Fight The Fire 《火焰戎装》Myanmar...

By Alice__Wang17

801K 112K 7.9K

​Original Author : 水千丞 (Shui Qian Cheng) Myanmar Translation of Fight the Fire 《火焰戎装》 196 Chapters + 4 Extras... More

Intro
Chapter 1
Chapter 2
Chapter 3+3.2
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12 + 12.2
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17 + 17.2
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Announcement
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48+48.2
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55+55.2
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
​ကျေးဇူးပြု၍ မဖြစ်မ​နေဖတ်​ပေးကြပါ
Chapter 63
Chapter 64
Chapter 65
Chapter 66+66.2
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78+79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chpater 97
Chapter 98
Chapter 99
Chapter 100
Chapter 100.2
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114
Chapter 115
Chapter 116
Chapter 117
Chapter 118
Chapter 119
Chapter 120
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 130
Chapter 131
Chapter 132
Chapter 133
Chapter 134
FTF ကို ဖတ်ဖို့ ဥထားသည့်သူများ ဖတ်​ပေးကြပါ
Chapter 135
Chapter 136
Chapter 137
Chapter 138
Chapter 139
Chapter 140
Chapter 141
Chapter 142
Chapter 143
Chapter 144
Chapter 145
Chapter 146
Chapter 147
Chapter 148
Chapter 149
Chapter 150
Chapter 151
Chapter 152
Chapter 153

Chapter 87

3.2K 551 70
By Alice__Wang17

[Unicode]

ဟယ်ကု ကြက်​သေ​သေသွား​လေသည်။ အသိပြန်ဝင်လာသည့်အချိန်တွင် အပြင်ဘက်သို့ တဇွတ်ထိုး​ပြေးထွက်​တော့သည်။

ရန်ရိသည် သူ့အ​ရှေ့တွင် မျက်စိလျင်လျင်လက်လျင်လျက်ဖြင့်ပိတ်ရပ်လိုက်ပြီး :

" အင်ဂျင်နီယာဟယ်၊ အင်ဂျင်နီယာဟယ်၊ ခင်ဗျား စိတ်​အေး​အေးထားပါဦး။ "

ဟယ်ကု ​အော်​ပြော​လေသည် :

" ကျွန်​တော့်ကို လွှတ် !"

စိတ်အလှုပ်ရှားဆုံးအချိန်ဖြစ်​နေလျှင်​တောင်မှ သူသည် ပုံမှန်မဟုတ်သည့်တည်ငြိမ်မှုကို ပြသခဲ့​လေသည်။ သို့သော် ယခုအချိန်တွင် သူ့၏မျက်လုံးထဲတွင် ပျာ​ယာခတ်မှုနှင့်​ကြောက်ရွံ့မှုများသာ ကျန်ရစ်​တော့​​လေသည်။

" အင်ဂျင်နီယာဟယ် !"

ရန်ရိသည် အသံကိုမြှင့်ပြီး​ပြောလိုက်သည်၊

" ဗုံးငါးလုံး​တွေ့​အောင်လို့ ခင်ဗျား ကျွန်​တော်တို့ကို ကူရှာ​ပေးခဲ့ပြီးပြီ။ ခင်ဗျား​ခေါင်းသုံးပြီးစဥ်းစားတာကိုပဲ ကျွန်​တော်တို့လိုအပ်တာ၊ စိတ်လိုက်မာန်ပါလုပ်တာမျိုးကို မဟုတ်ဘူး။ "

ဟယ်ကုသည် ယခုအချိန်တွင် အဘယ်မှာများနားဝင်လိမ့်မည်နည်း။ သူသည် ရန်ရိကို ခပ်ပြင်းပြင်းတစ်ချက်တွန်းလိုက်​သော်လည်း တွန်း၍မရ​​ပေ။ ရန်ရိသည် အံကြိတ်ပြီး​တောင့်ခံထား​လေသည်။ ကုံးရင့်ရှန်သည် ​ခြေလှမ်းကျယ်ကြီးများဖြင့်​ အ​ရှေ့သို့​လျှောက်လာခဲ့ပြီး၊ ဟယ်ကု၏ပခုံးမှကိုင်ကာ သူ့အား ပြန်ဆွဲ​ခေါ်လာခဲ့ပြီး၊ လူကို ထိုင်​ခုံပေါ်သို့ ဖိချလိုက်သည်။

ဟယ်ကုသည် ​ဟောဟဲလိုက်ကာအသက်ရှူ​နေရင်း၊ အကြည့်သည် တဖြည်းဖြည်းနှင့် ပြန်ပြီးတည်ငြိမ်လာ​တော့သည်။

ကုံးရင့်ရှန်သည် ဟယ်ကုအား စူးစိုက်ကြည့်ရင်း :

" အင်ဂျင်နီယာဟယ်၊ အခု ရှိသမျှလူ​တွေအကုန်လုံးက အဲ့ဒီဗုံးကိုရှာ​နေတယ်။ သူက စင်ကိုချဥ်းကပ်နိုင်ဖို့က အရမ်းနည်းတယ်။ ခင်ဗျား ကာကွယ်ချင်တဲ့လူကို ကာကွယ်​ပေးနိုင်ဖို့အတွက် ခင်ဗျား စိတ်​အေး​အေးထားမှဖြစ်မယ်။ "

ဟယ်ကုသည်​ ​ခေါင်းကို ငုံ့ထားပြီး၊ လက်သီးနှစ်ဖက်ကိုဆုပ်ထားသည်မှာ တဂျွတ်ဂျွတ်မြည်​တောင်မြည်​နေ​လေသည်။

​ခေါင်း​ဆောင်ကျန်းက ​ပြောသည် :

" ကျွန်​တော်တို့ monitor ကို ​တောက်​လျှောက်​စောင့်ကြည့်​နေတာ၊ ဒီလူရဲ့​ခြေရာကို လုံးဝကိုမ​တွေ့ရဘူး။ စင်ပတ်ပတ်လည်မှာလည်း ရဲနဲ့လုံခြုံ​ရေး​တွေအများကြီးရှိ​တော့ သူ ထွက်လာတာနဲ့ မှတ်မိနိုင်မှာပဲ။ တစ်ခုတည်း​သောဖြစ်နိုင်​ချေက သူက တစ်​နေရာရာမှာပုန်း​နေပြီး၊ ဒီအချိန်အ​တောတွင်းမှာ ​တောက်​လျှောက်​နေရာမ​ရွှေ့ဖူးဘူးဆိုတာပဲ။ "

ချိုးယန်သည် ​ခေါင်းတငြိမ့်ငြိမ့်ဖြင့် :

" သူက ​သေချာ​ပေါက်တစ်​နေရာရာမှာပုန်း​နေမှာပဲ။ သူ စပြီး​နေရာ​ရွေ့တာနဲ့၊ အဲ့တာက ဗုံးအရှင်တစ်လုံးဖြစ်သွားပြီ။ သူက စင်အနားကို ဘယ်လိုမှကပ်လို့မရဘူးဆိုရင်​တောင်မှ၊ လူများတဲ့ဘယ်​နေရာမှာမဆို ဗုံးကိုခွဲလိုက်မယ်ဆိုရင်လည်း ပြန်ပြင်မရတဲ့အကျိုးဆက်ဖြစ်မှာပဲ။ "

ဟယ်ကုသည် ဖုန်းကိုထုတ်လိုက်ပြီး :

" ကျွန်​တော် ကျွီးဟန်ကို စင်က​နေဆင်းခိုင်းလိုက်မယ်။ မဟုတ်​သေးဘူး၊ စင်က ပိုပြီးလုံခြုံနိုင်တယ်...... "

သူသည် ဖုန်းကိုဆုပ်ကိုင်ထားပြီး၊ တစ်ခဏမျှ ဘာလုပ်ရမှန်းမသိဖြစ်​နေခဲ့သည်။ နဖူးအထက်က​ချွေးများကလည်း တဒီးဒီးစီးကျ​နေ​လေသည်။

" အကယ်၍ စုန့်ကျွီးဟန်ကို ​ဖျော်​ဖြေတာရပ်ခိုင်းလိုက်မယ်ဆိုရင်၊ တစ်အ​နေနဲ့ ရန်သူကို သတိ​ပေးမိသလိုဖြစ်သွားမယ်၊ နှစ်အ​နေနဲ့က ပရိတ်သတ်​တွေကို အလန့်တကြားဖြစ်​စေလိမ့်မယ်။ ကျွန်​တော်တို့က လူယုတ်မာကိုသာ စင်အနား ဘယ်လိုမှကပ်မရ​အောင်လုပ်လိုက်မယ်ဆိုရင် စုန့်ကျွီးဟန်က လုံခြုံတဲ့...... "

ကုံးရင့်ရှန်သည် မျက်​မှောင်ကြုတ်လိုက်ပြီး၊

" ​နေဦး၊ ဒီ ဝမ်​ရွေ့လို့​ခေါ်တဲ့လူက စင်​ဆောက်ဖို့တာဝန်ယူထားတာဆို​တော့၊ ဗုံးကို စင်ထဲမှာထည့်ဖို့အခွင့်အ​ရေး သူ့မှာရှိတယ်။ "

[ TN : ဒီက ​'ရွေ့' ကိုလေ 'ရခိုင်' အသံထွက်က ရ​ကောက်သံလိုမျိုး လျှာလိပ်သံနဲ့ဖတ်​ပေးပါ။ ]

ရန်ရိသည် အ​လောတကြီး​နှင့်ပြောလိုက်သည် :

" ဟုတ်တယ်။ ငါတို့က ကျစ်ယန့် ပစ်မှတ်ထားတာကပွဲကြည့်ပရိတ်သတ်လို့ထင်ပြီး၊ စင်က သင့်တော်တဲ့​နေရာမဟုတ်ဘူးလို့ထင်ခဲ့တာမလို့ စစချင်းကတည်းက ကြည့်စင်နဲ့ပွဲစင်ကို ဖယ်လိုက်တာ။ ဒါ​ပေမဲ့ ကျစ်ယန့်ရဲ့အကြီးဆုံးပစ်မှတ်က စုန့်ကျွီးဟန်၊ ပြီး​တော့ ဒီလူကလည်း စင်​ဆောက်တာကိုတာဝန်ယူထားတာ !"

ဟယ်ကုသည် ​ထိတ်လန့်စွာဖြင့်​ပြော​လေသည် :

" ​နောက်ဆုံးဗုံးတစ်လုံးက စင်မှာလား ဝမ်​ရွေ့ကိုယ်​ပေါ်မှာလား။ "

" စင်မှာ​ရော ဝမ်​ရွေ့ကိုယ်​ပေါ်မှာပါ ဗုံးရှိတယ်လို့ ကျွန်မတို့သ​​​ဘောထားမှရမယ်။ ဘယ်လိုခြိမ်း​ခြောက်မှုသေး​သေး​လေးကိုမှ လွတ်သွားလို့မဖြစ်ဘူး။ "

ချိုးယန်က ​ပြောသည် :

" ဒါ​ပေမဲ့ အခုက စင်​ပေါ်မှာ​ဖျော်​ဖြေ​နေတုန်း​လေ။ ကျွန်မတို့ရဲ့စက်က အဲ့​လောက်အ​နှောင့်အယှက်များတဲ့အ​ခြေအ​နေမှာ ဗုံးကို ဘယ်လိုမှရှာလို့မရဘူး။ ပြီး​တော့ အဲ့​လောက်များတဲ့လူ​တွေကြည့်​နေတာ၊ မ​တော်လို့များ ဗုံးက ပိုပြီးမြင်သာတဲ့​နေရာမှာရှိ​နေခဲ့ရင်၊ ဒါ...... "

" ကျွန်​​တော်မှာ နည်းလမ်းရှိတယ် !"

ဟယ်ကုက ​ပြောသည်၊

" စင်မှာ​ဖျော်​ဖြေတာကို အချိန်တစ်ခု​လောက်ရပ်ခိုင်းလိုက်မယ်ဆိုရင် ရပြီ၊ ဟုတ်တယ်မလား။ "

" တစ်မိနစ်ဆိုရပြီ။ "

ဟယ်ကုသည် ဖုန်းကိုယူလိုက်ပြီး :

" ကျွန်​တော်မှာ နည်းလမ်းရှိတယ်။ စင်ပတ်ပတ်လည်က main ​တွေကိုဖြတ်လို့ရတယ်။ ဒီလိုဆိုရင် စက်​တွေအကုန်လုံး အ​နှောင့်အယှက်မရှိ​တော့ဘူး၊ ပရိတ်သတ်​တွေလည်း မမြင်ရ​​တော့ဘူး။ "

" ရှင် ဘယ်လိုလုပ်မှာလဲ ?"

" ​ရှောင်စုန်း။ "

ဟယ်ကု ဖုန်း​ခေါ်၍ရသွားခဲ့သည်၊

" ကျွီးဟန်ကို ​ပြောလိုက်၊ ​နောက်ဆုံးသီချင်းတစ်ပုဒ်ကို《 ချန်ယဲ့ 》နဲ့​ပြောင်းလိုက်လို့။ Main တွေအကုန်ဖြတ်ပစ်ဖို့ ငါတို့ အချိန်တစ်မိနစ်လိုလို့ ......ဘာလို့လဲ မ​မေးနဲ့​တော့၊ ငါဆိုလိုတာကို သူသိတယ်၊ အမြန်သွား !"

[ TN : ချန်ယဲ့ = အဆုံးမဲ့ည / ညတာရှည် ]

ချိုးယန်သည် နာရီကိုတစ်လျက်ကြာ့်လိုက်ပြီး၊

" ငါးမိနစ်ပဲ ကျန်​တော့တယ်။ ငါတို့ နှစ်လမ်းခွဲရ​အောင်။ ငါက စင်ဆီသွားမယ်၊ ရင့်ရှန်၊ နင်တို့က ဝမ်​ရွေ့ကို သွားရှာ။ "

ဟယ်ကု သွားမည်အပြု၊ ရန်ရိသည် သူ့၏ပခုံးကိုဖမ်းကိုင်လိုက်သည် :

" အင်ဂျင်နီယာဟယ်၊ ခင်ဗျား ​ခေါင်း​ဆောင်ချိုးနဲ့လိုက်သွားပါ။ ဒါ​ပေမဲ့ တစ်​ယောက်တည်းလှုပ်ရှားလို့မရဘူး။ "

ဟယ်ကုသည် ​ဒေါသနှင့်​ပြော​လေသည် :

" ကျွန်​​တော်ဘယ်လိုလုပ်ရမလဲဆိုတာကို ခင်ဗျားမှာ တားပိုင်ခွင့်မရှိဘူး။ "

" ခင်ဗျားကို ဘာထိခိုက်ဒဏ်ရာမှမရ​စေဘဲနဲ့ သူ့ဆီပြန်​ပေးပါ့မယ်လို့ ကျွန်​​တော် ဆရာစုန့်ကို ကတိ​ပေးထားတယ်။ သူ ဘာမှဖြစ်မှာမဟုတ်ပါဘူး။ ခင်ဗျားလည်း တစ်ခုခုဖြစ်လို့မရဘူး။ "

ဟယ်ကုသည် ရန်ရိအား ပွင့်လင်းပြီးခိုင်မာသည့်အကြည့်နှင့်ကြည့်​နေပြီး၊ သက်ပြင်းတစ်ချက်ချလိုက်ကာ :

" ကျွန်​တော် စိတ်လိုက်မာန်ပါလုပ်မှာမဟုတ်ပါဘူး။ "

သို့မှသာ၊ ရန်ရိသည် ဟယ်ကုကိုလွှတ်လိုက်ပြီး ချိုးယန်နှင့်အတူ ထွက်သွား​စေ​​တော့သည်။

ထန်​ဟောက်ချွန်သည် စဥ်းစားကာ​ပြော​လေသည် :

" ဝမ်​ရွေ့က ဘယ်မှာ ပုန်းနေ​လောက်မလဲ ?သူ သိပ်အ​ဝေးကြီးမှာ ပုန်း​နေတာမဖြစ်နိုင်ဘူး။ သူ့ရဲ့အ​ထောက်အထားက ​ပေါ်သွားနိုင်တယ်ဆိုတာကို သူ ခန့်မှန်းမိမှာပဲ။ ​​အဲ့တာကို ကျစ်ယန့်က သူ့ကို​ပေးထားတဲ့တာဝန်ကို ​နောက်ဆုံးအချိန်မှာ ပြီးဆုံး​အောင်လုပ်နိုင်မယ်လို့ ဘယ်လိုလုပ်ပြီးအာမခံတာလဲ ?"

ကုံးရင့်ရှန် :

" စင်မှာဗုံးဆင်ထားတာက အာမခံမှုတစ်ခုပဲ။ ရှုံးနိမ့်တာနဲ့ သူ့မှာ ဗုံးအရှင်တစ်ခုရှိ​သေးတယ်။ ငါထင်တာက​တော့ သူ ပုန်းမယ်ဆိုလည်း စင်နဲ့သိပ်​ဝေးမှာမဟုတ်​လောက်ဘူး။ "

" သူ ဘယ်မှာပဲပုန်း​နေပါ​စေ၊ အခု​လောက်ဆို ရှာ​တွေ့သင့်နေပါပြီဗျာ။ "

​ခေါင်း​ဆောင်ကျန်းသည် နားမလည်စွာဖြင့်​ပြောလိုက်သည်၊

" စင်ပတ်ပတ်လည်နဲ့စင်အ​နောက်​တွေအကုန်လုံးကို ရဲ​တွေက လှန်​လှောရှာထားတာ၊ သူ့ကို အ​တောင်ပံ​ပေးထားရင်တောင်မှ ထွက်​ပြေးလို့မလွတ်ပါဘူးဗျာ။ "

ဤ 'အ​တောင်ပံ​ပေးထားရင်​တောင်မှ ထွက်​ပြေးလို့မလွတ်ပါဘူး' ဆိုသည့်စကားသည် လူတစ်စုကို တစ်ပြိုင်နက်​ကြက်​သေ​သေသွား​စေ​ခဲ့သည်။

ကုံးရင့်ရှန်သည် ​ခေါင်းကို ​ဖြေး​ဖြေးချင်း​မော့ကာ၊ မျက်နှာကြက်ကို စိုက်ကြည့်ရင်း :

" အ​ပေါ်မှာ။ "

" ထပ်ခိုးပေါ်မှာ !"

ရန်ရိ အမြန်​ပြောလိုက်သည် :

" ထပ်ခိုး​ပေါ်မှာ လက်စွပ်ပုံစံ steel frame နဲ့မှန်အကာရှိတယ်၊ ​​ရွှေ့လို့ရတဲ့နေကာလည်းရှိ​​တော့ လူတစ်​ယောက်နှစ်​ယောက်​လောက် အသာ​လေးပုန်း​နေလို့ရတယ် !"

သူတို့သည် အနီးဆုံးရှိပြင်ဆင်မွမ်းမံသည့်အ​ပေါက်သို့ ချက်ချင်း​ပြေးသွား​တော့သည်။

ထပ်ခိုးသည် steel frame များဖြင့် " ရက်ထားခြင်း " ဖြစ်​သော​ကြောင့် တက်၍ရသည့်အ​ခြေရှိ​သဖြင့် အတွင်းဘက်ရှိ မွမ်းမံသည့်အ​ပေါက်မှ​နေ၍ တက်သွား၍ရပေသည်။ ​​​သေမှာကိုမ​ကြောက်ပါက၊ အပြင်ဘက်ရှိအ​ဆောက်အအုံတိုင်ကမှ​နေ၍လည်း တက်သွား၍ရ​ပေသည်။

ထိုစဥ်၊ သီချင်းသံနှင့်အား​ပေးသံများသည် အားကစားရုံတစ်ခုလုံးကို မြည်ဟည်းသွား​စေခဲ့သည်။ အ​ဝေးရှိ၊ ကြယ်​အလင်းရောင်နှယ် တဖိတ်ဖိတ်​တောက်ပ​နေသည့်စင်မြင့်ထက်တွင် လူတစ်​ယောက်သည် သီချင်းဆို​နေခဲ့သည်။ ​လူထောင်​သောင်းချီဝန်းရံ​နေသည့်အလယ်တွင် သူသည် လူအရိပ်​သေးသ​လေးတစ်ခုသာဖြစ်​​သော်လည်း၊ ရုံတစ်ခုလုံးကို ရဲရဲညီး​လောင်မြိုက်​​စေသည့်အပူကို ဖြာထွက်​စေလေသည်။

ဤကဲ့သို့​သောလူ၏ကိုယ်​ပေါ်တွင် တကယ်ကို " မီး " ရှိ​လေသည်။ သူသည် ကျစ်ယန့်ညွှန်းဆိုသည့် မီးကြီးစွာ​လောင်ကျွမ်းခြင်းဖြစ်သည်။

အကယ်၍ လူ​သောင်းချီအာရုံစိုက်​နေကြသည့် နှစ်သစ်ကူး​ဖျော်​ဖြေပွဲတွင် စုန့်ကျွီးဟန်သာ တစ်ခုခုဖြစ်သွားပါက ဘယ်​လောက်​တောင်မှ ကြီးမားသည့်လူမှုသက်​ရောက်မှုဖြစ်သွားနိုင်မလဲဆိုတာကို ​တွေးကြည့်ကြည့်နိုင်​ပေသည်။ ဤသည်မှာ ကျစ်ယန့်လိုချင်သည့်အရာပင်။ နတ်ဘုရားထက် တစ်ဆင့်နိမ့်ပြီး၊ လူ​သောင်းချီ​၏အထက်တွင်ရှိသည့် သူ့၏​နေရာကို တည်​ဆောက်ဖို့ရန်အတွက် ကြီးမားသည့် " ​ကြောက်ရွံ့မှု " ကို ဖန်တီး​ရပေမည်။

လူတစ်စုတို့သည် မွမ်းမံသည့်အ​ပေါက်မှ​နေ၍ ထပ်ခိုးသို့တက်သွားခဲ့ကြသည်။ ​ခြေ​ထောက်​အောက်တွင် ရုံတစ်ခုလုံးကို အ​ပေါ်စီးမှမြင်ရ​လေသည်။ ထူထပ်သည့်လူအုပ်နှင့် ခမ်းနားစွာ​ထွန်းလင်းနေသည်မီးအ​ရောင်များသည် အားကစားရုံမြင်ကွင်းအား ကြည်နူးဖွယ်အ​ရောင်များနှင့်ပြည့်နှက်​စေ​ခဲ့သည်။

ထပ်ခိုးသည် အခုံးပုံစံဒီဇိုင်းဖြစ်သည့်အတွက်​ကြောင့် သူတို့သည် အခုံးထိပ်ကိုသာ မြင်ရ​ပြီး၊ အခွက်​နေရာက မြင်ကွင်းအကွယ်တွင် နိမ့်ကျ​နေလေသည်။အဓိကစင်နှင့်အနီးဆုံးဖြစ်သည့် ထပ်ခိုးအပိုင်းသည်တိုက်တိုက်ဆိုင်ဆိုင်ကို အခွက်​နေရာတွင်ဖြစ်​နေခဲ့သည်။

ထပ်ခိုးမှ​နေ၍အဓိကစင်အထိ တိုက်ရိုက်အကွာအ​ဝေးသည် မီတာတစ်ရာခန့်ရှိ​လေသည်။ သို့​သော် အကွာအ​ဝေးမှာအလုံအ​လောက်မြင့်သဖြင့် ဗုံးကို ပစ်လိုက်လျှင် စုန့်ကျွီးဟန်ဆီသို့ မ​ရောက်နိုင်ဘူးဆို​သော်လည်း၊ ​လေး-ငါး-​ခြောက်တန်မျှ​လေးသည့်စတိတ်စင်ကို​ဆောက်ထားသည့်အရာများကို သွားဖျက်ဆီးမိသည်ဖြစ်​စေ သို့မဟုတ် လူအုပ်ထဲသို့ပစ်မိသွားသည်ဖြစ်​စေ၊ အကုန်လုံးသည် မ​တွေးဝံ့စရာ​ကောင်း​လောက်​အောင်​ကိုကြောက်စရာ​ကောင်းသည့် ပုံရိပ်များပင်။

ထပ်ခိုး​ပေါ်တွင် လမ်း​လျှောက်နိုင်သည်ဆို​​သော်လည်း အလွန်အန္တရာယ်များ​ပေသည်။ ​ပေါ့ဆမှု​လေးတစ်ခုက ရှစ်ထပ်မျှမြင့်သည့်​နေရာမှ ပြုတ်ကျ​စေနိုင်​ပေသည်။ အလုပ်သမားများသည် ပြုပြင်သည့်အချိန်တွင် လုံခြုံ​ရေးပစ္စည်းများကိုယူ​ဆောင်သွားကြ​လေသည်။ သူတို့သည် ဘယ်လုံခြုံ​ရေးကိုမှလုပ်ရန် အချိန်မရှိ​​ပေ။

" ဝမ်​ရွေ့ !"

ကုံးရင့်ရှန်သည် ​သေနတ်ကိုထုတ်လိုက်ပြီး၊ အ​ရှေ့သို့သွားရင်းဖြင့် လူယုတ်မာ၏နာမည်ကို အကျယ်ကြီး​ခေါ်​နေခဲ့သည်။ ရဲသား​ လေး-ငါး​ယောက်တို့သည် အသင့်အ​နေအထားဖြင့် အ​နောက်မှလိုက်လာ​ခဲ့ကြသည်။ ရန်ရိသည်လည်း လိုက်လာခဲ့​လေသည်။

" ဝမ်​ရွေ့၊ ခင်ဗျား အဝိုင်းခံ​လိုက်ရပြီးပြီ။ "

လူရိပ်တစ်ရိပ်သည် နိမ့်သည့်​နေရာမှ ဖြတ်ခနဲဖြတ်သွား​လေသည်။

ကုံးရင့်ရှန်သည် သုံး​-​လေး​ယောက်ကို မျက်စပစ်ပြလိုက်ပြီး၊ သူတို့အား ​ဘေးမှပတ်သွားခိုင်းကာ သွားဝိုင်းခိုင်းလိုက်သည်။

" ဝမ်​ရွေ့၊ ထွက်လာပါ၊ ကျုပ် ခင်ဗျားကိုမြင်ပြီးပြီ။ "

ကုံးရင့်ရှန်သည် ​သေနတ်ကို​မြှောက်ထားလျက်၊ တစ်လှမ်းချင်းတစ်လှမ်းချင်း​​လျှောက်သွား​လေသည်။

​ယောကျာ်းတစ်​ယောက်သည် ထပ်ခိုး၏အစွန်းတစ်ဖက်တွင်ရပ်​နေပြီး၊ လက်ထဲတွင် ဗုံးကိုကိုင်ထား​လေသည်။ ထိုမျက်နှာ​ပေါ်တွင် ရက်စက်ကြမ်းကြုတ်မှုများနှင့်ပြည့်နှက်​နေခဲ့သည် :

" မလာနဲ့ !"

ကုံးရင့်ရှန် ​အေးစက်သည့်​လေသံနှင့်​ပြောလိုက်သည် :

" ဝမ်​ရွေ့၊ ဗုံးကို ချလိုက်၊ မဟုတ်ရင် ကျုပ် ပစ်မှာ​နော်။ "

" ငါက ဝမ်​ရွေ့မဟုတ်ဘူး၊ ငါက ဟုန်ယန့်။ "

" ဟုန်ယန့်က ​ဆေးရုံမှာ​သေသွားပြီ။ "

" ဟုန်ယန့်က တစ်​ယောက်မကဘူး။ လူတိုင်းက ဂုဏ်သ​ရေရှိတဲ့မီးလျှံဖြစ်လို့ရတယ်။ "

" ခင်ဗျားက ဘယ်သူပဲဖြစ်​နေပါ​စေ၊ ခင်ဗျား အဝိုင်းခံထားရပြီးပြီ။ "

" ငါ အချိန်မ​ရွေး ​ဖောက်ခွဲပစ်လိုက်နိုင်တယ်နော်။ မင်း မလာခဲ့နဲ့၊ အဲ့မှာပဲရပ်​နေ။ "

ဝမ်​ရွေ့ ​အော်​ပြော​လေသည်၊

" ငါ လူအုပ်ထဲကို ပစ်မှာ​နော်။ ​အောက်မှာအကုန်လုံးက လူ​တွေချည်း။ "

" ကျစ်ယန့်က ဘာလို့ ကိုယ်တိုင်လာပြီးမလုပ်ရတာလဲ။ မင်းက ဒီ​လောက်​တောင်မှအရမ်းကိုလိုလိုလားလားနဲ့ သူ့အတွက်အ​မြောက်စာဖြစ်​ပေးချင်​နေတာလား ?"

ရဲသား​လေး-ငါး​ယောက်တို့သည် ဝမ်​ရွေ့ကို ​လေးဘက်​လေးလံတွင် ဝိုင်းထားပြီးပြီဖြစ်သည်။ ရန်ရိသည် ဝမ်ရွေ့၏အ​နောက်ဘက်တွင် ​နေ​နေ​လေသည်။

" ကျစ်ယန့်မှာက ပိုပြီးမြင့်မြတ်တဲ့တာဝန်ရှိတယ်။ ပြီး​တော့ ငါ့ရဲ့တာဝန်က ဒီမှာ။ "

ဝမ်ရွေ့၏မျက်လုံးထဲတွင် ​ကြောက်ရွံ့မှုလုံးဝမရှိဘဲ၊ ပုံမှန်မဟုတ်သည့်စိတ်လှုပ်ရှားမှုသာရှိ​လေသည်။

" ဒီဟာ​တွေက နတ်ဘုရားရဲ့မီးကို ရထားတာ​​တွေ။ နတ်ဘုရားအ​ပေါ် ​ရို​သေလေးမြတ်မှုမရှိတဲ့လူ​တွေအကုန်လုံးက​တော့ မီးနဲ့အသန့်စင်ခံရဖို့လိုအပ်တယ်။ "

ကုံးရင့်ရှန်သည် နာရီကိုတစ်ချက်ကြည့်ကြည့်လိုက်​သောအခါ၊ မထင်မှတ်ထားဘဲ တစ်မိနစ်သာကျန်​တော့​ကြောင်းကို ​တွေ့လိုက်ရသည်။ ယခုအချိန်တွင် တစ်စက္ကန့်၏ကုန်ဆုံးမှုသည်လည်း ရင်ထိတ်ဖွယ်​ကောင်း​ပေသည်။

ထိုစဥ်၊ သီချင်းသံသည် ရုတ်တရက်ရပ်သွား​လေသည်။ စုန့်ကျွီးဟန်၏အသံသည် အသံချဲ့စက်မှတစ်ဆင့် အားကစားရုံ၏​ထောင့်တိုင်းတွင် ပဲ့တင်သံထွက်​ပေါ်လာ​​လေသည်။

" မိတ်​ဆွေတို့၊ ​နောက်ထပ်စက္ကန့် 90 ​ကျော်သွားရင်၊ ကျွန်​တော်တို့အတူ နှစ်သစ်ကိုကြိုဆိုရ​တော့မယ်။ ကျွန်​တော် အားလုံးအတွက် လက်​ဆောင်​လေးတစ်ခုပြင်ဆင်ထားတယ်။ Surprise ​လေးတစ်ခု​ပေါ့။ အဲ့တာက​တော့ ကျွန်​တော် အခုတ​လော အသစ်​ရေးထားတဲ့သီချင်း​လေးတစ်ပုဒ်ပါ။ အခုလက်ရှိအချိန်အထိ တစ်​ယောက်ပဲနား​ထောင်ဖူး​သေးတယ်။ "

စင်​အောက်ဘက်မှ ရယ်သံနှင့်​အော်ဟစ်အား​ပေးသံများထွက်​ပေါ်လာ​လေသည်။

" အစက​တော့ တစ်ချက်​လောက်ထပ်ပြင်ပြီးမှ အားလုံးကို နား​ထောင်းခိုင်းချင်ခဲ့တာ။ ဒါပေမဲ့ ဒီသီချင်းက အခုအ​ခြေအ​နေနဲ့အရမ်းလိုက်ဖက်တယ်လို့ ကျွန်​​တော် ရုတ်တရက်ထင်မိသွားလို့။ သူရဲ့နာမည်က​​တော့《 ချန်ယဲ့ 》လို့ ​ခေါ်ပါတယ်။ "

စုန့်ကျွီးဟန်သည် တိုးတိုး​လေးရယ်လိုက်ပြီး၊

" လူတိုင်းလူတိုင်းက ညကို ဖြတ်သန်းဖူးကြပါတယ်။ တချို့​​သောည​တွေက ရှည်လျားလွန်းလို့ မိုး​သောက်ချိန်ကို​တောင်မှ မရောက်နိုင်သလိုပါပဲ။ ကျွန်​တော်တို့က ဒီလိုမျိုးရှည်လျားတဲ့ညအချိန်မှာ အ​မှောင်ထုနဲ့အိပ်မက်ဆိုးကို သည်းခံရင်း၊ အရုဏ်ဦးကျ​ရောက်လာဖို့ကို ​ဆု​တောင်း​နေခဲ့ကြတယ်။ လူကြီးမင်းတို့က ​​စောင့်ဆိုင်း​နေရတာ တကယ်ကို​ကြာ​နေတာမျိုးဖြစ်​ကောင်းဖြစ်နိုင်လိမ့်မယ်။ ​စောင့်ရလွန်းလို့ ​မျှော်လင့်ချက်​တောင်မဲ့​ခါနီး​နေပြီး၊ လက်​လျှော့ပစ်လိုက်ချင်စိတ်ဖြစ်လာတဲ့အချိန်ကျရင် ဒီသီချင်းက လူကြီးမင်းတို့ကို ဆက်ပြီးအားတင်းသွားဖို့အတွက် ခွန်အား​ပေးနိုင်လိမ့်မယ်လို့ ​​မျှော်လင့်ပါတယ်။ ဘာလို့လဲဆို​တော့ ရှည်လျားတဲ့လမိုက်ညက ကျိန်း​သေကုန်ဆုံးမှာဖြစ်ပြီး၊ အရုဏ်ဦးကလည်း ကျိန်း​သေ​ရောက်လာမှာဖြစ်တဲ့အတွက်​ကြောင့်ပါပဲ။ ဆက်ပြီး​တော့၊ ဒီညတာရှည်ကိုဖြတ်သန်းဖို့အတွက် ရုံထဲမှာရှိတဲ့လူတစ်​ယောက်ချင်းစီတိုင်းကို ကျွန်​တော် အ​ဖော်ပြု​ပေးချင်ပါတယ်။ "

ခဏကြာ​သော်၊ ရုံထဲရှိမီး​များအကုန်လုံး ပျက်သွား​လေသည်။

အ​စောကြီးကတည်းကပြင်ဆင်ထားသည့်ရန်ရိသည် မီးပျက်သွားသည့်အချိန်တွင် ဖုန်းဓါတ်မီးကိုဖွင့်လိုက်ပြီး ဝမ်​ရွေ့ဆီသို့ထိုးလိုက်သည်။ ကုံးရင့်ရှန် ​တွေ​ဝေခြင်းအလျင်းမရှိပစ်ထည့်လိုက်သည်။ အသံတိတ်ပစ္စတိုသည် " ​ဖောက်  " ခနဲမြည်သွားပြီး၊ ဝမ်​ရွေ့၏ပခုံးကို တစ်ချက်တည်းမှန်သွား​လေသည်။

ဝမ်​ရွေ့သည် ​သေနတ်၏သက်​ရောက်မှုအား​ကြောင့် ကြမ်းပြင်​ပေါ်သို့လဲကျသွားပြီး၊ ဗုံးကလည်း လက်ထဲမှလွတ်ကျသွားခဲ့သည်။

လူ​​​လေး-ငါး​ယောက်တို့သည် အ​ရှေ့သို့အပြုံလိုက်တိုးလာခဲ့သည်။ သို့​သော် ​ခြေ​ထောက်​အောက်တွင် ကြက်​ခြေခတ်ပုံစံသံရက်မများနှင့်မှန်များဖြစ်သဖြင့်၊ အလင်းရှိသည့်အချိန်မှာ,မှာတောင်မှ သွားလို့မ​ကောင်းသဖြင့်၊ ယခု​​ ဘေးပတ်ပတ်လည်မှာ ပိန်းပိတ်​အောင်​မှောင်မည်း​နေ​သော​ကြောင့် အဖုအထစ်များကို ​ရှောင်ရှားရန်ခက်​နေခဲ့ကြသည်။

ရန်ရိသည် ဖုန်းမီးကို ​တောက်​လျှောက်ကိုင်ထားပြီး၊ မယိမ်းယိုင်၊ မ​ချော်လဲသည့်တစ်ဦးတည်း​သောသူဖြစ်​​လေသည်။ သူသည် အမြန်ဆုံး​သောအလျင်နှင့် ​ပြေးသွားပြီး၊ ဝမ်​ရွေ့ ဗုံးကိုဖမ်းမိသည့်အချိန်တွင် သူသည် သူ့(ဝမ်​ရွေ့)၏ကိုယ်​ပေါ်သို့ ဒိုင်ဗင်ပစ်လိုက်ကာ၊ နှစ်​ယောက်သည် ​ဖောက်ထွင်းမြင်ရသည့်မှန်​ပေါ်တွင် နပန်းသတ်​နေခဲ့ကြသည်။

ရန်ရိသည် ဝမ်​ရွေ့၏လည်ပင်းကိုချုပ်ထားပြီး၊ လက်တစ်ဖက်က ဗုံးကိုသွားလု​လေသည်။ ဝမ်​ရွေ့သည် ​သေမတတ်ရုန်းကန်​နေပြီး၊ တံ​တောင်ဆစ်ဖြင့် ရန်ရိ၏ခါးကြွက်သားကို အတင်းတိုက်​လေသည်။

ကုံးရင့်ရှန်သည်လည်း တဟုန်ထိုး​ပြေးလာခဲ့ပြီး၊ ဝမ်​ရွေ့၏ရင်ညွန်ရိုး​အောက်ဘက်ရှိ ရင်ဝမ်းခြားကြွက်သားကို လက်သီးနှင့်တစ်ချက်မှတ်​လောက်သား​လောက်​အောင်ထိုးလိုက်သည်။

ဝမ်​ရွေ့သည် လည်ပင်းကိုအညစ်ခံထားရသလိုမျိုး ​ကြောက်စရာအသံ​ဖြင့် အော်​လေသည်။ နာလွန်းသဖြင့် လူတစ်ကိုယ်လုံး​ပျော့​ခွေသွား​တော့သည်။

ရန်ရိသည် အခွင့်​ကောင်းယူပြီး၊ ဗုံးကို လုလိုက်​လေသည်။

ဗုံး​ပေါ်တွင် ပြ​နေသည့် countdown မှာ--10 စက္ကန့်။ 

နှစ်​ယောက်သား တစ်ချက်အကြည့်ဆုံလိုက်ကြသည်။

ကုံးရင့်ရှန်သည် လက်ကိုဆန့်ပြီး လုလိုက်​သော်လည်း၊ ရန်ရိကမူ ကိုယ်ကိုတစ်ချက်လှန်လိုက်ပြီး ကြမ်းပြင်မှထလာခဲ့သည်။

ရန်ရိ၏ခိုင်မာသည့်အကြည့်ကို ကြည့်ရင်း၊ ကုံးရင့်ရှန်သည် အသံတုန်တုန်နှင့်​ပြော​လေသည် :

" မင်း မလှုပ်နဲ့...... "

ရန်ရိသည် ဗုံးကိုပိုက်ပြီး၊ ထပ်ခိုး၏အစွန်းဘက်နားသို့ ​ပြေးသွား​လေသည်။

" ရန်ရိ !"

ကုံးရင့်ရှန်တစ်​ယောက် ​စဥ်းပင်စားမ​နေ​တော့ဘဲ၊ ဘာကိုမှဂရုမစိုက်​စွာဖြင့် ​လိုက်သွား​လေသည်။

ဗုံး၏ countdown က ​နောက်ဆုံးသုံးစက္ကန့်ကုန်​တော့မည်အချိန်တွင် ရန်ရိသည် တစ်ကိုယ်လုံးမှအားကိုစုစည်းပြီး၊ ဗုံးကို ​​လေထုအမြင့်ပိုင်းထဲသို့ အသားကုန်ပစ်ထည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့​ခြေ​ထောက်​အောက်တွင် ဗလာဖြစ်သွားပြီး၊ ထပ်ခိုး​ပေါ်မှ လိမ့်ကျသွား​​လေသည်။

ကုံးရင့်ရှန်သည် ကိုယ်ကိုဒိုင်ဗင်ပစ်လိုက်ပြီး၊ ရန်ရိတစ်​ယောက် နှစ်ဆယ့်​လေး-ငါးမီတာမျှမြင့်သည့်ထပ်ခိုး​ပေါ်မှ ပြုတ်ကျ​တော့မည့်အချိန်တွင်၊ သူ့၏လက်ကို လှမ်းဖမ်းလိုက်​လေသည်။ သူ့တစ်ကိုယ်လုံးလည်း ရန်ရိ​၏ဆွဲသွားမှုကြောင့် ​အောက်သို့​လျှောကျ​သွား​လေသည်။ သူ့၏​ခြေလက်များသည် မှန်မျက်နှာပြင်မှမြင့်တက်​နေသည့် steel frame များကို ကြိုးစားပြီး အားနှင့်ကုပ်တွယ်ထား​လေသည်။ နှစ်​ယောက်သည် ​လေထုအလယ်တွင် အန္တရာယ်များစွာဖြင့် တွဲ​လျောင်းဖြစ်​နေ​လေသည်။

ဗုံး​​ပေါက်သံထွက်​ပေါ်လာခဲ့သည်။ ​ပေါက်ကွဲမှုလှိုင်းမှာ ခပ်ပြင်းပြင်းလက်သီးတစ်ချက်နှယ်၊ နှစ်​ယောက်၏ကိုယ်​ပေါ်သို့ ကျ​ရောက်​သွားခဲ့သည်။ ​ဘေးပတ်ပတ်လည်ရှိအကြမ်းခံမှန်များသည်လည်း အသံ၏သက်​ရောက်မှုကြောင့် ကွဲထွက်သွား​လေသည်။ ကုံးရင့်ရှန်တစ်​ယောက် အလှုပ်ယမ်းခံလိုက်သဖြင့် ​​သွေး​တောင်အန်​ထွက်​တော့မလိုပင်။ သို့​သော် သူသည် ရန်ရိကို အ​သေဖမ်းဆုပ်ထားပြီး လက်ကိုမလွှတ်ခဲ့​ချေ။

တစ်ချိန်တည်းမှာပင် နှစ်သစ်ကူး​ခေါင်း​လောင်းသည် မြည်လာခဲ့ပြီး၊ ​မြောက်များစွာ​သောမီးရှူးမီးပန်းတို့သည် အားကစားရုံ၏​ကောင်းကင်ယံအထက်သို့ ဥက္ကာပျံများနှယ် ပျံတက်သွားပြီး ညအ​မှောင်ထုထဲတွင် ခမ်းနားစွာပွင့်လန်းသွား​ကြလေသည်။ တစ်မိနစ်စာ " ညတာရှည် " ကို ဖြတ်သန်းပြီး​နောက်၊ စင်မြင့်​ပေါ်တွင် မီးများပြန်လင်းလာပြီး၊ သီချင်းသံများ ပြန်လည်ထွက်​ပေါ်လာခဲ့သည်။

​လောကကြီးတစ်ခုလုံး၏ ​မှောင်မည်းမှုနှင့်တိတ်ဆိတ်မှုတို့သည် ချက်ချင်းဆိုသလို လင်းထိန်ပြီးဆူညံသည့်အဖြစ်သို့ ​ပြောင်းလဲသွား​ပြီး၊ ဗုံး​ပေါက်ကွဲသည့်အသံနှင့်မီးအလင်း​ရောင်တို့သည်လည်း တိုက်ဆိုင်စွာဖြင့် အဖုံးခံလိုက်ရ​​လေသည်။

ရန်ရိသည် ကုံးရင့်ရှန်ကို ​ခေါင်း​မော့ကြည့်​နေခဲ့သည်။ ​ပြောစရာစ​ကား​ပေါင်း​ထောင်သောင်းမကရှိ​​နေသော်လည်း ဘယ်​နေရာက​နေစ​ပြောရမှန်းကို မသိ​​ချေ။ 

ကုံးရင့်ရှန်သည်လည်း ရန်ရိကို ကြည့်​နေခဲ့သည်။ သူကလည်း တစ်ခုခု​ပြောချင်​နေခဲ့သည်။ သို့​သော် သူသည် နာလွန်းသဖြင့် ပါးစပ်​တောင်မဟနိုင်​ချေ။ သူ့၏အတွင်းကလီစာများမှာ ​သေမတတ်နာကျင်​နေပြီး၊ အရွယ်​ရောက်​ယောကျာ်း​လေးတစ်​ယောက်ကိုလည်း လက်တစ်ဖက်တည်းဖြင့် ဆွဲထားရ​သေးသဖြင့်၊ တစ်ကိုယ်လုံးကို အတွင်းမှအပြင်သို့ အဆွဲဖြဲ​ခံနေသလိုမျိုးပင်။ သူသည် စကားသုံးလုံးကိုသာ ကြိုးစားပြီး​ပြောနိုင်​လေသည် :

" ​တောင့်ခံထား။ "

တခြားလူများသည်လည်း ​ပြေးလာခဲ့ပြီး၊ ကုံးရင့်ရှန်နှင့်ရန်ရိတို့ကို တစ်​ယောက်ပြီးတစ်ယောက်ဆွဲကာဖမ်းလိုက်သည်။ ​ဘေးကင်းသည့်​နေရာသို့​ရောက်သည်အထိ နှစ်​ယောက်ကို တ​ဖြည်းဖြည်းချင်းပြန်ဆွဲတင်လိုက်ကြသည်။

ကုံးရင့်ရှန်သည် အစမှအဆုံးထိ လက်မလွှတ်ခဲ့​ချေ။ အန္တရာယ်မှလွတ်​မြောက်လာသည့်​နောက်တွင် ရန်ရိအား ခပ်ကြမ်းကြမ်း​ပွေ့ဖက်ပစ်လိုက်သည်။ ရန်ရိအား ကိုယ်ထဲသို့ထည့်ပစ်လိုက်ချင်သည့်အားမျိုးဖြင့် ​​ပွေ့ဖက်ထားပြီး၊ သူ့၏နား,နားတွင် စို့နင့်သံဖြင့်ဆဲကာ​ပြောလိုက်သည် :

" မင်း​မေ-ိုး အသက်မရှင်​ချင်တော့ဘူးလား !"

​အောက်သို့ပြုတ်ကျသွားသည့် ရန်ရိ၏ကိုယ်ကို ​တွေးမိလိုက်တိုင်း၊ သူ့မှာ ​ကြောက်လွန်းသဖြင့် ရင်ကွဲ​သေ​တော့မလိုပင်။ အကယ်၍ ရန်ရိကိုသာ ဆုံးရှုံးလိုက်ရမယ်ဆိုရင်......မဟုတ်ဘူး၊ ဒါက သူ လုံးဝအဆုံးရှုံးမခံနိုင်တဲ့လူ !

ရန်ရိ၏နှာ​​ခေါင်းထိပ်သည် ကျဥ်တက်လာပြီး၊ ကုံးရင့်ရှန်၏ခန္ဓာကိုယ်က အလွန်ကြီးမားပြီး၊ အလွန်​နွေး​ထွေးသည်ဟုသာ ခံစားမိ​လေသည်။ ​လောကကြီးတစ်ခုလုံးက မိုးသက်​လေပြင်း(ခက်ခဲကြမ်းတမ်းမှု)များကို ကာကွယ်​ပေးနိုင်သလိုမျိုးပင်။ ဒါက ကုံးရင့်ရှန် သူ့ကို ဘယ်နှကြိမ်​မြောက်ကယ်ခြင်းလဲ ?မိမိက ကြီးမားသည့်အားအင်ဖြင့် အကာကွယ်ပေးခံထားရသည့် လုံခြုံသည့်ခံစားချက်ကို ကုံးရင့်ရှန်ကသာ သူ့အား​ပေးစွမ်းနိုင်​​လေသည်။ ဘယ်​လောက်ပင်ကြံခိုင်သည့်လူဖြစ်​နေပါစေ၊ နက်ရှိုင်းသည့်အတွင်းစိတ်ကနှစ်သိမ့်မှုကို ဘယ်လိုမှငြင်းပယ်နိုင်စွမ်းမရှိ​​ပေ။

သို့​သော် သူ ပြန်​​ပွေ့ဖက်ချင်သည့်စိတ်ဖြစ်​ပေါ်လာသည့်အချိန်တွင်၊ ​ခေါင်းထဲတွင် ​ပေါ်လာသည်မှာ ကုံးရင့်ရှန်၏ရွံမုန်းမှုများနှင့်ပြည့်နှက်​နေသည့် " ငါ့ကို မထိနဲ့ " ဆိုသည့် ထိုစကားပင်။

သူ့ရင်ထဲတွင် နာကျင်လာရပြီး၊ ချက်ချင်းဆိုသလို အားအင်များမရှိ​တော့​ချေ။ ကုံးရင့်ရှန်၏ရင်ခွင်ထဲတွင် ​ပျော့​ခွေ​နေပြီး၊ ​ကောင်းကင်အပြည့်ပွင့်လန်းနေသည့် မီးပန်းများကို ကြည့်​ရင်း၊ ယခုအချိန်တွင် သူ့နှင့်ကုံးရင့်ရှန်တို့သည် ဆက်ပြီးချိန်း​တွေ့​နေခဲ့ကြပြီး၊ အတူ​တူဖျော်​ဖြေပွဲနား​ထောင်၊ အတူတူနှစ်ကူးကြပြီး၊ ကြည်နူးဖွယ်မီးရှူးမီးပန်းများကို အတူတူခံစား​နေခဲ့ကြသည်ကို စိတ်ကူးယဥ်ကြည့်​နေခဲ့သည်။

သူ့ရဲ့တစ်ကိုယ်တည်းဆန္ဒနဲ့ သတ်မှတ်ထားတဲ့ချိန်းဆိုမှုဖြစ်​နေခဲ့တယ်ဆိုရင်တောင်မှ​ပေါ့။

အကယ်၍၊ ဘာကိစ္စမှသာမဖြစ်ခဲ့ဘူးဆိုရင် ​ကောင်းမယ်။

​ခေါင်း​ဆောင်ကျန်းဦး​ဆောင်သည့်တခြားလူများသည် ဝမ်​ရွေ့ကို ဆွဲမလိုက်ကာ၊ ဆရာဝန်ဆီသို့ သယ်သွားလိုက်သည်။

တဖြည်းဖြည်းနှင့်စိတ်သက်သာလာသည့်နှစ်​ယောက်သည် ကသိက​အောက်ဖြစ်စွာဖြင့် ခွာလိုက်ပြီး၊ မှန်​ပေါ်တွင် ထိုင်ချလိုက်သည်။

တစ်​ယောက်ကိုတစ်​ယောက်ကြည့်ပြီး ဘာမှမ​ပြောကြ​ချေ။

အ​တော်ကြာမှ၊ ရန်ရိ​ပြော​လေသည် :

" ပြီးသွားပြီ။ "

ကုံးရင့်ရှန်မှာ တိတ်ဆိတ်​နေဆဲ။

" ငါတို့ ဒီတစ်​ခေါက်လုပ်တာ သိပ်လှတာပဲ။ "

ရန်ရိ ရယ်လိုက်ပြီး၊

" ​တော်သေးတယ် အပြစ်မဲ့တဲ့လူ​တွေတစ်​ယောက်မှ ဒဏ်ရာမရလို့။ "

" ......အင်း။ "

ရန်ရိသည် မှန်မှ​​တစ်ဆင့်၊ ​အောက်ဘက်တွင် နှစ်သစ်ကူးပါတီကျင်းပ​နေကြသည့်လူများကို ကြည့်​နေခဲ့သည်။ သူတို့သည် ​ပျော်ရွှင်သည့်ခံစားချက်များတွင်နစ်မြုပ်​နေကြပြီး၊ လွန်ခဲ့သည်တစ်နာရီတုန်းက ဘယ်လိုမျိုးသည်းထိတ်ရင်ဖိုဖွယ်ဇာတ်လမ်းဖြစ်ပျက်ခဲ့သည်ကို လုံးဝသတိမထားခဲ့ကြ​ချေ။ သူသည် ကိုယ့်ကိုယ်ကိုယ်ပြက်ရယ်ပြုလိုက်ပြီး :

" အစတုန်းက​တော့ မင်းနဲ့ချိန်းပြီး​တော့ အတူ​တူဖျော်​ဖြေပွဲနား​ထောင်ဖို့ပဲ၊ ဒီလိုမျိုးဖြစ်သွားလိမ့်မယ်လို့ မထင်ထားမိဘူး။ "

ကုံးရင့်ရှန်သည်လည်း ​ခေါင်းငုံ့ကြည့်ကြည့်လိုက်ပြီး၊ အသံတိုးတိုး​လေးနှင့် ​ပြော​လေသည် :

" ​​ဖျော်ဖြေပွဲက မပြီး​သေးဘူး။ "

အစတုန်းက​တော့ ဤညသည် သူနှင့်ရန်ရိပိုင်ဆိုင်သည့်ညပင်။ ​နောက်​တော့၊ အရင်ဆုံး ချီ​ရှောင်း၏ဖျက်ဆီးခြင်းကို ခံလိုက်ရသည်။ ​နောက်ထပ်ပြီး......မဟုတ်ဘူး၊ ချီ​ရှောင်း​ပေါ်လာတဲ့အဲ့ဒီအချိန်ကစပြီး​တော့ ဒီညကပြီးဆုံးသွားခဲ့ပြီးပြီ။သူသည် တိတ်တိတ်​ကလေးလက်သီးဆုပ်လိုက်ပြီး၊ ရင်ထဲတွင် မနာလိုမှုနှင့်​ဒေါသများ ပြည့်နှက်​နေခဲ့သည်။

ရန်ရိသည် မသိလိုက်ဘာသာဖြင့် ဒူး​ခေါင်းကိုပိုက်လိုက်ပြီး၊ ကိုယ်ကို ​ရေး​ရေး​လေးကျုံ့လိုက်ကာ၊ အသံတိုးတိုး​​လေးဖြင့် ​ပြောလိုက်သည် :

" ငါတို့......စကား​ပြောလို့ရမလား။ "

" ......ဘာ​ကို ပြောမှာလဲ။ "

" မင်း နိုင်မနိုင်...... "

ရန်ရိသည် ခက်ခက်ခဲခဲနှင့်​ပြောလိုက်သည်။

" ဘာမှမဖြစ်ခဲ့ဘူးလို့ သဘောထားနိုင်မလား။ ငါတို့က တစ်​ယောက်နဲ့တစ်​ယောက်ရဲ့အ​ကောင်းဆုံးသူငယ်ချင်းတွေဖြစ်​နေတုန်းပဲ​လေ။ "

ကုံးရင့်ရှန်၏မျက်နှာမှာ တည်ငြိမ်​နေပြီး၊ စကားမ​ပြော​​ချေ။

" ငါ ထပ်ပြီး​တော့ ဘယ်လို......မသင့်​တော်တဲ့​အပြောအဆိုအပြုအမူ​တွေ ထပ်လုပ်မှာမဟုတ်ပါဘူး။ ငါ အာမခံပါတယ်။ "

ရန်ရိသည် ​ပြော​လေ​လေ၊ အသံက တိုး​လေ​လေဖြစ်​လေသည်။

" မင်းကို ထိမှာလည်းမဟုတ်ပါဘူး။ "

ကုံးရင့်ရှန်မှာ ​​ဒေါသထွက်လွန်းသဖြင့် နှလုံးသားတစ်ခုလုံးကိုက်ခဲလာရသည်။ သူသည် ဇတ်ခနဲမတ်တပ်ထလိုက်ပြီး၊ ​ခေါင်းပင်လှည့်မကြည့်​တော့ဘဲ ထွက်သွား​တော့သည်။

ရန်ရိသည် ကုံးရင့်ရှန်၏​နော​က်ကျောကို အသိစိတ်ကင်းမဲ့စွာကြည့်​နေခဲ့ပြီး၊ ဝမ်းနည်းစွာဖြင့် မျက်လုံးများကိုမှိတ်ချလိုက်​​တော့သည်။









************************************

[Zawgyi]

ဟယ္ကု ၾကက္​ေသ​ေသသြား​ေလသည္။ အသိျပန္ဝင္လာသည့္အခ်ိန္တြင္ အျပင္ဘက္သို႔ တဇြတ္ထိုး​ေျပးထြက္​ေတာ့သည္။

ရန္ရိသည္ သူ႔အ​ေရွ႕တြင္ မ်က္စိလ်င္လ်င္လက္လ်င္လ်က္ျဖင့္ပိတ္ရပ္လိုက္ၿပီး :

" အင္ဂ်င္နီယာဟယ္၊ အင္ဂ်င္နီယာဟယ္၊ ခင္ဗ်ား စိတ္​ေအး​ေအးထားပါဦး။ "

ဟယ္ကု ​ေအာ္​ေျပာ​ေလသည္ :

" ကြၽန္​ေတာ့္ကို လႊတ္ !"

စိတ္အလႈပ္ရွားဆုံးအခ်ိန္ျဖစ္​ေနလွ်င္​ေတာင္မွ သူသည္ ပုံမွန္မဟုတ္သည့္တည္ၿငိမ္မႈကို ျပသခဲ့​ေလသည္။ သို႔ေသာ္ ယခုအခ်ိန္တြင္ သူ႔၏မ်က္လုံးထဲတြင္ ပ်ာ​ယာခတ္မႈႏွင့္​ေၾကာက္႐ြံ႕မႈမ်ားသာ က်န္ရစ္​ေတာ့​​ေလသည္။

" အင္ဂ်င္နီယာဟယ္ !"

ရန္ရိသည္ အသံကိုျမႇင့္ၿပီး​ေျပာလိုက္သည္၊

" ဗုံးငါးလုံး​ေတြ႕​ေအာင္လို႔ ခင္ဗ်ား ကြၽန္​ေတာ္တို႔ကို ကူရွာ​ေပးခဲ့ၿပီးၿပီ။ ခင္ဗ်ား​ေခါင္းသုံးၿပီးစဥ္းစားတာကိုပဲ ကြၽန္​ေတာ္တို႔လိုအပ္တာ၊ စိတ္လိုက္မာန္ပါလုပ္တာမ်ိဳးကို မဟုတ္ဘူး။ "

ဟယ္ကုသည္ ယခုအခ်ိန္တြင္ အဘယ္မွာမ်ားနားဝင္လိမ့္မည္နည္း။ သူသည္ ရန္ရိကို ခပ္ျပင္းျပင္းတစ္ခ်က္တြန္းလိုက္​ေသာ္လည္း တြန္း၍မရ​​ေပ။ ရန္ရိသည္ အံႀကိတ္ၿပီး​ေတာင့္ခံထား​ေလသည္။ ကုံးရင့္ရွန္သည္ ​ေျခလွမ္းက်ယ္ႀကီးမ်ားျဖင့္​ အ​ေရွ႕သို႔​ေလွ်ာက္လာခဲ့ၿပီး၊ ဟယ္ကု၏ပခုံးမွကိုင္ကာ သူ႔အား ျပန္ဆြဲ​ေခၚလာခဲ့ၿပီး၊ လူကို ထိုင္​ခုံေပၚသို႔ ဖိခ်လိုက္သည္။

ဟယ္ကုသည္ ​ေဟာဟဲလိုက္ကာအသက္ရႉ​ေနရင္း၊ အၾကည့္သည္ တျဖည္းျဖည္းႏွင့္ ျပန္ၿပီးတည္ၿငိမ္လာ​ေတာ့သည္။

ကုံးရင့္ရွန္သည္ ဟယ္ကုအား စူးစိုက္ၾကည့္ရင္း :

" အင္ဂ်င္နီယာဟယ္၊ အခု ရွိသမွ်လူ​ေတြအကုန္လုံးက အဲ့ဒီဗုံးကိုရွာ​ေနတယ္။ သူက စင္ကိုခ်ဥ္းကပ္ႏိုင္ဖို႔က အရမ္းနည္းတယ္။ ခင္ဗ်ား ကာကြယ္ခ်င္တဲ့လူကို ကာကြယ္​ေပးႏိုင္ဖို႔အတြက္ ခင္ဗ်ား စိတ္​ေအး​ေအးထားမွျဖစ္မယ္။ "

ဟယ္ကုသည္​ ​ေခါင္းကို ငုံ႔ထားၿပီး၊ လက္သီးႏွစ္ဖက္ကိုဆုပ္ထားသည္မွာ တဂြၽတ္ဂြၽတ္ျမည္​ေတာင္ျမည္​ေန​ေလသည္။

​ေခါင္း​ေဆာင္က်န္းက ​ေျပာသည္ :

" ကြၽန္​ေတာ္တို႔ monitor ကို ​ေတာက္​ေလွ်ာက္​ေစာင့္ၾကည့္​ေနတာ၊ ဒီလူရဲ႕​ေျခရာကို လုံးဝကိုမ​ေတြ႕ရဘူး။ စင္ပတ္ပတ္လည္မွာလည္း ရဲနဲ႔လုံၿခဳံ​ေရး​ေတြအမ်ားႀကီးရွိ​ေတာ့ သူ ထြက္လာတာနဲ႔ မွတ္မိႏိုင္မွာပဲ။ တစ္ခုတည္း​ေသာျဖစ္ႏိုင္​ေခ်က သူက တစ္​ေနရာရာမွာပုန္း​ေနၿပီး၊ ဒီအခ်ိန္အ​ေတာတြင္းမွာ ​ေတာက္​ေလွ်ာက္​ေနရာမ​ေ႐ႊ႕ဖူးဘူးဆိုတာပဲ။ "

ခ်ိဳးယန္သည္ ​ေခါင္းတၿငိမ့္ၿငိမ့္ျဖင့္ :

" သူက ​ေသခ်ာ​ေပါက္တစ္​ေနရာရာမွာပုန္း​ေနမွာပဲ။ သူ စၿပီး​ေနရာ​ေ႐ြ႕တာနဲ႔၊ အဲ့တာက ဗုံးအရွင္တစ္လုံးျဖစ္သြားၿပီ။ သူက စင္အနားကို ဘယ္လိုမွကပ္လို႔မရဘူးဆိုရင္​ေတာင္မွ၊ လူမ်ားတဲ့ဘယ္​ေနရာမွာမဆို ဗုံးကိုခြဲလိုက္မယ္ဆိုရင္လည္း ျပန္ျပင္မရတဲ့အက်ိဳးဆက္ျဖစ္မွာပဲ။ "

ဟယ္ကုသည္ ဖုန္းကိုထုတ္လိုက္ၿပီး :

" ကြၽန္​ေတာ္ ကြၽီးဟန္ကို စင္က​ေနဆင္းခိုင္းလိုက္မယ္။ မဟုတ္​ေသးဘူး၊ စင္က ပိုၿပီးလုံၿခဳံႏိုင္တယ္...... "

သူသည္ ဖုန္းကိုဆုပ္ကိုင္ထားၿပီး၊ တစ္ခဏမွ် ဘာလုပ္ရမွန္းမသိျဖစ္​ေနခဲ့သည္။ နဖူးအထက္က​ေခြၽးမ်ားကလည္း တဒီးဒီးစီးက်​ေန​ေလသည္။

" အကယ္၍ စုန္႔ကြၽီးဟန္ကို ​ေဖ်ာ္​ေျဖတာရပ္ခိုင္းလိုက္မယ္ဆိုရင္၊ တစ္အ​ေနနဲ႔ ရန္သူကို သတိ​ေပးမိသလိုျဖစ္သြားမယ္၊ ႏွစ္အ​ေနနဲ႔က ပရိတ္သတ္​ေတြကို အလန္႔တၾကားျဖစ္​ေစလိမ့္မယ္။ ကြၽန္​ေတာ္တို႔က လူယုတ္မာကိုသာ စင္အနား ဘယ္လိုမွကပ္မရ​ေအာင္လုပ္လိုက္မယ္ဆိုရင္ စုန္႔ကြၽီးဟန္က လုံၿခဳံတဲ့...... "

ကုံးရင့္ရွန္သည္ မ်က္​ေမွာင္ၾကဳတ္လိုက္ၿပီး၊

" ​ေနဦး၊ ဒီ ဝမ္​ေ႐ြ႕လို႔​ေခၚတဲ့လူက စင္​ေဆာက္ဖို႔တာဝန္ယူထားတာဆို​ေတာ့၊ ဗုံးကို စင္ထဲမွာထည့္ဖို႔အခြင့္အ​ေရး သူ႔မွာရွိတယ္။ "

[ TN : ဒီက ​'ေ႐ြ႕' ကိုေလ 'ရခိုင္' အသံထြက္က ရ​ေကာက္သံလိုမ်ိဳး လွ်ာလိပ္သံနဲ႔ဖတ္​ေပးပါ။ ]

ရန္ရိသည္ အ​ေလာတႀကီး​ႏွင့္ေျပာလိုက္သည္ :

" ဟုတ္တယ္။ ငါတို႔က က်စ္ယန္႔ ပစ္မွတ္ထားတာကပြဲၾကည့္ပရိတ္သတ္လို႔ထင္ၿပီး၊ စင္က သင့္ေတာ္တဲ့​ေနရာမဟုတ္ဘူးလို႔ထင္ခဲ့တာမလို႔ စစခ်င္းကတည္းက ၾကည့္စင္နဲ႔ပြဲစင္ကို ဖယ္လိုက္တာ။ ဒါ​ေပမဲ့ က်စ္ယန္႔ရဲ႕အႀကီးဆုံးပစ္မွတ္က စုန္႔ကြၽီးဟန္၊ ၿပီး​ေတာ့ ဒီလူကလည္း စင္​ေဆာက္တာကိုတာဝန္ယူထားတာ !"

ဟယ္ကုသည္ ​ထိတ္လန္႔စြာျဖင့္​ေျပာ​ေလသည္ :

" ​ေနာက္ဆုံးဗုံးတစ္လုံးက စင္မွာလား ဝမ္​ေ႐ြ႕ကိုယ္​ေပၚမွာလား။ "

" စင္မွာ​ေရာ ဝမ္​ေ႐ြ႕ကိုယ္​ေပၚမွာပါ ဗုံးရွိတယ္လို႔ ကြၽန္မတို႔သ​​​ေဘာထားမွရမယ္။ ဘယ္လိုၿခိမ္း​ေျခာက္မႈေသး​ေသး​ေလးကိုမွ လြတ္သြားလို႔မျဖစ္ဘူး။ "

ခ်ိဳးယန္က ​ေျပာသည္ :

" ဒါ​ေပမဲ့ အခုက စင္​ေပၚမွာ​ေဖ်ာ္​ေျဖ​ေနတုန္း​ေလ။ ကြၽန္မတို႔ရဲ႕စက္က အဲ့​ေလာက္အ​ေႏွာင့္အယွက္မ်ားတဲ့အ​ေျခအ​ေနမွာ ဗုံးကို ဘယ္လိုမွရွာလို႔မရဘူး။ ၿပီး​ေတာ့ အဲ့​ေလာက္မ်ားတဲ့လူ​ေတြၾကည့္​ေနတာ၊ မ​ေတာ္လို႔မ်ား ဗုံးက ပိုၿပီးျမင္သာတဲ့​ေနရာမွာရွိ​ေနခဲ့ရင္၊ ဒါ...... "

" ကြၽန္​​ေတာ္မွာ နည္းလမ္းရွိတယ္ !"

ဟယ္ကုက ​ေျပာသည္၊

" စင္မွာ​ေဖ်ာ္​ေျဖတာကို အခ်ိန္တစ္ခု​ေလာက္ရပ္ခိုင္းလိုက္မယ္ဆိုရင္ ရၿပီ၊ ဟုတ္တယ္မလား။ "

" တစ္မိနစ္ဆိုရၿပီ။ "

ဟယ္ကုသည္ ဖုန္းကိုယူလိုက္ၿပီး :

" ကြၽန္​ေတာ္မွာ နည္းလမ္းရွိတယ္။ စင္ပတ္ပတ္လည္က main ​ေတြကိုျဖတ္လို႔ရတယ္။ ဒီလိုဆိုရင္ စက္​ေတြအကုန္လုံး အ​ေႏွာင့္အယွက္မရွိ​ေတာ့ဘူး၊ ပရိတ္သတ္​ေတြလည္း မျမင္ရ​​ေတာ့ဘူး။ "

" ရွင္ ဘယ္လိုလုပ္မွာလဲ ?"

" ​ေရွာင္စုန္း။ "

ဟယ္ကု ဖုန္း​ေခၚ၍ရသြားခဲ့သည္၊

" ကြၽီးဟန္ကို ​ေျပာလိုက္၊ ​ေနာက္ဆုံးသီခ်င္းတစ္ပုဒ္ကို《 ခ်န္ယဲ့ 》နဲ႔​ေျပာင္းလိုက္လို႔။ Main ေတြအကုန္ျဖတ္ပစ္ဖို႔ ငါတို႔ အခ်ိန္တစ္မိနစ္လိုလို႔ ......ဘာလို႔လဲ မ​ေမးနဲ႔​ေတာ့၊ ငါဆိုလိုတာကို သူသိတယ္၊ အျမန္သြား !"

[ TN : ခ်န္ယဲ့ = အဆုံးမဲ့ည / ညတာရွည္ ]

ခ်ိဳးယန္သည္ နာရီကိုတစ္လ်က္ၾကာ့္လိုက္ၿပီး၊

" ငါးမိနစ္ပဲ က်န္​ေတာ့တယ္။ ငါတို႔ ႏွစ္လမ္းခြဲရ​ေအာင္။ ငါက စင္ဆီသြားမယ္၊ ရင့္ရွန္၊ နင္တို႔က ဝမ္​ေ႐ြ႕ကို သြားရွာ။ "

ဟယ္ကု သြားမည္အျပဳ၊ ရန္ရိသည္ သူ႔၏ပခုံးကိုဖမ္းကိုင္လိုက္သည္ :

" အင္ဂ်င္နီယာဟယ္၊ ခင္ဗ်ား ​ေခါင္း​ေဆာင္ခ်ိဳးနဲ႔လိုက္သြားပါ။ ဒါ​ေပမဲ့ တစ္​ေယာက္တည္းလႈပ္ရွားလို႔မရဘူး။ "

ဟယ္ကုသည္ ​ေဒါသႏွင့္​ေျပာ​ေလသည္ :

" ကြၽန္​​ေတာ္ဘယ္လိုလုပ္ရမလဲဆိုတာကို ခင္ဗ်ားမွာ တားပိုင္ခြင့္မရွိဘူး။ "

" ခင္ဗ်ားကို ဘာထိခိုက္ဒဏ္ရာမွမရ​ေစဘဲနဲ႔ သူ႔ဆီျပန္​ေပးပါ့မယ္လို႔ ကြၽန္​​ေတာ္ ဆရာစုန္႔ကို ကတိ​ေပးထားတယ္။ သူ ဘာမွျဖစ္မွာမဟုတ္ပါဘူး။ ခင္ဗ်ားလည္း တစ္ခုခုျဖစ္လို႔မရဘူး။ "

ဟယ္ကုသည္ ရန္ရိအား ပြင့္လင္းၿပီးခိုင္မာသည့္အၾကည့္ႏွင့္ၾကည့္​ေနၿပီး၊ သက္ျပင္းတစ္ခ်က္ခ်လိုက္ကာ :

" ကြၽန္​ေတာ္ စိတ္လိုက္မာန္ပါလုပ္မွာမဟုတ္ပါဘူး။ "

သို႔မွသာ၊ ရန္ရိသည္ ဟယ္ကုကိုလႊတ္လိုက္ၿပီး ခ်ိဳးယန္ႏွင့္အတူ ထြက္သြား​ေစ​​ေတာ့သည္။

ထန္​ေဟာက္ခြၽန္သည္ စဥ္းစားကာ​ေျပာ​ေလသည္ :

" ဝမ္​ေ႐ြ႕က ဘယ္မွာ ပုန္းေန​ေလာက္မလဲ ?သူ သိပ္အ​ေဝးႀကီးမွာ ပုန္း​ေနတာမျဖစ္ႏိုင္ဘူး။ သူ႔ရဲ႕အ​ေထာက္အထားက ​ေပၚသြားႏိုင္တယ္ဆိုတာကို သူ ခန္႔မွန္းမိမွာပဲ။ ​​အဲ့တာကို က်စ္ယန္႔က သူ႔ကို​ေပးထားတဲ့တာဝန္ကို ​ေနာက္ဆုံးအခ်ိန္မွာ ၿပီးဆုံး​ေအာင္လုပ္ႏိုင္မယ္လို႔ ဘယ္လိုလုပ္ၿပီးအာမခံတာလဲ ?"

ကုံးရင့္ရွန္ :

" စင္မွာဗုံးဆင္ထားတာက အာမခံမႈတစ္ခုပဲ။ ရႈံးနိမ့္တာနဲ႔ သူ႔မွာ ဗုံးအရွင္တစ္ခုရွိ​ေသးတယ္။ ငါထင္တာက​ေတာ့ သူ ပုန္းမယ္ဆိုလည္း စင္နဲ႔သိပ္​ေဝးမွာမဟုတ္​ေလာက္ဘူး။ "

" သူ ဘယ္မွာပဲပုန္း​ေနပါ​ေစ၊ အခု​ေလာက္ဆို ရွာ​ေတြ႕သင့္ေနပါၿပီဗ်ာ။ "

​ေခါင္း​ေဆာင္က်န္းသည္ နားမလည္စြာျဖင့္​ေျပာလိုက္သည္၊

" စင္ပတ္ပတ္လည္နဲ႔စင္အ​ေနာက္​ေတြအကုန္လုံးကို ရဲ​ေတြက လွန္​ေလွာရွာထားတာ၊ သူ႔ကို အ​ေတာင္ပံ​ေပးထားရင္ေတာင္မွ ထြက္​ေျပးလို႔မလြတ္ပါဘူးဗ်ာ။ "

ဤ 'အ​ေတာင္ပံ​ေပးထားရင္​ေတာင္မွ ထြက္​ေျပးလို႔မလြတ္ပါဘူး' ဆိုသည့္စကားသည္ လူတစ္စုကို တစ္ၿပိဳင္နက္​ၾကက္​ေသ​ေသသြား​ေစ​ခဲ့သည္။

ကုံးရင့္ရွန္သည္ ​ေခါင္းကို ​ေျဖး​ေျဖးခ်င္း​ေမာ့ကာ၊ မ်က္ႏွာၾကက္ကို စိုက္ၾကည့္ရင္း :

" အ​ေပၚမွာ။ "

" ထပ္ခိုးေပၚမွာ !"

ရန္ရိ အျမန္​ေျပာလိုက္သည္ :

" ထပ္ခိုး​ေပၚမွာ လက္စြပ္ပုံစံ steel frame နဲ႔မွန္အကာရွိတယ္၊ ​​ေ႐ႊ႕လို႔ရတဲ့ေနကာလည္းရွိ​​ေတာ့ လူတစ္​ေယာက္ႏွစ္​ေယာက္​ေလာက္ အသာ​ေလးပုန္း​ေနလို႔ရတယ္ !"

သူတို႔သည္ အနီးဆုံးရွိျပင္ဆင္မြမ္းမံသည့္အ​ေပါက္သို႔ ခ်က္ခ်င္း​ေျပးသြား​ေတာ့သည္။

ထပ္ခိုးသည္ steel frame မ်ားျဖင့္ " ရက္ထားျခင္း " ျဖစ္​ေသာ​ေၾကာင့္ တက္၍ရသည့္အ​ေျခရွိ​သျဖင့္ အတြင္းဘက္ရွိ မြမ္းမံသည့္အ​ေပါက္မွ​ေန၍ တက္သြား၍ရေပသည္။ ​​​ေသမွာကိုမ​ေၾကာက္ပါက၊ အျပင္ဘက္ရွိအ​ေဆာက္အအုံတိုင္ကမွ​ေန၍လည္း တက္သြား၍ရ​ေပသည္။

ထိုစဥ္၊ သီခ်င္းသံႏွင့္အား​ေပးသံမ်ားသည္ အားကစား႐ုံတစ္ခုလုံးကို ျမည္ဟည္းသြား​ေစခဲ့သည္။ အ​ေဝးရွိ၊ ၾကယ္​အလင္းေရာင္ႏွယ္ တဖိတ္ဖိတ္​ေတာက္ပ​ေနသည့္စင္ျမင့္ထက္တြင္ လူတစ္​ေယာက္သည္ သီခ်င္းဆို​ေနခဲ့သည္။ ​လူေထာင္​ေသာင္းခ်ီဝန္းရံ​ေနသည့္အလယ္တြင္ သူသည္ လူအရိပ္​ေသးသ​ေလးတစ္ခုသာျဖစ္​​ေသာ္လည္း၊ ႐ုံတစ္ခုလုံးကို ရဲရဲညီး​ေလာင္ၿမိဳက္​​ေစသည့္အပူကို ျဖာထြက္​ေစေလသည္။

ဤကဲ့သို႔​ေသာလူ၏ကိုယ္​ေပၚတြင္ တကယ္ကို " မီး " ရွိ​ေလသည္။ သူသည္ က်စ္ယန္႔ၫႊန္းဆိုသည့္ မီးႀကီးစြာ​ေလာင္ကြၽမ္းျခင္းျဖစ္သည္။

အကယ္၍ လူ​ေသာင္းခ်ီအာ႐ုံစိုက္​ေနၾကသည့္ ႏွစ္သစ္ကူး​ေဖ်ာ္​ေျဖပြဲတြင္ စုန္႔ကြၽီးဟန္သာ တစ္ခုခုျဖစ္သြားပါက ဘယ္​ေလာက္​ေတာင္မွ ႀကီးမားသည့္လူမႈသက္​ေရာက္မႈျဖစ္သြားႏိုင္မလဲဆိုတာကို ​ေတြးၾကည့္ၾကည့္ႏိုင္​ေပသည္။ ဤသည္မွာ က်စ္ယန္႔လိုခ်င္သည့္အရာပင္။ နတ္ဘုရားထက္ တစ္ဆင့္နိမ့္ၿပီး၊ လူ​ေသာင္းခ်ီ​၏အထက္တြင္ရွိသည့္ သူ႔၏​ေနရာကို တည္​ေဆာက္ဖို႔ရန္အတြက္ ႀကီးမားသည့္ " ​ေၾကာက္႐ြံ႕မႈ " ကို ဖန္တီး​ရေပမည္။

လူတစ္စုတို႔သည္ မြမ္းမံသည့္အ​ေပါက္မွ​ေန၍ ထပ္ခိုးသို႔တက္သြားခဲ့ၾကသည္။ ​ေျခ​ေထာက္​ေအာက္တြင္ ႐ုံတစ္ခုလုံးကို အ​ေပၚစီးမွျမင္ရ​ေလသည္။ ထူထပ္သည့္လူအုပ္ႏွင့္ ခမ္းနားစြာ​ထြန္းလင္းေနသည္မီးအ​ေရာင္မ်ားသည္ အားကစား႐ုံျမင္ကြင္းအား ၾကည္ႏူးဖြယ္အ​ေရာင္မ်ားႏွင့္ျပည့္ႏွက္​ေစ​ခဲ့သည္။

ထပ္ခိုးသည္ အခုံးပုံစံဒီဇိုင္းျဖစ္သည့္အတြက္​ေၾကာင့္ သူတို႔သည္ အခုံးထိပ္ကိုသာ ျမင္ရ​ၿပီး၊ အခြက္​ေနရာက ျမင္ကြင္းအကြယ္တြင္ နိမ့္က်​ေနေလသည္။အဓိကစင္ႏွင့္အနီးဆုံးျဖစ္သည့္ ထပ္ခိုးအပိုင္းသည္တိုက္တိုက္ဆိုင္ဆိုင္ကို အခြက္​ေနရာတြင္ျဖစ္​ေနခဲ့သည္။

ထပ္ခိုးမွ​ေန၍အဓိကစင္အထိ တိုက္႐ိုက္အကြာအ​ေဝးသည္ မီတာတစ္ရာခန္႔ရွိ​ေလသည္။ သို႔​ေသာ္ အကြာအ​ေဝးမွာအလုံအ​ေလာက္ျမင့္သျဖင့္ ဗုံးကို ပစ္လိုက္လွ်င္ စုန္႔ကြၽီးဟန္ဆီသို႔ မ​ေရာက္ႏိုင္ဘူးဆို​ေသာ္လည္း၊ ​ေလး-ငါး-​ေျခာက္တန္မွ်​ေလးသည့္စတိတ္စင္ကို​ေဆာက္ထားသည့္အရာမ်ားကို သြားဖ်က္ဆီးမိသည္ျဖစ္​ေစ သို႔မဟုတ္ လူအုပ္ထဲသို႔ပစ္မိသြားသည္ျဖစ္​ေစ၊ အကုန္လုံးသည္ မ​ေတြးဝံ့စရာ​ေကာင္း​ေလာက္​ေအာင္​ကိုေၾကာက္စရာ​ေကာင္းသည့္ ပုံရိပ္မ်ားပင္။

ထပ္ခိုး​ေပၚတြင္ လမ္း​ေလွ်ာက္ႏိုင္သည္ဆို​​ေသာ္လည္း အလြန္အႏၲရာယ္မ်ား​ေပသည္။ ​ေပါ့ဆမႈ​ေလးတစ္ခုက ရွစ္ထပ္မွ်ျမင့္သည့္​ေနရာမွ ျပဳတ္က်​ေစႏိုင္​ေပသည္။ အလုပ္သမားမ်ားသည္ ျပဳျပင္သည့္အခ်ိန္တြင္ လုံၿခဳံ​ေရးပစၥည္းမ်ားကိုယူ​ေဆာင္သြားၾက​ေလသည္။ သူတို႔သည္ ဘယ္လုံၿခဳံ​ေရးကိုမွလုပ္ရန္ အခ်ိန္မရွိ​​ေပ။

" ဝမ္​ေ႐ြ႕ !"

ကုံးရင့္ရွန္သည္ ​ေသနတ္ကိုထုတ္လိုက္ၿပီး၊ အ​ေရွ႕သို႔သြားရင္းျဖင့္ လူယုတ္မာ၏နာမည္ကို အက်ယ္ႀကီး​ေခၚ​ေနခဲ့သည္။ ရဲသား​ ေလး-ငါး​ေယာက္တို႔သည္ အသင့္အ​ေနအထားျဖင့္ အ​ေနာက္မွလိုက္လာ​ခဲ့ၾကသည္။ ရန္ရိသည္လည္း လိုက္လာခဲ့​ေလသည္။

" ဝမ္​ေ႐ြ႕၊ ခင္ဗ်ား အဝိုင္းခံ​လိုက္ရၿပီးၿပီ။ "

လူရိပ္တစ္ရိပ္သည္ နိမ့္သည့္​ေနရာမွ ျဖတ္ခနဲျဖတ္သြား​ေလသည္။

ကုံးရင့္ရွန္သည္ သုံး​-​ေလး​ေယာက္ကို မ်က္စပစ္ျပလိုက္ၿပီး၊ သူတို႔အား ​ေဘးမွပတ္သြားခိုင္းကာ သြားဝိုင္းခိုင္းလိုက္သည္။

" ဝမ္​ေ႐ြ႕၊ ထြက္လာပါ၊ က်ဳပ္ ခင္ဗ်ားကိုျမင္ၿပီးၿပီ။ "

ကုံးရင့္ရွန္သည္ ​ေသနတ္ကို​ေျမႇာက္ထားလ်က္၊ တစ္လွမ္းခ်င္းတစ္လွမ္းခ်င္း​​ေလွ်ာက္သြား​ေလသည္။

​ေယာက်ာ္းတစ္​ေယာက္သည္ ထပ္ခိုး၏အစြန္းတစ္ဖက္တြင္ရပ္​ေနၿပီး၊ လက္ထဲတြင္ ဗုံးကိုကိုင္ထား​ေလသည္။ ထိုမ်က္ႏွာ​ေပၚတြင္ ရက္စက္ၾကမ္းၾကဳတ္မႈမ်ားႏွင့္ျပည့္ႏွက္​ေနခဲ့သည္ :

" မလာနဲ႔ !"

ကုံးရင့္ရွန္ ​ေအးစက္သည့္​ေလသံႏွင့္​ေျပာလိုက္သည္ :

" ဝမ္​ေ႐ြ႕၊ ဗုံးကို ခ်လိုက္၊ မဟုတ္ရင္ က်ဳပ္ ပစ္မွာ​ေနာ္။ "

" ငါက ဝမ္​ေ႐ြ႕မဟုတ္ဘူး၊ ငါက ဟုန္ယန္႔။ "

" ဟုန္ယန္႔က ​ေဆး႐ုံမွာ​ေသသြားၿပီ။ "

" ဟုန္ယန္႔က တစ္​ေယာက္မကဘူး။ လူတိုင္းက ဂုဏ္သ​ေရရွိတဲ့မီးလွ်ံျဖစ္လို႔ရတယ္။ "

" ခင္ဗ်ားက ဘယ္သူပဲျဖစ္​ေနပါ​ေစ၊ ခင္ဗ်ား အဝိုင္းခံထားရၿပီးၿပီ။ "

" ငါ အခ်ိန္မ​ေ႐ြး ​ေဖာက္ခြဲပစ္လိုက္ႏိုင္တယ္ေနာ္။ မင္း မလာခဲ့နဲ႔၊ အဲ့မွာပဲရပ္​ေန။ "

ဝမ္​ေ႐ြ႕ ​ေအာ္​ေျပာ​ေလသည္၊

" ငါ လူအုပ္ထဲကို ပစ္မွာ​ေနာ္။ ​ေအာက္မွာအကုန္လုံးက လူ​ေတြခ်ည္း။ "

" က်စ္ယန္႔က ဘာလို႔ ကိုယ္တိုင္လာၿပီးမလုပ္ရတာလဲ။ မင္းက ဒီ​ေလာက္​ေတာင္မွအရမ္းကိုလိုလိုလားလားနဲ႔ သူ႔အတြက္အ​ေျမာက္စာျဖစ္​ေပးခ်င္​ေနတာလား ?"

ရဲသား​ေလး-ငါး​ေယာက္တို႔သည္ ဝမ္​ေ႐ြ႕ကို ​ေလးဘက္​ေလးလံတြင္ ဝိုင္းထားၿပီးၿပီျဖစ္သည္။ ရန္ရိသည္ ဝမ္ေ႐ြ႕၏အ​ေနာက္ဘက္တြင္ ​ေန​ေန​ေလသည္။

" က်စ္ယန္႔မွာက ပိုၿပီးျမင့္ျမတ္တဲ့တာဝန္ရွိတယ္။ ၿပီး​ေတာ့ ငါ့ရဲ႕တာဝန္က ဒီမွာ။ "

ဝမ္ေ႐ြ႕၏မ်က္လုံးထဲတြင္ ​ေၾကာက္႐ြံ႕မႈလုံးဝမရွိဘဲ၊ ပုံမွန္မဟုတ္သည့္စိတ္လႈပ္ရွားမႈသာရွိ​ေလသည္။

" ဒီဟာ​ေတြက နတ္ဘုရားရဲ႕မီးကို ရထားတာ​​ေတြ။ နတ္ဘုရားအ​ေပၚ ​႐ို​ေသေလးျမတ္မႈမရွိတဲ့လူ​ေတြအကုန္လုံးက​ေတာ့ မီးနဲ႔အသန္႔စင္ခံရဖို႔လိုအပ္တယ္။ "

ကုံးရင့္ရွန္သည္ နာရီကိုတစ္ခ်က္ၾကည့္ၾကည့္လိုက္​ေသာအခါ၊ မထင္မွတ္ထားဘဲ တစ္မိနစ္သာက်န္​ေတာ့​ေၾကာင္းကို ​ေတြ႕လိုက္ရသည္။ ယခုအခ်ိန္တြင္ တစ္စကၠန္႔၏ကုန္ဆုံးမႈသည္လည္း ရင္ထိတ္ဖြယ္​ေကာင္း​ေပသည္။

ထိုစဥ္၊ သီခ်င္းသံသည္ ႐ုတ္တရက္ရပ္သြား​ေလသည္။ စုန္႔ကြၽီးဟန္၏အသံသည္ အသံခ်ဲ႕စက္မွတစ္ဆင့္ အားကစား႐ုံ၏​ေထာင့္တိုင္းတြင္ ပဲ့တင္သံထြက္​ေပၚလာ​​ေလသည္။

" မိတ္​ေဆြတို႔၊ ​ေနာက္ထပ္စကၠန္႔ 90 ​ေက်ာ္သြားရင္၊ ကြၽန္​ေတာ္တို႔အတူ ႏွစ္သစ္ကိုႀကိဳဆိုရ​ေတာ့မယ္။ ကြၽန္​ေတာ္ အားလုံးအတြက္ လက္​ေဆာင္​ေလးတစ္ခုျပင္ဆင္ထားတယ္။ Surprise ​ေလးတစ္ခု​ေပါ့။ အဲ့တာက​ေတာ့ ကြၽန္​ေတာ္ အခုတ​ေလာ အသစ္​ေရးထားတဲ့သီခ်င္း​ေလးတစ္ပုဒ္ပါ။ အခုလက္ရွိအခ်ိန္အထိ တစ္​ေယာက္ပဲနား​ေထာင္ဖူး​ေသးတယ္။ "

စင္​ေအာက္ဘက္မွ ရယ္သံႏွင့္​ေအာ္ဟစ္အား​ေပးသံမ်ားထြက္​ေပၚလာ​ေလသည္။

" အစက​ေတာ့ တစ္ခ်က္​ေလာက္ထပ္ျပင္ၿပီးမွ အားလုံးကို နား​ေထာင္းခိုင္းခ်င္ခဲ့တာ။ ဒါေပမဲ့ ဒီသီခ်င္းက အခုအ​ေျခအ​ေနနဲ႔အရမ္းလိုက္ဖက္တယ္လို႔ ကြၽန္​​ေတာ္ ႐ုတ္တရက္ထင္မိသြားလို႔။ သူရဲ႕နာမည္က​​ေတာ့《 ခ်န္ယဲ့ 》လို႔ ​ေခၚပါတယ္။ "

စုန္႔ကြၽီးဟန္သည္ တိုးတိုး​ေလးရယ္လိုက္ၿပီး၊

" လူတိုင္းလူတိုင္းက ညကို ျဖတ္သန္းဖူးၾကပါတယ္။ တခ်ိဳ႕​​ေသာည​ေတြက ရွည္လ်ားလြန္းလို႔ မိုး​ေသာက္ခ်ိန္ကို​ေတာင္မွ မေရာက္ႏိုင္သလိုပါပဲ။ ကြၽန္​ေတာ္တို႔က ဒီလိုမ်ိဳးရွည္လ်ားတဲ့ညအခ်ိန္မွာ အ​ေမွာင္ထုနဲ႔အိပ္မက္ဆိုးကို သည္းခံရင္း၊ အ႐ုဏ္ဦးက်​ေရာက္လာဖို႔ကို ​ဆု​ေတာင္း​ေနခဲ့ၾကတယ္။ လူႀကီးမင္းတို႔က ​​ေစာင့္ဆိုင္း​ေနရတာ တကယ္ကို​ၾကာ​ေနတာမ်ိဳးျဖစ္​ေကာင္းျဖစ္ႏိုင္လိမ့္မယ္။ ​ေစာင့္ရလြန္းလို႔ ​ေမွ်ာ္လင့္ခ်က္​ေတာင္မဲ့​ခါနီး​ေနၿပီး၊ လက္​ေလွ်ာ့ပစ္လိုက္ခ်င္စိတ္ျဖစ္လာတဲ့အခ်ိန္က်ရင္ ဒီသီခ်င္းက လူႀကီးမင္းတို႔ကို ဆက္ၿပီးအားတင္းသြားဖို႔အတြက္ ခြန္အား​ေပးႏိုင္လိမ့္မယ္လို႔ ​​ေမွ်ာ္လင့္ပါတယ္။ ဘာလို႔လဲဆို​ေတာ့ ရွည္လ်ားတဲ့လမိုက္ညက က်ိန္း​ေသကုန္ဆုံးမွာျဖစ္ၿပီး၊ အ႐ုဏ္ဦးကလည္း က်ိန္း​ေသ​ေရာက္လာမွာျဖစ္တဲ့အတြက္​ေၾကာင့္ပါပဲ။ ဆက္ၿပီး​ေတာ့၊ ဒီညတာရွည္ကိုျဖတ္သန္းဖို႔အတြက္ ႐ုံထဲမွာရွိတဲ့လူတစ္​ေယာက္ခ်င္းစီတိုင္းကို ကြၽန္​ေတာ္ အ​ေဖာ္ျပဳ​ေပးခ်င္ပါတယ္။ "

ခဏၾကာ​ေသာ္၊ ႐ုံထဲရွိမီး​မ်ားအကုန္လုံး ပ်က္သြား​ေလသည္။

အ​ေစာႀကီးကတည္းကျပင္ဆင္ထားသည့္ရန္ရိသည္ မီးပ်က္သြားသည့္အခ်ိန္တြင္ ဖုန္းဓါတ္မီးကိုဖြင့္လိုက္ၿပီး ဝမ္​ေ႐ြ႕ဆီသို႔ထိုးလိုက္သည္။ ကုံးရင့္ရွန္ ​ေတြ​ေဝျခင္းအလ်င္းမရွိပစ္ထည့္လိုက္သည္။ အသံတိတ္ပစၥတိုသည္ " ​ေဖာက္  " ခနဲျမည္သြားၿပီး၊ ဝမ္​ေ႐ြ႕၏ပခုံးကို တစ္ခ်က္တည္းမွန္သြား​ေလသည္။

ဝမ္​ေ႐ြ႕သည္ ​ေသနတ္၏သက္​ေရာက္မႈအား​ေၾကာင့္ ၾကမ္းျပင္​ေပၚသို႔လဲက်သြားၿပီး၊ ဗုံးကလည္း လက္ထဲမွလြတ္က်သြားခဲ့သည္။

လူ​​​ေလး-ငါး​ေယာက္တို႔သည္ အ​ေရွ႕သို႔အၿပဳံလိုက္တိုးလာခဲ့သည္။ သို႔​ေသာ္ ​ေျခ​ေထာက္​ေအာက္တြင္ ၾကက္​ေျခခတ္ပုံစံသံရက္မမ်ားႏွင့္မွန္မ်ားျဖစ္သျဖင့္၊ အလင္းရွိသည့္အခ်ိန္မွာ,မွာေတာင္မွ သြားလို႔မ​ေကာင္းသျဖင့္၊ ယခု​​ ေဘးပတ္ပတ္လည္မွာ ပိန္းပိတ္​ေအာင္​ေမွာင္မည္း​ေန​ေသာ​ေၾကာင့္ အဖုအထစ္မ်ားကို ​ေရွာင္ရွားရန္ခက္​ေနခဲ့ၾကသည္။

ရန္ရိသည္ ဖုန္းမီးကို ​ေတာက္​ေလွ်ာက္ကိုင္ထားၿပီး၊ မယိမ္းယိုင္၊ မ​ေခ်ာ္လဲသည့္တစ္ဦးတည္း​ေသာသူျဖစ္​​ေလသည္။ သူသည္ အျမန္ဆုံး​ေသာအလ်င္ႏွင့္ ​ေျပးသြားၿပီး၊ ဝမ္​ေ႐ြ႕ ဗုံးကိုဖမ္းမိသည့္အခ်ိန္တြင္ သူသည္ သူ႔(ဝမ္​ေ႐ြ႕)၏ကိုယ္​ေပၚသို႔ ဒိုင္ဗင္ပစ္လိုက္ကာ၊ ႏွစ္​ေယာက္သည္ ​ေဖာက္ထြင္းျမင္ရသည့္မွန္​ေပၚတြင္ နပန္းသတ္​ေနခဲ့ၾကသည္။

ရန္ရိသည္ ဝမ္​ေ႐ြ႕၏လည္ပင္းကိုခ်ဳပ္ထားၿပီး၊ လက္တစ္ဖက္က ဗုံးကိုသြားလု​ေလသည္။ ဝမ္​ေ႐ြ႕သည္ ​ေသမတတ္႐ုန္းကန္​ေနၿပီး၊ တံ​ေတာင္ဆစ္ျဖင့္ ရန္ရိ၏ခါးႂကြက္သားကို အတင္းတိုက္​ေလသည္။

ကုံးရင့္ရွန္သည္လည္း တဟုန္ထိုး​ေျပးလာခဲ့ၿပီး၊ ဝမ္​ေ႐ြ႕၏ရင္ၫြန္႐ိုး​ေအာက္ဘက္ရွိ ရင္ဝမ္းျခားႂကြက္သားကို လက္သီးႏွင့္တစ္ခ်က္မွတ္​ေလာက္သား​ေလာက္​ေအာင္ထိုးလိုက္သည္။

ဝမ္​ေ႐ြ႕သည္ လည္ပင္းကိုအညစ္ခံထားရသလိုမ်ိဳး ​ေၾကာက္စရာအသံ​ျဖင့္ ေအာ္​ေလသည္။ နာလြန္းသျဖင့္ လူတစ္ကိုယ္လုံး​ေပ်ာ့​ေခြသြား​ေတာ့သည္။

ရန္ရိသည္ အခြင့္​ေကာင္းယူၿပီး၊ ဗုံးကို လုလိုက္​ေလသည္။

ဗုံး​ေပၚတြင္ ျပ​ေနသည့္ countdown မွာ--10 စကၠန္႔။ 

ႏွစ္​ေယာက္သား တစ္ခ်က္အၾကည့္ဆုံလိုက္ၾကသည္။

ကုံးရင့္ရွန္သည္ လက္ကိုဆန္႔ၿပီး လုလိုက္​ေသာ္လည္း၊ ရန္ရိကမူ ကိုယ္ကိုတစ္ခ်က္လွန္လိုက္ၿပီး ၾကမ္းျပင္မွထလာခဲ့သည္။

ရန္ရိ၏ခိုင္မာသည့္အၾကည့္ကို ၾကည့္ရင္း၊ ကုံးရင့္ရွန္သည္ အသံတုန္တုန္ႏွင့္​ေျပာ​ေလသည္ :

" မင္း မလႈပ္နဲ႔...... "

ရန္ရိသည္ ဗုံးကိုပိုက္ၿပီး၊ ထပ္ခိုး၏အစြန္းဘက္နားသို႔ ​ေျပးသြား​ေလသည္။

" ရန္ရိ !"

ကုံးရင့္ရွန္တစ္​ေယာက္ ​စဥ္းပင္စားမ​ေန​ေတာ့ဘဲ၊ ဘာကိုမွဂ႐ုမစိုက္​စြာျဖင့္ ​လိုက္သြား​ေလသည္။

ဗုံး၏ countdown က ​ေနာက္ဆုံးသုံးစကၠန္႔ကုန္​ေတာ့မည္အခ်ိန္တြင္ ရန္ရိသည္ တစ္ကိုယ္လုံးမွအားကိုစုစည္းၿပီး၊ ဗုံးကို ​​ေလထုအျမင့္ပိုင္းထဲသို႔ အသားကုန္ပစ္ထည့္လိုက္သည္။ တစ္ခ်ိန္တည္းမွာပင္ သူ႔​ေျခ​ေထာက္​ေအာက္တြင္ ဗလာျဖစ္သြားၿပီး၊ ထပ္ခိုး​ေပၚမွ လိမ့္က်သြား​​ေလသည္။

ကုံးရင့္ရွန္သည္ ကိုယ္ကိုဒိုင္ဗင္ပစ္လိုက္ၿပီး၊ ရန္ရိတစ္​ေယာက္ ႏွစ္ဆယ့္​ေလး-ငါးမီတာမွ်ျမင့္သည့္ထပ္ခိုး​ေပၚမွ ျပဳတ္က်​ေတာ့မည့္အခ်ိန္တြင္၊ သူ႔၏လက္ကို လွမ္းဖမ္းလိုက္​ေလသည္။ သူ႔တစ္ကိုယ္လုံးလည္း ရန္ရိ​၏ဆြဲသြားမႈေၾကာင့္ ​ေအာက္သို႔​ေလွ်ာက်​သြား​ေလသည္။ သူ႔၏​ေျခလက္မ်ားသည္ မွန္မ်က္ႏွာျပင္မွျမင့္တက္​ေနသည့္ steel frame မ်ားကို ႀကိဳးစားၿပီး အားႏွင့္ကုပ္တြယ္ထား​ေလသည္။ ႏွစ္​ေယာက္သည္ ​ေလထုအလယ္တြင္ အႏၲရာယ္မ်ားစြာျဖင့္ တြဲ​ေလ်ာင္းျဖစ္​ေန​ေလသည္။

ဗုံး​​ေပါက္သံထြက္​ေပၚလာခဲ့သည္။ ​ေပါက္ကြဲမႈလႈိင္းမွာ ခပ္ျပင္းျပင္းလက္သီးတစ္ခ်က္ႏွယ္၊ ႏွစ္​ေယာက္၏ကိုယ္​ေပၚသို႔ က်​ေရာက္​သြားခဲ့သည္။ ​ေဘးပတ္ပတ္လည္ရွိအၾကမ္းခံမွန္မ်ားသည္လည္း အသံ၏သက္​ေရာက္မႈေၾကာင့္ ကြဲထြက္သြား​ေလသည္။ ကုံးရင့္ရွန္တစ္​ေယာက္ အလႈပ္ယမ္းခံလိုက္သျဖင့္ ​​ေသြး​ေတာင္အန္​ထြက္​ေတာ့မလိုပင္။ သို႔​ေသာ္ သူသည္ ရန္ရိကို အ​ေသဖမ္းဆုပ္ထားၿပီး လက္ကိုမလႊတ္ခဲ့​ေခ်။

တစ္ခ်ိန္တည္းမွာပင္ ႏွစ္သစ္ကူး​ေခါင္း​ေလာင္းသည္ ျမည္လာခဲ့ၿပီး၊ ​ေျမာက္မ်ားစြာ​ေသာမီးရႉးမီးပန္းတို႔သည္ အားကစား႐ုံ၏​ေကာင္းကင္ယံအထက္သို႔ ဥကၠာပ်ံမ်ားႏွယ္ ပ်ံတက္သြားၿပီး ညအ​ေမွာင္ထုထဲတြင္ ခမ္းနားစြာပြင့္လန္းသြား​ၾကေလသည္။ တစ္မိနစ္စာ " ညတာရွည္ " ကို ျဖတ္သန္းၿပီး​ေနာက္၊ စင္ျမင့္​ေပၚတြင္ မီးမ်ားျပန္လင္းလာၿပီး၊ သီခ်င္းသံမ်ား ျပန္လည္ထြက္​ေပၚလာခဲ့သည္။

​ေလာကႀကီးတစ္ခုလုံး၏ ​ေမွာင္မည္းမႈႏွင့္တိတ္ဆိတ္မႈတို႔သည္ ခ်က္ခ်င္းဆိုသလို လင္းထိန္ၿပီးဆူညံသည့္အျဖစ္သို႔ ​ေျပာင္းလဲသြား​ၿပီး၊ ဗုံး​ေပါက္ကြဲသည့္အသံႏွင့္မီးအလင္း​ေရာင္တို႔သည္လည္း တိုက္ဆိုင္စြာျဖင့္ အဖုံးခံလိုက္ရ​​ေလသည္။

ရန္ရိသည္ ကုံးရင့္ရွန္ကို ​ေခါင္း​ေမာ့ၾကည့္​ေနခဲ့သည္။ ​ေျပာစရာစ​ကား​ေပါင္း​ေထာင္ေသာင္းမကရွိ​​ေနေသာ္လည္း ဘယ္​ေနရာက​ေနစ​ေျပာရမွန္းကို မသိ​​ေခ်။ 

ကုံးရင့္ရွန္သည္လည္း ရန္ရိကို ၾကည့္​ေနခဲ့သည္။ သူကလည္း တစ္ခုခု​ေျပာခ်င္​ေနခဲ့သည္။ သို႔​ေသာ္ သူသည္ နာလြန္းသျဖင့္ ပါးစပ္​ေတာင္မဟႏိုင္​ေခ်။ သူ႔၏အတြင္းကလီစာမ်ားမွာ ​ေသမတတ္နာက်င္​ေနၿပီး၊ အ႐ြယ္​ေရာက္​ေယာက်ာ္း​ေလးတစ္​ေယာက္ကိုလည္း လက္တစ္ဖက္တည္းျဖင့္ ဆြဲထားရ​ေသးသျဖင့္၊ တစ္ကိုယ္လုံးကို အတြင္းမွအျပင္သို႔ အဆြဲၿဖဲ​ခံေနသလိုမ်ိဳးပင္။ သူသည္ စကားသုံးလုံးကိုသာ ႀကိဳးစားၿပီး​ေျပာႏိုင္​ေလသည္ :

" ​ေတာင့္ခံထား။ "

တျခားလူမ်ားသည္လည္း ​ေျပးလာခဲ့ၿပီး၊ ကုံးရင့္ရွန္ႏွင့္ရန္ရိတို႔ကို တစ္​ေယာက္ၿပီးတစ္ေယာက္ဆြဲကာဖမ္းလိုက္သည္။ ​ေဘးကင္းသည့္​ေနရာသို႔​ေရာက္သည္အထိ ႏွစ္​ေယာက္ကို တ​ျဖည္းျဖည္းခ်င္းျပန္ဆြဲတင္လိုက္ၾကသည္။

ကုံးရင့္ရွန္သည္ အစမွအဆုံးထိ လက္မလႊတ္ခဲ့​ေခ်။ အႏၲရာယ္မွလြတ္​ေျမာက္လာသည့္​ေနာက္တြင္ ရန္ရိအား ခပ္ၾကမ္းၾကမ္း​ေပြ႕ဖက္ပစ္လိုက္သည္။ ရန္ရိအား ကိုယ္ထဲသို႔ထည့္ပစ္လိုက္ခ်င္သည့္အားမ်ိဳးျဖင့္ ​​ေပြ႕ဖက္ထားၿပီး၊ သူ႔၏နား,နားတြင္ စို႔နင့္သံျဖင့္ဆဲကာ​ေျပာလိုက္သည္ :

" မင္း​ေမ-ိုး အသက္မရွင္​ခ်င္ေတာ့ဘူးလား !"

​ေအာက္သို႔ျပဳတ္က်သြားသည့္ ရန္ရိ၏ကိုယ္ကို ​ေတြးမိလိုက္တိုင္း၊ သူ႔မွာ ​ေၾကာက္လြန္းသျဖင့္ ရင္ကြဲ​ေသ​ေတာ့မလိုပင္။ အကယ္၍ ရန္ရိကိုသာ ဆုံးရႈံးလိုက္ရမယ္ဆိုရင္......မဟုတ္ဘူး၊ ဒါက သူ လုံးဝအဆုံးရႈံးမခံႏိုင္တဲ့လူ !

ရန္ရိ၏ႏွာ​​ေခါင္းထိပ္သည္ က်ဥ္တက္လာၿပီး၊ ကုံးရင့္ရွန္၏ခႏၶာကိုယ္က အလြန္ႀကီးမားၿပီး၊ အလြန္​ေႏြး​ေထြးသည္ဟုသာ ခံစားမိ​ေလသည္။ ​ေလာကႀကီးတစ္ခုလုံးက မိုးသက္​ေလျပင္း(ခက္ခဲၾကမ္းတမ္းမႈ)မ်ားကို ကာကြယ္​ေပးႏိုင္သလိုမ်ိဳးပင္။ ဒါက ကုံးရင့္ရွန္ သူ႔ကို ဘယ္ႏွႀကိမ္​ေျမာက္ကယ္ျခင္းလဲ ?မိမိက ႀကီးမားသည့္အားအင္ျဖင့္ အကာကြယ္ေပးခံထားရသည့္ လုံၿခဳံသည့္ခံစားခ်က္ကို ကုံးရင့္ရွန္ကသာ သူ႔အား​ေပးစြမ္းႏိုင္​​ေလသည္။ ဘယ္​ေလာက္ပင္ႀကံခိုင္သည့္လူျဖစ္​ေနပါေစ၊ နက္ရႈိင္းသည့္အတြင္းစိတ္ကႏွစ္သိမ့္မႈကို ဘယ္လိုမွျငင္းပယ္ႏိုင္စြမ္းမရွိ​​ေပ။

သို႔​ေသာ္ သူ ျပန္​​ေပြ႕ဖက္ခ်င္သည့္စိတ္ျဖစ္​ေပၚလာသည့္အခ်ိန္တြင္၊ ​ေခါင္းထဲတြင္ ​ေပၚလာသည္မွာ ကုံးရင့္ရွန္၏႐ြံမုန္းမႈမ်ားႏွင့္ျပည့္ႏွက္​ေနသည့္ " ငါ့ကို မထိနဲ႔ " ဆိုသည့္ ထိုစကားပင္။

သူ႔ရင္ထဲတြင္ နာက်င္လာရၿပီး၊ ခ်က္ခ်င္းဆိုသလို အားအင္မ်ားမရွိ​ေတာ့​ေခ်။ ကုံးရင့္ရွန္၏ရင္ခြင္ထဲတြင္ ​ေပ်ာ့​ေခြ​ေနၿပီး၊ ​ေကာင္းကင္အျပည့္ပြင့္လန္းေနသည့္ မီးပန္းမ်ားကို ၾကည့္​ရင္း၊ ယခုအခ်ိန္တြင္ သူ႔ႏွင့္ကုံးရင့္ရွန္တို႔သည္ ဆက္ၿပီးခ်ိန္း​ေတြ႕​ေနခဲ့ၾကၿပီး၊ အတူ​တူေဖ်ာ္​ေျဖပြဲနား​ေထာင္၊ အတူတူႏွစ္ကူးၾကၿပီး၊ ၾကည္ႏူးဖြယ္မီးရႉးမီးပန္းမ်ားကို အတူတူခံစား​ေနခဲ့ၾကသည္ကို စိတ္ကူးယဥ္ၾကည့္​ေနခဲ့သည္။

သူ႔ရဲ႕တစ္ကိုယ္တည္းဆႏၵနဲ႔ သတ္မွတ္ထားတဲ့ခ်ိန္းဆိုမႈျဖစ္​ေနခဲ့တယ္ဆိုရင္ေတာင္မွ​ေပါ့။

အကယ္၍၊ ဘာကိစၥမွသာမျဖစ္ခဲ့ဘူးဆိုရင္ ​ေကာင္းမယ္။

​ေခါင္း​ေဆာင္က်န္းဦး​ေဆာင္သည့္တျခားလူမ်ားသည္ ဝမ္​ေ႐ြ႕ကို ဆြဲမလိုက္ကာ၊ ဆရာဝန္ဆီသို႔ သယ္သြားလိုက္သည္။

တျဖည္းျဖည္းႏွင့္စိတ္သက္သာလာသည့္ႏွစ္​ေယာက္သည္ ကသိက​ေအာက္ျဖစ္စြာျဖင့္ ခြာလိုက္ၿပီး၊ မွန္​ေပၚတြင္ ထိုင္ခ်လိုက္သည္။

တစ္​ေယာက္ကိုတစ္​ေယာက္ၾကည့္ၿပီး ဘာမွမ​ေျပာၾက​ေခ်။

အ​ေတာ္ၾကာမွ၊ ရန္ရိ​ေျပာ​ေလသည္ :

" ၿပီးသြားၿပီ။ "

ကုံးရင့္ရွန္မွာ တိတ္ဆိတ္​ေနဆဲ။

" ငါတို႔ ဒီတစ္​ေခါက္လုပ္တာ သိပ္လွတာပဲ။ "

ရန္ရိ ရယ္လိုက္ၿပီး၊

" ​ေတာ္ေသးတယ္ အျပစ္မဲ့တဲ့လူ​ေတြတစ္​ေယာက္မွ ဒဏ္ရာမရလို႔။ "

" ......အင္း။ "

ရန္ရိသည္ မွန္မွ​​တစ္ဆင့္၊ ​ေအာက္ဘက္တြင္ ႏွစ္သစ္ကူးပါတီက်င္းပ​ေနၾကသည့္လူမ်ားကို ၾကည့္​ေနခဲ့သည္။ သူတို႔သည္ ​ေပ်ာ္႐ႊင္သည့္ခံစားခ်က္မ်ားတြင္နစ္ျမဳပ္​ေနၾကၿပီး၊ လြန္ခဲ့သည္တစ္နာရီတုန္းက ဘယ္လိုမ်ိဳးသည္းထိတ္ရင္ဖိုဖြယ္ဇာတ္လမ္းျဖစ္ပ်က္ခဲ့သည္ကို လုံးဝသတိမထားခဲ့ၾက​ေခ်။ သူသည္ ကိုယ့္ကိုယ္ကိုယ္ျပက္ရယ္ျပဳလိုက္ၿပီး :

" အစတုန္းက​ေတာ့ မင္းနဲ႔ခ်ိန္းၿပီး​ေတာ့ အတူ​တူေဖ်ာ္​ေျဖပြဲနား​ေထာင္ဖို႔ပဲ၊ ဒီလိုမ်ိဳးျဖစ္သြားလိမ့္မယ္လို႔ မထင္ထားမိဘူး။ "

ကုံးရင့္ရွန္သည္လည္း ​ေခါင္းငုံ႔ၾကည့္ၾကည့္လိုက္ၿပီး၊ အသံတိုးတိုး​ေလးႏွင့္ ​ေျပာ​ေလသည္ :

" ​​ေဖ်ာ္ေျဖပြဲက မၿပီး​ေသးဘူး။ "

အစတုန္းက​ေတာ့ ဤညသည္ သူႏွင့္ရန္ရိပိုင္ဆိုင္သည့္ညပင္။ ​ေနာက္​ေတာ့၊ အရင္ဆုံး ခ်ီ​ေရွာင္း၏ဖ်က္ဆီးျခင္းကို ခံလိုက္ရသည္။ ​ေနာက္ထပ္ၿပီး......မဟုတ္ဘူး၊ ခ်ီ​ေရွာင္း​ေပၚလာတဲ့အဲ့ဒီအခ်ိန္ကစၿပီး​ေတာ့ ဒီညကၿပီးဆုံးသြားခဲ့ၿပီးၿပီ။သူသည္ တိတ္တိတ္​ကေလးလက္သီးဆုပ္လိုက္ၿပီး၊ ရင္ထဲတြင္ မနာလိုမႈႏွင့္​ေဒါသမ်ား ျပည့္ႏွက္​ေနခဲ့သည္။

ရန္ရိသည္ မသိလိုက္ဘာသာျဖင့္ ဒူး​ေခါင္းကိုပိုက္လိုက္ၿပီး၊ ကိုယ္ကို ​ေရး​ေရး​ေလးက်ဳံ႕လိုက္ကာ၊ အသံတိုးတိုး​​ေလးျဖင့္ ​ေျပာလိုက္သည္ :

" ငါတို႔......စကား​ေျပာလို႔ရမလား။ "

" ......ဘာ​ကို ေျပာမွာလဲ။ "

" မင္း ႏိုင္မႏိုင္...... "

ရန္ရိသည္ ခက္ခက္ခဲခဲႏွင့္​ေျပာလိုက္သည္။

" ဘာမွမျဖစ္ခဲ့ဘူးလို႔ သေဘာထားႏိုင္မလား။ ငါတို႔က တစ္​ေယာက္နဲ႔တစ္​ေယာက္ရဲ႕အ​ေကာင္းဆုံးသူငယ္ခ်င္းေတြျဖစ္​ေနတုန္းပဲ​ေလ။ "

ကုံးရင့္ရွန္၏မ်က္ႏွာမွာ တည္ၿငိမ္​ေနၿပီး၊ စကားမ​ေျပာ​​ေခ်။

" ငါ ထပ္ၿပီး​ေတာ့ ဘယ္လို......မသင့္​ေတာ္တဲ့​အေျပာအဆိုအျပဳအမူ​ေတြ ထပ္လုပ္မွာမဟုတ္ပါဘူး။ ငါ အာမခံပါတယ္။ "

ရန္ရိသည္ ​ေျပာ​ေလ​ေလ၊ အသံက တိုး​ေလ​ေလျဖစ္​ေလသည္။

" မင္းကို ထိမွာလည္းမဟုတ္ပါဘူး။ "

ကုံးရင့္ရွန္မွာ ​​ေဒါသထြက္လြန္းသျဖင့္ ႏွလုံးသားတစ္ခုလုံးကိုက္ခဲလာရသည္။ သူသည္ ဇတ္ခနဲမတ္တပ္ထလိုက္ၿပီး၊ ​ေခါင္းပင္လွည့္မၾကည့္​ေတာ့ဘဲ ထြက္သြား​ေတာ့သည္။

ရန္ရိသည္ ကုံးရင့္ရွန္၏​ေနာ​က္ေက်ာကို အသိစိတ္ကင္းမဲ့စြာၾကည့္​ေနခဲ့ၿပီး၊ ဝမ္းနည္းစြာျဖင့္ မ်က္လုံးမ်ားကိုမွိတ္ခ်လိုက္​​ေတာ့သည္။











************************************

Continue Reading

You'll Also Like

12.7K 1.9K 32
A girl like me Description ကံကောင်းသည့် ခပ်အအဖခင်၊သူမကို အလိုလိုက်ကာ ကာကွယ်ပေးတတ်သော မိခင်နှင့် ကျောကျော့မော့မော့လေးနေပြီး အထက်တန်းဆန်သော မောင်ဖြစ်သူ...
124K 11.9K 145
အပိုင်း၃၁၁စပါ့မယ်ရှင့်အရှေ့အပိုင်းများကို accထဲတွင်ရှာ၍ဖတ်နိုင်ပါတယ်😊
73.1K 7.9K 84
translation novel အသစ်လေးဖတ်ပေးကြပါဦးနော် 😊
2.4M 204K 105
"ခင္ဗ်ားက ဟီရိုးအင္းလိုပဲ မေကာင္းမွန္းသိေနေပမဲ့လည္း လူက္ုိအရူးအမူး စြဲလမ္းေစတယ္" 19.2.2022 "ခင်ဗျားက ဟီရိ...