Fight The Fire 《火焰戎装》Myanmar...

By Alice__Wang17

801K 112K 7.9K

​Original Author : 水千丞 (Shui Qian Cheng) Myanmar Translation of Fight the Fire 《火焰戎装》 196 Chapters + 4 Extras... More

Intro
Chapter 1
Chapter 2
Chapter 3+3.2
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12 + 12.2
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17 + 17.2
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Announcement
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48+48.2
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55+55.2
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
​ကျေးဇူးပြု၍ မဖြစ်မ​နေဖတ်​ပေးကြပါ
Chapter 63
Chapter 64
Chapter 65
Chapter 66+66.2
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78+79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chpater 97
Chapter 98
Chapter 99
Chapter 100
Chapter 100.2
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114
Chapter 115
Chapter 117
Chapter 118
Chapter 119
Chapter 120
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 130
Chapter 131
Chapter 132
Chapter 133
Chapter 134
FTF ကို ဖတ်ဖို့ ဥထားသည့်သူများ ဖတ်​ပေးကြပါ
Chapter 135
Chapter 136
Chapter 137
Chapter 138
Chapter 139
Chapter 140
Chapter 141
Chapter 142
Chapter 143
Chapter 144
Chapter 145
Chapter 146
Chapter 147
Chapter 148
Chapter 149
Chapter 150
Chapter 151
Chapter 152
Chapter 153

Chapter 116

4.5K 835 39
By Alice__Wang17

[Unicode]

ရန်ရိတစ်​ယောက် စိတ်ပူသွားရပြီး၊ ဆဲကာ​ပြော​တော့သည် :

" ​ရေပိုက်ကို မလွှတ်နဲ့လို့ မင်းအ​ဖေငါ ​ပြောခဲ့တယ်မလား၊ ​ရေပိုက်ကို မလွှတ်နဲ့လို့ !​​ေ-ာက်လုပ်မလုပ်ချင်ကြ​တော့ဘူးလား ?!"

စွန်းတင့်ယိက ​မေးလိုက်သည် :

" သူ အကူအညီ​တောင်းပြီလား၊ ​ပျောက်​နေတာ ဘယ်​လောက်ကြာပြီလဲ ?!"

" မ​တောင်းဘူး။ နှစ်မိနစ်မရှိ​သေးဘူး။ 

" နှစ်​ယောက်တစ်ဖွဲ့ ကြိုးချည်ပြီး​တော့ သွားရှာကြ။ ငါ​ နောက်တစ်​ခေါက်ထပ်​ပြောမယ်၊ တစ်​ယောက်ထဲလှုပ်ရှားခွင့်မပြုဘူး။ တစ်​ယောက်ထဲထပ်လှုပ်ရှားလို့က​တော့ အထုပ်သိမ်းပြီး အိမ်ပြန်မောင်းထုတ်ခံရမယ်မှတ်  !"

မိမိ၏​အောက်ဆီဂျင်ပမာဏကို ရန်ရိ တစ်ချက်ကြည့်ကြည့်လိုက်သည်။

" ကိုယ့်အောက်ဆီဂျင်ဘူးရဲ့ကျန်တဲ့ပမာဏကို အားလုံး သတိထားကြမယ်။ 10% ပဲကျန်​တော့တဲ့အချိန်ကျရင် လာခဲ့တဲ့အတိုင်းပြန်သွားပြီး​တော့ ဘူးကိုသွားလဲမယ်။ ဒီ​နေရာရဲ့မြေအ​နေထားက ရှုပ်​တော့ အချိန်လုံလုံ​လောက်​လောက်ချန်ထားမှဖြစ်မယ်။ "

" ဟုတ် !"

" စွန်းတင့်ယိ၊ မင်း သူတို့​လေး​ယောက်ကို ​ခေါ်သွားပြီး​တော့ အားဝန်ကို သွားရှာ။ ​ရေပိုက်အတိုင်းစမ်းပြီး​တော့ အ​နောက်ကိုပြန်ဆုတ်သွား။ သတင်းရတာနဲ့ ချက်ချင်းအ​သိ​ပေး။ တခြားလူသုံး​ယောက်က ငါနဲ့​ရှေ့ဆက်သွားမယ်။ "

" ဟုတ် !"

ကံဆိုးမှုထဲက ကံ​ကောင်းမှုမှာ ဤတစ်​ခေါက်တွင် သူတို့သည် လမ်းမ​ပျောက်​တော့​ဘဲ၊ ​​မြောက်ဘက်ဂိတ် 1 ကို ရှာ​တွေ့သွား​တော့သည်။ သို့သော် သူတို့သည် ပြတင်း​ပေါက်အပြင်ဘက်ကမြင်ကွင်းနှင့် ပထမထပ်၏ရှု့​ထောင့်တို့အရ ဆုံးဖြတ်ခဲ့ကြခြင်းသည်။ တကယ်တမ်း​တော့ မြောက်ဘက်ဂိတ် 1 သည် မီး၏အ​နောက်ဘက်တွင် ကွယ်​နေ​သေး​ပြီး၊ သာမန်မျက်လုံးနှင့်မြင်ရန် ခက်​​ပေသည်။

လီဆာ့က ​အသက်ပြင်းပြင်းရှူရင်း​ပြောလာသည် :

" ကျွန်မတို့မှာ မီးသတ်ပိုက်တစ်​​ချောင်းပဲရှိတော့ ဖြတ်သွားလို့မရမှာကို စိုးမိတယ်။ "

သည်တစ်​ခေါက်တွင် ​အနောက်၌ကာကွယ်​ပေးမည့်ဒုတိယမီးသတ်ပိုက်မရှိသဖြင့် ရန်ရိသည် စွန့်စားပြီး​​​တော့မဝင်ရဲ​ချေ။ သို့​သော် လိပ်တံခါးသည် အ​ရှေ့ဘက်မ​ဝေးသည့်​နေရာတွင် ကျိန်း​သေရှိ​နေ​ပေသည်။ အကယ်၍ ဒုတိယမီးသတ်ပိုက်ကို ​စောင့်​နေမည်ဆိုလျှင် အချိန်က ခွင့်မပြု​လောက်​ချေ။ တစ်အ​နေဖြင့် မီးသည် ပိုပို၍ကြီးလာနိုင်ပြီး ​နောက်ဆုံးတွင် ထိန်းချုပ်၍မရသည်အထိဖြစ်သွားနိုင်သည်။ နှစ်အ​နေဖြင့် သူတို့၏​​အောက်ဆီဂျင်ဘူးသည်  ခုနစ်လွှာရှိလိပ်တံခါးကို ချသည်အထိ မ​တောင့်ခံနိုင်မည်ကို စိုးရ​ပေသည်။ ဘူးကို သွားလိုက်လာလိုက်နှင့် လဲ​နေရသဖြင့် ​နှောင့်​နှေးသွားသည့်အချိန်သည် သူတို့ လိပ်တံခါးကိုချနိုင်မည့်အချိန်ကို အလဟဿဖြစ်သွား​စေနိုင်​ပေသည်။

ရန်ရိ :

" ဌာနချုပ်၊ အခု ​လေဦးတည်ရာက ဘယ်ဘက်လဲဗျ ?"

" ​လေက အ​နောက်​တောင်ကိုဦးတည်​နေတယ်။ "

ရန်ရိသည် ​အနောက်ဘက်ရှိပြတင်း​ပေါက်ကို ညွှန်ပြလိုက်ပြီး :

" ပစ္စည်းတစ်ခုခုကို ရှာပြီး​တော့ အဲဤဒီပြတင်း​ပေါက်ကို ခွဲလိုက်။ ငါတို့အတွက် အချိန်နည်းနည်းယူ​ပေးနိုင်​လောက်တယ်။ "

" ​ကောင်းပါပြီ။ "

ချွေးယိစန့်သည် ​​ဘေးပတ်ပတ်လည်ကို ကြည့်လိုက်ပြီး၊ ​ခွေး​ခြေတစ်လုံးကို ​ရွှေ့လာခဲ့သည်။

ရန်ရိသည် ​ဝေါ်ကီ​တော်ကီမှတစ်ဆင့်​ပြောလိုက်သည် :

" ဝမ်မန်၊ ဝမ်မန်။ "

" ရှိတယ်၊ ​ပြော။ "

" ငါတို့​ခြောက်လွှာစင်္ကြံကို မီးသတ်ပိုက်တစ်​ချောင်း ​လောက်ကူညီ​ပေးနိုင်မလား ?"

ဝမ်မန်၏အသံမှာ ပြင်းထန်စွာ​မောဟိုက်​နေပြီး၊ လည်​ချောင်းကလည်း​ခြောက်​နေသဖြင့် လူသံနှင့်မတူတော့​ပေ :

" ငါ လူ​တွေကို​ရွှေ့​ပေး​နေတုန်းမလို့ ခွဲထွက်လို့မရဘူး။ မင်း ဌာနချုပ်ကိုရှာပြီး​တော့ စီစဥ်ခိုင်းလိုက်ပါ။ "

ရန်ရိသည် ဌာနချုပ်လိုင်းသို့​ ထပ်ပြောင်းလိုက်ပြီး :

" ခေါင်း​ဆောင်ချန်၊ အရာရှိချုပ်၊ ​ခြောက်လွှာက မီးက သိပ်ကြီးလွန်းတယ်။ ကျွန်​တော်တို့မှာ မီးသတ်ပိုက်တစ်​ချောင်းတည်းရှိတာမလို့ အကူအညီ​တောင်းခံပါတယ်။ "

" မင်း ​ခဏနေဦး။ ရှီး​ကျောင်းတပ်ဖွဲ့ယန်ကြွယ် ​ခြောက်လွှာစင်္ကြံကို အကူညီ​ပေးနိုင်မလား ?"

" အရာရှိချုပ်ကို အစီရင်ခံပါတယ်၊ ကျွန်​တော်ကူ​ပေး​နေတဲ့မီးသတ်ပိုက်နှစ်​ချောင်းက ​လေးလွှာနဲ့ငါးလွှာမှာ ကူ​နေပါတယ်။ ​ခြောက်လွှာကို......တစ်မိနစ်​လောက်ပဲ အချိန်​ပေးနိုင်လိမ့်မယ်။ "

" တစ်မိနစ်ဆိုရတယ်။ "

ရန်ရိ ​ပြောလိုက်သည်၊

" ​ချွေးယိစန့်၊ မင်း ငါ့အမိန့်ကိုနား​ထောင်ပြီးမှ ထပ်ခွဲ။ ယန်ကြွယ်၊ မင်း ​နေရာမယူခင် ငါ့ကို အသိ​ပေး။ "

" ​​ကောင်းပြီ။ "

ယန်ကြွယ်သည် ဌာနချုပ်လိုင်းမှ ရန်ရိ၏သီးသန့်လိုင်းသို့​ ပြောင်းလိုက်ပြီး၊

" စစ်​ဟွော်၊ ​ခြောက်လွှာ၊ ခုနစ်လွှာကမီးက အရမ်းအရမ်းကိုကြီးတာ။ မင်း ဒီစွန့်စားမှုကို စွန့်စားမှာသေချာလား ?"

" ငါ သိတယ်၊ အချိန်က မ​​​လောက်​တော့ဘူး။ "

အဘယ့်ကြောင့်ဆို​သော် အ​ဆောက်အအုံ A တွင် ခုနစ်ထပ်သာရှိသည့်အတွက်ကြောင့် မီး​တောက်က ခုနစ်လွှာသို့ရောက်သည်နှင့် အမြင့်​နေရာလွတ်မရှိ​တော့​ချေ။ ​အောက်ဆီဂျင်လိုအပ်​နေသည့်အ​ခြေအ​နေတွင် မီးသည် ​မီးလောင်လွယ်သည့်ပစ္စည်းကို ရှာလိမ့်ပေမည်။ ၄င်းသည် ​ရေပြင်ညီတွင်ရှိ​နေသည့်အ​ဆောက်အအုံ B ပင်။ သို့ဖြစ်၍ စင်္ကြံမီးသည် အထက်သို့တက်​လေ​လေ ​မီးလောင်တာပိုပြီးပြင်းထန်​လေ​လေဖြစ်သည်။ ဤသည်ကလည်း သူ ခြောက်လွှာနှင့်ခုနစ်လွှာကို ​​ရွေးခြယ်ရသည့်အ​ကြောင်းအရင်းပင်။

" ​ရေဖြန်းကားနှစ်စီးသုံးစီး​လောက်က အခင်း​နေရာကို ​ရောက်​နေပြီ။ တကယ်လို့ မင်း ငါးမိနစ်​လောက်ထပ်​စောင့်နိုင်မယ်ဆိုရင် မင်းကို ​ရေအ​မြောက်တစ်ခု​ခွဲပေးလို့ရနိုင်​လောက်တယ်။ "

" ငါက စောင့်နိုင်တယ်။ ငါ့ရဲ့​အောက်ဆီဂျင်ဘူးက မ​စောင့်နိုင်ဘူး၊ မီးကလည်း မ​​စောင့်နိုင်ဘူး။ "

ရန်ရိသည် ​လေးလံ​နေသည့်အသံဖြင့် ​ပြောလိုက်သည်၊

" အ​တွေ့အကြုံအရ၊ အခင်း​နေရာအ​ပေါ် ငါ့ရဲ့ဆုံးဖြတ်ချက်အရဆိုရင် ​ခြောက်လွှာနဲ့ခုနစ်လွှာက မီး​ရောင်တလက်လက်နဲ့​လောင်​တော့မှာ။ ခုနတုန်းက မျက်နှာကြက်က စပြီးပြုတ်ကျလာပြီ။ အကယ်၍ မီးပြင်းအားကို ထိန်းချုပ်ချင်တယ်ဆိုရင် အဓိကကျတဲ့ချိန်က လာမဲ့ဆယ်မိနစ်အတွင်းမှာပဲ။ "

ယန်ကြွယ် အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ပြီး :

" မင်း သတိထားဦး၊ ငါ့ရဲ့မီးသတ်ပိုက်က ​နေရာယူပြီးပြီ။ "

" ​ကောင်းပြီ၊ ​ရေဖွင့်။ "

ရန်ရိသည် ချွေးယိစန့်အား ​အော်​ပြောလိုက်သည်၊

" ​ချွေးယိစန့်၊ ​ရှောင်ဖို့သတိထား၊ ခွဲ !"

​ချွေးယိစန့်သည် ​ခွေး​ခြေကို မပြီး အ​နောက်ဘက်မှန်ပြတင်း​ပေါက်သို့ ပစ်ထည့်လိုက်သည်။ ထို့​နောက် ကြမ်းပြင်​ပေါ်သို့ ဆန့်ကျင်ဘက်လဲကျသွားခဲ့သည်။

​ခွေး​ခြေက မှန်ကိုခွဲလိုက်သည့်အခိုက်အတန့်တွင် ကွဲသွားသည့်ပြတင်း​​ပေါက်အ​ပေါက်မှာ မီးကို ဖုန်စုပ်စက်တစ်ခုနှယ် သွားစုပ်​တော့သည်။ တစ်ချိန်တည်းမှာပင် ယန်ကြွယ်၏​မီးသတ်ပိုက်ကလည်း ​ခြောက်လွှာစင်္ကြံသို့ဦးတည်ကာ ဖြန်း​လေသည်။ ဘက်နှစ်ဖက်မှတစ်ချိန်တည်းတိုက်ခိုက်ခဲ့သဖြင့် အခန်းတွင်းရှိမီးပြင်းအားမှာ အ​တော်များများ​လျော့ကျသွား​​လေတော့သည်။

ချွေးယိစန့်သည် စံချိန်အမီဆုံး​ရှောင်တမ်းမှုကို ပြုလုပ်ခဲ့​သော်ငြားလည်း၊ ယခုအချိန်တွင် ​လေက မီးကို အ​ထောက်အကူပြု​နေခဲ့သည်။ ဤအခိုက်အတန့်အတွင်းရှိ မီး​တောက်၏ပြန့်နှံမှုနှုန်းမှာ တစ်စက္ကန့်တွင်မီတာတစ်ရာမျှရှိ​နေ​သော​ကြောင့် သူသည် အတွန်းဖယ်ခံလိုက်ရ​တော့သည်။

လီဆာ့နှင့်​ရှောင်ချိုက်တို့သည် တဟုန်ထိုး​ပြေးတက်သွားပြီး သူ့၏ပခုံးကိုကိုင်လျက် သူ့အား ဆွဲ​ထုတ်လာခဲ့သည်။ ရန်ရိ၏မီးသတ်ပိုက်ကလည်း သူ့ကိုယ်ပေါ်ရှိမီးများကို အချိန်မီငြှိမ်းလိုက်နိုင်ခဲ့သည်။ သို့သော် သူ့၏ကယ်ဆယ်​​ရေးဝတ်စုံမှာ ​နေရာအ​တော်များများတွင် ​လောင်သွားပြီဖြစ်သည်။

ချွေးယိစန့်သည် ကိုယ်ကိုပက်လက်လှန်လျက် ကြမ်းပြင်​ပေါ်တွင်လဲ​နေကာ၊ ​ဟောဟဲလိုက်ကာအသက်ရှူ​နေပြီး စကားတစ်ခွန်းမှပြောမလာခဲ့​ချေ။

ရန်ရိသည် သူ့၏ပခုံးကို ကန်လိုက်ပြီး :

" ဘာဖြစ်သွား​သေးလဲ ?"

ချွေးယိစန့်က အကျယ်ကြီး​အော်​ပြောလိုက်သည် :

" ဘာမှမဖြစ်ပါဘူး !"

" ​ကောင်းတယ်၊ ထ !"

ရန်ရိသည် ချွေးယိစန့်နှင့်ရှောင်ချိုက်တို့ကို မီးသတ်ပိုက်အပ်ခဲ့လိုက်ပြီး၊

" မင်းတို့နှစ်​ယောက်က ဒီမှာ ကာ​ပေးထား၊ ငါ လိပ်တံခါးကို သွားဆွဲချလိုက်မယ်။ "

" ဟုတ်။ "

မီးသတ်ပိုက်ဖြင့် လမ်းဖွင့်ပြီး၊ ရန်ရိသည် လိပ်တံခါးဆီသို့ အချိန်လုကာပြေးသွား​တော့သည်။ ယန်ကြွယ်၏မီးသတ်ပိုက်သည် သူ့အား တစ်မိနစ်သာ အကူအညီ​ပေးနိုင်သဖြင့် သူသည် လိပ်တံခါးကို ဤတစ်မိနစ်အတွင်းတွင် ချနိုင်မှရ​ပေမည်။

ရန်ရိကိုယ်​ပေါ်တွင်ဝတ်ထားသည့် အပူဒဏ်ခံဝတ်စုံသည် မီးဒဏ်ခံနိုင်သည်ဆို​သော်ငြားလည်း၊ သို့သော် ၄င်းသည် အသားကို သံဖြူပါးလွှာဖြင့်ပတ်ထားသကဲ့သို့ မ​လောင်နိုင်​သော်လည်း ကင်ပြီးသားဖြစ်သွားနိုင်​ပေသည်။ သီအိုရီအရဆိုလျှင် ဤအင်္ကျီသည် လူကို မီးဒဏ်မှ နှစ်မိနစ်မှသုံးမိနစ်အတွင်း လုံးဝအကာအကွယ်​ပေးနိုင်​ပေသည်။

ကံ​ကောင်း၍ ဤလမ်းတိုတို​လေးတစ်ပိုင်းရှိမီးသည် လမ်း​ကြောင်းအ​ပြောင်းခံရသည်က အ​​ပြောင်းခံရပြီး၊ အထိန်းချုပ်ခံရသည်က အထိန်းချုပ်ခံရခဲ့​လေသည်။ သို့​သော် ငရဲကဲ့သို့မြင့်မားလှသည့်အပူချိန်မှာမူ ​​​ပြောင်းလဲ၍မ​ရချေ။ ထို့အပြင် မီး​အပေါ်​ရေ​လောင်းလိုက်ခြင်း​ကြောင့် ​ရေ​ငွေ့များ၏အပူချိန်မှာ ​ဒီဂရီထောင်ချီမြင့်​နေပြီ​ဖြစ်သည်။

ထိုကဲ့သို့​သော အစိမ်းလိုက်အကင်ခံရသည့် နာကျင်မှုမျိုးသည် စာစကားဖြင့်​ဖော်ပြဖို့ရန်ခက်ခဲ​လှပေသည်။ သာမန်လူက အပူချိန်မြင့်သည့်အရာကို​ ထိ​တွေ့မိလျှင် တုံ့ပြန်မှုမှာ ​ရှောင်တိမ်းခြင်းဖြစ်သည်။ ​ရှောင်တာ​ဝေး​လေ​​လေ ​ကောင်း​လေ​လေဖြစ်သည်။ သိူ့​သော် မီးသတ်သမားများမှာမူ ​နောက်မဆုတ်ဘဲ ​ရှေ့သို့ဆက်တိုးဝင်ရ​​လေသည်။

ရန်ရိသည် ​နောက်အံသွားများကို ကြိတ်ရင်း၊ သူ အမြန်​ဆုံးရောက်နိုင်သည့်နှုန်းဖြင့် လိပ်တံခါးအ​ရှေ့သို့ " ​ပြေး " သွား​ပြီး၊ hand break ကို သံတူရွင်းဖြင့်သွားဖိလိုက်သည်။ ဦး​ခေါင်းအထက်က တကျွိကျွိအသံနှင့် သတ္တုအချင်းချင်း အပြင်းအထန်ပွတ်တိုက်မိသည့် နားအူ​လောက်သည့်အသံမြည်လာသည်ကိုသာ ကြားလိုက်ရ​သည်။ သို့​သော် ​လိပ်တံခါးက ကြမ်းပြင်​ပေါ်သို့ကျလာသည့် မျှော်မှန်းထားသည့်ဖြစ်ရပ်မှာမူ မဖြစ်ခဲ့​​ပေ။

ရန်ရိ ​ခေါင်းတစ်ချက်​မော့ကြည့်လိုက်​သောအခါ၊ လိပ်တံခါး​၏ပတ္တာမှာ တစ်​ခုကကျ​နေပြီး၊ တစ်​ခုကညပ်​နေ​လေသည် !

" မင်းမေ-ိုးလိုက်​တော့ !"

ရန်ရိတစ်​ယောက် အကျယ်ကြီး​အော်ဆဲ​တော့သည်။ Hand break ကို သူ အစွမ်းကုန်ကြိုးစားပြီး​တော့ ဖိ​လေသည်။ သို့​သော် ထိုပတ္တာမှာ တုပ်တုပ်မျှမလှုပ်​ချေ။ လိပ်တံခါးတစ်ခုလုံးသည် ​စောင်းလျက်တစ်ဝက်ကျသွား​ခဲ့သည်။

" ခေါင်း​ဆောင်ရန်၊ ညပ်​နေပြီ။ ပတ္တာကို ဖြတ်မှရ​တော့မယ် !"

​ချွေးယိစန့် ​အော်​ပြောလိုက်သည်။

" တစ်​ယောက်လာ !"

စင်္ကြံတံခါးမှာ အလွန်မြင့်ပြီး တစ်​ယောက်တည်းနှင့် ဘယ်လိုမှမမီနိုင်​ပေ။ ကျန်သည့်လူ​တွေကို သူကြည့်လိုက်​သောအခါ အကုန်လုံးမှာ အပူဒဏ်ခံဝတ်စုံကို မဝတ်ထားကြ​​ပေ။ သူ ခဏမျှ​တွေ​ဝေသွား​​တော့သည်။ အပူဒဏ်ခံဝတ်စုံကိုဝတ်ထားပြီး​တော့ ဒီ​နေရာကိုလာ​တာတောင်မှ နာကျင်မှုက မခံမရပ်နိုင်ဖြစ်​နေတာ၊ ကယ်ဆယ်​ရေးဝတ်စုံပဲ ဝတ်ထားမယ်ဆိုရင်......

" ကျွန်မ သွားမယ် !"

လီဆာ့​ အော်​ပြောလိုက်သည်၊

" ကျွန်မက အ​ပေါ့ဆုံးပဲ။ "

ယခုအချိန်တွင် ကျန်​နေသည့်လူသုံး​ယောက်ထဲ၌ ချွေးယိစန့်၏ကယ်ဆယ်​ရေးဝတ်မှာ ခုနတုန်းကမှ ပျက်စီးသွားပြီဖြစ်သဖြင့် မီးအနားထပ်ကပ်၍ မဖြစ်​တော့​ချေ။ သို့မဟုတ်ပါက မဖုံးထားသည့်​နေရာများသည် ​အ​ရေပြားသုံး-​လေးလွှာလောက် ​သေချာ​ပေါက်အဖတ်လိုက်ကွာလိမ့်မည်ဖြစ်သည်။ ​​​ရှောင်ချိုက်၏ခန္ဓာကိုယ်မှာ မြင့်ပြီးဝကာ ရန်ရိထက်​တောင်မှ ပို​လေး​သေး​ပေသည်။

မကြာခင်တွင် အချိန်တစ်မိနစ်ကုန်သွား​​တော့မည်ဖြစ်သဖြင့် ရန်ရိလည်း ထိုမျှဂရုမစိုက်နိုင်​တော့​​ပေ။ သူ လက်ယက်​အော်​ခေါ်လိုက်သည် :

" အမြန်​ပြေးလာခဲ့ !"

လီဆာ့သည် ပခုံး​ပေါ်ရှိ ​ရေပိုက်၊ အသက်ကယ်ကြိုး၊ searchlight တို့အပြင် အောက်ဆီဂျင်ဘူး စသည့် ​လေးလံသည့်ပစ္စည်းများကို ပစ်ချလိုက်သည်။ အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ပြီး၊ ရန်ရိဆီသို့ အသက်ကို​အောင့်ကာ ​ပြေးသွား​တော့သည်။ တစ်ချိန်တည်းမှာပင် ခါးက ပုဆိန်ကို ဆွဲထုတ်လိုက်သည်။

ရန်ရိသည် ​တစ်ဝက်ဆောင့်​ကြောင့်ထိုင်ထားပြီး လက်အစုံကို ပိုက်ကွန်သဖွယ်ယှက်ထား​လေသည်။ လီဆာ့သည် ခြေတစ်ဖက်ကို ရန်ရိ၏လက်​​ပေါ်သို့နင်းလိုက်ပြီး၊ ​ကျန်ခြေတစ်ဖက်ကို ရန်ရိ၏ပခုံး​ပေါ်သို့ နင်းလိုက်သည်။ ရန်ရိ တိုးတိုး​လေး​​​အော်လိုက်ပြီး၊ လီဆာ့၏​ခြေကျင်းဝတ်ကို ကိုင်လျက်၊ ကြမ်းပြင်မှ ​ဖြေးဖြေးချင်းမတ်တပ်ထလိုက်သည်။

ဤသို့သောပတ်ဝန်းကျင်မျိုးတွင် သက်လုံအားသုံးစွဲမှုသည် ​ရေပိုက်​ခေါင်းမှ ​ရေဖွင့်ချလိုက်သည်ထက်​​တောင်မှ ပိုမြန်​ပေသည်။ ရန်ရိကိုယ်​ပေါ်ရှိဝတ်စုံမှာ 40 ကီလို​လေး​ပေသည်။ လီဆာ့တွင် အောက်ဆီဂျင်ဘူးမပါ​သော်ငြားလည်း၊ သို့သော် ဝတ်စုံနှင့်ခန္ဓာကိုယ်အ​လေးချိန်​ပေါင်းမှာ ကီလိုတစ်ရာမျှရှိ​​လေသည်။ ရန်ရိ မတ်တပ်ထလိုက်သည့်အချိန်တွင် ​ခြေ​ထောက်နှစ်​ချောင်းမှာ တုန်၍ပုံပျက်သွားကာ သုံး-​လေး​ခေါက်မျှ ​ကွေးကျသွား​ခဲ့သည်။

သို့​သော် ​နောက်ဆုံးတွင် သူ ရပ်နိုင်သွားခဲ့သည်။

လီဆာ့သည် အသက်ကို​အောင့်ထားလျက်၊ သူမ၏အ​ရေပြားကို ဆွဲဖြဲ​​နေသလိုမျိုးဖြစ်​နေသည့် အပူချိန်မြင့်လှသည့်ပူ​လောင်မှုကို တင်းခံရင်း၊ ပုဆိန်ကို လွှဲကာ ပတ္တာဆီသို့ ခပ်ကြမ်းကြမ်းခုတ်လိုက်သည်။

တစ်ချက်၊ နှစ်ချက်၊ သုံးချက်။

ဘန်းခနဲအသံမြည်သွားပြီး၊ လိပ်တံခါးသည် ပတ္တာ၏ချည်​နှောင်မှုမှ​လျော့သွားကာ ကြမ်းပြင်​ပေါ်သို့ ​လေးလံသွာကျသွား​တော့သည် !

ရန်ရိ၏​ခြေ​ထောက်အစုံသည် ဝန်ကိုမ​တောင့်ခံနိုင်​​တော့ဘဲ ကြမ်းပြင်​ပေါ်သို့ ဘုတ်ခနဲဒူး​ထောက်ကျသွား​​တော့သည်။ လီဆာ့၏ခန္ဓာကိုယ်သည်လည်း ဟန်ချက်ပျက်သွားပြီး ကြမ်းပြင်​ပေါ်သို့ ပြုတ်ကျသွား​တော့သည်။

​ရှောင်ချိုက်သည် အချိန်မီ​ပြေးလာခဲ့ပြီး၊ လီဆာ့ကို ဖမ်းလိုက်သည်။

ရန်ရိမှာ ​​ဟောဟဲလိုက်ရင်း :

" ​ခေါ်၊ သူ့ကို အရင်​ခေါ်သွား။ "

​ရှောင်ချိုက်သည် လီဆာ့ကို ဆွဲထုတ်သွားပြီး၊ သူ့အား ​အောက်ဆီဂျင်ဘူးကို အမြန်ဆုံး​​သောအလျင်ဖြင့် ​တပ်​ပေးလိုက်သည်။ လီဆာ့သည် mask ကို ကိုင်လျက်၊ ​ဟောဟဲလိုက်ကာရှူ​နေခဲ့သည်။ အ​ရေပြား​ပေါ်ရှိ ပြင်းထန်သည့်နာကျင်မှုသည် သူမအား ကြမ်းပြင်​ပေါ်တွင် လူးလှိမ့်​နေ​စေ​တော့သည်။

ရန်ရိသည် နံရံကို​ထောက်လျက် မတ်တပ်ရပ်လိုက်သည်။ လိပ်တံခါးက စင်္ကြံမီးကိုခြားလိုက်ပြီဖြစ်သဖြင့် မီးပြင်းအားမှာ အများကြီးကို​လျော့သွားပြီဖြစ်သည်။ သူသည် ရဲ​ဘော်များအနားသို့ ဖြည်းဖြည်းချင်းပြန်သွားလိုက်သည်။

ချွေးယိစန့်မှာ ငိုသလိုလိုပြုံးသလိုလိုအမူအရာဖြင့် :

" ခေါင်း​ဆောင်ရန်၊ အားဝန်ကို ရှာ​တွေ့ပြီ။ အ​ရောင်းဝန်ထမ်းကို ကယ်ဖို့လုပ်တာ စင်နဲ့တိုက်မိပြီး ​မေ့သွားတာ။ နှစ်​ယောက်စလုံး ဘာမှမဖြစ်ဘူး။ သယ်သွားကြပြီ။ "

ရန်ရိသည် သက်ပြင်းအရှည်ကြီးချလိုက်ပြီး၊ အသံတုန်တုန်ဖြင့် ​:

" ​ကောင်းတယ်၊ အရမ်း​ကောင်းတယ်။ သူတို့နဲ့သွားပူး​ပေါင်းမယ်။ "

မတ်တပ်ထရန် ​လေး​ယောက်သား အပြန်အလှန်ကူထူ​ပေးလိုက်ကြပြီး၊ အ​ရေး​ပေါ်​ပေါက်သို့ ထွက်သွားခဲ့ကြသည်။ မကြာခင်မှာပင် စွန်းတင့်ယိ၊ လျို​ဟွေးနှင့်တခြားလူများနှင့် ဆုံခဲ့ကြ​လေသည်။

အ​ရေး​ပေါ်တပ်ဖွဲ့က ခြောက်လွှာကမီးကို တက်လာပြီးငြှိမ်းရန်အတွက် ရန်ရိသည် ဌာနချုပ်ကို အ​ကြောင်းကြားလိုက်သည်။ သူတို့သည် ခုနစ်လွှာသို့ ​ရှေ့ဆက်ရဦး​ပေမည်။

" ​​ချွေးယိစန့်၊ မင်း ဆင်းသွားလိုက်​တော့။ ခုနစ်လွှာရဲ့မီးက အကြီးဆုံးပဲ၊ အန္တရာယ်လည်း အများဆုံးပဲ။ မင်းရဲ့အင်္ကျီက မရ​တော့ဘူး။ "

" ခေါင်း​ဆောင်ရန်၊ ကျွန်​တော် မ...... "

" ဆင်းသွား။ "

ရန်ရိ အမိန့်​ပေးလိုက်သည်၊

" အင်္ကျီလဲပြီး၊ ​အောက်ဆီဂျင်ဘူး နှစ်-သုံးဘူး​လောက်သယ်လာခဲ့။ "

" ဟုတ်။ "

" လူတိုင်း ​အောက်ဆီဂျင်ပမာဏကို တစ်ချက်အစီရင်ခံမယ်။ "

" 21%。"

" 23%。"

" 18%。"

" 14%。"

" ...... "

" 15% ​အောက်​​တွေအကုန်လုံး ​​အောက်ဆင်းမယ်။ 20% ​အောက်တွေက လုံခြုံတဲ့​နေရာမှာ​နေခဲ့ပြီး​တော့ စစ်ကူလုပ်မယ်။ "

" ခေါင်း​ဆောင်ရန်၊ ခေါင်း​ဆောင်​ရော ဘယ်​လောက်ကျန်​သေးလဲ ?"

" အပို​တွေမ​ပြောနဲ့ ဆင်းသွား။ "

ရန်ရိ တစ်ချက်​ရေကြည်လိုက်​သောအခါ ​လူခြောက်​ယောက်သာ ကျန်​တော့သည်။ သူ လီဆာ့ကို ကြည့်ရင်း :

" မင်း ရသေးလား ?"

လီဆာ့သည် ​ခေါင်းတငြိမ့်ငြိမ့်ညိတ်ပြလိုက်သည်။ သူမ၏မျက်နှာတစ်ပြင်လုံးတွင် ကာဗွန်အမှုန့်များနှင့်ဖြစ်​နေပြီး၊ ညစ်​ပေလွန်းသဖြင့် မူလရုပ်​တောင်မထွက်​တော့​ချေ။ သို့သော် မျက်ဝန်းအစုံမှာမူ ကြယ်ပွင့်တစ်ပွင့်နှယ် ​တောက်ပ​နေ​လေသည် :

" ပြဿနာမရှိဘူး။ "

" သွားမယ်။ "

ရန်ရိသည် အဖွဲ့ကို ဦး​ဆောင်လျက် ခုနစ်လွှာသို့တက်သွားခဲ့သည်။ မိမိ၏​​အောက်ဆီဂျင်ပမာဏကို သူ ​ခေါင်း​တစ်ချက်ငုံ့ပြီးကြည့်လိုက်​သောအခါ 12%။

************************************

[Zawgyi]

ရန္ရိတစ္​ေယာက္ စိတ္ပူသြားရၿပီး၊ ဆဲကာ​ေျပာ​ေတာ့သည္ :

" ​ေရပိုက္ကို မလႊတ္နဲ႔လို႔ မင္းအ​ေဖငါ ​ေျပာခဲ့တယ္မလား၊ ​ေရပိုက္ကို မလႊတ္နဲ႔လို႔ !​​ေ-ာက္လုပ္မလုပ္ခ်င္ၾက​ေတာ့ဘူးလား ?!"

စြန္းတင့္ယိက ​ေမးလိုက္သည္ :

" သူ အကူအညီ​ေတာင္းၿပီလား၊ ​ေပ်ာက္​ေနတာ ဘယ္​ေလာက္ၾကာၿပီလဲ ?!"

" မ​ေတာင္းဘူး။ ႏွစ္မိနစ္မရွိ​ေသးဘူး။ 

" ႏွစ္​ေယာက္တစ္ဖြဲ႕ ႀကိဳးခ်ည္ၿပီး​ေတာ့ သြားရွာၾက။ ငါ​ ေနာက္တစ္​ေခါက္ထပ္​ေျပာမယ္၊ တစ္​ေယာက္ထဲလႈပ္ရွားခြင့္မျပဳဘူး။ တစ္​ေယာက္ထဲထပ္လႈပ္ရွားလို႔က​ေတာ့ အထုပ္သိမ္းၿပီး အိမ္ျပန္ေမာင္းထုတ္ခံရမယ္မွတ္  !"

မိမိ၏​ေအာက္ဆီဂ်င္ပမာဏကို ရန္ရိ တစ္ခ်က္ၾကည့္ၾကည့္လိုက္သည္။

" ကိုယ့္ေအာက္ဆီဂ်င္ဘူးရဲ႕က်န္တဲ့ပမာဏကို အားလုံး သတိထားၾကမယ္။ 10% ပဲက်န္​ေတာ့တဲ့အခ်ိန္က်ရင္ လာခဲ့တဲ့အတိုင္းျပန္သြားၿပီး​ေတာ့ ဘူးကိုသြားလဲမယ္။ ဒီ​ေနရာရဲ႕ေျမအ​ေနထားက ရႈပ္​ေတာ့ အခ်ိန္လုံလုံ​ေလာက္​ေလာက္ခ်န္ထားမွျဖစ္မယ္။ "

" ဟုတ္ !"

" စြန္းတင့္ယိ၊ မင္း သူတို႔​ေလး​ေယာက္ကို ​ေခၚသြားၿပီး​ေတာ့ အားဝန္ကို သြားရွာ။ ​ေရပိုက္အတိုင္းစမ္းၿပီး​ေတာ့ အ​ေနာက္ကိုျပန္ဆုတ္သြား။ သတင္းရတာနဲ႔ ခ်က္ခ်င္းအ​သိ​ေပး။ တျခားလူသုံး​ေယာက္က ငါနဲ႔​ေရွ႕ဆက္သြားမယ္။ "

" ဟုတ္ !"

ကံဆိုးမႈထဲက ကံ​ေကာင္းမႈမွာ ဤတစ္​ေခါက္တြင္ သူတို႔သည္ လမ္းမ​ေပ်ာက္​ေတာ့​ဘဲ၊ ​​ေျမာက္ဘက္ဂိတ္ 1 ကို ရွာ​ေတြ႕သြား​ေတာ့သည္။ သို႔ေသာ္ သူတို႔သည္ ျပတင္း​ေပါက္အျပင္ဘက္ကျမင္ကြင္းႏွင့္ ပထမထပ္၏ရႈ႕​ေထာင့္တို႔အရ ဆုံးျဖတ္ခဲ့ၾကျခင္းသည္။ တကယ္တမ္း​ေတာ့ ေျမာက္ဘက္ဂိတ္ 1 သည္ မီး၏အ​ေနာက္ဘက္တြင္ ကြယ္​ေန​ေသး​ၿပီး၊ သာမန္မ်က္လုံးႏွင့္ျမင္ရန္ ခက္​​ေပသည္။

လီဆာ့က ​အသက္ျပင္းျပင္းရႉရင္း​ေျပာလာသည္ :

" ကြၽန္မတို႔မွာ မီးသတ္ပိုက္တစ္​​ေခ်ာင္းပဲရွိေတာ့ ျဖတ္သြားလို႔မရမွာကို စိုးမိတယ္။ "

သည္တစ္​ေခါက္တြင္ ​အေနာက္၌ကာကြယ္​ေပးမည့္ဒုတိယမီးသတ္ပိုက္မရွိသျဖင့္ ရန္ရိသည္ စြန္႔စားၿပီး​​​ေတာ့မဝင္ရဲ​ေခ်။ သို႔​ေသာ္ လိပ္တံခါးသည္ အ​ေရွ႕ဘက္မ​ေဝးသည့္​ေနရာတြင္ က်ိန္း​ေသရွိ​ေန​ေပသည္။ အကယ္၍ ဒုတိယမီးသတ္ပိုက္ကို ​ေစာင့္​ေနမည္ဆိုလွ်င္ အခ်ိန္က ခြင့္မျပဳ​ေလာက္​ေခ်။ တစ္အ​ေနျဖင့္ မီးသည္ ပိုပို၍ႀကီးလာႏိုင္ၿပီး ​ေနာက္ဆုံးတြင္ ထိန္းခ်ဳပ္၍မရသည္အထိျဖစ္သြားႏိုင္သည္။ ႏွစ္အ​ေနျဖင့္ သူတို႔၏​​ေအာက္ဆီဂ်င္ဘူးသည္  ခုနစ္လႊာရွိလိပ္တံခါးကို ခ်သည္အထိ မ​ေတာင့္ခံႏိုင္မည္ကို စိုးရ​ေပသည္။ ဘူးကို သြားလိုက္လာလိုက္ႏွင့္ လဲ​ေနရသျဖင့္ ​ေႏွာင့္​ေႏွးသြားသည့္အခ်ိန္သည္ သူတို႔ လိပ္တံခါးကိုခ်ႏိုင္မည့္အခ်ိန္ကို အလဟႆျဖစ္သြား​ေစႏိုင္​ေပသည္။

ရန္ရိ :

" ဌာနခ်ဳပ္၊ အခု ​ေလဦးတည္ရာက ဘယ္ဘက္လဲဗ် ?"

" ​ေလက အ​ေနာက္​ေတာင္ကိုဦးတည္​ေနတယ္။ "

ရန္ရိသည္ ​အေနာက္ဘက္ရွိျပတင္း​ေပါက္ကို ၫႊန္ျပလိုက္ၿပီး :

" ပစၥည္းတစ္ခုခုကို ရွာၿပီး​ေတာ့ အဲဤဒီျပတင္း​ေပါက္ကို ခြဲလိုက္။ ငါတို႔အတြက္ အခ်ိန္နည္းနည္းယူ​ေပးႏိုင္​ေလာက္တယ္။ "

" ​ေကာင္းပါၿပီ။ "

ေခြၽးယိစန္႔သည္ ​​ေဘးပတ္ပတ္လည္ကို ၾကည့္လိုက္ၿပီး၊ ​ေခြး​ေျခတစ္လုံးကို ​ေ႐ႊ႕လာခဲ့သည္။

ရန္ရိသည္ ​ေဝၚကီ​ေတာ္ကီမွတစ္ဆင့္​ေျပာလိုက္သည္ :

" ဝမ္မန္၊ ဝမ္မန္။ "

" ရွိတယ္၊ ​ေျပာ။ "

" ငါတို႔​ေျခာက္လႊာစႀကႍကို မီးသတ္ပိုက္တစ္​ေခ်ာင္း ​ေလာက္ကူညီ​ေပးႏိုင္မလား ?"

ဝမ္မန္၏အသံမွာ ျပင္းထန္စြာ​ေမာဟိုက္​ေနၿပီး၊ လည္​ေခ်ာင္းကလည္း​ေျခာက္​ေနသျဖင့္ လူသံႏွင့္မတူေတာ့​ေပ :

" ငါ လူ​ေတြကို​ေ႐ႊ႕​ေပး​ေနတုန္းမလို႔ ခြဲထြက္လို႔မရဘူး။ မင္း ဌာနခ်ဳပ္ကိုရွာၿပီး​ေတာ့ စီစဥ္ခိုင္းလိုက္ပါ။ "

ရန္ရိသည္ ဌာနခ်ဳပ္လိုင္းသို႔​ ထပ္ေျပာင္းလိုက္ၿပီး :

" ေခါင္း​ေဆာင္ခ်န္၊ အရာရွိခ်ဳပ္၊ ​ေျခာက္လႊာက မီးက သိပ္ႀကီးလြန္းတယ္။ ကြၽန္​ေတာ္တို႔မွာ မီးသတ္ပိုက္တစ္​ေခ်ာင္းတည္းရွိတာမလို႔ အကူအညီ​ေတာင္းခံပါတယ္။ "

" မင္း ​ခဏေနဦး။ ရွီး​ေက်ာင္းတပ္ဖြဲ႕ယန္ႂကြယ္ ​ေျခာက္လႊာစႀကႍကို အကူညီ​ေပးႏိုင္မလား ?"

" အရာရွိခ်ဳပ္ကို အစီရင္ခံပါတယ္၊ ကြၽန္​ေတာ္ကူ​ေပး​ေနတဲ့မီးသတ္ပိုက္ႏွစ္​ေခ်ာင္းက ​ေလးလႊာနဲ႔ငါးလႊာမွာ ကူ​ေနပါတယ္။ ​ေျခာက္လႊာကို......တစ္မိနစ္​ေလာက္ပဲ အခ်ိန္​ေပးႏိုင္လိမ့္မယ္။ "

" တစ္မိနစ္ဆိုရတယ္။ "

ရန္ရိ ​ေျပာလိုက္သည္၊

" ​ေခြၽးယိစန္႔၊ မင္း ငါ့အမိန္႔ကိုနား​ေထာင္ၿပီးမွ ထပ္ခြဲ။ ယန္ႂကြယ္၊ မင္း ​ေနရာမယူခင္ ငါ့ကို အသိ​ေပး။ "

" ​​ေကာင္းၿပီ။ "

ယန္ႂကြယ္သည္ ဌာနခ်ဳပ္လိုင္းမွ ရန္ရိ၏သီးသန္႔လိုင္းသို႔​ ေျပာင္းလိုက္ၿပီး၊

" စစ္​ေဟြာ္၊ ​ေျခာက္လႊာ၊ ခုနစ္လႊာကမီးက အရမ္းအရမ္းကိုႀကီးတာ။ မင္း ဒီစြန္႔စားမႈကို စြန္႔စားမွာေသခ်ာလား ?"

" ငါ သိတယ္၊ အခ်ိန္က မ​​​ေလာက္​ေတာ့ဘူး။ "

အဘယ့္ေၾကာင့္ဆို​ေသာ္ အ​ေဆာက္အအုံ A တြင္ ခုနစ္ထပ္သာရွိသည့္အတြက္ေၾကာင့္ မီး​ေတာက္က ခုနစ္လႊာသို႔ေရာက္သည္ႏွင့္ အျမင့္​ေနရာလြတ္မရွိ​ေတာ့​ေခ်။ ​ေအာက္ဆီဂ်င္လိုအပ္​ေနသည့္အ​ေျခအ​ေနတြင္ မီးသည္ ​မီးေလာင္လြယ္သည့္ပစၥည္းကို ရွာလိမ့္ေပမည္။ ၄င္းသည္ ​ေရျပင္ညီတြင္ရွိ​ေနသည့္အ​ေဆာက္အအုံ B ပင္။ သို႔ျဖစ္၍ စႀကႍမီးသည္ အထက္သို႔တက္​ေလ​ေလ ​မီးေလာင္တာပိုၿပီးျပင္းထန္​ေလ​ေလျဖစ္သည္။ ဤသည္ကလည္း သူ ေျခာက္လႊာႏွင့္ခုနစ္လႊာကို ​​ေ႐ြးျခယ္ရသည့္အ​ေၾကာင္းအရင္းပင္။

" ​ေရျဖန္းကားႏွစ္စီးသုံးစီး​ေလာက္က အခင္း​ေနရာကို ​ေရာက္​ေနၿပီ။ တကယ္လို႔ မင္း ငါးမိနစ္​ေလာက္ထပ္​ေစာင့္ႏိုင္မယ္ဆိုရင္ မင္းကို ​ေရအ​ေျမာက္တစ္ခု​ခြဲေပးလို႔ရႏိုင္​ေလာက္တယ္။ "

" ငါက ေစာင့္ႏိုင္တယ္။ ငါ့ရဲ႕​ေအာက္ဆီဂ်င္ဘူးက မ​ေစာင့္ႏိုင္ဘူး၊ မီးကလည္း မ​​ေစာင့္ႏိုင္ဘူး။ "

ရန္ရိသည္ ​ေလးလံ​ေနသည့္အသံျဖင့္ ​ေျပာလိုက္သည္၊

" အ​ေတြ႕အႀကဳံအရ၊ အခင္း​ေနရာအ​ေပၚ ငါ့ရဲ႕ဆုံးျဖတ္ခ်က္အရဆိုရင္ ​ေျခာက္လႊာနဲ႔ခုနစ္လႊာက မီး​ေရာင္တလက္လက္နဲ႔​ေလာင္​ေတာ့မွာ။ ခုနတုန္းက မ်က္ႏွာၾကက္က စၿပီးျပဳတ္က်လာၿပီ။ အကယ္၍ မီးျပင္းအားကို ထိန္းခ်ဳပ္ခ်င္တယ္ဆိုရင္ အဓိကက်တဲ့ခ်ိန္က လာမဲ့ဆယ္မိနစ္အတြင္းမွာပဲ။ "

ယန္ႂကြယ္ အသက္ျပင္းျပင္းတစ္ခ်က္ရႉသြင္းလိုက္ၿပီး :

" မင္း သတိထားဦး၊ ငါ့ရဲ႕မီးသတ္ပိုက္က ​ေနရာယူၿပီးၿပီ။ "

" ​ေကာင္းၿပီ၊ ​ေရဖြင့္။ "

ရန္ရိသည္ ေခြၽးယိစန္႔အား ​ေအာ္​ေျပာလိုက္သည္၊

" ​ေခြၽးယိစန္႔၊ ​ေရွာင္ဖို႔သတိထား၊ ခြဲ !"

​ေခြၽးယိစန္႔သည္ ​ေခြး​ေျခကို မၿပီး အ​ေနာက္ဘက္မွန္ျပတင္း​ေပါက္သို႔ ပစ္ထည့္လိုက္သည္။ ထို႔​ေနာက္ ၾကမ္းျပင္​ေပၚသို႔ ဆန္႔က်င္ဘက္လဲက်သြားခဲ့သည္။

​ေခြး​ေျခက မွန္ကိုခြဲလိုက္သည့္အခိုက္အတန္႔တြင္ ကြဲသြားသည့္ျပတင္း​​ေပါက္အ​ေပါက္မွာ မီးကို ဖုန္စုပ္စက္တစ္ခုႏွယ္ သြားစုပ္​ေတာ့သည္။ တစ္ခ်ိန္တည္းမွာပင္ ယန္ႂကြယ္၏​မီးသတ္ပိုက္ကလည္း ​ေျခာက္လႊာစႀကႍသို႔ဦးတည္ကာ ျဖန္း​ေလသည္။ ဘက္ႏွစ္ဖက္မွတစ္ခ်ိန္တည္းတိုက္ခိုက္ခဲ့သျဖင့္ အခန္းတြင္းရွိမီးျပင္းအားမွာ အ​ေတာ္မ်ားမ်ား​ေလ်ာ့က်သြား​​ေလေတာ့သည္။

ေခြၽးယိစန္႔သည္ စံခ်ိန္အမီဆုံး​ေရွာင္တမ္းမႈကို ျပဳလုပ္ခဲ့​ေသာ္ျငားလည္း၊ ယခုအခ်ိန္တြင္ ​ေလက မီးကို အ​ေထာက္အကူျပဳ​ေနခဲ့သည္။ ဤအခိုက္အတန္႔အတြင္းရွိ မီး​ေတာက္၏ျပန္႔ႏွံမႈႏႈန္းမွာ တစ္စကၠန္႔တြင္မီတာတစ္ရာမွ်ရွိ​ေန​ေသာ​ေၾကာင့္ သူသည္ အတြန္းဖယ္ခံလိုက္ရ​ေတာ့သည္။

လီဆာ့ႏွင့္​ေရွာင္ခ်ိဳက္တို႔သည္ တဟုန္ထိုး​ေျပးတက္သြားၿပီး သူ႔၏ပခုံးကိုကိုင္လ်က္ သူ႔အား ဆြဲ​ထုတ္လာခဲ့သည္။ ရန္ရိ၏မီးသတ္ပိုက္ကလည္း သူ႔ကိုယ္ေပၚရွိမီးမ်ားကို အခ်ိန္မီျငႇိမ္းလိုက္ႏိုင္ခဲ့သည္။ သို႔ေသာ္ သူ႔၏ကယ္ဆယ္​​ေရးဝတ္စုံမွာ ​ေနရာအ​ေတာ္မ်ားမ်ားတြင္ ​ေလာင္သြားၿပီျဖစ္သည္။

ေခြၽးယိစန္႔သည္ ကိုယ္ကိုပက္လက္လွန္လ်က္ ၾကမ္းျပင္​ေပၚတြင္လဲ​ေနကာ၊ ​ေဟာဟဲလိုက္ကာအသက္ရႉ​ေနၿပီး စကားတစ္ခြန္းမွေျပာမလာခဲ့​ေခ်။

ရန္ရိသည္ သူ႔၏ပခုံးကို ကန္လိုက္ၿပီး :

" ဘာျဖစ္သြား​ေသးလဲ ?"

ေခြၽးယိစန္႔က အက်ယ္ႀကီး​ေအာ္​ေျပာလိုက္သည္ :

" ဘာမွမျဖစ္ပါဘူး !"

" ​ေကာင္းတယ္၊ ထ !"

ရန္ရိသည္ ေခြၽးယိစန္႔ႏွင့္ေရွာင္ခ်ိဳက္တို႔ကို မီးသတ္ပိုက္အပ္ခဲ့လိုက္ၿပီး၊

" မင္းတို႔ႏွစ္​ေယာက္က ဒီမွာ ကာ​ေပးထား၊ ငါ လိပ္တံခါးကို သြားဆြဲခ်လိုက္မယ္။ "

" ဟုတ္။ "

မီးသတ္ပိုက္ျဖင့္ လမ္းဖြင့္ၿပီး၊ ရန္ရိသည္ လိပ္တံခါးဆီသို႔ အခ်ိန္လုကာေျပးသြား​ေတာ့သည္။ ယန္ႂကြယ္၏မီးသတ္ပိုက္သည္ သူ႔အား တစ္မိနစ္သာ အကူအညီ​ေပးႏိုင္သျဖင့္ သူသည္ လိပ္တံခါးကို ဤတစ္မိနစ္အတြင္းတြင္ ခ်ႏိုင္မွရ​ေပမည္။

ရန္ရိကိုယ္​ေပၚတြင္ဝတ္ထားသည့္ အပူဒဏ္ခံဝတ္စုံသည္ မီးဒဏ္ခံႏိုင္သည္ဆို​ေသာ္ျငားလည္း၊ သို႔ေသာ္ ၄င္းသည္ အသားကို သံျဖဴပါးလႊာျဖင့္ပတ္ထားသကဲ့သို႔ မ​ေလာင္ႏိုင္​ေသာ္လည္း ကင္ၿပီးသားျဖစ္သြားႏိုင္​ေပသည္။ သီအိုရီအရဆိုလွ်င္ ဤအက်ႌသည္ လူကို မီးဒဏ္မွ ႏွစ္မိနစ္မွသုံးမိနစ္အတြင္း လုံးဝအကာအကြယ္​ေပးႏိုင္​ေပသည္။

ကံ​ေကာင္း၍ ဤလမ္းတိုတို​ေလးတစ္ပိုင္းရွိမီးသည္ လမ္း​ေၾကာင္းအ​ေျပာင္းခံရသည္က အ​​ေျပာင္းခံရၿပီး၊ အထိန္းခ်ဳပ္ခံရသည္က အထိန္းခ်ဳပ္ခံရခဲ့​ေလသည္။ သို႔​ေသာ္ ငရဲကဲ့သို႔ျမင့္မားလွသည့္အပူခ်ိန္မွာမူ ​​​ေျပာင္းလဲ၍မ​ရေခ်။ ထို႔အျပင္ မီး​အေပၚ​ေရ​ေလာင္းလိုက္ျခင္း​ေၾကာင့္ ​ေရ​ေငြ႕မ်ား၏အပူခ်ိန္မွာ ​ဒီဂရီေထာင္ခ်ီျမင့္​ေနၿပီ​ျဖစ္သည္။

ထိုကဲ့သို႔​ေသာ အစိမ္းလိုက္အကင္ခံရသည့္ နာက်င္မႈမ်ိဳးသည္ စာစကားျဖင့္​ေဖာ္ျပဖို႔ရန္ခက္ခဲ​လွေပသည္။ သာမန္လူက အပူခ်ိန္ျမင့္သည့္အရာကို​ ထိ​ေတြ႕မိလွ်င္ တုံ႔ျပန္မႈမွာ ​ေရွာင္တိမ္းျခင္းျဖစ္သည္။ ​ေရွာင္တာ​ေဝး​ေလ​​ေလ ​ေကာင္း​ေလ​ေလျဖစ္သည္။ သိူ႔​ေသာ္ မီးသတ္သမားမ်ားမွာမူ ​ေနာက္မဆုတ္ဘဲ ​ေရွ႕သို႔ဆက္တိုးဝင္ရ​​ေလသည္။

ရန္ရိသည္ ​ေနာက္အံသြားမ်ားကို ႀကိတ္ရင္း၊ သူ အျမန္​ဆုံးေရာက္ႏိုင္သည့္ႏႈန္းျဖင့္ လိပ္တံခါးအ​ေရွ႕သို႔ " ​ေျပး " သြား​ၿပီး၊ hand break ကို သံတူ႐ြင္းျဖင့္သြားဖိလိုက္သည္။ ဦး​ေခါင္းအထက္က တကြၽိကြၽိအသံႏွင့္ သတၱဳအခ်င္းခ်င္း အျပင္းအထန္ပြတ္တိုက္မိသည့္ နားအူ​ေလာက္သည့္အသံျမည္လာသည္ကိုသာ ၾကားလိုက္ရ​သည္။ သို႔​ေသာ္ ​လိပ္တံခါးက ၾကမ္းျပင္​ေပၚသို႔က်လာသည့္ ေမွ်ာ္မွန္းထားသည့္ျဖစ္ရပ္မွာမူ မျဖစ္ခဲ့​​ေပ။

ရန္ရိ ​ေခါင္းတစ္ခ်က္​ေမာ့ၾကည့္လိုက္​ေသာအခါ၊ လိပ္တံခါး​၏ပတၱာမွာ တစ္​ခုကက်​ေနၿပီး၊ တစ္​ခုကညပ္​ေန​ေလသည္ !

" မင္းေမ-ိုးလိုက္​ေတာ့ !"

ရန္ရိတစ္​ေယာက္ အက်ယ္ႀကီး​ေအာ္ဆဲ​ေတာ့သည္။ Hand break ကို သူ အစြမ္းကုန္ႀကိဳးစားၿပီး​ေတာ့ ဖိ​ေလသည္။ သို႔​ေသာ္ ထိုပတၱာမွာ တုပ္တုပ္မွ်မလႈပ္​ေခ်။ လိပ္တံခါးတစ္ခုလုံးသည္ ​ေစာင္းလ်က္တစ္ဝက္က်သြား​ခဲ့သည္။

" ေခါင္း​ေဆာင္ရန္၊ ညပ္​ေနၿပီ။ ပတၱာကို ျဖတ္မွရ​ေတာ့မယ္ !"

​ေခြၽးယိစန္႔ ​ေအာ္​ေျပာလိုက္သည္။

" တစ္​ေယာက္လာ !"

စႀကႍတံခါးမွာ အလြန္ျမင့္ၿပီး တစ္​ေယာက္တည္းႏွင့္ ဘယ္လိုမွမမီႏိုင္​ေပ။ က်န္သည့္လူ​ေတြကို သူၾကည့္လိုက္​ေသာအခါ အကုန္လုံးမွာ အပူဒဏ္ခံဝတ္စုံကို မဝတ္ထားၾက​​ေပ။ သူ ခဏမွ်​ေတြ​ေဝသြား​​ေတာ့သည္။ အပူဒဏ္ခံဝတ္စုံကိုဝတ္ထားၿပီး​ေတာ့ ဒီ​ေနရာကိုလာ​တာေတာင္မွ နာက်င္မႈက မခံမရပ္ႏိုင္ျဖစ္​ေနတာ၊ ကယ္ဆယ္​ေရးဝတ္စုံပဲ ဝတ္ထားမယ္ဆိုရင္......

" ကြၽန္မ သြားမယ္ !"

လီဆာ့​ ေအာ္​ေျပာလိုက္သည္၊

" ကြၽန္မက အ​ေပါ့ဆုံးပဲ။ "

ယခုအခ်ိန္တြင္ က်န္​ေနသည့္လူသုံး​ေယာက္ထဲ၌ ေခြၽးယိစန္႔၏ကယ္ဆယ္​ေရးဝတ္မွာ ခုနတုန္းကမွ ပ်က္စီးသြားၿပီျဖစ္သျဖင့္ မီးအနားထပ္ကပ္၍ မျဖစ္​ေတာ့​ေခ်။ သို႔မဟုတ္ပါက မဖုံးထားသည့္​ေနရာမ်ားသည္ ​အ​ေရျပားသုံး-​ေလးလႊာေလာက္ ​ေသခ်ာ​ေပါက္အဖတ္လိုက္ကြာလိမ့္မည္ျဖစ္သည္။ ​​​ေရွာင္ခ်ိဳက္၏ခႏၶာကိုယ္မွာ ျမင့္ၿပီးဝကာ ရန္ရိထက္​ေတာင္မွ ပို​ေလး​ေသး​ေပသည္။

မၾကာခင္တြင္ အခ်ိန္တစ္မိနစ္ကုန္သြား​​ေတာ့မည္ျဖစ္သျဖင့္ ရန္ရိလည္း ထိုမွ်ဂ႐ုမစိုက္ႏိုင္​ေတာ့​​ေပ။ သူ လက္ယက္​ေအာ္​ေခၚလိုက္သည္ :

" အျမန္​ေျပးလာခဲ့ !"

လီဆာ့သည္ ပခုံး​ေပၚရွိ ​ေရပိုက္၊ အသက္ကယ္ႀကိဳး၊ searchlight တို႔အျပင္ ေအာက္ဆီဂ်င္ဘူး စသည့္ ​ေလးလံသည့္ပစၥည္းမ်ားကို ပစ္ခ်လိုက္သည္။ အသက္ျပင္းျပင္းတစ္ခ်က္ရႉသြင္းလိုက္ၿပီး၊ ရန္ရိဆီသို႔ အသက္ကို​ေအာင့္ကာ ​ေျပးသြား​ေတာ့သည္။ တစ္ခ်ိန္တည္းမွာပင္ ခါးက ပုဆိန္ကို ဆြဲထုတ္လိုက္သည္။

ရန္ရိသည္ ​တစ္ဝက္ေဆာင့္​ေၾကာင့္ထိုင္ထားၿပီး လက္အစုံကို ပိုက္ကြန္သဖြယ္ယွက္ထား​ေလသည္။ လီဆာ့သည္ ေျခတစ္ဖက္ကို ရန္ရိ၏လက္​​ေပၚသို႔နင္းလိုက္ၿပီး၊ ​က်န္ေျခတစ္ဖက္ကို ရန္ရိ၏ပခုံး​ေပၚသို႔ နင္းလိုက္သည္။ ရန္ရိ တိုးတိုး​ေလး​​​ေအာ္လိုက္ၿပီး၊ လီဆာ့၏​ေျခက်င္းဝတ္ကို ကိုင္လ်က္၊ ၾကမ္းျပင္မွ ​ေျဖးေျဖးခ်င္းမတ္တပ္ထလိုက္သည္။

ဤသို႔ေသာပတ္ဝန္းက်င္မ်ိဳးတြင္ သက္လုံအားသုံးစြဲမႈသည္ ​ေရပိုက္​ေခါင္းမွ ​ေရဖြင့္ခ်လိုက္သည္ထက္​​ေတာင္မွ ပိုျမန္​ေပသည္။ ရန္ရိကိုယ္​ေပၚရွိဝတ္စုံမွာ 40 ကီလို​ေလး​ေပသည္။ လီဆာ့တြင္ ေအာက္ဆီဂ်င္ဘူးမပါ​ေသာ္ျငားလည္း၊ သို႔ေသာ္ ဝတ္စုံႏွင့္ခႏၶာကိုယ္အ​ေလးခ်ိန္​ေပါင္းမွာ ကီလိုတစ္ရာမွ်ရွိ​​ေလသည္။ ရန္ရိ မတ္တပ္ထလိုက္သည့္အခ်ိန္တြင္ ​ေျခ​ေထာက္ႏွစ္​ေခ်ာင္းမွာ တုန္၍ပုံပ်က္သြားကာ သုံး-​ေလး​ေခါက္မွ် ​ေကြးက်သြား​ခဲ့သည္။

သို႔​ေသာ္ ​ေနာက္ဆုံးတြင္ သူ ရပ္ႏိုင္သြားခဲ့သည္။

လီဆာ့သည္ အသက္ကို​ေအာင့္ထားလ်က္၊ သူမ၏အ​ေရျပားကို ဆြဲၿဖဲ​​ေနသလိုမ်ိဳးျဖစ္​ေနသည့္ အပူခ်ိန္ျမင့္လွသည့္ပူ​ေလာင္မႈကို တင္းခံရင္း၊ ပုဆိန္ကို လႊဲကာ ပတၱာဆီသို႔ ခပ္ၾကမ္းၾကမ္းခုတ္လိုက္သည္။

တစ္ခ်က္၊ ႏွစ္ခ်က္၊ သုံးခ်က္။

ဘန္းခနဲအသံျမည္သြားၿပီး၊ လိပ္တံခါးသည္ ပတၱာ၏ခ်ည္​ေႏွာင္မႈမွ​ေလ်ာ့သြားကာ ၾကမ္းျပင္​ေပၚသို႔ ​ေလးလံသြာက်သြား​ေတာ့သည္ !

ရန္ရိ၏​ေျခ​ေထာက္အစုံသည္ ဝန္ကိုမ​ေတာင့္ခံႏိုင္​​ေတာ့ဘဲ ၾကမ္းျပင္​ေပၚသို႔ ဘုတ္ခနဲဒူး​ေထာက္က်သြား​​ေတာ့သည္။ လီဆာ့၏ခႏၶာကိုယ္သည္လည္း ဟန္ခ်က္ပ်က္သြားၿပီး ၾကမ္းျပင္​ေပၚသို႔ ျပဳတ္က်သြား​ေတာ့သည္။

​ေရွာင္ခ်ိဳက္သည္ အခ်ိန္မီ​ေျပးလာခဲ့ၿပီး၊ လီဆာ့ကို ဖမ္းလိုက္သည္။

ရန္ရိမွာ ​​ေဟာဟဲလိုက္ရင္း :

" ​ေခၚ၊ သူ႔ကို အရင္​ေခၚသြား။ "

​ေရွာင္ခ်ိဳက္သည္ လီဆာ့ကို ဆြဲထုတ္သြားၿပီး၊ သူ႔အား ​ေအာက္ဆီဂ်င္ဘူးကို အျမန္ဆုံး​​ေသာအလ်င္ျဖင့္ ​တပ္​ေပးလိုက္သည္။ လီဆာ့သည္ mask ကို ကိုင္လ်က္၊ ​ေဟာဟဲလိုက္ကာရႉ​ေနခဲ့သည္။ အ​ေရျပား​ေပၚရွိ ျပင္းထန္သည့္နာက်င္မႈသည္ သူမအား ၾကမ္းျပင္​ေပၚတြင္ လူးလွိမ့္​ေန​ေစ​ေတာ့သည္။

ရန္ရိသည္ နံရံကို​ေထာက္လ်က္ မတ္တပ္ရပ္လိုက္သည္။ လိပ္တံခါးက စႀကႍမီးကိုျခားလိုက္ၿပီျဖစ္သျဖင့္ မီးျပင္းအားမွာ အမ်ားႀကီးကို​ေလ်ာ့သြားၿပီျဖစ္သည္။ သူသည္ ရဲ​ေဘာ္မ်ားအနားသို႔ ျဖည္းျဖည္းခ်င္းျပန္သြားလိုက္သည္။

ေခြၽးယိစန္႔မွာ ငိုသလိုလိုၿပဳံးသလိုလိုအမူအရာျဖင့္ :

" ေခါင္း​ေဆာင္ရန္၊ အားဝန္ကို ရွာ​ေတြ႕ၿပီ။ အ​ေရာင္းဝန္ထမ္းကို ကယ္ဖို႔လုပ္တာ စင္နဲ႔တိုက္မိၿပီး ​ေမ့သြားတာ။ ႏွစ္​ေယာက္စလုံး ဘာမွမျဖစ္ဘူး။ သယ္သြားၾကၿပီ။ "

ရန္ရိသည္ သက္ျပင္းအရွည္ႀကီးခ်လိုက္ၿပီး၊ အသံတုန္တုန္ျဖင့္ ​:

" ​ေကာင္းတယ္၊ အရမ္း​ေကာင္းတယ္။ သူတို႔နဲ႔သြားပူး​ေပါင္းမယ္။ "

မတ္တပ္ထရန္ ​ေလး​ေယာက္သား အျပန္အလွန္ကူထူ​ေပးလိုက္ၾကၿပီး၊ အ​ေရး​ေပၚ​ေပါက္သို႔ ထြက္သြားခဲ့ၾကသည္။ မၾကာခင္မွာပင္ စြန္းတင့္ယိ၊ လ်ိဳ​ေဟြးႏွင့္တျခားလူမ်ားႏွင့္ ဆုံခဲ့ၾက​ေလသည္။

အ​ေရး​ေပၚတပ္ဖြဲ႕က ေျခာက္လႊာကမီးကို တက္လာၿပီးျငႇိမ္းရန္အတြက္ ရန္ရိသည္ ဌာနခ်ဳပ္ကို အ​ေၾကာင္းၾကားလိုက္သည္။ သူတို႔သည္ ခုနစ္လႊာသို႔ ​ေရွ႕ဆက္ရဦး​ေပမည္။

" ​​ေခြၽးယိစန္႔၊ မင္း ဆင္းသြားလိုက္​ေတာ့။ ခုနစ္လႊာရဲ႕မီးက အႀကီးဆုံးပဲ၊ အႏၲရာယ္လည္း အမ်ားဆုံးပဲ။ မင္းရဲ႕အက်ႌက မရ​ေတာ့ဘူး။ "

" ေခါင္း​ေဆာင္ရန္၊ ကြၽန္​ေတာ္ မ...... "

" ဆင္းသြား။ "

ရန္ရိ အမိန္႔​ေပးလိုက္သည္၊

" အက်ႌလဲၿပီး၊ ​ေအာက္ဆီဂ်င္ဘူး ႏွစ္-သုံးဘူး​ေလာက္သယ္လာခဲ့။ "

" ဟုတ္။ "

" လူတိုင္း ​ေအာက္ဆီဂ်င္ပမာဏကို တစ္ခ်က္အစီရင္ခံမယ္။ "

" 21%。"

" 23%。"

" 18%。"

" 14%。"

" ...... "

" 15% ​ေအာက္​​ေတြအကုန္လုံး ​​ေအာက္ဆင္းမယ္။ 20% ​ေအာက္ေတြက လုံၿခဳံတဲ့​ေနရာမွာ​ေနခဲ့ၿပီး​ေတာ့ စစ္ကူလုပ္မယ္။ "

" ေခါင္း​ေဆာင္ရန္၊ ေခါင္း​ေဆာင္​ေရာ ဘယ္​ေလာက္က်န္​ေသးလဲ ?"

" အပို​ေတြမ​ေျပာနဲ႔ ဆင္းသြား။ "

ရန္ရိ တစ္ခ်က္​ေရၾကည္လိုက္​ေသာအခါ ​လူေျခာက္​ေယာက္သာ က်န္​ေတာ့သည္။ သူ လီဆာ့ကို ၾကည့္ရင္း :

" မင္း ရေသးလား ?"

လီဆာ့သည္ ​ေခါင္းတၿငိမ့္ၿငိမ့္ညိတ္ျပလိုက္သည္။ သူမ၏မ်က္ႏွာတစ္ျပင္လုံးတြင္ ကာဗြန္အမႈန္႔မ်ားႏွင့္ျဖစ္​ေနၿပီး၊ ညစ္​ေပလြန္းသျဖင့္ မူလ႐ုပ္​ေတာင္မထြက္​ေတာ့​ေခ်။ သို႔ေသာ္ မ်က္ဝန္းအစုံမွာမူ ၾကယ္ပြင့္တစ္ပြင့္ႏွယ္ ​ေတာက္ပ​ေန​ေလသည္ :

" ျပႆနာမရွိဘူး။ "

" သြားမယ္။ "

ရန္ရိသည္ အဖြဲ႕ကို ဦး​ေဆာင္လ်က္ ခုနစ္လႊာသို႔တက္သြားခဲ့သည္။ မိမိ၏​​ေအာက္ဆီဂ်င္ပမာဏကို သူ ​ေခါင္း​တစ္ခ်က္ငုံ႔ၿပီးၾကည့္လိုက္​ေသာအခါ 12%။

************************************

Continue Reading

You'll Also Like

12.2K 2.4K 69
ලස්සනම මූර්ති මැවෙනවද, ගල්කුළු කඩතොළු නොවුනොතින්?
5.4M 719K 198
Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking finance (穿成影帝作死未婚夫) Author - Lin Ang Si (林盎...
132K 14.8K 116
💥New BL ဒါဒါတို့ရေ... ရှေးခတ်ကျေးလက်တောရွာကို ကူးပြောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ဒါဒါလေးတို့အတွက် အသစ်လေးလာပါပြီ .... ရှားပါးတဲ့ MC Gong ပါနော် Gp လေးက...
617K 49.6K 53
မင်ရန်ရှင်း💓ဝမ်ယွမ် {ဝမ်ယင်}