဆိုင်သည့် ကိုယ်ပိုင်နယ်မြေထဲ၌ ကျီးဝမ်ကို လုပ်လိုက်ပြီးဖြစ်သည်။

ကျီးဝမ်က အကိုက်အခဲပျောက်ဆေးသောက်ကာ နာကျင်မှုများအမြန်သက်သာရန် ဂန္ဓမာပန်းထဲသို့လည်း ဆေးတောင့်ထည့်ထားပြီဖြစ်သည်။

ထိုအပြုအမူများအားလုံးကို ချီပေါ်ယန်၏အရှေ့တွင်သာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တဖက်သူ၏ တောက်လောက်နေသော အကြည့်များနှင့် အကူအညီပေးချင်နေသော စိတ်ဆန္ဒများကို လျစ်လျူရှုထားလိုက်သည်။

ကျီးဝမ်က ဘောင်းဘီဝတ်လိုက်ပြီး ခပ်တည်တည်ဖြင့် အပြင်သို့ထွက်ရန်ပြင်လိုက်သည့်အခါ ချီပေါ်ယန်က အနောက်မှ အသည်းအသန်လိုက်လာသည် " ကျွန်တော်လည်း ကိုကိုနဲ့အတူတူသွားမယ်"

ကျီးဝမ်:"မရဘူး"

ချီပေါ်ယန်က နှုတ်ခမ်းတင်းတင်းစေ့လိုက်ကာ ကျီးဝမ်အား စိတ်ရှုပ်နေသောအမူအရာမျိုးဖြင့်ကြည့်လာသည် " အိပ်ရာထ'ထချင်းတုန်းကတော့ မလှုပ်နိုင်ဘူးဆိုပြီး... အခုတော့ ကောင်းသွားပြီလား?"

ကျီးဝမ်၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားကာ ချီပေါ်ယန်၏မေးဖျားအား လှမ်းကိုင်လိုက်သည် " ဒီနေ့ ငါရိုက်ကူးရေးရှိမှန်းသိလို့... အိပ်ရာပေါ်ကဆင်းလို့မရအောင် လုပ်ချင်နေတာမလား?"

ထိုအခါ ချီပေါ်ယန်မျက်လုံးများက အကြည့်လွှဲသွားသည် " မဟုတ်ပါဘူး... Susceptibilityကာလ ကြောင့်မို့လို့ပါ... ကျွန်တော်လည်း မတက်နိုင်ဘူးလေ"

ကျီးဝမ်က ချီပေါ်ယန်မေးဖျားကို လွှတ်မပေးပဲ ပို၍အားထည့်ကာ ညှစ်လိုက်သည် " ငါ့ကိုစိတ်တိုအောင်မလုပ်နဲ့... မင်းမနေ့ညက ကွန်ဒုံးမသုံးခဲ့တဲ့အပြင် အထဲမှာပဲပြီးလိုက်တာကို ငါမှတ်မိတယ်နော်"

သူ့ကို သန့်ရှင်းရေးတောင် မလုပ်ပေးခဲ့ပေ။

ချီပေါ်ယန်က အဆူခံလိုက်ရသဖြင့် မျက်ခုံးများပြေလျော့သွားကာ နားရွက်လေးများ ငြိမ်ကုတ်သွားပြီး စကားမပြောရဲတော့ပေ။

ကျီးဝမ်က လက်လွှတ်လိုက်သည့်အခါ ချီပေါ်ယန်၏ ကြည်လင်နေသည့် အသားအရေပေါ်၌ အနီရောင်လက်ချောင်းရာများကျန်ရစ်ခဲ့သည်။ ထို့နောက် ကျီးဝမ်က သတိပေးလိုက်သည် " ငါ့နောက်ကလိုက်မလာနဲ့ ... ကောင်စုတ်လေး"

ကျီးဝမ် ဗီလာထဲမှထွက်လာသည့်အခါ၌ သူ၏ခန္ဓာကိုယ်က ဖြောင့်မတ်နေကာ လည်ပင်း၌ မည်သည့်အမှတ်အသားမှရှိမနေပေ။

လိဖုန်း၏ စိတ်ပူပန်နေသည့်အကြည့်များက သူ့(ကျီးဝမ်)ခန္ဓာကိုယ်ပေါ်သို့ရောက်လာသည့်အခါ သူ(လိဖုန်း)က အံ့ဩမှင်သက်သွားပြီးနောက် လေးစား‌ကြည်ညိုသွားပုံရသည်။

ကျီးဝမ်က မသက်မသာဖြင့်ပြောလိုက်သည် " ငါ ဟိုတယ်ကို အရင်ပြန်နှင့်မယ်... မင်းနောက်မှလိုက်လာခဲ့"

ရှောင်ရွှိက သူ့ကိုလာခေါ်ခဲ့ပြီး ကျီးဝမ်ကားထဲသို့ရောက်လာသည့်အခါ ရှောင်ရွှိ၏ မျက်လုံးများက လေဆာလိုပင် ကျီးဝမ်ခန္ဓာကိုယ်အား အထက်အောက်နှံ့အောင် စစ်ဆေးကြည့်ရှုလို့နေသည်။

ကျီးဝမ်က ရှက်ရွံ့စွာပြောလိုက်သည် " မကြည့်နဲ့တော့... ကားကိုသာ ဂရုစိုက်မောင်း"

ရှောင်ရွှိက ဟွန့်ကနဲနှာမှုတ်ကာ ကားကို ချက်ခြင်းစက်မနှိုးပဲ ဘေးခုံတွင်ရှိနေသည့် ဖင်ထိုင်ကူရှင်ကို ကျီးဝမ်အား တုန်တုန်ယင်ယင်ဖြင့် လှမ်းပေးလိုက်သည်။

နေကြာပုံစံဖြင့် ဖင်ထိုင်ကူရှင်၏အလယ်၌အပေါက်လေးရှိနေပြီး ရှောင်ရွှိက ကျီးဝမ်အတွက် အထူးစဉ်းစားပြင်ဆင်ပေးခဲ့တာဖြစ်သည်။

ကျီးဝမ်က ဘာမှပြန်မပြောပဲ သူ၏ဂုဏ်သိက္ခာကိုပဲဆက်ထိန်းရမလား ဒါမှမဟုတ် ထိုကူရှင်ကို လက်ခံလိုက်ရမလား မသိတော့ပေ။

သူက မလှုပ်ရှားသည်ကိုတွေ့သောအခါ ရှောင်ရွှိက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ ထို့နောက်  အားဖြည့်ဆေးထုတ်ကို ထုတ်ပေးလာသည်။ အနီရောင်အထုတ်ပေါ်၌ *ရှစ်ချွင်းသာ့ဘူထန် ဟု‌ရိုက်နှိပ်ထားပြီး ရှောင်ရွှိက လေးစားသည့်အမူအရာမျိုးဖြင့် ကျီးဝမ်ကို ပြောလိုက်သည် " ပင်ပန်းနေတယ်မလား... တစ်ထုတ်လောက်မြန်မြန်သောက်ပြီး ခန္ဓာကိုယ်ကိုအားပြန်ဖြည့်လိုက်"

(ရှစ်ချွင်းသာ့ဘူထန် = ဆေးဖက်ဝင်သစ်ဥသစ်ဖုတွေနဲ့ ကြိုချက်ထားတဲ့ အားဖြည့်ဆေး)

စိတ်အားထက်သန်သော အကြည့်များနှင့် ဂုဏ်ယူနေသောအသံဖြင့်ပြောလာသည်။

ရှောင်ရွှိ၏ မျက်နှာပေါ်၌ ငါ့အစ်ကိုဝမ်က အရမ်းလေးစားဖို့ကောင်းတယ် ဟုမရေးထားရုံတမယ်ပင်။

---------------------

T/N: Susceptibilityကာလရောက်နေတဲ့ ချီပေါ်ယန်နဲ့ တညတူတူနေပြီးတာတောင် ကျီးဝမ်ကအေးဆေးဖြစ်နေလို့ လိဖုန်းနဲ့ရှောင်ရွှိက လေးစားနေတာ။
ဟိုက လမ်းတောင်မနည်းလျှောက်နေရတာကို သူတို့မသိဘူး🤣

ကျေးဇူးပါ💚

6-05-2022

 

~~~~~~~~~

Zawgyi 🌻

ပူစီနံေလးမ်ားက အင္တာနက္ေပၚတြင္ ေခါင္းစဥ္တစ္ခုအား မဲခြဲဆုံးျဖတ္လွ်က္ရွိၾကသည္  : [ သခင္ႀကီးခ်ီကို မင္းတို႔ ဘယ္အေနအထားမ်ိဳးနဲ႔ေတြ႕ခ်င္လဲ]

သူတို႔သာ တကယ္ေတြ႕ခြင့္ရွိလွ်င္ ယခုအခ်ိန္တြင္‌ခ်ီေပၚယန္သည္ Bathrobeတစ္ထည္တည္းကိုသာဝတ္ဆင္ထားၿပီး သူ၏ဆံပင္အရွည္မ်ားက ညာဘက္ပုခုံးေပၚတြင္ရွိေနကာ မ်က္ႏွာေပၚ၌ အလြန္မွ႐ႊင္လန္းတက္ႂကြေနသည့္ အမူအရာမ်ိဳးရွိေနသည္။ ထိုအေနအထားမ်ိဳးသည္ မဲေပးရမည့္ေခါင္းစဥ္ေအာက္ရွိ ထိပ္ဆုံးအခ်က္သုံးခ်က္ႏွင့္ညီေနသည္။

သို႔ေသာ္ ဒီလို သာယာနာေပ်ာ္ဖြယ္ျမင္ကြင္းမ်ိဳးကို လူတစ္ေယာက္သာျမင္ခြင့္ရွိသည္။ ထိုလူ က်ီးဝမ္ကေတာ့ ကုတင္ေပၚတြင္ မလႈပ္ႏိုင္မရွားႏိုင္ျဖင့္ ေမွာက္လွ်က္လွဲေနရၿပီး ကုတင္ေဘးနား၌ ရပ္ေနသည့္ အလွအပေလးကို နည္းနည္းေလးေတာင္ လွမ္းၾကည့္ခ်င္မေနေပ။

ခ်ီေပၚယန္က ဆန္ျပဳတ္တစ္ပန္းကန္ျဖင့္ အနားသို႔ေရာက္လာကာ မ်က္ေမွာင္မ်ားက်ဳံ႕ထားေသာ္လည္း သူမ်က္လုံးမ်ား၌ အားနာေတာင္းပန္လိုဟန္ေတာ့ သိပ္ရွိမေနေပ။ သူက ညႇင္သာစြာေျပာလိုက္သည္ " ကိုကို... ဆန္ျပဳတ္နည္းနည္းေသာက္ရေအာင္ေလ"

က်ီးဝမ္က သူ႔မ်က္ႏွာေရွ႕ရွိ အိပ္ရာခင္းစကို ဆုပ္ကိုင္လိုက္သည္။ ခႏၶာကိုယ္ကိုလႈပ္ရွားလိုက္သည္အခါ ခါးေအာက္ဘက္သည္ ‌မခံမရပ္ႏိုင္ေအာင္ ကိုက္ခဲနာက်င္ေနရသည္။

အသက္ျပင္းျပင္းရႈသြင္းကာ တရားခံကိုလွမ္းေျပာလိုက္သည္ " အကိုက္အခဲေပ်ာက္ေဆးေပး"

က်ီးဝမ္သည္ သန္မာလွသည့္Alpha တစ္ေယာက္ျဖစ္သည့္အတြက္ေၾကာင့္သာ တစ္ညလုံး အင္အားယုတ္လွ်ာ့သြားတာေတာင္မွ ယခုလိုထထိုင္ႏိုင္ျခင္းျဖစ္သည္။ က်ီးဝမ္က ကိုယ့္ရင္ဘက္ကို ငုံ႔ၾကည့္လိုက္သည္ " ငါကို အနာကပ္ပလာစတာ ၂ခုယူေပး ... မဟုတ္ရင္ ငါအက်ႌေတာင္ဝတ္လို႔ရမွာမဟုတ္ဘူး"

ခ်ီေပၚယန္၏အၾကည့္မ်ားက က်ီးဝမ္၏ရင္ဘက္ဆီသို႔ သက္ဆင္းသြားကာ ခဏမွ်ၾကည့္ေနရင္း သူကိုယ္တိုင္ဖန္တီးခဲ့သည့္ အေျပာင္ေျမာက္ဆုံးလက္ရာေၾကာင့္ စိတ္ေက်နပ္သြားသည္။

က်ီးဝမ္က ထိုအၾကည့္ကိုသတိထားမိသြားသျဖင့္ သူ၏အသံမွာ တိုးညႇင္းသြာသည္ " ျမန္ျမန္သြား"

" စိတ္မတိုပါနဲ႔... ကြၽန္ေတာ္အခုပဲသြားလိုက္မယ္" ခ်ီေပၚယန္က ဆန္ျပဳတ္ပန္းကန္ကို ခ်ထားလိုက္ကာ ေဆးေသတၱာယူရန္ လွည့္ထြက္သြားသည္။

က်ီးဝမ္က ကုတင္အလယ္၌ ခဏေလာက္ထိုင္ေနၿပီးေနာက္ သူမတ္တပ္ထရပ္လိုက္သည့္အခါ တစ္ခုခုကို ခံစားမိလိုက္သျဖင့္ မ်က္ႏွာမွာမည္းေမွာင္သြားရသည္....

ခ်ီေပၚယန္ထြက္သြားၿပီး ျပန္ေရာက္လာသည့္အခါ သူ႔ကိုကိုက ကုတင္ေပၚတြင္ရွိမေနေတာ့ေၾကာင္းေတြ႕လိုက္ရသည္။

ေရခ်ိဳးခန္းထဲမွ ေရက်သံကိုၾကားေနရသည္။ ခ်ီေပၚယန္က ကုတင္ေဘးမွ ခဲေရာင္ေျခနင္းအခင္းေပၚတြင္ အနက္ေရာင္အစြန္းအထင္မ်ားရွိေနၿပီး သစ္သားၾကမ္းျပင္ေပၚတြင္ေတာင္ အနည္းငယ္ ညစ္ေပေနေၾကာင္း သိသိသာသာ သတိထားမိလိုက္သည္။

သူသည္ ေနာင္တ'တႀကီးျဖင့္ စုပ္သပ္လိုက္ကာ ေျခနင္းအခင္းကိုယူၿပီး သစ္သားၾကမ္းျပင္ေပၚရွိ အစြန္းအထင္းမ်ားကို သုတ္လိုက္ၿပီးေနာက္ ထိုအခင္းကိုအဝတ္ေလွ်ာ္စက္ထဲသို႔ပစ္ထည့္လိုက္သည္။

အဝတ္ေလွ်ာ္ခလုပ္ကို ႏွိပ္လိုက္ၿပီးသည့္အခါ ခ်ီေပၚယန္သည္ ေရခ်ိဳးခန္းတံခါးနားသို႔ေရာက္လာခဲ့သည္။ တံခါးကိုေလာ့မခ်ထားသျဖင့္ လက္ကိုင္ကို၂ခ်က္မွ်လွည့္လိုက္သည့္အခါ တံခါးပြင့္သြားခဲ့သည္။

မႈန္ဝါးဝါးေရေငြ႕မ်ားၾကား၌ က်ီးဝမ္သည္ မ်က္စိပႆဒျဖစ္လွေသာ အမွတ္အသားအရာမ်ားႏွင့္ ျပည့္ေနသည့္ သူ၏ေနာက္ေက်ာဘက္အား ေရေႏြးျဖင့္ေဆးေက်ာလို႔ေနသည္။ ထိုအရာမ်ားသည္ သြားရာမ်ားျဖစ္ကာ အခ်ိဳ႕သည္ ေသြးပင္ထြက္ေနၿပီး အခ်ိဳ႕မွာ ဒဏ္ရာမ်ားအျဖစ္ရွိေနကာ ဒဏ္ေပးျခင္းခံထားရသလိုမ်ိဳး ေနာက္ေက်ာတစ္ခု၌ အမွတ္အသားမ်ားျဖင့္ျပည့္လို႔ေနသည္။

က်ယ္ေျပာလွေသာ ပုခုံးျပင္က်ယ္၏ေအာက္ဘက္တြင္ သြယ္လွ်သည့္ခါးေလးရွိေနသည္။ က်ီးဝမ္၏ ခႏၶာကိုယ္အခ်ိဳးအစားကၿပီးျပည့္စုံကာ ေတာင္တင္းသည့္ႂကြက္သားရွိေနသည့္အတြက္ေၾကာင့္ ယခုအခ်ိန္၌ မတ္တပ္ေကာင္းေကာင္းရပ္ေနႏိုင္ျခင္းျဖစ္သည္။

သို႔ေသာ္ ေသခ်ာၾကည့္လွ်င္ က်ီးဝမ္၏ ေပါင္မ်ားက အနည္းငယ္တုန္ရီေနကာ ယခုလိုမ်ိဳး မတ္မတ္ရပ္ေနျခင္းက သူ႔အတြက္ဘယ္ေလာက္ပင္ခက္ခဲေၾကာင္း သက္ေသျပေနသလိုပင္။

က်ီးဝမ္က တံခါးဆီမွ လႈပ္ရွားသံကိုၾကားေသာ္လည္း အေနာက္သို႔ လွည့္မၾကည့္ခဲ့ေပ။ သို႔ေသာ္ ခ်ီေပၚယန္သာ အခုအခ်ိန္၌ estrus ျဖစ္လာပါက ေသခ်ာေပါက္ပင္ က်ီးဝမ္သည္ ထိုသူ႔အား တခ်က္ေလာက္ ခပ္ျပင္းျပင္းပိတ္ထိုး ပစ္လိုက္မည္ဟု အာမခံပါသည္။

ကံေကာင္းစြာျဖင့္ ခ်ီေပၚယန္က အေတာ္ကေလး ပါးနပ္သည္။ ေရခ်ိဳးသဘတ္ျဖင့္ က်ီးဝမ္ကိုၿခဳံေပးလိုက္ၿပီးေနာက္ ေနာက္ထပ္အပိုလုပ္ရပ္မ်ားကိုဆက္မလုပ္ပဲ က်ီးဝမ္ကိုေမးလိုက္သည္ " ကိုကို... အကူအညီလိုေသးလား?"

က်ီးဝမ္က မ်က္ႏွာေပၚရွိေရစက္မ်ားကို သဘတ္ျဖင့္သုတ္လိုက္သည္ " ေနာက္တစ္ခါ Susceptibilityကာလေရာက္ရင္ ကိုယ့္ဘာသာပဲေျဖရွင္းေတာ့... ငါ့ကိုလာဆြဲမထည့္နဲ႔"

ခ်ီေပၚယန္က အနည္းငယ္ၿပဳံးလိုက္ေသာ္လည္း က်ီးဝမ္၏စကားမ်ားကို သေဘာမတူေပ။ သူက အလိုက္သိစြာျဖင့္ ေရခ်ိဳးခန္းထဲမွထြက္သြားၿပီး အျပင္ဘက္၌ ပစၥည္းမ်ားကို သိမ္းဆည္းေနလိုက္သည္။

က်ီးဝမ္က ေရခ်ိဳးၿပီး အျပင္သို႔ထြက္လာသည့္အခါ ခ်ီေပၚယန္က ညစ္ေပေနသည့္ ကုတင္ေပၚရွိဝတ္စုံမ်ားကို တစ္ထည္ခ်င္းစီ ‌သပ္သပ္ရပ္ရပ္ေခါက္ေနေၾကာင္းေတြ႕လိုက္ရသည္ " မင္းဘာလုပ္ေနတာလဲ? "

ခ်ီေပၚယန္က လက္လႈပ္ရွားမႈကို မရပ္လိုက္ေပ " အခန္းရွင္းေနတာေလ"

ခ်ီေပၚယန္အိမ္အလုပ္လုပ္တာကို က်ီးဝမ္တစ္ခါမွမျမင္ဖူးေသာ္လည္း ထိုဝတ္စုံမ်ားအား စနစ္တက်ေခါက္ထားကာ အလြန္မွသပ္ရပ္ေနသည္။ က်ီးဝမ္က ထိုေနရာသို႔ေလွ်ာက္သြားလိုက္ၿပီး ဝတ္စုံတစ္စုံအား ေကာက္ယူလိုက္သည့္အခါ လက္ထဲ၌ စိုစြတ္မႈကိုခံစားလိုက္ရသည္ " ဘာ‌လို႔မေလွ်ာ္ပဲေခါက္ေနတာလဲ?"

ခ်ီေပၚယန္က က်ီးဝမ္၏ လက္ထဲရွိ ဝတ္စုံကို တစိုက္မတ္မတ္ၾကည့္ေနၿပီး သူ၏စိတ္ထဲမွ ဆႏၵရွိေနသည့္ တစ္ခုခုကိုေတာင္းဆိုၾကည့္သည္ " ကိုကို အဲ့တာကိုေလ...."
(T/N: မေန႔က သူတို႔ Sex လုပ္တုန္းက ခ်ီေပၚယန္က က်ီးဝမ္ကို ေက်ာင္းသားဝတ္စုံဝတ္ခိုင္းထားခဲ့တာပါ။ အခုလည္း ေနာက္ထပ္ဝတ္စုံတစ္စုံ ထပ္ဝတ္ျပဖို႔ေတာင္းဆိုေနတာပါ)

က်ီးဝမ္က သူ႔ကိုစကားဆုံးေအာင္ေျပာခြင့္ေတာင္မေပးေပ " မရဘူး!"

ခ်ီေပၚယန္:"ဒါေပမယ့္..."

က်ီးဝမ္:" ဘာမွ ဒါေပမမယ့္ဘူး!"

ခ်ီေပၚယန္က မေက်မနပ္ေျပာလာသည္ " Susceptibility ကာလမွာ ႏွလုံးသားေလးေနေကာင္းဖို႔ ကိုယ့္ပါတနာရဲ႕ အနံ႔အသက္ေတြစြဲကပ္ေနတဲ့ အဝတ္ေတြၾကားမွာေနရခ်င္တာက သဘာဝပဲေလ... ေလွ်ာ္လိုက္ရင္ ကိုကို႔ရဲ႕ Pheromoneနံ႔ေတြ ေပ်ာက္ကုန္မွာေပါ့"

က်ီးဝမ္က ဂ႐ုမစိုက္စြာျဖင့္ ခ်ီေပၚယန္၏လက္ထဲမွ အဝတ္မ်ားကိုဆြဲယူကာ ေလွ်ာ္စက္ရွိရာအခန္းထဲသို႔ ဝင္သြားလိုက္သည္။

ခ်ီေပၚယန္က သူ႔အေနာက္မွ လိုက္လာသည္ " ကိုကို ခါးနာေနတာကို ေလွ်ာက္သြားမေနနဲ႔ေလ... ဆန္ျပဳတ္ေသာက္ၿပီးအနားယူလိုက္"

အဝတ္ေလွ်ာ္စက္က မအားေသးသည္ကို ေတြ႕သည့္အခါ က်ီးဝမ္ကအဝတ္မ်ားကို ေရခ်ိဳးခန္းထဲသို႔ျပန္ယူလာကာ ေရခ်ိဳးကန္ထဲသို႔ပစ္ထည့္လိုက္ၿပီး ေရျဖင့္စိမ္ထားလိုက္သည္။

ခ်ီေပၚယန္က ရင္နာေနသည့္အမူအရာမ်ိဳးထုတ္ျပလာေသာ္လည္း က်ီးဝမ္ကို မဟန႔္တားရဲေပ။ ဒါ့ေၾကာင့္ ေဘးနားတြင္သာ တိတ္တဆိတ္ရပ္ၾကည့္ေနရသည္။

က်ီးဝမ္က အဝတ္မ်ားကိုၾကည့္လိုက္သည့္အခါ တညလုံးခ်ီေပၚယန္ေၾကာင့္ ထြက္ခဲ့သည့္ေဒါသမ်ားက ျမဴမႈန္မ်ားလိုပင္ အေဝးသို႔လြင့္ျပယ္သြားရသည္။

အမွန္အတိုင္းေျပာရလွ်င္ သူ႔ႏွလုံးသားထဲ၌ ေျခဖ်က္လို႔မရသည့္ အစိုင္အခဲတစ္ခုရွိေနခဲ့သည္။ ထိုအရာက ခ်ီေပၚယန္က ဒီႏွစ္ေတြအတြင္း တစ္ခါေလးေတာင္ သူ႔ဆီကိုေရာက္မလာခဲ့ျခင္းေၾကာင့္ျဖစ္သည္။

ခ်ီေပၚယန္က ထိုအခ်ိန္တုန္းကသာ သူႀကဳံေတြ႕ခဲ့ရသည့္ အမွန္တရားမ်ားကိုသာေျပာျပခဲ့လွ်င္ က်ီးဝမ္၏ႏွလုံးသားေရာ စိတ္ပါ အခ်စ္စိတ္မႊန္ေနခဲ့သျဖင့္ ခ်ီေပၚယန္၏စကားထဲမွဟာကြက္မ်ားကို သတိထားမိခဲ့မွာမဟုတ္ေပ။

ခ်ီေပၚယန္က က်ီးဝမ္ါား အမ်ားႀကီးေတြးၿပီးစိတ္မညစ္ေစခ်င္ေသာေၾကာင့္ျဖစ္ႏိုင္သည္။

သို႔ေသာ္လည္း သူ႔စိတ္ထဲ၌ သံသယတစ္ခုက အၿမဲရွိေန‌ခဲ့သည္။ ခ်ီေပၚယန္က ဘာေၾကာင့္အထင္လြဲခံခဲ့ရတာလဲ၊ ဘာေၾကာင့္မရွင္းျပခဲ့ရတာလဲ၊ သူတို႔ေနာက္တႀကိမ္ျပန္လည္ဆုံေတြခဲ့သည့္အခ်ိန္၌လည္း အတိတ္မွျဖစ္ပ်က္ခဲ့သည့္အရာအတြက္ ဘာေၾကာင့္တရားမွ်တမႈကို မရွာေဖြခဲ့ပဲ က်ီးဝမ္၏ ႐ိုင္းစိုင္းကာ ေအးစက္စက္အျပဳအမူမ်ားကို ၿငိမ္ခံေနခဲ့ရတာလဲ။

ေနာက္ဆုံး က်ီးဝမ္ဘက္မွ အဆုံးစြန္ထိဖိအားေပးလာမွသာ သူ႔အတိတ္အေၾကာင္းကို ဖြင့္ဟျပခဲ့သည္။

ဘယ္ေလာက္ေတာင္ က်ိဳးေၾကာင္းမညီၫႊတ္လိုက္သလဲ။ ခ်ီေပၚယန္က ထိုအေၾကာင္းေတြကို အမွန္အတိုင္းေျပာျပခဲ့လွ်င္ေတာင္ က်ီးဝမ္က သူ႔ကို ခြင့္မလႊတ္ေလာက္ဘူးဟုထင္ေနခဲ့တာလား။ က်ီးဝမ္ကို မယုံၾကည္ခဲ့တာလား?

ဒါမွမဟုတ္ ဖုံးကြယ္ထားတဲ့ တစုံတရာရွိေသးတာလား ...ဒါမွမဟုတ္...... အဆိုးဆုံးျဖစ္ႏိုင္တာက ခ်ီေပၚယန္က အရာအားလုံးကိုလိမ္ညာေျပာခဲ့တာလား?

ပူပန္ေနရသည့္ခံစားခ်က္တစ္ခုသည္ ေဖ်ာက္ဖ်က္လို႔မရႏိုင္ခဲ့ေပ။

ခ်ီေပၚယန္နဲ႔ အတူေနရန္အတြက္လိုအပ္သည့္အသုံးအေဆာင္မ်ားဝယ္ေပးျခင္း၊ လြန္ခဲ့သည့္ ၆ႏွစ္မွ လက္စြပ္အား ‌ခ်ီေပၚယန္အား ေပးခဲ့ျခင္း၊ ယမန္ေန႔ညက ခ်ီေပၚယန္ႏွင့္အတူေနခဲ့ျခင္း စသည့္အျပဳအမူမ်ားအားလုံးသည္ က်ီးဝမ္က သူ၏စိတ္ထဲမွပူပန္မႈမ်ားအား ေျဖရွင္းသည့္ နည္းလမ္းမ်ားျဖစ္သည္။

အျခားလူတစ္ေယာက္ကို မိမိႏွင့္ခ်ည္ေႏွာင္ရန္ လက္ေတြ႕ဆန္သည့္ လုပ္ေဆာင္ခ်က္မ်ားကို အသုံးျပဳရန္လိုအပ္သည္။

ခ်ီေပၚယန္က က်ီးဝမ္ဝတ္ဆင္ခဲ့သည့္ ဇာတ္ေကာင္အဝတ္အစားမ်ားကို စုေဆာင္းခဲ့သည္၊ လက္ေကာက္ဝတ္ေပၚ၌ သူ႔နာမည္ကိုဝွက္ထားသည့္ သံစဥ္ႏုတ္ဒ္ကို တက္တူးထိုးထားခဲ့သည္၊ သူလြမ္းေနခဲ့ေၾကာင္း ကြယ္ဝွက္ျခင္းမရွိဝန္ခံခဲ့သည္၊ အရာအားလုံးကိုပုံေအာ၍ က်ီးဝမ္အားပိုးပန္းခဲ့သည္၊ ၁၄ခုႏွစ္မွ လက္စြပ္အား က်ီးဝမ္၏ လက္၌ကိုယ္တိုင္ဝတ္ဆင္ေပးခဲ့သည္။

လြန္ခဲ့သည့္၆ႏွစ္ကတည္းက လက္စြပ္ကိုေပးအပ္ခဲ့ခ်င္ခဲ့သူမွာ က်ီးဝမ္တစ္ေယာက္တည္းေတာ့ ဟုတ္ပုံမရေပ။

ခ်ီေပၚယန္က သူ၁၈ႏွစ္ကတည္းက လက္ထပ္ခ်င္ခဲ့သည္ဟု ေျပာျပခဲ့ၿပီး ထိုရည္႐ြယ္ခ်က္၏ အဓိကဇာတ္လိုက္သည္ က်ီးဝမ္ပင္ျဖစ္လို႔ေနသည္။

ထိုအခ်က္မ်ားေၾကာင့္ ခ်ီေပၚယန္အေပၚ က်ီးဝမ္၏ယုံၾကည္မႈမ်ားက တရိပ္ရိပ္တိုးပြားလာျခင္းျဖစ္သည္။ ယခုအခိုက္အတန္႔သည္ သူတို႔ႏွစ္ဦး၏ပတ္သက္မႈကိုျပန္လည္စတင္ရန္ အေကာင္းဆုံးအခြင့္အေရးပင္။

ေနာက္ဆုံး၌ သူသည္ ခ်ီေပၚယန္စကားမ်ားကို ယုံၾကည္သြားႏိုင္ခဲ့သည္။ သူဂ႐ုမစိုက္ခဲ့ျခင္းမဟုတ္ပဲ ေရွ႕ဆက္မတိုးရဲခဲ့ျခင္းျဖစ္သည္။

မခ်စ္လို႔မဟုတ္ပဲ စိုးရိမ္ေၾကာင့္ၾကမႈႏွင့္ အေၾကာက္တရားတို႔က ႀကီးစိုးေနခဲ့ျခင္းေၾကာင့္သာျဖစ္သည္။

ခ်ီေပၚယန္ကလည္း သူ႔ထက္မေလ်ာ့သည့္ခ်စ္ျခင္းမ်ိဳးႏွင့္ ခ်စ္တယ္ဆိုတာကို သူယုံၾကည္သည္။

က်ီးဝမ္သည္ ေရခ်ိဳးကန္ထဲရွိ ဝတ္စုံမ်ားကိုၾကည့္မိသည္။ ခ်ီေပၚယန္က သူ႔ကိုမေမ့ႏိုင္ခဲ့သလို သူ႔နေဘး၌ တခ်ိန္လုံးေစာင့္ၾကည့္ေနခဲ့ၿပီး သူသ႐ုပ္ေဆာင္ခဲ့ဖူးသည့္ ဇာတ္ေကာင္မ်ား၏ ဝတ္စုံမ်ားကို တစ္ခုမက်န္စုေဆာင္းထားခဲ့သည္။

သူက ခ်ီေပၚယန္အား ေက်ာခိုင္းေနရာမွ ေနာက္သို႔လွည့္ၾကည့္လိုက္သည္ " မင္းရဲ႕ Susceptibilityကာလေရာက္ရင္ အဲ့သနားစရာအဝတ္ေတြကိုမဟုတ္ပဲ ငါ့ကိုဖက္ထားလို႔ရတယ္ေလ..."

"အဲ့ေတာ့... ေနာက္တစ္ႀကိမ္ ကြၽန္ေတာ့္ Susceptibilityကာလေရာက္ရင္လည္း... ကိုကိုကကြၽန္ေတာ္နဲ႔အတူေနေပးမွာလား?" ခ်ီေပၚယန္က အံ့ဩစြာေမးလိုက္သည္။

က်ီးဝမ္က အျငင္းစကားမဆိုေပ။

ခ်ီေပၚယန္က ႐ုတ္တရက္ သူ႔ကိုဆြဲကာ ရင္ခြင္ထဲ၌ဖက္ထားလိုက္သည္။ အားအရမ္းျပင္းသျဖင့္ နာက်င္ကိုက္ခဲေနသည့္ေနရာမ်ားအား ခ်ီေပၚယန္က ဖိမိလိုက္မိသည့္အခါ အနည္းငယ္ထုံက်င္သြားသည္။

တျဖည္းျဖည္းျဖင့္ က်ီးဝမ္၏ နားဖ်ားေဘးရွိ ခ်ီေပၚယန္၏ပါးျပင္မွာ နီရဲလာသည္။

ခ်ီေပၚယန္က အိပ္ရာေပၚေရာက္သည့္အခ်ိန္၌သာ ညစ္ညမ္းသည့္စကားမ်ားကိုေျပာတက္ေပမယ့္ မထင္မွတ္ထားသည့္ အျခားအခ်ိန္မ်ားမွာေတာ့ အၿမဲ႐ိုးသားျဖဴစင္ပုံစံမ်ိဳးျဖစ္ေနတက္သည္။

မ်က္ႏွာႏွစ္ဖက္နဲ႔ ဆြဲေဆာင္မႈအျပည့္ရွိတဲ့ ေကာင္စုတ္ေလး

က်ီးဝမ္က ခ်ီေပၚယန္၏ နားဖ်ားေလးကို အားအရမ္းမထည့္ပဲ ခပ္ဖြဖြေလးကိုက္လိုက္သည္ " ဒါေပမယ့္ ေနာက္တစ္ခါဆိုရင္ေတာ့ ေဆးေသာက္ရမယ္ေနာ္... ဒီတစ္ခါလိုမ်ိဳး ငါ့ကို ေအာက္ပိုင္းေသလုနီးပါးျဖစ္ေအာင္မလုပ္နဲ႔"

ခ်ီေပၚယန္၏ အသက္ရႈႏႈန္းမ်ားက ျမန္ဆန္ေနကာ ညကအျဖစ္အပ်က္မ်ားကို တဖန္ျပန္လည္အမွတ္ရသြားလားမသိေပ။ မၾကာခင္၌ ထိုသူကမွတ္မိသြားေၾကာင္း က်ီးဝမ္ေသခ်ာသိသြားသည္ အဘယ့္ေၾကာင့္ဆိုေသာ္ သူက က်ီးဝမ္ကိုတားဆီးေနေသာေၾကာင့္ျဖစ္သည္။

က်ီးဝမ္က ထိုသူအား ဂ႐ုမစိုက္စြာ တြန္းထုတ္လိုက္သည္။ ထို႔ေနာက္ သူဒီကိုလာတုန္းက ဝတ္ခဲ့သည့္အဝတ္အစားမ်ားကို ျပန္လည္ဝတ္ဆင္ရန္ျပင္လိုက္သည္။ မျပန္ခင္ အခန္းအားတစ္ခ်က္လွည့္ပတ္ၾကည့္ရႈလိုက္သည္။

ပတ္လက္လန္ေနသည့္ဆိုဖာ၊ ေနရာေ႐ြ႕ေနသည့္ အဝတ္ဘီဒို၊ လက္ေခ်ာင္းရာမ်ားျဖင့္ျပည့္ေနသည္ ၾကမ္းျပင္မွ မ်က္ႏွာက်က္ထိျမင့္သည့္ မွန္မ်ားကို အာ႐ုံစိုက္မိသြားသည္။

စုတ္ၿပဲေနသည့္ ေစာင္မ်ားႏွင့္ အိပ္ရာကိုေတာ့ ေျပာေနစရာမလိုေတာ့ေခ်။ ကုတင္ေခါင္းရင္းအကာသည္ အနည္းငယ္ တြန္းတိုက္ခံထားရသလိုမ်ိဳး နံရံတြင္လည္း အစင္းရာမ်ားရွိေနျပန္သည္။

က်ီးဝမ္သည္ အခန္း၏ ေနာက္ဆုံးအေျခအေနကိုၾကည့္မိသည့္အခါ ပါးျပင္မ်ားနီရဲလာရၿပီး တိုင္ဖြန္းမုန္တိုင္းတိုက္ခံလိုက္သည့္ အခန္းေလးအတြက္ စိတ္မေကာင္းျဖစ္မိသြားသည္။

" ဒီအိမ္က ကုမၸဏီက မင္းအတြက္ငွားေပးထားတဲ့အိမ္လား?...  အိမ္ရဲ႕ပရိေဘာဂေတြကို မင္း ျပန္အေလ်ာ္ေပးရေတာ့မွာ‌ပဲ" က်ီးဝမ္က ကုန္က်စရိတ္ကိုတြက္ခ်က္ကာ တဝက္စိုက္ေပးရန္ စဥ္းစားလိုက္သည္။

ခ်ီေပၚယန္က ဆိုဖာကို ျပန္လွန္ကာ ထိုင္ခ်လိုက္သည္ " ဒါက ကြၽန္ေတာ္ပိုင္တာ"

" ကြၽန္ေတာ္က အျခားတစ္ေယာက္ေယာက္ရဲ႕ အိပ္ရာေပၚမွာ ကိုကိုနဲ႔အတူ အိပ္စရာလား?" က်ီးဝမ္က ထူးဆန္းသည့္တစ္စုံတစ္ခုကိုေျပာလိုက္သလိုမ်ိဳး ခ်ီေပၚယန္က အံ့အားသင့္သြားသည္။

ထိုအရာေၾကာင့္ က်ီးဝမ္၏ ခံစားခ်က္မ်ားက ရႈပ္ေထြးသြားရသည္။ သူကေတာ့ အိမ္ဝယ္ထားသည့္ ေငြအေက်ေခ်ဖို႔ရန္ ႐ုန္းကန္ေနရသည့္အခ်ိန္၌ ခ်ီေပၚယန္ကေတာ့  သူပိုင္ဆိုင္သည့္ ကိုယ္ပိုင္နယ္ေျမထဲ၌ က်ီးဝမ္ကို လုပ္လိုက္ၿပီးျဖစ္သည္။

က်ီးဝမ္က အကိုက္အခဲေပ်ာက္ေဆးေသာက္ကာ နာက်င္မႈမ်ားအျမန္သက္သာရန္ ဂႏၶမာပန္းထဲသို႔လည္း ေဆးေတာင့္ထည့္ထားၿပီျဖစ္သည္။

ထိုအျပဳအမူမ်ားအားလုံးကို ခ်ီေပၚယန္၏အေရွ႕တြင္သာ လုပ္ေဆာင္ခဲ့ျခင္းျဖစ္ၿပီး တဖက္သူ၏ ေတာက္ေလာက္ေနေသာ အၾကည့္မ်ားႏွင့္ အကူအညီေပးခ်င္ေနေသာ စိတ္ဆႏၵမ်ားကို လ်စ္လ်ဴရႈထားလိုက္သည္။

က်ီးဝမ္က ေဘာင္းဘီဝတ္လိုက္ၿပီး ခပ္တည္တည္ျဖင့္ အျပင္သို႔ထြက္ရန္ျပင္လိုက္သည့္အခါ ခ်ီေပၚယန္က အေနာက္မွ အသည္းအသန္လိုက္လာသည္ " ကြၽန္ေတာ္လည္း ကိုကိုနဲ႔အတူတူသြားမယ္"

က်ီးဝမ္:"မရဘူး"

ခ်ီေပၚယန္က ႏႈတ္ခမ္းတင္းတင္းေစ့လိုက္ကာ က်ီးဝမ္အား စိတ္ရႈပ္ေနေသာအမူအရာမ်ိဳးျဖင့္ၾကည့္လာသည္ " အိပ္ရာထ'ထခ်င္းတုန္းကေတာ့ မလႈပ္ႏိုင္ဘူးဆိုၿပီး... အခုေတာ့ ေကာင္းသြားၿပီလား?"

က်ီးဝမ္၏ ႏႈတ္ခမ္းေထာင့္မ်ားက တြန႔္ေကြးသြားကာ ခ်ီေပၚယန္၏ေမးဖ်ားအား လွမ္းကိုင္လိုက္သည္ " ဒီေန႔ ငါ႐ိုက္ကူးေရးရွိမွန္းသိလို႔... အိပ္ရာေပၚကဆင္းလို႔မရေအာင္ လုပ္ခ်င္ေနတာမလား?"

ထိုအခါ ခ်ီေပၚယန္မ်က္လုံးမ်ားက အၾကည့္လႊဲသြားသည္ " မဟုတ္ပါဘူး... Susceptibilityကာလ ေၾကာင့္မို႔လို႔ပါ... ကြၽန္ေတာ္လည္း မတက္ႏိုင္ဘူးေလ"

က်ီးဝမ္က ခ်ီေပၚယန္ေမးဖ်ားကို လႊတ္မေပးပဲ ပို၍အားထည့္ကာ ညႇစ္လိုက္သည္ " ငါ့ကိုစိတ္တိုေအာင္မလုပ္နဲ႔... မင္းမေန႔ညက ကြန္ဒုံးမသုံးခဲ့တဲ့အျပင္ အထဲမွာပဲၿပီးလိုက္တာကို ငါမွတ္မိတယ္ေနာ္"

သူ႔ကို သန႔္ရွင္းေရးေတာင္ မလုပ္ေပးခဲ့ေပ။

ခ်ီေပၚယန္က အဆူခံလိုက္ရသျဖင့္ မ်က္ခုံးမ်ားေျပေလ်ာ့သြားကာ နား႐ြက္ေလးမ်ား ၿငိမ္ကုတ္သြားၿပီး စကားမေျပာရဲေတာ့ေပ။

က်ီးဝမ္က လက္လႊတ္လိုက္သည့္အခါ ခ်ီေပၚယန္၏ ၾကည္လင္ေနသည့္ အသားအေရေပၚ၌ အနီေရာင္လက္ေခ်ာင္းရာမ်ားက်န္ရစ္ခဲ့သည္။ ထို႔ေနာက္ က်ီးဝမ္က သတိေပးလိုက္သည္ " ငါ့ေနာက္ကလိုက္မလာနဲ႔ ... ေကာင္စုတ္ေလး"

က်ီးဝမ္ ဗီလာထဲမွထြက္လာသည့္အခါ၌ သူ၏ခႏၶာကိုယ္က ေျဖာင့္မတ္ေနကာ လည္ပင္း၌ မည္သည့္အမွတ္အသားမွရွိမေနေပ။

လိဖုန္း၏ စိတ္ပူပန္ေနသည့္အၾကည့္မ်ားက သူ႔(က်ီးဝမ္)ခႏၶာကိုယ္ေပၚသို႔ေရာက္လာသည့္အခါ သူ(လိဖုန္း)က အံ့ဩမွင္သက္သြားၿပီးေနာက္ ေလးစား‌ၾကည္ညိဳသြားပုံရသည္။

က်ီးဝမ္က မသက္မသာျဖင့္ေျပာလိုက္သည္ " ငါ ဟိုတယ္ကို အရင္ျပန္ႏွင့္မယ္... မင္းေနာက္မွလိုက္လာခဲ့"

ေရွာင္႐ႊိက သူ႔ကိုလာေခၚခဲ့ၿပီး က်ီးဝမ္ကားထဲသို႔ေရာက္လာသည့္အခါ ေရွာင္႐ႊိ၏ မ်က္လုံးမ်ားက ေလဆာလိုပင္ က်ီးဝမ္ခႏၶာကိုယ္အား အထက္ေအာက္ႏွံ႔ေအာင္ စစ္ေဆးၾကည့္ရႈလို႔ေနသည္။

က်ီးဝမ္က ရွက္႐ြံ႕စြာေျပာလိုက္သည္ " မၾကည့္နဲ႔ေတာ့... ကားကိုသာ ဂ႐ုစိုက္ေမာင္း"

ေရွာင္႐ႊိက ဟြန္႔ကနဲႏွာမႈတ္ကာ ကားကို ခ်က္ျခင္းစက္မႏႈိးပဲ ေဘးခုံတြင္ရွိေနသည့္ ဖင္ထိုင္ကူရွင္ကို က်ီးဝမ္အား တုန္တုန္ယင္ယင္ျဖင့္ လွမ္းေပးလိုက္သည္။

ေနၾကာပုံစံျဖင့္ ဖင္ထိုင္ကူရွင္၏အလယ္၌အေပါက္ေလးရွိေနၿပီး ေရွာင္႐ႊိက က်ီးဝမ္အတြက္ အထူးစဥ္းစားျပင္ဆင္ေပးခဲ့တာျဖစ္သည္။

က်ီးဝမ္က ဘာမွျပန္မေျပာပဲ သူ၏ဂုဏ္သိကၡာကိုပဲဆက္ထိန္းရမလား ဒါမွမဟုတ္ ထိုကူရွင္ကို လက္ခံလိုက္ရမလား မသိေတာ့ေပ။

သူက မလႈပ္ရွားသည္ကိုေတြ႕ေသာအခါ ေရွာင္႐ႊိက စိတ္သက္သာရာရစြာ သက္ျပင္းခ်လိုက္သည္။ ထို႔ေနာက္  အားျဖည့္ေဆးထုတ္ကို ထုတ္ေပးလာသည္။ အနီေရာင္အထုတ္ေပၚ၌ *ရွစ္ခြၽင္းသာ့ဘူထန္ ဟု‌႐ိုက္ႏွိပ္ထားၿပီး ေရွာင္႐ႊိက ေလးစားသည့္အမူအရာမ်ိဳးျဖင့္ က်ီးဝမ္ကို ေျပာလိုက္သည္ " ပင္ပန္းေနတယ္မလား... တစ္ထုတ္ေလာက္ျမန္ျမန္ေသာက္ၿပီး ခႏၶာကိုယ္ကိုအားျပန္ျဖည့္လိုက္"

(ရွစ္ခြၽင္းသာ့ဘူထန္ = ေဆးဖက္ဝင္သစ္ဥသစ္ဖုေတြနဲ႔ ႀကိဳခ်က္ထားတဲ့ အားျဖည့္ေဆး)

စိတ္အားထက္သန္ေသာ အၾကည့္မ်ားႏွင့္ ဂုဏ္ယူေနေသာအသံျဖင့္ေျပာလာသည္။

ေရွာင္႐ႊိ၏ မ်က္ႏွာေပၚ၌ ငါ့အစ္ကိုဝမ္က အရမ္းေလးစားဖို႔ေကာင္းတယ္ ဟုမေရးထား႐ုံတမယ္ပင္။

---------------------

T/N: Susceptibilityကာလေရာက္ေနတဲ့ ခ်ီေပၚယန္နဲ႔ တညတူတူေနၿပီးတာေတာင္ က်ီးဝမ္ကေအးေဆးျဖစ္ေနလို႔ လိဖုန္းနဲ႔ေရွာင္႐ႊိက ေလးစားေနတာ။
ဟိုက လမ္းေတာင္မနည္းေလွ်ာက္ေနရတာကို သူတို႔မသိဘူး🤣

ေက်းဇူးပါ💚

6-05-2022

 

Continue Reading

You'll Also Like

951K 162K 110
Start Date_-_ 1.5.2021 End Date_-_9.1.2022 Novel name- If you don't Fall In Love you'll die Author _-_ Long Qi Total Chapter _-_ 91chapter + 14 Extra...
572K 66.4K 193
.Love Story At Starry Night (明日星程))MM Translation. Oringinal Author 金刚圈 COO ...135Chapters +15Extras+2 NewExtra Public by Chang Pei Publish date 2018...
153K 22.4K 36
Title - 又被前男友盯上了(Be watched by my Ex again) Author - 橘猫哥哥(Ju Mao Gege) Status - 183 chapters + 36 extras Here, I will upload the extra stories from t...
2.4M 153K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...