Ch(174+175)
Chapter(174)
ကိုယ်မင်းကိုမလိမ်ချင်ဘူး(1)
"ခင်ဗျားက ကိုယ့်ကိုကိုယ်အထင်ကြီးနေတာဘဲ"
အရင်ဘဝတုန်းက သူက တကယ်ကိုဘဲ ဟေးရွမ်ရီကို ပထမဆုံးမြင်တဲ့အချိန်တုန်းက သဘောကျခဲ့တယ်။ဒါပေမဲ့သူက ဘယ်တော့ကမှ ဟေးရွမ်ရီရဲ့ချောမောတဲ့ရုပ်ရည်ကြောင့် သူ့သဘောထားကို မပြောင်းလဲခဲ့ဘူး။
ဒါပေမဲ့ သူကလွှဲလို့ တခြားသူတွေက သူ့ကိုနှစ်သက်ကြမှာ အမှန်ဖြစ်တယ်။ဒါပေမဲ့လည်း ဒါက အရင်ဘဝတုန်းက ဖြစ်ပျက်ခဲ့တာတွေသာဖြစ်တယ်။တစ်ယောက်ကမှ ဒါကို ယုံကြည်နိုင်မှာမဟုတ်ဘူး။အများအားဖြင့် ဟေးရွမ်ရီရဲ့ဆွဲဆောင်မှုကနေ လွတ်မြှောက်ဖို့မဖြစ်နိုင်ဘူး။
ဟေးရွမ်ရီက နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ဝူရုန်ကို စိုက်ကြည့်လိုက်တယ်။
ဝူရုန်က ဟန်လုပ်ချောင်းဟန့်ပြီးပြောလိုက်တယ်"ကောင်းပြီ...ကျွန်တော် ခင်ဗျားရဲ့လုပ်ရပ်ကို နားလည်ပေးနိုင်တယ်။ဒါပေမဲ့ ခင်ဗျား ဝူဝေ့ရွယ်ကို လက်မထပ်ချင်ဘူးဆိုရင်တောင် ခင်ဗျား ကျွန်တော့်ထက်ပိုသင့်တော်တဲ့တစ်ယောက်ကို ရွေးချယ်လို့ရတယ်လေ။ဒါပေမဲ့ ဘာာကြောင့် ကျွန်တော့်ကို လက်ထပ်ရတာလဲ?အရင်တုန်းက ကျွန်တော်က အရမ်းဝနေတာတောင်မှလေ"
နောက်ဆုံးမှာတော့ သူက ဒီမေးခွန်းကိုမေးဖို့ အခွင့်အရေးရလာပြီ။
"ကိုယ် မင်းကိုမလိမ်ချင်ဘူး။ဒါကြောင့် ကိုယ် အိမ်ပြန်ရောက်ပြီးတစ်ချိန်ကျရင်တော့ ကိုယ်မင်းကိုပြောပြမှာပါ"ဟေးရွမ်ရီကပြောလိုက်တယ်။
သူက အမှန်တရားရဲ့တစ်စိတ်တစ်ပိုင်းကို ပြောလိုက်ရင် ဝူရုန်ကယုံကြည်မှာမဟုတ်ဘဲ သူကလည်းအရာအားလုံးကို ပြောပြဖို့မဖြစ်နိုင်သေးဘူး။
ဝူရုန်က ခေါင်းငုံ့လိုက်တယ်။
ဒါဆိုဟေးရွမ်ရီက သူ့ကို လက်ထပ်ခဲ့တာက တစ်ချို့သောရည်ရွယ်ချက်တွေရှိနေတာလား?
တစ်ချိန်ထဲမှာ သူကောက်ချက်ချမိတာက ဘာကြောင့် အခုသူက စိတ်မသက်မသာဖြစ်သလို ခံစားရတာလဲ?
ဟေးရွမ်ရီရဲ့ခံစားချက်မရှိတဲ့မျက်နှာက ဝူရုန်ရဲ့စိတ်ပျက်နေတဲ့အမူအရာကြောင့် အနည်းငယ်စိုးရိမ်ဟန်ပေါ်လာပြီးပြောလိုက်တယ်"ကိုယ် အခုချိန်မှာဘမင်းကိုမပြောပြနိုင်သေးဘူး။ဒါပေမဲ့ကိုယ် မင်းနဲ့မင်းမိသားစုကို မထခိုက်စေရဘူးလို့ကတိပေးတယ်"
ဝူရုန်က သူ့ကိုမော့ကြည့်လိုက်တယ်။
ဟေးရွမ်ရီက သူ့ကိုလိမ်မှာမဟုတ်ဘူး။သူကလည်း ဟေးရွမ်ရီကိုယုံကြည်သင့်လား?
"မင်းတို့ဒီမှာဘာလုပ်နေတာလဲ?"ဟေးရွမ်ထန်က ဟေးရွမ်ရီနှင့်ဝူရုန်က လမ်းလည်မှာရပ်နေတာကြောင့် သူက ရထားလုံးကိုရပ်၍ ဆင်းလာပြီးမေးလိုက်တယ်။
"အကိုကြီး မင်းနောက်ဆုံးတော့ ရုပ်ဆုံးတဲ့မျက်နှာတုကို ဖယ်လိုက်ပြီဘဲ"သူက သူ့အကိုကြီးရဲ့မျက်နှာဖုံးကိုခွာချထားတာကြောင့် အံ့သြသွားတယ်။
ဒါကဘဲ ဒီနားမှာ လူတွေစုရုံးနေတဲ့အကြောင်းပြချက်ဖြစ်တယ်။သူတို့က သူ့အကိုကြီးနဲ့မရီးကိုကြည့်နေကြတာလေ။သူကကြွားပြောတာမဟုတ်ပေမဲ့ တကယ်ကိုဘဲ သူ့အကိုကြီးလို ကမ္ဘာပေါ်မှာကြည့်အကောင်းဆုံးယောကျာ်းတစ်ယောက်အတွက် မရီးလိုလှပတဲ့လူကသာ အလိုက်ဖက်ဆုံးစုံတွဲဖြစ်တယ်။
ဝူရုန်နှင့်ဟေးရွမ်ရီက တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြတာကြောင့် ဟေးရွမ်ထန်က သူတို့ကိုကြည့်နေတာကို သတိမပြုမိပါဘူး။
ဟေးရွမ်ထန်က ဒါကြောင့်တစ်ခုခု မှားနေမှန်းသတိပြုမိတယ်။သူက ဝူရုန်က သူ့အကိုကြီးက မျက်နှာတုဝတ်ဆင်ထားတာကို မပြောခဲ့တာကြောင့် ဝမ်းနည်းနေတာဖြစ်လိမ့်မယ်လို့ ခန့်မှန်းလိုက်တယ်။ဒါကြောင့်သူက သူတို့ကိုပြေလည်အောင် ရှင်းပြပေးလိုက်တယ်"ကျေးဇူးပြုပြီး...ငါ့အကိုကြီးကို ခွင့်လွတ်ပေးလိုက်ပါ။သူက သူ့ကိုလူတွေစိုက်ကြည့်တာကို မနှစ်သက်ဘူး။သူကမျက်နှာတုကို ဝတ်ဆင်ထားတာက သူက မင်းသူ့မျက်နှာကြောင့် ကြိုက်သွားတာမျိုး မဖြစ်ချင်လို့ပါ"
ဝူရုန်က မျက်နှာဖုံးကို သိုလှောင်နေရာထဲထည့်လိုက်ပြီးနောက် ဟေးရွမ်ရီထံက အကြည့်လွှဲပြီးဟေးရွမ်ထန်ကိုမေးလိုက်တယ်"ဥကလေး ဘယ်မှာလဲ?"
"သူတို့က အဲဒီမှာ အစားအစာတွေဝယ်နေတုန်းဘဲ"ဟေးရွမ်ထန်ကပြောလိုက်တယ်။
သူက ဒီနေရာမှာ လူတွေစုရုံးနေတာကြောင့် လာခဲ့တာဖြစ်တယ်။ဒါပေမဲ့ သူက ဒီနေရာမှာ သူ့ရဲ့အကိုနှင့်ဝူရုန်ကိုတွေ့ရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။
ဝူရုန်က ချက်ချင်းဘဲ လှည့်ထွက်သွားလိုက်တယ်။
ဟေးရွမ်ထန်က ဟေးရွမ်ရီကိုတားပြီးမေးလိုက်တယ်"သူ အကိုကြီးကို စိတ်ဆိုးနေတာလား?"
"အင်း"ဟေးရွမ်ရီက မျက်မှောင်ကြုတ်ပြီးပြောလိုက်တယ်"သူ ငါ့ကိုဘာကြောင့်လက်ထပ်ခဲ့တာလဲလို့မေးတယ်"
"သူ့ကိုမင်းပြောပြလိုက်လား?"ဟေးရွမ်ထန်က ထိတ်လန့်စွာပြောလိုက်တယ်။
"မပြောဘူး"
"ကောင်းတယ်။ကောင်းတယ်"ဟေးရွမ်ထန်က စိတ်သက်သာရာရသွားတယ်"တကယ်လို့မင်းပြောလိုက်ရင် သူငါတို့နဲ့အတူလိုက်ပြန်မှာမဟုတ်ဘူး။ဒါဆို မင်းရဲ့အားစိုက်မှုက ဘာမှအကျိုးမှ ရှိတော့မှာမဟုတ်ဘူး"
ဟေးရွမ်ရီက သူ့ကိုအေးစက်စွာစိုက်ကြည့်လိုက်တယ်။
"တောင်းပန်ပါတယ်... ဒါပေမဲ့ ကျွန်တော်စိုးရိမ်နေတုန်းဘဲ...မင်း မပြောခဲ့ရင်တောင် သူက မင်းဘာကြောင့် သူ့လိုဝတုတ်နေတဲ့သူကို လက်ထပ်ခဲ့တာလဲဆိုတာ မေးမှာဘဲ"
"ငါသိတယ်"
"ဒါပေမဲ့မင်းကခြားနားတယ်။မင်းက...."ဟေးရွမ်ထန်က ဆက်မပြောနိုင်တော့ဘူး။
ဟေးရွမ်ရီက သူပြောတာကိုနားမထောင်တော့ဘဲ ဝူရုန့်နောက်ကိုလိုက်သွားလိုက်တယ်။
**************************************************************
Chapter(175)
ကိုယ်မင်းကိုမလိမ်ချင်ဘူး(2)
ဝူရုန်က ဥကလေးကိုတွေ့ပြီးချိန်မှာ ဝူရှိတို့ကိုသွားရှာဖို့ ကျောက်မြတ်ရတနာဆိုင်ကိုသွားခဲ့ပြီး နောက်တော့ ဥကလေးအတွက် ယောကျာ်းလေးဝတ်အဆင်တန်ဆာအနည်းငယ်ကိုလည်း ဝယ်ယူခဲ့တယ်။အင်ပါယာမြို့တော်မှာနေထိုင်တဲ့ ကလေးအများစုက အဆင်တန်ဆာတွေကိုဝတ်ဆင်ကြတယ်။ဒါကြောင့် သူ့သားကလည်း တစ်ချို့တစ်လေကိုဝတ်ဆင်သင့်တယ်။
ကျောက်မြတ်ရတနာဆိုင်ထဲကိုရောက်တော့ သူက အရွယ်ရောက်သူတွေဝတ်ဆင်တဲ့အဆင်တန်ဆာအနည်းငယ်နှင့် ဥကလေးအတွက် ငွေချူလုံးလေးတွေနှင့်လုပ်ထားတဲ့ အဆင်တန်ဆာအစုံလိုက်ကို ဝယ်လိုက်တယ်။အစုံလိုက်မှာ အိုင်တမ်တစ်ခုစီတိုင်းဖြစ်တဲ့ လက်ကောက် လည်ဆွဲ ခြေချင်း ဆံပင်ပတ် ခါးပတ် အားလုံးမှာ ချူလေးတွေပါဝင်ပြီး လှုပ်ရှားတဲ့အချိန်တိုင်းမှာ အသံကြည်ကြည်လေးတွေ ထွက်ပေါ်နိုင်တယ်။
ဟေးဂန်းကလည်း ဒီငွေချူလေးတွေပါဝင်တဲ့အဆင်တန်ဆာအစုံလိုက်ကိုတွေ့တော့ စိတ်ကျေနပ်သွားတယ်။အကြောင်းရင်းကတော့ သူ ဥကလေးကို ရှာဖို့ခက်ခဲတော့မှာမဟုတ်တာကြောင့်ဖြစ်တယ်။
ဝူရှိနှင့်ဂေါင်တုန်ကလည်း ဥကလေးက လှုပ်ရှားလိုက်တဲ့အချိန်တိုင်းမှာ တချွင်ချွင်မြည်နေတာကို သဘောကျနေတယ်။သူတို့က ဥကလေးကို ပွေ့ချီပြီး သူတို့က ဥကလေးရဲ့ပါးကိုနမ်းလိုက်ကြတယ်။
ဝူချွင်ချင်က သူ့ဇနီး ပျော်ရွှင်နေတာကိုကြည့်လိုက်ပြီး ဝူရုန်ကိုမေးလိုက်တယ်"ရွမ်ရီကဘယ်မှာလဲ?"
ဝူရုန်က သူ့ဘေးမှာရှိနေတဲ့ ဟေးရွမ်ရီကိုကြည့်လိုက်တယ်။
"အဖေ ကျွန်တော်ဒီမှာ"ဟေးရွမ်ရီကပြောလိုက်တယ်။
ဝူချွင်ချင်က ဥကလေးနှင့်တူတဲ့ အမျိုးသားကိုကြည့်ပြီး အံ့သြသွားတယ်။ဒီချောတေဲ့အမျိုးသား သူ့သားမက်လား?
ဝူရှိနှင့်ဂေါင်တုန်လည်း ထိတ်လန့်သွားတယ်။သူတို့က ဥကလေးကိုတစ်လှည့် ဟေးရွမ်ရီကိုတစ်လှည့်ကြည့်လိုက်ကြတယ်။
"အဖေ ကျွန်တော် ဒီအကြောင်းကိုနောက်မှပြောပြမယ်"ဝူရုန်ကပြောလိုက်တယ်။
ဝူချွင်ချင်က သတိပြန်ဝင်လာပြီး ခေါင်းငြိမ့်ပြီးပြောလိုက်တယ်"အင်း ငါတို့...ငါတို့လိုအပ်တာအားလုံးရပြီ။မင်းကရော ဘယ်လိုလဲ?"
"ရပြီ"
လူတိုင်းက သူတို့ဝယ်ထားတဲ့ပစ္စည်းအမျိုးမျိုးကို သယ်ဆောင်ပြီး ရထားလုံးရှိရာကိုပြန်လာခဲ့တယ်။ဝူချွင်ချင် ဂေါင်တုန် ဝူရှိနှင့်ဝူရုန်တို့က ညာဘက်မှာထိုင်လိုက်ပြီး အခြားတစ်ဖက်မှာထိုင်နေတဲ့ ဟေးရွမ်ရီကို စိုက်ကြည့်လိုက်ကြတယ်။
ဟေးရွမ်ထန်က သူ့အကိုအတွက် မျက်နှာတုတပ်ဆင်ထားတဲ့ပြသနာအကြောင်းကို ရှင်းပြလိုက်တယ်။
ဝူရှိက သူ့ပေါင်ပေါ်မှာထိုင်ပြီး ချိုချဉ်စုပ်နေတဲ့ ဥကလေးကို ကြည့်ပြီးနောက် ဟေးရွမ်ရီ၏လက်မောင်းထဲမှာထည့်ပေးပြီး ပြောလိုက်တယ်"ဥကလေးက ခဲအိုနဲ့အရမ်းတူတယ်"
"မင်းရဲ့သားလား?"ဝူချွင်ချင်က ဟေးရွမ်ရီကိုမေးလိုက်တယ်။
"ဟုတ်တယ်"ဟေးရွမ်ရီကပြောလိုက်တယ်။
"ကျွန်တော်ရဲ့သားလည်းဟုတ်တယ်"ဝူရုန်ကပြောလိုက်တယ်။
ဝူချွင်ချင်က သက်ပြင်းချရုံသာတတ်နိုင်တယ်။သူ့သားက ဟေးရွမ်ရီမျက်နှာတုဝတ်ဆင်ထားတာကို စိတ်မဆိုးကတည်းက သူကလည်း ယောက္ခထီးတစ်ယောက်အနေဖြင့် ဟေးရွမ်ရီကိုပြောစရာအကြောင်းမရှိဘူး။
ရထားလုံးထဲမှာ တိတ်ဆိတ်နေပြီး လေထုက လေးလံထိုင်းမှိုင်းလာတာကြောင့် ဂေါင်တုန်က ခေါင်းစောင်းသရဖူတစ်ခုကို ထုတ်ယူပြီးပြောလိုက်တယ်"ရွမ်ရီ မင်းနဲ့ရုန်အာ လက်ထပ်ထားတာနှစ်ဝက်လောက်ရှိပေမဲ့ ငါတို့က မင်းကိုဘာလက်ဆောင်မှမပေးရသေးဘူး။မင်းအတွက် ငါတို့ ဒီသရဖူကိုရွေးပေးထားတယ်။ဒါကို မင်းကြိုက်မယ်လို့မျှော်လင့်တယ်"
ဒီသရဖူက ငွေနှင့်အနားကွတ်ထားပြီး အလည်မှာတော့ အနက်ရောင်စိန်ကိုမြှုပ်ထားပြီး ဟေးရွမ်ရီလိုအနက်ရောင်ကို ဝတ်ဆင်တတ်သူနှင့်လိုက်ဖက်ညီတယ်။
ဟေးရွမ်ရီက သရဖူကိုယူပြီး ကျေးဇူးတင်လိုက်တယ်"ကျေးဇူးတင်ပါတယ်။ကျွန်တော် ဒါကိုအရမ်းနှစ်သက်တယ်"
"ဒါကောင်းတယ်"ဂေါင်တုန်ကပြုံးပြီးပြောလိုက်တယ်။
ဟေးရွမ်ထန်က သရဖူကိုကြည့်လိုက်ပြီးနောက် သူကဟဂေါင်တုန်ကိုကြည့်ပြီးမေးလိုက်တယ်"ကျွန်တော့်ရဲ့လက်ဆောင်ကရော ဘယ်မှာလဲ?"
ဂေါင်တုန်ရဲ့မျက်လုံးထဲမှာတော့ ဒီလူငယ်လေးဟေးရွမ်ထန်က ကလေးတစ်ယောက်သာဖြစ်တယ်။သူမကပြုံးပြီး ဟေးရွမ်ထန်အတွက် ဝယ်ထားတဲ့ပိုပြီးအရောင်အသွေးစုံတဲ့ သရဖူခေါင်းစောင်းတစ်ခုကို ထုတ်ယူပြီးပြောလိုက်တယ်"ရွမ်ထန် ငါတို့က မင်းအကြိုက်ကို မသိတာကြောင့် ဒီတစ်ခုကို မင်းအတွက်ရွေးခဲ့တယ်"
ဟေးရွမ်ထန်က သရဖူကိုယူပြီးပြုံးဖြဲဖြဲနှင့်ပြောလိုက်တယ်"ကျွန်တော်က ဒါကိုကြိုက်တယ်။အရမ်းကိုဘဲ"
ဝူရှိက သူ့အပြုအမူကိုစိတ်ဝင်စားစွာကြည့်ပြီး ရယ်မောလိုက်တယ်။
ဝူရုန်က သူ့မိဘတွေနှင့် သူ့ညီမအတွက် ဝယ်ခဲ့တဲ့လက်ဆောင်တွေ ကို ပေးပြီးနောက် သူက ဟေးရွမ်ထန် ဟေးရှင်း ဟေးဂန်းနှင့်ကျင်းရှင်တို့အတွက်ပေးလိုက်တယ်။သူက ဟေးရွမ်ရီတစ်ယောက်ထဲကိုသာ ချန်ထားပြီး ဘာမှမပေးခဲ့ဘူး။
ဟေးရွမ်ရီက သူ့ကိုစိုက်ကြည့်လိုက်တယ်။
ဟေးရွမ်ထန်က သူ့အကိုကြီးအစားမေးပေးလိုက်တယ်"ငါ့အကိုကြီးအတွက်ရော"
"သူ့အတွက်မပါဘူး"
"......."ဟေးရွမ်ရီ
ရထားလုံးရောက်သွားတဲ့အချိန်မှာတော့ ဟေးရွမ်ထန်က ဟေးရွမ်ရီကိုအသံတိုးတိုးနဲ့ပြောလိုက်တယ်"သူ့ကိုကြည့်ရတာ မင်းကိုစိတ်ဆိုးနေသလိုဘဲ။မင်းဘယ်လိုလုပ်မလဲ?"
"......."ဟေးရွမ်ရီ
သူကဘာလုပ်ရမလဲဆိုတာ မသိပါဘူး။သူက ဟေးရွမ်ထန်လိုမျိုး အခြားသူတွေကို စိတ်ကျေနပ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာမသိပါဘူး။
ညစာစားတဲ့အချိန်မှာလည်း ဝူရုန်က ဟေးရွမ်ရီကိုတစ်ချက်မှ မကြည့်သလို စကားလည်းမပြောပါဘူး။သူတို့က ညစာစားပြီးသည့်နောက်မှာတော့ ဝူရုန်ထွက်သွားပြီး ညသန်းခေါင်လောက်မှ သူတို့ရဲ့အိပ်ခန်းထဲကိုပြန်လာခဲ့တယ်။
ဝူရုန်က အိပ်ရာပေါ်မှာ စာအုပ်ဖတ်နေတဲ့ ဟေးရွမ်ရီကို လျစ်လျူရှူပြီး သူကအိရာပေါ်ကို တက်လာလိုက်တယ်။
ဒီအချိန်မှာတော့ ဟေးရွမ်ရီက ချက်ချင်းဘဲ ဝူရုန်ရဲ့ခါးကိုဆွဲဖက်လိုက်တယ်။
"ကျွန်တော့်ကိုလွတ်ပေး"ဝူရုန်ကဟေးရွမ်ရီကိုကြည့်ပြီးပြောလိုက်တယ်။
"ကိုယ့်ကိုစိတ်ဆိုးနေသေးတာလား?"ဟေးရွမ်ရီက မျက်မှောင်ကြုတ်လိုက်တယ်။
"ဘယ်လိုထင်လို့လဲ?"ဝူရုန်က သူ့လက်ကိုဖယ်လိုက်ပြီး သူ့ရဲ့သိုလှောင်နေရာထဲက အိတ်တစ်အိတ်ကို ထုတ်ယူပြီး ဟေးရွမ်ရီ၏လက်ထဲကို ထည့်ပေးလိုက်ပြီးနောက် သူက အိပ်ရာပေါ်မှာလဲအိပ်လိုက်တယ်။
သူက ဟေးရွမ်ရီရဲ့မျက်နှာအစစ်ကို အရင်ကတည်းကသိနေတာကြောင့် သူစိတ်မဆိုးပါဘူး။တကယ်လို့ဟေးရွမ်ရီက သူ့ကိုမပြောခဲ့ရင်တောင် ဟေးရွမ်ရီက သူ့ကိုထိခိုက်အောင်လုပ်မှာမဟုတ်ဘူးဆိုတာ သူသိတယ်။
ဟေးရွမ်ရီက အိတ်ကိုဖွင့်လိုက်တဲ့အချိန်မှာ သွေးတိတ်ဆေးတွေနှင့်စိတ်စွမ်းအင်ကို ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့ဆေးတွေကို တွေ့လိုက်ရတယ်။ဒါက ဆိုလိုတာက ဝူရုန်က ညစာစားပြီးသည့်နောက်မှာ သူ့အတွက် ဒီဆေးတွေကိုဖော်နေခဲ့တာပေါ့။
သူက ဝူရုန်ရဲ့အပြုအမူအတွက် အကူအညီမဲ့စွာပြုံးလိုက်တယ်။သူက အိပ်ရာပေါ်မှာပြန်လဲအိပ်လိုက်ပြီး ဝူရုန်ကိုဖက်ပြီး ဝူရုန်နားထဲကိုတီးတိုးပြောလိုက်တယ်"ကျေးဇူး"
ဝူရုန်ရဲ့နှုတ်ခမ်းတွေက ကော့တက်သွားပြီး နောက်တော့ သူ့မျက်လုံးတွေကိုမှိတ်ပြီးအိပ်လိုက်တော့တယ်။
**********************************************************