[Unicode]
နှစ်ယောက်သား ပြိုင်တူကြည့်ကြည့်လိုက်သောအခါ၊ ယောကျာ်းနှစ်ယောက် လမ်းကြားအဝ၌ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ၄င်းတို့ထဲမှ အရပ်မြင့်သည့်ထိုလူမှာ၊ သူတို့ CCTV မှမြင်ခဲ့ရသည့် ဟူဒီခေါင်းစွပ်နှင့်လူ၏ကိုယ်ဟန်အနေအထားနှင့်ဆင်ပေသည်။
ချိုက်ခြံ၏အသံသည် ဝေါ်ကီတော်ကီမှထွက်လာခဲ့သည် :
" ငါ-ိုး၊ ငါထွက်သွားတာမှ နှစ်မိနစ်ပဲရှိသေးတယ်။ "
ကုံးရင့်ရှန်က ပြောသည် :
" သူတို့ လမ်းဘေးကအမှိုက်ပုံးနားရောက်သွားတာကို စောင့်ပြီး၊ ကျွန်တော်တို့ အရှေ့နဲ့အနောက်ကနေပြီးတော့ ညှပ်တိုက်မယ်။ အတတ်နိုင်ဆုံး အနှောင့်အယှက်မဖြစ်စေကြနဲ့။ ချိုက်ခြံ၊ ခင်ဗျားက သူတို့ငှားထားတဲ့အခန်းကို တိုက်ရိုက်သွားပြီးတော့၊ ဝရမ်းပြေးရှိမရှိကိုကြည့်ကြည့်လိုက်။ "
သူပြောရင်းဖြင့်၊ တံခါးဖွင့်ပြီးကားပေါ်မှဆင်းလေသည်။
ရန်ရိလည်း လိုက်ပြီးကားတံခါးဖွင့်လိုက်သောအခါ၊ ကုံးရင့်ရှန်သည် ကားတံခါးအား လက်ပြန်နှင့်ခပ်ပြင်းပြင်းပိတ်ပစ်လိုက်သည် :
" မင်းက ကားထဲမှာစောင့်နေ။ "
ရန်ရိတစ်ယောက် အလွန်မကျေနပ်စွာဖြင့်၊ ကားမှန်ချပြီး ပြောလေသည် :
" ပြီးခဲ့တဲ့အခေါက်တုန်းက ငါ မင်းကို ငါ့ရဲ့အလုပ်မှာ ပါဝင်ခွင့်ပေးခဲ့တယ်လေ။ "
" အဲ့တာက မင်း ငါ့ကိုလာဖို့ခေါ်တာလေ၊ အခု ငါ မင်းကို ကားထဲမှာနေဖို့ တောင်းဆိုတယ်။ "
ကုံးရင့်ရှန်၏အမူအရာသည် အလွန်ခိုင်မာနေခဲ့ပြီး၊
" ဆင်းခွင့်မပြုဘူး။ "
ရန်ရိတစ်ယောက် နှုတ်ခမ်းကိုမဲ့လိုက်သည်။
ကုံးရင့်ရှန်သည် နက်ခ်တိုင်ကို ပြင်လိုက်ပြီး၊ ကိုယ်ကိုလှည့်ကာ သံသယလူဆီသို့ သွားလေသည်။
Van ကားပေါ်မှဆင်းလာသည့် အရပ်ဝတ်နှင့်လူနှစ်ယောက်သည် တခြားတစ်ဖက်မှနေပြီး ချဥ်းကပ်ခဲ့ကြသည်။
ကုံးရင့်ရှန်သည် ဟူဒီခေါင်းစွပ်ဆောင်းထားသည့်လူနှင့် ဘယ်နှဆယ်မီတာမျှမကွာတော့သည့်အချိန်တွင်၊ ဟူဒီနှင့်လူသည် ကုံးရင့်ရှန်အား တွေ့သွားပြီး၊ ခန္ဓာကိုယ်ကလည်း သိသိသာသာလန့်သွားခဲ့သည်။
ကုံးရင့်ရှန်က သူ့ရဲ့အပြင်ပန်းပုံစံအပေါ် ဘာမှမခံစားမိတဲ့ပုံပဲ။ ဒီလောက် ဖမ်းစားနိုင်စွမ်းရှိနေတာ၊ ရာဇဝတ်သားကိုလာဖမ်းတာနဲ့ တကယ်ကိုအံကိုက်မနေဘူး ဟု ရန်ရိစိတ်ထဲတွင်တွေးမိလိုက်သည်။
တကယ်ကိုပင်၊ ဟူဒီနှင့်လူသည် မသိလိုက်ဘာသာနှင့်သံသယစိတ်က မြှင့်တက်လာခဲ့ပြီး၊ ကုံးရင့်ရှန်အား မှတ်မိသွားတော့သည်။ သူသည် သူ့အပေါင်းအပါကို တစ်ခွန်းခွန်းပြောလိုက်ပြီး၊ နှစ်ယောက်သည် ရုတ်ခြည်းဆိုသလို ကိုယ်ကိုလှည့်ပြီးထွက်ပြေးကြတော့သည်။
ရဲများကလည်း မဆိုင်းမတွလိုက်ဖမ်းလေသည်။
သံသယလူနှစ်ယောက်သည် အရပ်နှစ်ဖက်ကိုခွဲပြီး လှိုဏ်ခေါင်းထဲသို့ပြေးဝင်သွားပြီး၊ လူရှုပ်သည့်ရပ်ကွက်ထဲသို့ ရောဝင်သွားလေသည်။
ကုံးရင့်ရှန်သည် ဟူဒီခေါင်းစွပ်ဆောင်းထားသည့်ယောကျာ်းကို လိုက်ရင်း၊ သူ့၏လုပ်ဖော်ကိုင်ဖက်နှစ်ယောက်ကို ဟူဒီနှင့်လူ၏အပေါင်းအပါကို လိုက်ခိုင်းလိုက်သည်။
ထိုဟူဒီနှင့်သည် ပြင်းထန်သည့်ပြစ်မှုကျူးလွန်ခြင်းထဲတွင်ပါဝင်သည့် လူကိုထိခိုက်ခဲ့ဖူးသည့်ပြစ်မှုမှတ်တမ်းဟောင်းရှိသည်။ ရဲများက သည်လိုမျိုးလူခြေစိပ်သည့်နေရာမျိုးတွင် မတတ်သာ၍သာမဟုတ်ပါက သေနတ်နှင့်ပစ်လိမ့်မည်မဟုတ်ကြောင်းကို ရန်ရိသိပေသည်။ တစ်က အများပြည်သူကို ထိခိုက်မှာစိုး၍ဖြစ်ပြီး၊ နှစ်က အထိတ်တလန့်ဖြစ်မှာစိုးသောကြောင့်ဖြစ်သည်။ ရန်ရိသည် ကုံးရင့်ရှန်ကို စိတ်မချသဖြင့်၊ ကားတံခါးကိုတွန်းဖွင့်ပြီး ကားပေါ်မှဆင်းကာ၊ လိုက်သွားတော့သည်။
ဟူဒီခေါင်းစွပ်ဆောင်းထားသည့်ယောကျာ်းမှာ ဒီနယ်မြေတစ်ဝိုက်ကို အလွန်တရာမှအကျွမ်းတဝင်ရှိပြီး၊ လမ်းကြိုလမ်းကြားထဲသို့ အသက်လုပြီးပြေးသွားလေသည်။ လမ်းကြိုကြားထဲတွင် သက်ရှိလှုပ်ရှားမှုများနှင့်ပြည့်နှက်နေခဲ့သည်။ အင်္ကျီအခြောက်လှန်းထားခြင်း၊ ကောက်ပဲသီးနှံများ လှန်းထားခြင်း၊ အစားအသောက်များ ရောင်းချခြင်း၊ သစ်အယ်သီးများ လှော်နေခြင်းစသည်တို့မှာ လမ်းကြား၏နေရာတိုင်းတွင် ဖြန့်ကြက်ကာတည်ရှိနေခဲ့သည်။ ဤနေရာရှိ အခြေခံအဆောက်အအုံများမှာ အရမ်းဆိုးရွားလွန်းပေသည်။ လမ်းမပေါ်တွင် ကလိုင်များဖြစ်နေပြီး၊ အိမ်များမှာ အိုဟောင်းစုတ်ပျက်နေခဲ့သည်။ နေရာတိုင်းတွင် အမှိုက်နံ့နှင့်မိလ္လာရေအနံ့ဆိုးများ ထုတ်လွှတ်နေခဲ့သည်။
ရန်ရိသည် ကုံးရင့်ရှန်၏အရိပ်ကို အဝေးမှလိုက်ရင်း၊ စိတ်ထဲတွင်တွေးလိုက်မိသည်။ ကုံးရင့်ရှန်က ပုံမှန်အချိန်တွေမှာဆို လက်သင့်မခံနိုင်ပြီးရင်းမခံနိုင်စရာဆိုပေမဲ့၊ အမှုတိုင်တွယ်တဲ့အချိန်မှာကျတော့ ဘာကညစ်ပတ်တယ်၊ ပင်ပန်းတယ်တို့ဆိုပြီး ဘယ်တုန်းကမှ မတွေဝေဖူးဘူးပဲ။ သူ့၏စိတ်သည် ဘယ်လောက်ခိုင်မာကြောင်းကို တွေ့နိုင်ပေသည်။
ကုံးရင့်ရှန်သည် အားထည့်ပြီးအော်လိုက်သည် :
" ရပ်လိုက်စမ်း၊ ရဲ !"
ယခုမြင်ကွင်းကိုတွေ့လိုက်သည့်နယ်ခံများမှာ လမ်းနှစ်ဖက်သို့ အလျှိုလျှိုရှောင်သွားကြတော့သည်။
ထိုဟူဒီနှင့်လူ၏သက်လုံမှာ မဆိုးပေ၊ အလွန်အပြေးမြန်ပေသည်။ ကုံးရင့်ရန်အမြန်လိုက်သွားပြီးနောက်၊ လက်လုပ်သားရေဖိနပ်များမှာ ကလိုင်ပေါသည့်လမ်းတွင် နက်တစ်လှည့် တိမ်တစ်လှည့်နှင့် လှမ်းနေခဲ့သည်။ ပြေးဖို့အတွက် တကယ်ကို ရွေးချယ်လို့မကောင်းသည့်နေရာပင်။ သို့သော် သူသည် နည်းနည်းနည်းနည်းနှင့်၊ အကွာအဝေးမှာနီးကပ်လာခဲ့သည်။
နောက်ဆုံးတွင်၊ ဟူဒီခေါင်းဆောင်း,ဆောင်းထားသည့်ယောကျာ်းမှာ ပြေးလေလေထိုးထွက်ဖို့ခက်ခဲလာလေလေဖြစ်ကာ၊ မရေမရာနှင့်၊ လမ်းဆုံးထဲသို့ဝင်ပြေးမိသွားတော့သည်။
" မပြေးနဲ့တော့ !"
ဟူဒီနှင့်လူသည် ကုံးရင့်ရှန်အား တစ်ချက်ခေါင်းလှည့်ကြည့်လိုက်သည်။ တစ်ချက်ခုန်ပြီး၊ နံရံခြေရင်းက အမှိုက်ပုံးအကြီးပေါ်သို့ နင်းလိုက်သည်။ နောက်တစ်ချက်ထပ်ခုန်ပြီး၊ နံရံမျက်နှာပြင်ပေါ်သို့ တက်သွားခဲ့သည်။
ကုံးရင့်ရှန်သည် အမှိုက်ပုံးရှေ့သို့ ပြေးသွားခဲ့သည်၊ သူသည် လက်ကိုဆန့်ထုတ်ပြီး ဖမ်းလိုက်သော်ငြားလည်း၊ ဟူဒီနှင့်ယောကျာ်း၏ခြေထောက်ကိုမူ ဖမ်းမမိသွားခဲ့ချေ။ ဟူဒီနှင့်ယောကျာ်းသည် နံရံပေါ်မှကျော်တက်သွားခဲ့သည်။
လမ်းကြားထဲသို့ ရန်ရိကွေ့လာသောအခါ၊ ကုံးရင့်ရှန်သည် နေရာမှခုန်ပြီး၊ အမှိုက်ပုံးအဖုံး၏အကူအညီကိုယူကာ၊ နံရံကို သေသပ်စွာနှင့်ကျော်သွားလေသည်။ လက်ဗလာနှင့်နံရံကိုတက်ခြင်း၊ အမြင့်တစ်နေရာသို့ခုန်တက်ခြင်းစသည်တို့မှာ မီးသတ်သမားတစ်ယောက်အနေနှင့် လေ့ကျင့်ခဲ့ဖူးသည့်အရည်အချင်းများဖြစ်သည်။ သူသည်လည်း တွေဝေခြင်းမရှိဘဲ အနောက်ကလိုက်သွားခဲ့လေသည်။
ကုံးရင့်ရှန်သည် မြေပြင်သို့ရောက်သည်နှင့်၊ ခြေထောက်အနားရှိ သန့်ရှင်းရေးတုတ်အကျိုးတစ်ဝက်ကို ဟူဒီနှင့်လူထံသို့ ပစ်လိုက်သည်။
ဟူဒီနှင့်ယောကျာ်းမှာ နောက်ကျောသို့ထိသွားခဲ့သည်။ သို့သော်၊ သူသည် တစ်ချက်လေးရပ်ရုံသာရပ်သွားခဲ့ပြီး၊ အလေးမထားဘဲ ယခင်အတိုင်းဆက်ပြေးသွားလေသည်။ ကုံးရင့်ရှန်မှာ ခုနတုန်းက အမှိုက်ပုံးကိုတက်ခဲ့ရသဖြင့်၊ ဒေါသမီးတောက်မှာ အလွန်မြင့်နေပြီးဖြစ်သည်။ သူသည် ခြေထောက်ကိုအရှိန်ထည့်ပြီး၊ အရှေ့သို့အရှိန်နှင့်ပြေးသွားလိုက်သည်။ ထို့နောက် တစ်ချက်ခုန်လိုက်ပြီး၊ ဟူဒီနှင့်လူကို မြေပြင်ပေါ်တွင် ဖိပစ်လိုက်သည်။
ဟူဒီနှင့်ယောကျာ်းမှာ တစ်ချက်အကျယ်ကြီးအော်လိုက်ပြီး၊ အသားကုန်ကုန်းရုန်းထလေသည်။ ကုံးရင့်ရှန်သည် သူ့ကို လက်သီးနှစ်ချက်အရင်ဆုံးကျွေးလိုက်သည်။ သူသည် ရုတ်တရက် လက်မောင်းကိုလှုပ်လိုက်သည်။ ငွေဖြူရောင်သတ္တုအလင်းပြန်ပြီး ညအမှောင်ထဲတွင်လက်ခနဲဖြစ်သွားသည်ကို ကုံးရင့်ရှန်၏မျက်လုံးထောင့်စွန်းမှဖြတ်ခနဲမြင်လိုက်ရသည်။
ဘာလဲဆိုတာကိုရှင်းအောင်ကြည့်ဖို့ မမီတော့သဖြင့်၊ ကုံးရင့်ရှန်သည် တစ်ဖက်သို့ အလိုအလျောက်ရှောင်လိုက်သည်။ ဆက်ပြီး၊ ချွန်ထက်သည့်ဓါးက အဝတ်စကိုဖြတ်လိုက်သည့်အသံကို ကြားလိုက်ပြီး၊ မြေပြင်ပေါ်သို့ ပစ္စည်းတစ်ခုခုဘုတ်ခနဲကျသွားသည့်အသံကိုပါ ကြားလိုက်ရသည်။
ကုံးရင့်ရှန်သည် မြေပြင်ပေါ်တွင် နှစ်ပတ်လိမ့်သွားပြီးမှ ခန္ဓကိုယ်ကို ထိန်းနိုင်ခဲ့သည်။ သူသည် တစ်ဝက်ဆောင့်ကြောင့်ထိုင်လျက်ဖြင့်၊ ခေါင်းငုံ့ကြည့်ကြည့်လိုက်သည်။ အနောက်တိုင်းဝတ်စုံ၏ဘယ်ဘက်ဂျိုင်းသည် အရှည်ကြီးတစ်ဖြတ်အဖြတ်ခံလိုက်ရပြီး၊ ဂျိုင်းရှိ gun holster ကြိုးမှာလည်း ပြတ်သွားခဲ့သည်။ သူ့၏ပစ္စတိုမှာ နှစ်ယောက်ကြားတွင် ကျနေခဲ့သည်--ဟူဒီဝတ်ထားသည့်လူနှင့် ပိုနီးလေသည်။
ဟူဒီနှင့်လူသည် လက်ထဲတွင်ဓါးမြှောင်ကို ကိုင်ထားပြီး၊ အကြည့်မှာ ကြမ်းကြုတ်နေခဲ့သည်။ မြေပြင်ပေါ်ကပစ္စတိုကိုလည်း မျက်လုံးနှင့်မကြာမကြာချောင်းကြည့်နေခဲ့သည်။ အလင်းရောင်မှာ မှိန်နေသောကြောင့်၊ သူသည် နှစ်ချက်လောက်ကြည့်ပြီးမှ၊ ၄င်းမှာ ပစ္စတိုတစ်လက်ဖြစ်ကြောင်းကို သေချာသွားတော့သည်။
ကုံးရင့်ရှန်သည် မျက်နှာတစ်ပြင်လုံးမှုန်မှိုင်းစွာနှင့်ထလာခဲ့သည်။ အနောက်တိုင်းဝတ်စုံ၏ကြယ်သီးကို အကြမ်းပတမ်းဆွဲဖြုတ်ကာ၊ အပြင်ကုတ်ကိုချွတ်ပြီး မြေပြင်ပေါ်သို့ပစ်ချပစ်လိုက်သည်။
ထိုအချိန်တွင်၊ ရန်ရိသည်လည်း နံရံကိုကျော်လာခဲ့ပြီး၊ မြေပြင်သို့ အမြန်ရောက်လာခဲ့သည်။
ကုံးရင့်ရှန်မှာ ကြက်သေသေသွားရပြီး၊ ရန်ရိအား ခက်ထန်စွာတစ်ချက်ကြည့်လိုက်သည်။ ဟူဒီနှင့်လူသည် အမြန်ပြေးသွားကာ၊ ခါးကိုကုန်းပြီး ပစ္စတိုကိုကောက်တော့မည်ကို တွေ့လိုက်သောအခါ၊ သူသည် ခြေထောက်ကိုမပြီး တဟုန်ထိုးပြေးသွားလေသည်။
ဟူဒီနှင့်လူသည် လက်တစ်ဖက်က ပစ္စတိုကိုကိုင်ပြီး၊ တစ်ဖက်က ဓါးမြှောင်ကိုကိုင်ကာ၊ ကုံးရင့်ရှန်ဆီသို့ ကြမ်းကြုတ်စွာထိုးလိုက်သည်။ ကုံးရင့်ရှန်မှာ ဘေးတစောင်းရှောင်လိုက်ပြီး၊ သူ့၏လက်မောင်းကို ချုပ်ကာ၊ သူ့တစ်ကိုယ်လုံးကို အရှေ့သို့ဆွဲသွားလိုက်သည်။ နောက်လက်တစ်ဖက်ဖြင့် သူ့၏လက်ကောက်ဝတ်ကို ကိုင်ပြီး၊ ခပ်ကြမ်းကြမ်းခေါက်ပစ်လိုက်သည်။
ဟူဒီနှင့်ယောကျ်ားမှာ ငယ်သံပါအောင်အော်လိုက်ပြီး၊ ဓါးမြှောင်မှာ လွတ်ကျသွားခဲ့သည်။ သူသည် ကုံးရင့်ရှန်၏ခန္ဓာကိုယ်အောက်ပိုင်းကို ခြေထောက်နှင့်တိုက်လိုက်လေသည်။
သည်လောက်မိန်းမဆန်သည့်နည်းမှာ အများသောအားဖြင့် ထောင်ထဲမှသင်လာခဲ့ကြခြင်းဖြစ်သည်။ ကုံးရင့်ရှန်မှာ သူ့၏လက်ကို မလွှတ်မဖြစ်လွှတ်ပေးလိုက်ရပြီး၊ နှစ်လှမ်းမျှ နောက်ဆုတ်သွားခဲ့သည်။
ဟူဒီနှင့်လူသည် အခွင့်ကောင်းယူပြီး၊ gun holster ၏နှိပ်ကြယ်သီးကိုဖွင့်ကာ၊ ပစ္စတိုကို ထုတ်လိုက်လေသည်။
ရန်ရိတစ်ယောက် စိုးရိမ်တကြီးအော်လိုက်သည် :
" သတိထား !"
သူ တစွတ်ထိုးပြေးလာခဲ့သည်။
ကုံးရင့်ရှန်သည် ခြေတံရှည်ကို တစ်ချက်လွှဲလိုက်ပြီး၊ ဟူဒီနှင့်လူ၏ခြေသလုံးအလယ်တည့်တည့်ကို ပိတ်ကန်ပစ်လိုက်သဖြင့်၊ လူသည် မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။
ဟူဒီနှင့်လူ၏မျက်လုံးထဲတွင် ရူးနှမ်းမှုများနှင့်ပြည့်နှက်နေခဲ့ပြီး၊ ပြောင်းဝကို ကုံးရင့်ရှန်ဆီသို့ရွှေ့လိုက်သည်။ ကုံးရင့်ရှန်မှာ ခြေထောက်ကိုမြှောက်ပြီး၊ ဟူဒီနှင့်လူ၏လက်ကောက်ဝတ်ကို ကန်ပစ်လိုက်သဖြင့်၊ ထိုသေနတ်မှာ လက်ထဲမှလွတ်ကျသွားလေသည်။
ကုံးရင့်ရှန် နောက်တစ်ချက်ပြင်းပြင်းထပ်ကန်လိုက်သည်မှာ ဟူဒီနှင့်လူ၏ဝမ်းဗိုက်ပေါ်ကိုပင်။
ဟူဒီနှင့်လူသည် မြေပြင်ပေါ်တွင် သုံး-လေးပတ်လောက်လိမ့်သွားခဲ့သည်။ ဝေဒနာကိုအော်ညည်းရင်း မတ်တပ်ထရပ်ချင်နေသေးခဲ့သည်။
ကုံးရင့်ရှန်သည် ခါးပတ်ပေါ်ကလက်ထိပ်ကို ဖြုတ်လိုက်ပြီး၊ ဟူဒီနှင့်လူကို မြေပြင်ပေါ်တွင်ပက်လန်သွားအောင် နောက်တစ်ခေါက်ထပ်ကန်လိုက်သည်။ ထို့နောက် လူကို လက်ယဥ်စွာနှင့်လက်ထိပ်ခတ်ပစ်လိုက်သည်။
ဖြစ်စဥ်တစ်ခုလုံးမှာ ဆယ်စက္ကန့်တောင် မကျော်လိုက်သဖြင့်၊ ရန်ရိတစ်ယောက် ပြေးမလာခင်ကတည်းက ပြီးဆုံးသွားပြီဖြစ်သည်။ သူသည့် ကုံးရင့်ရှန်၏အလွန်ကြောက်စရာကောင်းလှသည့်ကျွမ်းကျင်မှုကြောင့် အံ့ဩမှင်တက်သွားရသည်။
ကုံးရင့်ရှန်သည် လူကိုသေချာချုပ်ပြီးမှ၊ သက်ပြင်းတစ်လျက်ချလိုက်တော့သည်။ ဟူဒီနှင့်လူကိုကြည့်နေသည့်အကြည့်မှာ အလွန့်ကိုအေးစက်သုန်မှုန်နေခဲ့သည်။
ရန်ရိသည် ရုန်းကန်နေဆဲဖြစ်သည့်ဟူဒီနှင့်လူကိုကြည့်ရင်း၊ သူ ကုံးရင့်ရှန်ကို သေနတ်ပြောင်းဝနှင့်ချိန်ထားသည့်ပုံရိပ်မှာ ခေါင်းထဲတွင်စွဲနေဆဲဖြစ်ပြီး၊ ရင်ထဲတွင် ကြောက်ရွံ့မှုမှာ စွဲကျန်နေခဲ့သည်။
ကုံးရင့်ရှန်သည် မြေပြင်ပေါ်မှ မိမိ၏ပစ္စတိုကို ကောက်ယူလိုက်ပြီး၊ အေးစက်စွာပြောလိုက်သည် :
" မောင်းဖြင့်မချိန်တတ်ဘဲနဲ့ သေနတ်သုံးချင်နေသေးတာလား ?"
ရန်ရိသည် အသိပြန်ဝင်လာခဲ့ပြီး၊ အဖြတ်ခံလိုက်ရသော ကုံးရင့်ရှန်၏အင်္ကျီကို ကြည့်ရင်း၊ အသံတုန်တုန်နှင့်ပြောလိုကိသည် :
" မင်း မင်းဘာမှမဖြစ်ဘူးမလား။ "
ကုံးရင့်ရှန်သည် ဒေါသတကြီးနှင့်ပြောလိုက်သည် :
" ငါ မင်းကို ကားထဲမှာစောင့်နေခိုင်းတာလေ !"
ပြစ်မှုမှတ်တမ်းရှိပြီး ပြင်းထန်းသည့်ပြစ်မှုကို ကျူးလွန်ထားသည့်ဟု သံသယရှိသည့်လူကို သူ ဖမ်းနေခြင်းဖြစ်သည်။ ထို့အပြင် မိမိအဖမ်းခံလိုက်ရသည်နှင့်၊ သေချာပေါက် သေဒဏ်ဖြစ်မည်ဆိုတာကိုသိနေသည့်သံသယလူဖြစ်သည်။ သည်လိုမျိုးရာဇဝတ်မှုကျူးလွန်ရန်ဝန်မလေးသည့်လူကို ဖမ်းရာတွင်၊ အန္တရာယ်များသည့်ဘယ်လိုအခြေအနေမျိုးမဆို ဖြစ်ပေါ်နိုင်ပေသည်။ ရန်ရိပေါ်လာသည့်အချိန်တွင် သူ့၏သေနတ်က သံသယလူ၏ခြေထောက်အနားတွင် ရှိနေခဲ့သည်။ ထိုအချိန်တုန်းက သူ့၏နှလုံးသားမှာ သူ့၏လည်ပင်းထိတောင်မှ မြင့်တက်လာခဲ့ရသည်။
ရန်ရိမှာ အခွင့်အရေးကိုအမိအရဖမ်းယူပြီး၊ အမြန်ပြောလိုက်သည် :
" ငါ-ိုးထဲမှ၊ ရှေ့တစ်ခေါက်တုန်းက ငါ ဘာလို့စိတ်ဆိုးလဲဆိုတာ သိပြီမလား !"
နှစ်ယောက်သည် ပုံမှန်အချိန်တွင် စကားရည်လုတာမျိုးရှိတတ်ပြီး၊ ကုံးရင့်ရှန်သည် အမြဲတမ်းအနိုင်ရဆဲဖြစ်သည်။ ဒီတစ်ခေါက်တွင် သူပြောစရာမရှိဖြစ်သွားခဲ့သည်။ သို့သော် သူသည် ပိုကျယ်သည့်အသံဖြင့် မြန်မြန်ပြန်အော်ပြောလိုက်သည် :
" မင်း ပြန်ခံပြောရဲသေးတယ် !"
" ငါ...... "
ရန်ရိသည် ကုံးရင့်ရှန်၏ဒေါသငယ်ထိပ်ရောက်ခါနီးအကြည့်ကို ကြည့်ရင်း၊ ခုနတုန်းက သူ သံသယလူကိုနှိမ်နင်းတာကို စဥ်းစားနေကာ၊ တခဏမျှသသည်းခံလိုက်သည်။
" ......မင်း ဒဏ်ရာရသွားတာလား ?"
ကုံးရင့်ရှန်သည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး :
" ဒီလိုမျိုးအသေးအဖွဲ့တွေက ငါ့ကိုဒဏ်ရာရအောင်မလုပ်နိုင်ပါဘူး။ "
သူသည် ခေါင်းကိုငုံ့ပြီး တစ်ကိုယ်လုံးညစ်ပတ်ပေရေနေသည့်မိမိကိုယ်ကို ကြည့်လိုက်သောအခါ၊ တစ်ကိုယ်လုံးနေရခက်လာခဲ့သည်။ သူသည် ဟူဒီနှင့်လူကို မြေပြင်မှ ကြမ်းတမ်းစွာဆွဲမလိုက်ပြီး၊ လူကိုချုပ်ထားလျက်ဖြင့် အရှေ့မှသွားလေသည်။
ရန်ရိသည်လည်း တုပပြီးလိုက်သွားရင်း၊ ကုံးရင့်ရှန်အား အဆက်မပြတ် ခိုးပြီးချောင်းကြည့်နေခဲ့သည်။
သူတို့ ဤနေရာမှထွက်သွားပြီး၊ ယခင်ကစောင့်ဆိုင်းနေသည့်နေရာသို့ ပြန်ရောက်သွားသောအခါ၊ စောင့်ဆိုင်းနေသည့်ရဲကားနှစ်စီး ရှိခဲ့နေသည်။ သံသယရှိသူနှစ်ယောက်ကို ကားပေါ်သို့ချုပ်တင်လိုက်ကြသည်။
ချိုက်ခြံသည် တစ်ကိုယ်လုံးညစ်ပတ်ပေရေနေသည့်ကုံးရင့်ရှန်ကို ကြည့်ရင်း၊ အံမကြိတ်ဘဲမနေနိုင်တော့ :
" အိုင်းယား ဒေါက်တာကုံး၊ ခင်ဗျားကို အခက်တွေ့စေမိပြီ။ "
ကုံးရင့်ရှန်သည် လက်အိတ်ကို အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်သည်။ ကားအနောက်ဖုံးကို ဖွင့်ကာ၊ အထဲမှ ပိုးသတ်ဆေးရည်ကို ယူလိုက်ပြီး၊ ကိုယ့်ကိုယ်ကိုယ် အရင်ဖြန်းချလိုက်သည်။
ရန်ရိသည် လျှောက်လာခဲ့ပြီး :
" မင်း ဘယ်...... "
ကုံးရင့်ရှန်သည် လက်ကောက်ဝတ်ကို လှည့်လိုက်ပြီး၊ ရန်ရိအား ဖြန်းလိုက်သည်။ ရန်ရိမှာ မတတ်သာဘဲ မျက်လုံးကိုသာပိတ်ပြီး၊ အရက်ပြန်အနံ့ကိုသာ ရှူနေလိုက်သည်။
ထိုပုလင်း၏အောက်ခြေကို မြင်ရတော့မှ၊ ရန်ရိသည် ပြောလာခဲ့သည် :
" မင်း ဘယ်မှာသွားသန့်စင်မှာလဲ ?"
ကုံးရင့်ရှန်သည် သူ့အား တစ်ချက်မျက်စောင်းထိုးကြည့်လိုက်ပြီး :
" ဌာနခွဲပြန်မယ်။ ကားပေါ်တက်။ "
နှစ်ယောက်သားသည် တစ်လမ်းလုံးတွင် စကားမပြောကြသဖြင့်၊ ကားအတွင်းရှိ လေထုအခြေအနေမှာ အသက်ရှူဖို့ရန်တောင်မှ ချောမွေ့မနေခဲ့ပေ။
ဌာနခွဲသို့ရောက်သော်၊ ကုံးရင့်ရှန်သည် အနောက်ဖုံးမှ သန့်ရှင်းသည့်အနောက်တိုင်းဝတ်စုံနှင့်ဖိနပ်တို့ကို ထုတ်ယူလိုက်ပြီး၊ ရန်ရိအား မကြည့်ဘဲ၊ ဌာနခွဲသို့ တန်းဝင်သွားလေသည်။
ရန်ရိမှာ မကျေနပ်ချက်ကိုဖော်ပြဖို့အချိန်တောင် ရှိမနေပေ။ ယခု သူသည် ဟူဒီနှင့်လူရဲ့စစ်မေးခြင်းကို ပိုစိတ်ဝင်စားနေခဲ့သည်။
ချိုက်ခြံသည် ရန်ရိအား ဌာနအတွင်းသို့ ဦးဆောင်ခေါ်သွားပေးလိုက်သည်။ ဤအချိန်သည် အလုပ်ဆင်းချိန်ကျော်နေပြီဖြစ်သော်လည်း၊ သို့သော် တာဝန်ကျသူများနှင့် အချိန်ပိုဆင်းသည့်သူများမှာ မနည်းဘူးရှိနေသေးသဖြင့်၊ ဌာနခွဲတစ်ခုလုံးသည် မီးများနှင့်လင်းထိန်နေခဲ့သည်။ ခုနလေးတင်ကမှ ဖမ်းခေါ်လာခဲ့သည့် သံသယလူများကြောင့် ပိုပြီးရုတ်ရုတ်ဖြစ်သွားလေသည်။
ချိုက်ခြံသည် စစ်ဆေးမေးမြန်းသည့်အခန်းဘေးရှိ ထိန်းချုပ်အခန်းသို့ ရန်ရိအား ခေါ်လာခဲ့သည်။ ဤနေရာမှ စစ်မေးခန်းကို မြင်ရ၊ ကြားရပြီး၊ သူတို့ကိုတော့ စစ်မေးခန်းမှ မမြင်ရချေ။ ဟူဒီနှင့်ယောကျာ်းသည် ထိုင်ခုံပေါ်တွင် ပျော့ရိပျော့တွဲနှင့်ထိုင်နေပြီး၊ မျက်လုံးနှစ်လုံးမှာ အသက်မပါကြောင်းကိုသာတွေ့ရသည်။ ကုံးရင့်ရှန်ဆီမှ ဘယ်နှချမှန်းမသိအကန်ခံလိုက်ရခြင်းကြောင့် အားမရှိတော့တာလား၊ မိမိမှာဇာတ်သိမ်းသွားပြီကိုသိ၍ ဘာဖြစ်ဖြစ်ဂရုမစိုက်တော့တာကိုလားတော့ မသိချေ။
ချိုက်ခြံသည် ကုလားထိုင်တစ်လုံးကိုဆွဲလာခဲ့ပြီး၊ ရယ်လျက်ပြောလိုက်သည် :
" ထိုင်ပါ ခေါင်းဆောင်ရန်။ ဒီအမှုက ခင်ဗျားလည်း မနည်းဘူးအားထုတ်ထားတာ။ ကျွန်တော်တို့ မီးစုံစမ်းစစ်ဆေးတဲ့ဟာကို ကူညီတာက ထားပါတော့၊ မထင်မှတ်ထားဘဲ၊ ကိုယ်တိုင် ရာဇဝတ်သားကိုတောင် တက်ဖမ်းလိုက်သေးတယ်။ "
ရန်ရိသည် ကိုယ့်ကိုယ်ကိုယ်ရယ်လိုက်ပြီး :
" အဲ့လောက်စိတ်ကြွသွားလိမ့်မယ်လို့ ကျွန်တော် ဘယ်သိမှာလဲ။ "
" ခင်ဗျား မကြာခင် ကျွန်တော်တို့ရဲ့ဂုဏ်ထူးဆောင်လုပ်ဖော်ကိုင်ဖက်ဖြစ်တော့မယ်။ "
ဆယ့်ငါးမိနစ်ကြာပြီးနောက်၊ စစ်မေးခန်း၏အခန်းတံခါးသည် ပွင့်လာခဲ့သည်ကို ရန်ရိ တွေ့လိုက်ရသည်။ ကုံးရင့်ရှန်မှာ ခေါင်းအစခြေအဆုံး မီးခိုးရောင်အနောက်တိုင်းဝတ်စုံအသစ်ကို လဲဝတ်ထားပြီး၊ ရှုပ်ပွနေသည့်ဆံပင်များတောင်မှ သပ်သပ်ရပ်ရပ်နှင့်ပြန်ဖြစ်သွားခဲ့သည်။ ခုနတုန်းက ရှက်စရာကောင်းလောက်အောင်ညစ်ပေနေသည့် ခြေရာလက်ရာအစအနသေးသေးလေးကိုတောင် ရှာမတွေ့တော့ချေ။
ချိုက်ခြံသည် ရယ်လျက်နောက်ပြောလိုက်သည် :
" ဒေါက်တာကုံးက အနုပညာရှင်မလုပ်တာ တကယ်နှမြောဖို့ကောင်းတာပဲ။ "
ရန်ရိသည်လည်း လိုက်ရယ်လိုက်သည်။
ကုံးရင့်ရှန်သည် ဟူဒီအင်္ကျီကိုဝတ်ထားသည့်ယောကျာ်း၏မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။ စားပွဲကို ရိုက်လိုက်ပြီး၊ အခြေခံမေးခွန်းများကို အလှည့်ကျမေးလိုက်သည်။
ဟူဒီနှင့်ယောကျာ်းမှာမူ စကားတစ်ခွန်းမှပင် မဟဘဲ၊ ပြက်ရယ်ပြုနေသည့်မျက်နှာနှင့်သာ ကုံးရင့်ရှန်အား ကြည့်နေခဲ့သည်။
ကုံးရင့်ရှန် တစ်ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။ အသံသည် ထိန်းချုပ်အခန်းထဲမှ ထပ်မံပျံ့လွင့်လာခဲ့သည် :
" ဘာလဲ၊ စကားမပြောတော့တာနဲ့ အလုပ်ဖြစ်မယ်လို့ ခင်ဗျား ထင်နေတာလား ?"
" ငါက အပိုစကားတွေမပြောချင်ရုံပါ။ "
ဟူဒီနှင့်လူသည် မေးကိုမေ့လိုက်ပြီး၊ အေးစက်စက်ပြုံးကာပြောလိုက်သည်။
" မင်း ဘာလို့ နည်းနည်းပါးပါးစိတ်ဝင်စားစရာလေးတွေ မမေးရတာလဲ။ "
" ဘာက စိတ်ဝင်စားစရာလဲ။ "
ကုံးရင့်ရှန်က ပြောသည်၊
" ဝမ့်ယွမ်အိမ်ရာ 2209 ရဲ့မီးက ခင်ဗျားရှို့တာလား ?"
ဟူဒီနှင့်လူသည် ကိုယ်ကိုမတ်လိုက်သည်။ အရှေ့ကိုတောင် ကိုင်းလိုက်ပြီး၊ ကုံးရင့်ရှန်အား တစိုက်မတ်မတ်စိုက်ကြည့်ရင်း :
" ငါ မင်းကို သိတယ်။ "
ကုံးရင့်ရှန်သည် မျက်နှာသေနှင့်ပြောလိုက်သည် :
" ကျုပ်ရဲ့ကိုယ်ရေးအချက်လက်တွေက ခင်ဗျားတို့ရဲ့အဲ့ဒီစိတ္တဇကောင်တွေစုဝေးနေတဲ့နေရာမှာ အဖော်ပြထားခံရတော့၊ ခင်ဗျား ကျုပ်ကိုသိတာက အရမ်းသဘာဝကျတယ်။ "
" မဟုတ်ဘူး။ ငါက အဲ့ဒီဟာတွေထက် မင်းကို ပိုပြီးနက်နက်နဲနဲသိတယ်။ "
ဟူဒီနှင့်လူသည် မဲ့ပြုံးပြုံးလိုက်ပြီး၊
" လွန်ခဲ့တဲ့ဆယ့်ရှစ်နှစ်ကသတင်းစာပေါ်က ကောင်လေးက၊ မထင်မှတ်ထားဘဲ၊ ကြီးလာတဲ့နောက်ပိုင်းမှာ လူပုံသူပုံပေါက်လာတာပဲ။ "
ကုံးရင့်ရှန်၏မျက်နှာအရောင်သည် ပြောင်းသွားခဲ့သည် :
" ခင်ဗျား ဘာပြောတယ် !"
ရန်ရိသည် ကုလားထိုင်မှ ဇတ်ခနဲထလိုက်ပြီး၊ မျက်နှာအရောင်မှာလည်း ဆုတ်ယုတ်လာခဲ့သည်။
ချိုက်ခြံသည်လည်း ကြက်သေသေသွားရသည်။
ဟူဒီနှင့်လူသည် တဟားဟားရယ်လေသည်။
ကုံးရင့်ရှန်သည် စားပွဲကို ခပ်ကြမ်းကြမ်းရိုက်ပစ်လိုက်သည်။ သွေးများသည် နားထင်သို့ ဆောင့်တက်လာလေသည်။ :
" ခင်ဗျား ဘာပြောလိုက်တယ် ?!"
" ငါ ပြောတာက...... "
ဟူဒီနှင့်လူသည် မနှစ်မြို့ဖွယ်ပြုံးလိုက်ပြီး၊
" သခင်လေးကုံး၊ မင်း အဲ့ဒီ ' ငှက် ' ကို မှတ်မိသေးလား။ "
ကုံးရင့်ရှန်၏မျက်လုံးများသည် ပြူးကျယ်သွားပြီး၊ မျက်လုံးအိမ်မှာ ရုတ်ခြည်းဆိုသလို စူးရှလာခဲ့သည်။ သူသည် လျှပ်စစ်ဓါတ်အတို့ခံလိုက်ရသလိုမျိုး ထိုင်ခုံမှဇတ်ခနဲထလိုက်ပြီး၊ စားပွဲကို ပတ်သွားကာ၊ ဟူဒီဝတ်ထားသည့်ယောကျာ်းကို ဆွဲမပြီး၊ နံရံဆီသို့ ကြမ်းတမ်းစွာပိတ်ကပ်ပစ်လိုက်သည်။ ဟူဒီနှင့်လူ၏လက်ထိပ်မှာ စားပွဲတွင်ချည်ထားဆဲဖြစ်သည်။ ကုံးရင့်ရှန်၏အပြုအမူမှာ အားကြီးလွန်းသဖြင့်၊ စားပွဲကိုတောင်မှဆွဲသွားကာ၊ နားအူလောက်သည့်အသံ ပေါ်ထွက်လာခဲ့ရသည်။
ချိုက်ခြံသည် ထိန်းချုပ်ခန်းမှ ပြေးထွက်လာခဲ့သည်။ ရန်ရိသည်လည်း လိုက်ပြီးပြေးထွက်လာခဲ့သည်။
" ခင်ဗျား ဘာပြောတယ် !ခင်ဗျား ဘာပြောလိုက်တယ် !"
ကုံးရင့်ရှန်သည် ဟူဒီနှင့်ယောကျာ်းအား အော်ဟစ်ပြောနေခဲ့သည်။ သူ့၏မျက်လုံးအစုံမှာ နီရဲနေပြီး၊ အကြည့်မှာလည်း သားရဲတစ်ကောင်နှယ်ကြမ်းကြုတ်နေခဲ့သည်။
ချိုက်ခြံသည် ကုံးရင့်ရှန်အား တားလေသည် :
" ဒေါက်တာကုံး၊ လွှတ်လိုက်၊ သူ့ကို အမြန်လွှတ်လိုက်တော့ !"
ရန်ရိသည်လည်း သွားပြီး၊ ကုံးရင့်ရန်အား ဆွဲလေသည်။
ကုံးရင့်ရှန်ကမူ ဟူဒီနှင့်ယောကျာ်းကို အသေဆွဲဆုပ်ထားပြီး လွှတ်မပေးချေ။ နှုတ်မှလည်း " ခင်ဗျား ဘာပြောလိုက်တယ် !" ဆိုတာချည်းပဲ အော်ပြောနေကာ၊ အသိစိတ်လွတ်နေခဲ့သည်။
ရန်ရိတစ်ယောက် အော်ပြောလေသည် :
" ကုံးရင့်ရှန် မင်း လွှတ်လိုက်တော့လို့။ မင်း အပြစ်ပေးခံခဲ့ရမယ်ဆိုရင် သူ့ကို စစ်ဆေးလို့မရတော့ဘူး !"
ရန်ရိ၏အသံမှာ မိုးချုန်းသံအလား၊ ကုံးရင့်ရှန်အား လှုပ်နှိုးလိုက်သလိုဖြစ်သွားပြီး၊ သူ့တစ်ကိုယ်လုံးသည် လှုပ်ရှားမှုကင်းမဲ့သွားရတော့သည်။
နှစ်ယောက်သည် ကုံးရင့်ရှန်၏ပြေလျော့သွားမှုကို အခွင့်ကောင်းယူပြီး၊ ဟူဒီနှင့်လူကို သူ့လက်ထဲမှလုယူလိုက်သည်။
ချိုက်ခြံသည် နဖူးအထက်ရှိ ချွေးအေးများကို သုတ်လိုက်ပြီး :
" တော်သေးတယ် ဒီအချိန်မှာ လူမရှိလို့၊ မဟုတ်ရင် ပြဿနာတက်မှာ။ "
သူသည် မျက်မှောင်ကြုတ်လိုက်ပြီး၊
" ဒေါက်တာကုံး၊ ခင်ဗျား ဘယ်လိုဖြစ်တာလဲ ?ခင်ဗျားရဲ့စိတ်အခြေအနေ ဒီလောက်မတည်မငြိမ်ဖြစ်တာကို ကျွန်တော် ပထမဆုံးတွေ့ဖူးတာပဲ။ ဒီနေ့တော့ တော်လိုက်ကြတာပေါ့။ မမေးနဲ့တော့၊ ခင်ဗျား ပြန်ပြီး ပဲနားလိုက်ပါတော့။ "
ကုံးရင့်ရှန်သည် ထိုနေရာတွင် တောင့်တောင့်ကြီးဖြစ်နေခဲ့သည်။ နှုတ်ကလည်း ဖျော့တော့စွာရေရွတ်နေပြီး၊ စကားတော့ ပြောထွက်မလာခဲ့ပေ။
ရန်ရိသည် ချိုက်ခြံအား မျက်စပစ်ပြလိုက်ပြီး၊ ဟူဒီနှင့်ယောကျာ်းကို သူ့အား ခေါ်သွားခိုင်းလိုက်သည်။ ချိုက်ခြံသည် လူကို အမြန်ခေါ်ထုတ်သွားလိုက်သည်။
ရန်ရိသည် ကုံးရင့်ရှန်၏ဖြူဖျော့နေသည့်မျက်နှာကို ကြည့်နေခဲ့သည်။ ဟူဒီနှင့်လူပြောသည့်စကားမှာ လွန်ခဲ့သည့်ဆယ့်ရှစ်နှစ်က သူ့တစ်မိသားစုလုံး လုပ်ကြံသတ်ဖြတ်ခံရသည်နှင့် သေချာပေါက် ပက်သက်မှုနေမည်ကို သိပေသည်။ ကုံးရင့်ရှန်၏ဤကဲ့သို့သောလိုမျိုးတုံ့ပြန်မှုသည် နည်းနည်းလေးမှထူးမဆန်းနေပေ။
" ကုံး၊ ဒေါက်တာကုံး။ "
ရန်ရိသည် အသံတိုးတိုးလေးနှင့်ပြောလိုက်သည်။
" မင်း ခဏလောက် စိတ်အေးအေးထား၊ အသက်ပြင်းပြင်းရှူသွင်းလိုက်။ "
ကုံးရင့်ရှန်သည် မျက်လုံးကို ဖြည်းဖြည်းချင်းမော့ကြည့်လိုက်ပြီး၊ ရန်ရိအား ငေးကြည့်နေခဲ့သည်။
" အသက်ပြင်းပြင်းရှူ။ "
ရန်ရိသည် ကိုယ်တိုင်အသက်အရှူအသွင်းလုပ်ပြလိုက်သည်။
" မင်း ဘာကိုပဲကြားခဲ့ကြားခဲ့၊ မင်း ဘာကြီးပဲဖြစ်ခဲ့ဖြစ်ခဲ့၊ မင်း အခုလုပ်ဖို့အလိုအပ်ဆုံးက စိတ်ငြိမ်သွားအောင်ပဲ။ "
ကုံးရင့်ရှန်၏ ထိုနီရဲနေသည့်မျက်လုံးများသည် တဖြည်းဖြည်းဝေဝါးလာကာ၊ ခန္ဓာကိုယ်မှာလည်း တသိမ့်သိမ့်တုန်လာတော့သည်။
ရန်ရိ၏နှလုံးသားသည် လေးလံစွာအဖိနှိပ်ခံထားရသလိုပင်။ သူသည် ထိန်းချုပ်ဖို့ရန်ခက်ခဲနေသည့်လက်ကိုဆန့်ထုတ်လိုက်ပြီး၊ ကုံးရင့်ရှန်၏လည်ပင်းကို ကိုင်ကာ၊ လက်မကလေးဖြင့် ထိုချောမွတ်လှသည့်ပါးပြင်ကို ပွတ်ပေးနေခဲ့သည် :
" မင်း ငါ့ကို ပြောပြလို့ရတယ်။ တစ်ယောက်ထဲ တင်းခံနေစရာမလိုဘူး၊ မင်း ငါ့ကို ပြောပြလို့ရတယ်။ ဒါပေမဲ့ မင်း လုံးဝစိတ်လိုက်မာန်ပါလုပ်လို့မဖြစ်ဘူး။ "
ကုံးရင့်ရှန်သည် မျက်လုံးကိုပြူးလိုက်ပြီး၊ မျက်ရည်ကို စီးကျခွင့်မပေးချေ။ သူသည် ပြာဝင်နေသည့်အသံနှင့်ပြောလာခဲ့သည် :
" ငှက်......ငှက်မျက်နှာဖုံး။ "
" ဘာကြီး ?"
" အဲ့ဒီလူက၊ ဝတ်ထားတယ်၊ ငှက်မျက်နှာဖုံးကို။ "
ဤစကားပြောပြီးသည်နှင့်၊ ကုံးရင့်ရှန်၏အကြည့်မှာ စတင်ပြီး လျော့ရဲလာကာ၊ အသက်ရှူ၍မရတော့သလိုပင်။ သူသည် ရုတ်တရက် ရန်ရိကို ဆွဲဖက်လိုက်သည်။ လူတစ်ယောက်က ပြုတ်မကျခင်တွင် တွယ်ဖက်ထားမိလိုက်မှ သူ့အားကယ်တင်ပေးနိုင်မည့်အရာဝတ္ထုတစ်ခုအလား၊ သူသည် တင်းကြပ်စွာဖက်ထားလေသည်။
ရန်ရိသည်လည်း လက်မောင်းကိုဖွင့်ဟလိုက်ပြီး၊ ထိုကျယ်ပြောလှသည့်ကျောပြင်ကို ပွေ့ဖက်ပေးလိုက်သည်။ အလွန်စိတ်မကောင်းဖြစ်လွန်းသဖြင့် စကားပင်မပြောနိုင်တော့ချေ။
ဘာလို့ ဒီအချိန်ကျမှလဲ။ ဘာလို့များ အချိန်မှာမှလဲ။ ရန်ရိတစ်ယောက် နှလုံးသားမှနာကျင်မှုကို ရှင်းလင်းစွာ ခံစားမိသည့်အချိန်တွင်၊ လွန်ကဲလွန်းသည့်သည်းညည်းမခံနိုင်မှုနှင့် တန်ဖိုးထားမြတ်နိုးမှုတို့ကို ခံစားမိပြီး၊ ဝမ်းလည်းဝမ်းနည်း၊ ဒေါသလည်းထွက်မိသည်။ သူ ထပ်ပြီး ဘယ်လိုမှနောက်ဆုတ်မရတော့ဘဲ၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမှလိမ်ညာ၍မရတော့သည့် ဤအခိုက်အတန့်တွင်၊ သူ နောက်ဆုံး၌ မဝန်ခံ၍မရတော့ချေ။ သူသည် ရင်ခွင်ထဲကလူကို စိတ်ဝင်စားနေလေပြီ။
************************************
[Zawgyi]
ႏွစ္ေယာက္သား ၿပိဳင္တူၾကည့္ၾကည့္လိုက္ေသာအခါ၊ ေယာက်ာ္းႏွစ္ေယာက္ လမ္းၾကားအဝ၌ေပၚလာသည္ကို ေတြ့လိုက္ရသည္။ ၄င္းတို႔ထဲမွ အရပ္ျမင့္သည့္ထိုလူမွာ၊ သူတို႔ CCTV မျွမင္ခဲ့ရသည့္ ဟူဒီေခါင္းစြပ္ႏွင့္လူ၏ကိုယ္ဟန္အေနအထားႏွင့္ဆင္ေပသည္။
ခ်ိဳက္ၿခံ၏အသံသည္ ေဝၚကီေတာ္ကီမွထြက္လာခဲ့သည္ :
" ငါ-ိုး၊ ငါထြက္သြားတာမွ ႏွစ္မိနစ္ပဲရိွေသးတယ္။ "
ကံုးရင့္ရွန္က ေျပာသည္ :
" သူတို႔ လမ္းေဘးကအမိႈက္ပံုးနားေရာက္သြားတာကို ေစာင့္ၿပီး၊ ကြၽန္ေတာ္တို႔ အေရ႔ွနဲ႔အေနာက္ကေနၿပီးေတာ့ ၫွပ္တိုက္မယ္။ အတတ္ႏိုင္ဆံုး အေနွာင့္အယွက္မျဖစ္ေစၾကနဲ႔။ ခ်ိဳက္ၿခံ၊ ခင္ဗ်ားက သူတို႔ငွားထားတဲ့အခန္းကို တိုက္ရိုက္သြားၿပီးေတာ့၊ ဝရမ္းေျပးရိွမရိွကိုၾကည့္ၾကည့္လိုက္။ "
သူေျပာရင္းျဖင့္၊ တံခါးဖြင့္ၿပီးကားေပၚမွဆင္းေလသည္။
ရန္ရိလည္း လိုက္ၿပီးကားတံခါးဖြင့္လိုက္ေသာအခါ၊ ကံုးရင့္ရွန္သည္ ကားတံခါးအား လက္ျပန္ႏွင့္ခပ္ျပင္းျပင္းပိတ္ပစ္လိုက္သည္ :
" မင္းက ကားထဲမွာေစာင့္ေန။ "
ရန္ရိတစ္ေယာက္ အလြန္မေက်နပ္စြာျဖင့္၊ ကားမွန္ခ်ၿပီး ေျပာေလသည္ :
" ၿပီးခဲ့တဲ့အေခါက္တုန္းက ငါ မင္းကို ငါ့ရဲ့အလုပ္မွာ ပါဝင္ခြင့္ေပးခဲ့တယ္ေလ။ "
" အဲ့တာက မင္း ငါ့ကိုလာဖို႔ေခၚတာေလ၊ အခု ငါ မင္းကို ကားထဲမွာေနဖို႔ ေတာင္းဆိုတယ္။ "
ကံုးရင့္ရွန္၏အမူအရာသည္ အလြန္ခိုင္မာေနခဲ့ၿပီး၊
" ဆင္းခြင့္မျပဳဘူး။ "
ရန္ရိတစ္ေယာက္ ႏႈတ္ခမ္းကိုမဲ့လိုက္သည္။
ကံုးရင့္ရွန္သည္ နက္ခ္တိုင္ကို ျပင္လိုက္ၿပီး၊ ကိုယ္ကိုလွည့္ကာ သံသယလူဆီသို႔ သြားေလသည္။
Van ကားေပၚမွဆင္းလာသည့္ အရပ္ဝတ္ႏွင့္လူႏွစ္ေယာက္သည္ တျခားတစ္ဖက္မွေနၿပီး ခ်ဥ္းကပ္ခဲ့ၾကသည္။
ကံုးရင့္ရွန္သည္ ဟူဒီေခါင္းစြပ္ေဆာင္းထားသည့္လူႏွင့္ ဘယ္ႏွဆယ္မီတာမ်ွမကြာေတာ့သည့္အခ်ိန္တြင္၊ ဟူဒီႏွင့္လူသည္ ကံုးရင့္ရွန္အား ေတြ့သြားၿပီး၊ ခႏၶာကိုယ္ကလည္း သိသိသာသာလန္႔သြားခဲ့သည္။
ကံုးရင့္ရွန္က သူ႔ရဲ့အျပင္ပန္းပံုစံအေပၚ ဘာမွမခံစားမိတဲ့ပံုပဲ။ ဒီေလာက္ ဖမ္းစားႏိုင္စြမ္းရိွေနတာ၊ ရာဇဝတ္သားကိုလာဖမ္းတာနဲ႔ တကယ္ကိုအံကိုက္မေနဘူး ဟု ရန္ရိစိတ္ထဲတြင္ေတြးမိလိုက္သည္။
တကယ္ကိုပင္၊ ဟူဒီႏွင့္လူသည္ မသိလိုက္ဘာသာႏွင့္သံသယစိတ္က ျမႇင့္တက္လာခဲ့ၿပီး၊ ကံုးရင့္ရွန္အား မွတ္မိသြားေတာ့သည္။ သူသည္ သူ႔အေပါင္းအပါကို တစ္ခြန္းခြန္းေျပာလိုက္ၿပီး၊ ႏွစ္ေယာက္သည္ ရုတ္ျခည္းဆိုသလို ကိုယ္ကိုလွည့္ၿပီးထြက္ေျပးၾကေတာ့သည္။
ရဲမ်ားကလည္း မဆိုင္းမတြလိုက္ဖမ္းေလသည္။
သံသယလူႏွစ္ေယာက္သည္ အရပ္ႏွစ္ဖက္ကိုခြဲၿပီး လိႈဏ္ေခါင္းထဲသို႔ေျပးဝင္သြားၿပီး၊ လူရႈပ္သည့္ရပ္ကြက္ထဲသို႔ ေရာဝင္သြားေလသည္။
ကံုးရင့္ရွန္သည္ ဟူဒီေခါင္းစြပ္ေဆာင္းထားသည့္ေယာက်ာ္းကို လိုက္ရင္း၊ သူ႔၏လုပ္ေဖာ္ကိုင္ဖက္ႏွစ္ေယာက္ကို ဟူဒီႏွင့္လူ၏အေပါင္းအပါကို လိုက္ခိုင္းလိုက္သည္။
ထိုဟူဒီႏွင့္သည္ ျပင္းထန္သည့္ျပစ္မႈက်ူးလြန္ျခင္းထဲတြင္ပါဝင္သည့္ လူကိုထိခိုက္ခဲ့ဖူးသည့္ျပစ္မႈမွတ္တမ္းေဟာင္းရိွသည္။ ရဲမ်ားက သည္လိုမ်ိဳးလူေျခစိပ္သည့္ေနရာမ်ိဳးတြင္ မတတ္သာ၍သာမဟုတ္ပါက ေသနတ္ႏွင့္ပစ္လိမ့္မည္မဟုတ္ေၾကာင္းကို ရန္ရိသိေပသည္။ တစ္က အမ်ားျပည္သူကို ထိခိုက္မွာစိုး၍ျဖစ္ၿပီး၊ ႏွစ္က အထိတ္တလန္႔ျဖစ္မွာစိုးေသာေၾကာင့္ျဖစ္သည္။ ရန္ရိသည္ ကံုးရင့္ရွန္ကို စိတ္မခ်သျဖင့္၊ ကားတံခါးကိုတြန္းဖြင့္ၿပီး ကားေပၚမွဆင္းကာ၊ လိုက္သြားေတာ့သည္။
ဟူဒီေခါင္းစြပ္ေဆာင္းထားသည့္ေယာက်ာ္းမွာ ဒီနယ္ေျမတစ္ဝိုက္ကို အလြန္တရာမွအကြၽမ္းတဝင္ရိွၿပီး၊ လမ္းႀကိဳလမ္းၾကားထဲသို႔ အသက္လုၿပီးေျပးသြားေလသည္။ လမ္းႀကိဳၾကားထဲတြင္ သက္ရိွလႈပ္ရွားမႈမ်ားႏွင့္ျပည့္ႏွက္ေနခဲ့သည္။ အက်ႌအေျခာက္လွန္းထားျခင္း၊ ေကာက္ပဲသီးႏွံမ်ား လွန္းထားျခင္း၊ အစားအေသာက္မ်ား ေရာင္းခ်ျခင္း၊ သစ္အယ္သီးမ်ား ေလွာ္ေနျခင္းစသည္တို႔မွာ လမ္းၾကား၏ေနရာတိုင္းတြင္ ျဖန္႔ၾကက္ကာတည္ရိွေနခဲ့သည္။ ဤေနရာရိွ အေျခခံအေဆာက္အအံုမ်ားမွာ အရမ္းဆိုးရြားလြန္းေပသည္။ လမ္းမေပၚတြင္ ကလိုင္မ်ားျဖစ္ေနၿပီး၊ အိမ္မ်ားမွာ အိုေဟာင္းစုတ္ပ်က္ေနခဲ့သည္။ ေနရာတိုင္းတြင္ အမိႈက္နံ႔ႏွင့္မိလႅာေရအနံ႔ဆိုးမ်ား ထုတ္လႊတ္ေနခဲ့သည္။
ရန္ရိသည္ ကံုးရင့္ရွန္၏အရိပ္ကို အေဝးမွလိုက္ရင္း၊ စိတ္ထဲတြင္ေတြးလိုက္မိသည္။ ကံုးရင့္ရွန္က ပံုမွန္အခ်ိန္ေတြမွာဆို လက္သင့္မခံႏိုင္ၿပီးရင္းမခံႏိုင္စရာဆိုေပမဲ့၊ အမႈတိုင္တြယ္တဲ့အခ်ိန္မွာက်ေတာ့ ဘာကညစ္ပတ္တယ္၊ ပင္ပန္းတယ္တို႔ဆိုၿပီး ဘယ္တုန္းကမွ မေတြေဝဖူးဘူးပဲ။ သူ႔၏စိတ္သည္ ဘယ္ေလာက္ခိုင္မာေၾကာင္းကို ေတြ့ႏိုင္ေပသည္။
ကံုးရင့္ရွန္သည္ အားထည့္ၿပီးေအာ္လိုက္သည္ :
" ရပ္လိုက္စမ္း၊ ရဲ !"
ယခုျမင္ကြင္းကိုေတြ့လိုက္သည့္နယ္ခံမ်ားမွာ လမ္းႏွစ္ဖက္သို႔ အလ်ိႈလ်ိႈေရွာင္သြားၾကေတာ့သည္။
ထိုဟူဒီႏွင့္လူ၏သက္လံုမွာ မဆိုးေပ၊ အလြန္အေျပးျမန္ေပသည္။ ကံုးရင့္ရန္အျမန္လိုက္သြားၿပီးေနာက္၊ လက္လုပ္သားေရဖိနပ္မ်ားမွာ ကလိုင္ေပါသည့္လမ္းတြင္ နက္တစ္လွည့္ တိမ္တစ္လွည့္ႏွင့္ လွမ္းေနခဲ့သည္။ ေျပးဖို႔အတြက္ တကယ္ကို ေရြးခ်ယ္လို႔မေကာင္းသည့္ေနရာပင္။ သို႔ေသာ္ သူသည္ နည္းနည္းနည္းနည္းႏွင့္၊ အကြာအေဝးမွာနီးကပ္လာခဲ့သည္။
ေနာက္ဆံုးတြင္၊ ဟူဒီေခါင္းေဆာင္း,ေဆာင္းထားသည့္ေယာက်ာ္းမွာ ေျပးေလေလထိုးထြက္ဖို႔ခက္ခဲလာေလေလျဖစ္ကာ၊ မေရမရာႏွင့္၊ လမ္းဆံုးထဲသို႔ဝင္ေျပးမိသြားေတာ့သည္။
" မေျပးနဲ႔ေတာ့ !"
ဟူဒီႏွင့္လူသည္ ကံုးရင့္ရွန္အား တစ္ခ်က္ေခါင္းလွည့္ၾကည့္လိုက္သည္။ တစ္ခ်က္ခုန္ၿပီး၊ နံရံေျခရင္းက အမိႈက္ပံုးအႀကီးေပၚသို႔ နင္းလိုက္သည္။ ေနာက္တစ္ခ်က္ထပ္ခုန္ၿပီး၊ နံရံမ်က္ႏွာျပင္ေပၚသို႔ တက္သြားခဲ့သည္။
ကံုးရင့္ရွန္သည္ အမိႈက္ပံုးေရ႔ွသို႔ ေျပးသြားခဲ့သည္၊ သူသည္ လက္ကိုဆန္႔ထုတ္ၿပီး ဖမ္းလိုက္ေသာ္ျငားလည္း၊ ဟူဒီႏွင့္ေယာက်ာ္း၏ေျခေထာက္ကိုမူ ဖမ္းမမိသြားခဲ့ေခ်။ ဟူဒီႏွင့္ေယာက်ာ္းသည္ နံရံေပၚမွေက်ာ္တက္သြားခဲ့သည္။
လမ္းၾကားထဲသို႔ ရန္ရိေကြ့လာေသာအခါ၊ ကံုးရင့္ရွန္သည္ ေနရာမွခုန္ၿပီး၊ အမိႈက္ပံုးအဖံုး၏အကူအညီကိုယူကာ၊ နံရံကို ေသသပ္စြာႏွင့္ေက်ာ္သြားေလသည္။ လက္ဗလာႏွင့္နံရံကိုတက္ျခင္း၊ အျမင့္တစ္ေနရာသို႔ခုန္တက္ျခင္းစသည္တို႔မွာ မီးသတ္သမားတစ္ေယာက္အေနႏွင့္ ေလ့က်င့္ခဲ့ဖူးသည့္အရည္အခ်င္းမ်ားျဖစ္သည္။ သူသည္လည္း ေတြေဝျခင္းမရိွဘဲ အေနာက္ကလိုက္သြားခဲ့ေလသည္။
ကံုးရင့္ရွန္သည္ ေျမျပင္သို႔ေရာက္သည္ႏွင့္၊ ေျခေထာက္အနားရိွ သန္႔ရွင္းေရးတုတ္အက်ိဳးတစ္ဝက္ကို ဟူဒီႏွင့္လူထံသို႔ ပစ္လိုက္သည္။
ဟူဒီႏွင့္ေယာက်ာ္းမွာ ေနာက္ေက်ာသို႔ထိသြားခဲ့သည္။ သို႔ေသာ္၊ သူသည္ တစ္ခ်က္ေလးရပ္ရံုသာရပ္သြားခဲ့ၿပီး၊ အေလးမထားဘဲ ယခင္အတိုင္းဆက္ေျပးသြားေလသည္။ ကံုးရင့္ရွန္မွာ ခုနတုန္းက အမိႈက္ပံုးကိုတက္ခဲ့ရသျဖင့္၊ ေဒါသမီးေတာက္မွာ အလြန္ျမင့္ေနၿပီးျဖစ္သည္။ သူသည္ ေျခေထာက္ကိုအရိွန္ထည့္ၿပီး၊ အေရ႔ွသို႔အရိွန္ႏွင့္ေျပးသြားလိုက္သည္။ ထို႔ေနာက္ တစ္ခ်က္ခုန္လိုက္ၿပီး၊ ဟူဒီႏွင့္လူကို ေျမျပင္ေပၚတြင္ ဖိပစ္လိုက္သည္။
ဟူဒီႏွင့္ေယာက်ာ္းမွာ တစ္ခ်က္အက်ယ္ႀကီးေအာ္လိုက္ၿပီး၊ အသားကုန္ကုန္းရုန္းထေလသည္။ ကံုးရင့္ရွန္သည္ သူ႔ကို လက္သီးႏွစ္ခ်က္အရင္ဆံုးေကြၽးလိုက္သည္။ သူသည္ ရုတ္တရက္ လက္ေမာင္းကိုလႈပ္လိုက္သည္။ ေငျြဖဴေရာင္သတၲုအလင္းျပန္ၿပီး ညအေမွာင္ထဲတြင္လက္ခနဲျဖစ္သြားသည္ကို ကံုးရင့္ရွန္၏မ်က္လံုးေထာင့္စြန္းမွျဖတ္ခနဲျမင္လိုက္ရသည္။
ဘာလဲဆိုတာကိုရွင္းေအာင္ၾကည့္ဖို႔ မမီေတာ့သျဖင့္၊ ကံုးရင့္ရွန္သည္ တစ္ဖက္သို႔ အလိုအေလ်ာက္ေရွာင္လိုက္သည္။ ဆက္ၿပီး၊ ခြၽန္ထက္သည့္ဓါးက အဝတ္စကိုျဖတ္လိုက္သည့္အသံကို ၾကားလိုက္ၿပီး၊ ေျမျပင္ေပၚသို႔ ပစၥည္းတစ္ခုခုဘုတ္ခနဲက်သြားသည့္အသံကိုပါ ၾကားလိုက္ရသည္။
ကံုးရင့္ရွန္သည္ ေျမျပင္ေပၚတြင္ ႏွစ္ပတ္လိမ့္သြားၿပီးမွ ခႏၶကိုယ္ကို ထိန္းႏိုင္ခဲ့သည္။ သူသည္ တစ္ဝက္ေဆာင့္ေၾကာင့္ထိုင္လ်က္ျဖင့္၊ ေခါင္းငံု႔ၾကည့္ၾကည့္လိုက္သည္။ အေနာက္တိုင္းဝတ္စံု၏ဘယ္ဘက္ဂ်ိဳင္းသည္ အရွည္ႀကီးတစ္ျဖတ္အျဖတ္ခံလိုက္ရၿပီး၊ ဂ်ိဳင္းရိွ gun holster ႀကိဳးမွာလည္း ျပတ္သြားခဲ့သည္။ သူ႔၏ပစၥတိုမွာ ႏွစ္ေယာက္ၾကားတြင္ က်ေနခဲ့သည္--ဟူဒီဝတ္ထားသည့္လူႏွင့္ ပိုနီးေလသည္။
ဟူဒီႏွင့္လူသည္ လက္ထဲတြင္ဓါးေျမႇာင္ကို ကိုင္ထားၿပီး၊ အၾကည့္မွာ ၾကမ္းၾကဳတ္ေနခဲ့သည္။ ေျမျပင္ေပၚကပစၥတိုကိုလည္း မ်က္လံုးႏွင့္မၾကာမၾကာေခ်ာင္းၾကည့္ေနခဲ့သည္။ အလင္းေရာင္မွာ မိွန္ေနေသာေၾကာင့္၊ သူသည္ ႏွစ္ခ်က္ေလာက္ၾကည့္ၿပီးမွ၊ ၄င္းမွာ ပစၥတိုတစ္လက္ျဖစ္ေၾကာင္းကို ေသခ်ာသြားေတာ့သည္။
ကံုးရင့္ရွန္သည္ မ်က္ႏွာတစ္ျပင္လံုးမႈန္မိႈင္းစြာႏွင့္ထလာခဲ့သည္။ အေနာက္တိုင္းဝတ္စံု၏ၾကယ္သီးကို အၾကမ္းပတမ္းဆြဲျဖဳတ္ကာ၊ အျပင္ကုတ္ကိုခြၽတ္ၿပီး ေျမျပင္ေပၚသို႔ပစ္ခ်ပစ္လိုက္သည္။
ထိုအခ်ိန္တြင္၊ ရန္ရိသည္လည္း နံရံကိုေက်ာ္လာခဲ့ၿပီး၊ ေျမျပင္သို႔ အျမန္ေရာက္လာခဲ့သည္။
ကံုးရင့္ရွန္မွာ ၾကက္ေသေသသြားရၿပီး၊ ရန္ရိအား ခက္ထန္စြာတစ္ခ်က္ၾကည့္လိုက္သည္။ ဟူဒီႏွင့္လူသည္ အျမန္ေျပးသြားကာ၊ ခါးကိုကုန္းၿပီး ပစၥတိုကိုေကာက္ေတာ့မည္ကို ေတြ့လိုက္ေသာအခါ၊ သူသည္ ေျခေထာက္ကိုမၿပီး တဟုန္ထိုးေျပးသြားေလသည္။
ဟူဒီႏွင့္လူသည္ လက္တစ္ဖက္က ပစၥတိုကိုကိုင္ၿပီး၊ တစ္ဖက္က ဓါးေျမႇာင္ကိုကိုင္ကာ၊ ကံုးရင့္ရွန္ဆီသို႔ ၾကမ္းၾကဳတ္စြာထိုးလိုက္သည္။ ကံုးရင့္ရွန္မွာ ေဘးတေစာင္းေရွာင္လိုက္ၿပီး၊ သူ႔၏လက္ေမာင္းကို ခ်ဳပ္ကာ၊ သူ႔တစ္ကိုယ္လံုးကို အေရ႔ွသို႔ဆြဲသြားလိုက္သည္။ ေနာက္လက္တစ္ဖက္ျဖင့္ သူ႔၏လက္ေကာက္ဝတ္ကို ကိုင္ၿပီး၊ ခပ္ၾကမ္းၾကမ္းေခါက္ပစ္လိုက္သည္။
ဟူဒီႏွင့္ေယာက်္ားမွာ ငယ္သံပါေအာင္ေအာ္လိုက္ၿပီး၊ ဓါးေျမႇာင္မွာ လြတ္က်သြားခဲ့သည္။ သူသည္ ကံုးရင့္ရွန္၏ခႏၶာကိုယ္ေအာက္ပိုင္းကို ေျခေထာက္ႏွင့္တိုက္လိုက္ေလသည္။
သည္ေလာက္မိန္းမဆန္သည့္နည္းမွာ အမ်ားေသာအားျဖင့္ ေထာင္ထဲမွသင္လာခဲ့ၾကျခင္းျဖစ္သည္။ ကံုးရင့္ရွန္မွာ သူ႔၏လက္ကို မလႊတ္မျဖစ္လႊတ္ေပးလိုက္ရၿပီး၊ ႏွစ္လွမ္းမ်ွ ေနာက္ဆုတ္သြားခဲ့သည္။
ဟူဒီႏွင့္လူသည္ အခြင့္ေကာင္းယူၿပီး၊ gun holster ၏ႏိွပ္ၾကယ္သီးကိုဖြင့္ကာ၊ ပစၥတိုကို ထုတ္လိုက္ေလသည္။
ရန္ရိတစ္ေယာက္ စိုးရိမ္တႀကီးေအာ္လိုက္သည္ :
" သတိထား !"
သူ တစြတ္ထိုးေျပးလာခဲ့သည္။
ကံုးရင့္ရွန္သည္ ေျခတံရွည္ကို တစ္ခ်က္လႊဲလိုက္ၿပီး၊ ဟူဒီႏွင့္လူ၏ေျခသလံုးအလယ္တည့္တည့္ကို ပိတ္ကန္ပစ္လိုက္သျဖင့္၊ လူသည္ ေျမျပင္ေပၚသို႔ လဲက်သြားခဲ့သည္။
ဟူဒီႏွင့္လူ၏မ်က္လံုးထဲတြင္ ရူးႏွမ္းမႈမ်ားႏွင့္ျပည့္ႏွက္ေနခဲ့ၿပီး၊ ေျပာင္းဝကို ကံုးရင့္ရွန္ဆီသို႔ေရႊ့လိုက္သည္။ ကံုးရင့္ရွန္မွာ ေျခေထာက္ကိုေျမႇာက္ၿပီး၊ ဟူဒီႏွင့္လူ၏လက္ေကာက္ဝတ္ကို ကန္ပစ္လိုက္သျဖင့္၊ ထိုေသနတ္မွာ လက္ထဲမွလြတ္က်သြားေလသည္။
ကံုးရင့္ရွန္ ေနာက္တစ္ခ်က္ျပင္းျပင္းထပ္ကန္လိုက္သည္မွာ ဟူဒီႏွင့္လူ၏ဝမ္းဗိုက္ေပၚကိုပင္။
ဟူဒီႏွင့္လူသည္ ေျမျပင္ေပၚတြင္ သံုး-ေလးပတ္ေလာက္လိမ့္သြားခဲ့သည္။ ေဝဒနာကိုေအာ္ညည္းရင္း မတ္တပ္ထရပ္ခ်င္ေနေသးခဲ့သည္။
ကံုးရင့္ရွန္သည္ ခါးပတ္ေပၚကလက္ထိပ္ကို ျဖဳတ္လိုက္ၿပီး၊ ဟူဒီႏွင့္လူကို ေျမျပင္ေပၚတြင္ပက္လန္သြားေအာင္ ေနာက္တစ္ေခါက္ထပ္ကန္လိုက္သည္။ ထို႔ေနာက္ လူကို လက္ယဥ္စြာႏွင့္လက္ထိပ္ခတ္ပစ္လိုက္သည္။
ျဖစ္စဥ္တစ္ခုလံုးမွာ ဆယ္စကၠန္႔ေတာင္ မေက်ာ္လိုက္သျဖင့္၊ ရန္ရိတစ္ေယာက္ ေျပးမလာခင္ကတည္းက ၿပီးဆံုးသြားၿပီျဖစ္သည္။ သူသည့္ ကံုးရင့္ရွန္၏အလြန္ေၾကာက္စရာေကာင္းလွသည့္ကြၽမ္းက်င္မႈေၾကာင့္ အံ့ဩမွင္တက္သြားရသည္။
ကံုးရင့္ရွန္သည္ လူကိုေသခ်ာခ်ဳပ္ၿပီးမွ၊ သက္ျပင္းတစ္လ်က္ခ်လိုက္ေတာ့သည္။ ဟူဒီႏွင့္လူကိုၾကည့္ေနသည့္အၾကည့္မွာ အလြန္႔ကိုေအးစက္သုန္မႈန္ေနခဲ့သည္။
ရန္ရိသည္ ရုန္းကန္ေနဆဲျဖစ္သည့္ဟူဒီႏွင့္လူကိုၾကည့္ရင္း၊ သူ ကံုးရင့္ရွန္ကို ေသနတ္ေျပာင္းဝႏွင့္ခ်ိန္ထားသည့္ပံုရိပ္မွာ ေခါင္းထဲတြင္စြဲေနဆဲျဖစ္ၿပီး၊ ရင္ထဲတြင္ ေၾကာက္ရြံ႔မႈမွာ စြဲက်န္ေနခဲ့သည္။
ကံုးရင့္ရွန္သည္ ေျမျပင္ေပၚမွ မိမိ၏ပစၥတိုကို ေကာက္ယူလိုက္ၿပီး၊ ေအးစက္စြာေျပာလိုက္သည္ :
" ေမာင္းျဖင့္မခ်ိန္တတ္ဘဲနဲ႔ ေသနတ္သံုးခ်င္ေနေသးတာလား ?"
ရန္ရိသည္ အသိျပန္ဝင္လာခဲ့ၿပီး၊ အျဖတ္ခံလိုက္ရေသာ ကံုးရင့္ရွန္၏အက်ႌကို ၾကည့္ရင္း၊ အသံတုန္တုန္ႏွင့္ေျပာလိုကိသည္ :
" မင္း မင္းဘာမွမျဖစ္ဘူးမလား။ "
ကံုးရင့္ရွန္သည္ ေဒါသတႀကီးႏွင့္ေျပာလိုက္သည္ :
" ငါ မင္းကို ကားထဲမွာေစာင့္ေနခိုင္းတာေလ !"
ျပစ္မႈမွတ္တမ္းရိွၿပီး ျပင္းထန္းသည့္ျပစ္မႈကို က်ူးလြန္ထားသည့္ဟု သံသယရိွသည့္လူကို သူ ဖမ္းေနျခင္းျဖစ္သည္။ ထို႔အျပင္ မိမိအဖမ္းခံလိုက္ရသည္ႏွင့္၊ ေသခ်ာေပါက္ ေသဒဏ္ျဖစ္မည္ဆိုတာကိုသိေနသည့္သံသယလူျဖစ္သည္။ သည္လိုမ်ိဳးရာဇဝတ္မႈက်ူးလြန္ရန္ဝန္မေလးသည့္လူကို ဖမ္းရာတြင္၊ အႏၲရာယ္မ်ားသည့္ဘယ္လိုအေျခအေနမ်ိဳးမဆို ျဖစ္ေပၚႏိုင္ေပသည္။ ရန္ရိေပၚလာသည့္အခ်ိန္တြင္ သူ႔၏ေသနတ္က သံသယလူ၏ေျခေထာက္အနားတြင္ ရိွေနခဲ့သည္။ ထိုအခ်ိန္တုန္းက သူ႔၏ႏွလံုးသားမွာ သူ႔၏လည္ပင္းထိေတာင္မွ ျမင့္တက္လာခဲ့ရသည္။
ရန္ရိမွာ အခြင့္အေရးကိုအမိအရဖမ္းယူၿပီး၊ အျမန္ေျပာလိုက္သည္ :
" ငါ-ိုးထဲမွ၊ ေရ႔ွတစ္ေခါက္တုန္းက ငါ ဘာလို႔စိတ္ဆိုးလဲဆိုတာ သိၿပီမလား !"
ႏွစ္ေယာက္သည္ ပံုမွန္အခ်ိန္တြင္ စကားရည္လုတာမ်ိဳးရိွတတ္ၿပီး၊ ကံုးရင့္ရွန္သည္ အၿမဲတမ္းအႏိုင္ရဆဲျဖစ္သည္။ ဒီတစ္ေခါက္တြင္ သူေျပာစရာမရိျွဖစ္သြားခဲ့သည္။ သို႔ေသာ္ သူသည္ ပိုက်ယ္သည့္အသံျဖင့္ ျမန္ျမန္ျပန္ေအာ္ေျပာလိုက္သည္ :
" မင္း ျပန္ခံေျပာရဲေသးတယ္ !"
" ငါ...... "
ရန္ရိသည္ ကံုးရင့္ရွန္၏ေဒါသငယ္ထိပ္ေရာက္ခါနီးအၾကည့္ကို ၾကည့္ရင္း၊ ခုနတုန္းက သူ သံသယလူကိုႏိွမ္နင္းတာကို စဥ္းစားေနကာ၊ တခဏမ်ွသသည္းခံလိုက္သည္။
" ......မင္း ဒဏ္ရာရသြားတာလား ?"
ကံုးရင့္ရွန္သည္ အသက္ျပင္းျပင္းရႉသြင္းလိုက္ၿပီး :
" ဒီလိုမ်ိဳးအေသးအဖြဲ႔ေတြက ငါ့ကိုဒဏ္ရာရေအာင္မလုပ္ႏိုင္ပါဘူး။ "
သူသည္ ေခါင္းကိုငံု႔ၿပီး တစ္ကိုယ္လံုးညစ္ပတ္ေပေရေနသည့္မိမိကိုယ္ကို ၾကည့္လိုက္ေသာအခါ၊ တစ္ကိုယ္လံုးေနရခက္လာခဲ့သည္။ သူသည္ ဟူဒီႏွင့္လူကို ေျမျပင္မွ ၾကမ္းတမ္းစြာဆြဲမလိုက္ၿပီး၊ လူကိုခ်ဳပ္ထားလ်က္ျဖင့္ အေရ႔ွမွသြားေလသည္။
ရန္ရိသည္လည္း တုပၿပီးလိုက္သြားရင္း၊ ကံုးရင့္ရွန္အား အဆက္မျပတ္ ခိုးၿပီးေခ်ာင္းၾကည့္ေနခဲ့သည္။
သူတို႔ ဤေနရာမွထြက္သြားၿပီး၊ ယခင္ကေစာင့္ဆိုင္းေနသည့္ေနရာသို႔ ျပန္ေရာက္သြားေသာအခါ၊ ေစာင့္ဆိုင္းေနသည့္ရဲကားႏွစ္စီး ရိွခဲ့ေနသည္။ သံသယရိွသူႏွစ္ေယာက္ကို ကားေပၚသို႔ခ်ဳပ္တင္လိုက္ၾကသည္။
ခ်ိဳက္ၿခံသည္ တစ္ကိုယ္လံုးညစ္ပတ္ေပေရေနသည့္ကံုးရင့္ရွန္ကို ၾကည့္ရင္း၊ အံမႀကိတ္ဘဲမေနႏိုင္ေတာ့ :
" အိုင္းယား ေဒါက္တာကံုး၊ ခင္ဗ်ားကို အခက္ေတြ့ေစမိၿပီ။ "
ကံုးရင့္ရွန္သည္ လက္အိတ္ကို အမိႈက္ပံုးထဲသို႔ ပစ္ထည့္လိုက္သည္။ ကားအေနာက္ဖံုးကို ဖြင့္ကာ၊ အထဲမွ ပိုးသတ္ေဆးရည္ကို ယူလိုက္ၿပီး၊ ကိုယ့္ကိုယ္ကိုယ္ အရင္ျဖန္းခ်လိုက္သည္။
ရန္ရိသည္ ေလ်ွာက္လာခဲ့ၿပီး :
" မင္း ဘယ္...... "
ကံုးရင့္ရွန္သည္ လက္ေကာက္ဝတ္ကို လွည့္လိုက္ၿပီး၊ ရန္ရိအား ျဖန္းလိုက္သည္။ ရန္ရိမွာ မတတ္သာဘဲ မ်က္လံုးကိုသာပိတ္ၿပီး၊ အရက္ျပန္အနံ႔ကိုသာ ရႉေနလိုက္သည္။
ထိုပုလင္း၏ေအာက္ေျခကို ျမင္ရေတာ့မွ၊ ရန္ရိသည္ ေျပာလာခဲ့သည္ :
" မင္း ဘယ္မွာသြားသန္႔စင္မွာလဲ ?"
ကံုးရင့္ရွန္သည္ သူ႔အား တစ္ခ်က္မ်က္ေစာင္းထိုးၾကည့္လိုက္ၿပီး :
" ဌာနခြဲျပန္မယ္။ ကားေပၚတက္။ "
ႏွစ္ေယာက္သားသည္ တစ္လမ္းလံုးတြင္ စကားမေျပာၾကသျဖင့္၊ ကားအတြင္းရိွ ေလထုအေျခအေနမွာ အသက္ရႉဖို႔ရန္ေတာင္မွ ေခ်ာေမြ့မေနခဲ့ေပ။
ဌာနခြဲသို႔ေရာက္ေသာ္၊ ကံုးရင့္ရွန္သည္ အေနာက္ဖံုးမွ သန္႔ရွင္းသည့္အေနာက္တိုင္းဝတ္စံုႏွင့္ဖိနပ္တို႔ကို ထုတ္ယူလိုက္ၿပီး၊ ရန္ရိအား မၾကည့္ဘဲ၊ ဌာနခြဲသို႔ တန္းဝင္သြားေလသည္။
ရန္ရိမွာ မေက်နပ္ခ်က္ကိုေဖာ္ျပဖို႔အခ်ိန္ေတာင္ ရိွမေနေပ။ ယခု သူသည္ ဟူဒီႏွင့္လူရဲ့စစ္ေမးျခင္းကို ပိုစိတ္ဝင္စားေနခဲ့သည္။
ခ်ိဳက္ၿခံသည္ ရန္ရိအား ဌာနအတြင္းသို႔ ၪီးေဆာင္ေခၚသြားေပးလိုက္သည္။ ဤအခ်ိန္သည္ အလုပ္ဆင္းခ်ိန္ေက်ာ္ေနၿပီျဖစ္ေသာ္လည္း၊ သို႔ေသာ္ တာဝန္က်သူမ်ားႏွင့္ အခ်ိန္ပိုဆင္းသည့္သူမ်ားမွာ မနည္းဘူးရိွေနေသးသျဖင့္၊ ဌာနခြဲတစ္ခုလံုးသည္ မီးမ်ားႏွင့္လင္းထိန္ေနခဲ့သည္။ ခုနေလးတင္ကမွ ဖမ္းေခၚလာခဲ့သည့္ သံသယလူမ်ားေၾကာင့္ ပိုၿပီးရုတ္ရုတ္ျဖစ္သြားေလသည္။
ခ်ိဳက္ၿခံသည္ စစ္ေဆးေမးျမန္းသည့္အခန္းေဘးရိွ ထိန္းခ်ဳပ္အခန္းသို႔ ရန္ရိအား ေခၚလာခဲ့သည္။ ဤေနရာမွ စစ္ေမးခန္းကို ျမင္ရ၊ ၾကားရၿပီး၊ သူတို႔ကိုေတာ့ စစ္ေမးခန္းမွ မျမင္ရေခ်။ ဟူဒီႏွင့္ေယာက်ာ္းသည္ ထိုင္ခံုေပၚတြင္ ေပ်ာ့ရိေပ်ာ့တြဲႏွင့္ထိုင္ေနၿပီး၊ မ်က္လံုးႏွစ္လံုးမွာ အသက္မပါေၾကာင္းကိုသာေတြ့ရသည္။ ကံုးရင့္ရွန္ဆီမွ ဘယ္ႏွခ်မွန္းမသိအကန္ခံလိုက္ရျခင္းေၾကာင့္ အားမရိွေတာ့တာလား၊ မိမိမွာဇာတ္သိမ္းသြားၿပီကိုသိ၍ ဘာျဖစ္ျဖစ္ဂရုမစိုက္ေတာ့တာကိုလားေတာ့ မသိေခ်။
ခ်ိဳက္ၿခံသည္ ကုလားထိုင္တစ္လံုးကိုဆြဲလာခဲ့ၿပီး၊ ရယ္လ်က္ေျပာလိုက္သည္ :
" ထိုင္ပါ ေခါင္းေဆာင္ရန္။ ဒီအမႈက ခင္ဗ်ားလည္း မနည္းဘူးအားထုတ္ထားတာ။ ကြၽန္ေတာ္တို႔ မီးစံုစမ္းစစ္ေဆးတဲ့ဟာကို ကူညီတာက ထားပါေတာ့၊ မထင္မွတ္ထားဘဲ၊ ကိုယ္တိုင္ ရာဇဝတ္သားကိုေတာင္ တက္ဖမ္းလိုက္ေသးတယ္။ "
ရန္ရိသည္ ကိုယ့္ကိုယ္ကိုယ္ရယ္လိုက္ၿပီး :
" အဲ့ေလာက္စိတ္ႂကြသြားလိမ့္မယ္လို႔ ကြၽန္ေတာ္ ဘယ္သိမွာလဲ။ "
" ခင္ဗ်ား မၾကာခင္ ကြၽန္ေတာ္တို႔ရဲ့ဂုဏ္ထူးေဆာင္လုပ္ေဖာ္ကိုင္ဖက္ျဖစ္ေတာ့မယ္။ "
ဆယ့္ငါးမိနစ္ၾကာၿပီးေနာက္၊ စစ္ေမးခန္း၏အခန္းတံခါးသည္ ပြင့္လာခဲ့သည္ကို ရန္ရိ ေတြ့လိုက္ရသည္။ ကံုးရင့္ရွန္မွာ ေခါင္းအစေျခအဆံုး မီးခိုးေရာင္အေနာက္တိုင္းဝတ္စံုအသစ္ကို လဲဝတ္ထားၿပီး၊ ရႈပ္ပြေနသည့္ဆံပင္မ်ားေတာင္မွ သပ္သပ္ရပ္ရပ္ႏွင့္ျပန္ျဖစ္သြားခဲ့သည္။ ခုနတုန္းက ရွက္စရာေကာင္းေလာက္ေအာင္ညစ္ေပေနသည့္ ေျခရာလက္ရာအစအနေသးေသးေလးကိုေတာင္ ရွာမေတြ့ေတာ့ေခ်။
ခ်ိဳက္ၿခံသည္ ရယ္လ်က္ေနာက္ေျပာလိုက္သည္ :
" ေဒါက္တာကံုးက အႏုပညာရွင္မလုပ္တာ တကယ္ႏွေျမာဖို႔ေကာင္းတာပဲ။ "
ရန္ရိသည္လည္း လိုက္ရယ္လိုက္သည္။
ကံုးရင့္ရွန္သည္ ဟူဒီအက်ႌကိုဝတ္ထားသည့္ေယာက်ာ္း၏မ်က္ႏွာခ်င္းဆိုင္တြင္ ထိုင္လိုက္သည္။ စားပြဲကို ရိုက္လိုက္ၿပီး၊ အေျခခံေမးခြန္းမ်ားကို အလွည့္က်ေမးလိုက္သည္။
ဟူဒီႏွင့္ေယာက်ာ္းမွာမူ စကားတစ္ခြန္းမွပင္ မဟဘဲ၊ ျပက္ရယ္ျပဳေနသည့္မ်က္ႏွာႏွင့္သာ ကံုးရင့္ရွန္အား ၾကည့္ေနခဲ့သည္။
ကံုးရင့္ရွန္ တစ္ခဏမ်ွ တိတ္ဆိတ္သြားခဲ့သည္။ အသံသည္ ထိန္းခ်ဳပ္အခန္းထဲမွ ထပ္မံပ်ံ့လြင့္လာခဲ့သည္ :
" ဘာလဲ၊ စကားမေျပာေတာ့တာနဲ႔ အလုပ္ျဖစ္မယ္လို႔ ခင္ဗ်ား ထင္ေနတာလား ?"
" ငါက အပိုစကားေတြမေျပာခ်င္ရံုပါ။ "
ဟူဒီႏွင့္လူသည္ ေမးကိုေမ့လိုက္ၿပီး၊ ေအးစက္စက္ၿပံဳးကာေျပာလိုက္သည္။
" မင္း ဘာလို႔ နည္းနည္းပါးပါးစိတ္ဝင္စားစရာေလးေတြ မေမးရတာလဲ။ "
" ဘာက စိတ္ဝင္စားစရာလဲ။ "
ကံုးရင့္ရွန္က ေျပာသည္၊
" ဝမ့္ယြမ္အိမ္ရာ 2209 ရဲ့မီးက ခင္ဗ်ားရိႈ႔တာလား ?"
ဟူဒီႏွင့္လူသည္ ကိုယ္ကိုမတ္လိုက္သည္။ အေရ႔ွကိုေတာင္ ကိုင္းလိုက္ၿပီး၊ ကံုးရင့္ရွန္အား တစိုက္မတ္မတ္စိုက္ၾကည့္ရင္း :
" ငါ မင္းကို သိတယ္။ "
ကံုးရင့္ရွန္သည္ မ်က္ႏွာေသႏွင့္ေျပာလိုက္သည္ :
" က်ဳပ္ရဲ့ကိုယ္ေရးအခ်က္လက္ေတြက ခင္ဗ်ားတို႔ရဲ့အဲ့ဒီစိတၲဇေကာင္ေတြစုေဝးေနတဲ့ေနရာမွာ အေဖာ္ျပထားခံရေတာ့၊ ခင္ဗ်ား က်ဳပ္ကိုသိတာက အရမ္းသဘာဝက်တယ္။ "
" မဟုတ္ဘူး။ ငါက အဲ့ဒီဟာေတြထက္ မင္းကို ပိုၿပီးနက္နက္နဲနဲသိတယ္။ "
ဟူဒီႏွင့္လူသည္ မဲ့ၿပံဳးၿပံဳးလိုက္ၿပီး၊
" လြန္ခဲ့တဲ့ဆယ့္ရွစ္ႏွစ္ကသတင္းစာေပၚက ေကာင္ေလးက၊ မထင္မွတ္ထားဘဲ၊ ႀကီးလာတဲ့ေနာက္ပိုင္းမွာ လူပံုသူပံုေပါက္လာတာပဲ။ "
ကံုးရင့္ရွန္၏မ်က္ႏွာအေရာင္သည္ ေျပာင္းသြားခဲ့သည္ :
" ခင္ဗ်ား ဘာေျပာတယ္ !"
ရန္ရိသည္ ကုလားထိုင္မွ ဇတ္ခနဲထလိုက္ၿပီး၊ မ်က္ႏွာအေရာင္မွာလည္း ဆုတ္ယုတ္လာခဲ့သည္။
ခ်ိဳက္ၿခံသည္လည္း ၾကက္ေသေသသြားရသည္။
ဟူဒီႏွင့္လူသည္ တဟားဟားရယ္ေလသည္။
ကံုးရင့္ရွန္သည္ စားပြဲကို ခပ္ၾကမ္းၾကမ္းရိုက္ပစ္လိုက္သည္။ ေသြးမ်ားသည္ နားထင္သို႔ ေဆာင့္တက္လာေလသည္။ :
" ခင္ဗ်ား ဘာေျပာလိုက္တယ္ ?!"
" ငါ ေျပာတာက...... "
ဟူဒီႏွင့္လူသည္ မႏွစ္ၿမိဳ႔ဖြယ္ၿပံဳးလိုက္ၿပီး၊
" သခင္ေလးကံုး၊ မင္း အဲ့ဒီ ' ငွက္ ' ကို မွတ္မိေသးလား။ "
ကံုးရင့္ရွန္၏မ်က္လံုးမ်ားသည္ ျပဴးက်ယ္သြားၿပီး၊ မ်က္လံုးအိမ္မွာ ရုတ္ျခည္းဆိုသလို စူးရွလာခဲ့သည္။ သူသည္ လ်ွပ္စစ္ဓါတ္အတို႔ခံလိုက္ရသလိုမ်ိဳး ထိုင္ခံုမွဇတ္ခနဲထလိုက္ၿပီး၊ စားပြဲကို ပတ္သြားကာ၊ ဟူဒီဝတ္ထားသည့္ေယာက်ာ္းကို ဆြဲမၿပီး၊ နံရံဆီသို႔ ၾကမ္းတမ္းစြာပိတ္ကပ္ပစ္လိုက္သည္။ ဟူဒီႏွင့္လူ၏လက္ထိပ္မွာ စားပြဲတြင္ခ်ည္ထားဆဲျဖစ္သည္။ ကံုးရင့္ရွန္၏အျပဳအမူမွာ အားႀကီးလြန္းသျဖင့္၊ စားပြဲကိုေတာင္မွဆြဲသြားကာ၊ နားအူေလာက္သည့္အသံ ေပၚထြက္လာခဲ့ရသည္။
ခ်ိဳက္ၿခံသည္ ထိန္းခ်ဳပ္ခန္းမွ ေျပးထြက္လာခဲ့သည္။ ရန္ရိသည္လည္း လိုက္ၿပီးေျပးထြက္လာခဲ့သည္။
" ခင္ဗ်ား ဘာေျပာတယ္ !ခင္ဗ်ား ဘာေျပာလိုက္တယ္ !"
ကံုးရင့္ရွန္သည္ ဟူဒီႏွင့္ေယာက်ာ္းအား ေအာ္ဟစ္ေျပာေနခဲ့သည္။ သူ႔၏မ်က္လံုးအစံုမွာ နီရဲေနၿပီး၊ အၾကည့္မွာလည္း သားရဲတစ္ေကာင္ႏွယ္ၾကမ္းၾကဳတ္ေနခဲ့သည္။
ခ်ိဳက္ၿခံသည္ ကံုးရင့္ရွန္အား တားေလသည္ :
" ေဒါက္တာကံုး၊ လႊတ္လိုက္၊ သူ႔ကို အျမန္လႊတ္လိုက္ေတာ့ !"
ရန္ရိသည္လည္း သြားၿပီး၊ ကံုးရင့္ရန္အား ဆြဲေလသည္။
ကံုးရင့္ရွန္ကမူ ဟူဒီႏွင့္ေယာက်ာ္းကို အေသဆြဲဆုပ္ထားၿပီး လႊတ္မေပးေခ်။ ႏႈတ္မွလည္း " ခင္ဗ်ား ဘာေျပာလိုက္တယ္ !" ဆိုတာခ်ည္းပဲ ေအာ္ေျပာေနကာ၊ အသိစိတ္လြတ္ေနခဲ့သည္။
ရန္ရိတစ္ေယာက္ ေအာ္ေျပာေလသည္ :
" ကံုးရင့္ရွန္ မင္း လႊတ္လိုက္ေတာ့လို႔။ မင္း အျပစ္ေပးခံခဲ့ရမယ္ဆိုရင္ သူ႔ကို စစ္ေဆးလို႔မရေတာ့ဘူး !"
ရန္ရိ၏အသံမွာ မိုးခ်ဳန္းသံအလား၊ ကံုးရင့္ရွန္အား လႈပ္ႏိႈးလိုက္သလိုျဖစ္သြားၿပီး၊ သူ႔တစ္ကိုယ္လံုးသည္ လႈပ္ရွားမႈကင္းမဲ့သြားရေတာ့သည္။
ႏွစ္ေယာက္သည္ ကံုးရင့္ရွန္၏ေျပေလ်ာ့သြားမႈကို အခြင့္ေကာင္းယူၿပီး၊ ဟူဒီႏွင့္လူကို သူ႔လက္ထဲမွလုယူလိုက္သည္။
ခ်ိဳက္ၿခံသည္ နဖူးအထက္ရိွ ေခြၽးေအးမ်ားကို သုတ္လိုက္ၿပီး :
" ေတာ္ေသးတယ္ ဒီအခ်ိန္မွာ လူမရိွလို႔၊ မဟုတ္ရင္ ျပႆနာတက္မွာ။ "
သူသည္ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး၊
" ေဒါက္တာကံုး၊ ခင္ဗ်ား ဘယ္လိုျဖစ္တာလဲ ?ခင္ဗ်ားရဲ့စိတ္အေျခအေန ဒီေလာက္မတည္မၿငိမ္ျဖစ္တာကို ကြၽန္ေတာ္ ပထမဆံုးေတြ့ဖူးတာပဲ။ ဒီေန့ေတာ့ ေတာ္လိုက္ၾကတာေပါ့။ မေမးနဲ႔ေတာ့၊ ခင္ဗ်ား ျပန္ၿပီး ပဲနားလိုက္ပါေတာ့။ "
ကံုးရင့္ရွန္သည္ ထိုေနရာတြင္ ေတာင့္ေတာင့္ႀကီးျဖစ္ေနခဲ့သည္။ ႏႈတ္ကလည္း ေဖ်ာ့ေတာ့စြာေရရြတ္ေနၿပီး၊ စကားေတာ့ ေျပာထြက္မလာခဲ့ေပ။
ရန္ရိသည္ ခ်ိဳက္ၿခံအား မ်က္စပစ္ျပလိုက္ၿပီး၊ ဟူဒီႏွင့္ေယာက်ာ္းကို သူ႔အား ေခၚသြားခိုင္းလိုက္သည္။ ခ်ိဳက္ၿခံသည္ လူကို အျမန္ေခၚထုတ္သြားလိုက္သည္။
ရန္ရိသည္ ကံုးရင့္ရွန္၏ျဖဴေဖ်ာ့ေနသည့္မ်က္ႏွာကို ၾကည့္ေနခဲ့သည္။ ဟူဒီႏွင့္လူေျပာသည့္စကားမွာ လြန္ခဲ့သည့္ဆယ့္ရွစ္ႏွစ္က သူ႔တစ္မိသားစုလံုး လုပ္ႀကံသတ္ျဖတ္ခံရသည္ႏွင့္ ေသခ်ာေပါက္ ပက္သက္မႈေနမည္ကို သိေပသည္။ ကံုးရင့္ရွန္၏ဤကဲ့သို႔ေသာလိုမ်ိဳးတံု႔ျပန္မႈသည္ နည္းနည္းေလးမွထူးမဆန္းေနေပ။
" ကံုး၊ ေဒါက္တာကံုး။ "
ရန္ရိသည္ အသံတိုးတိုးေလးႏွင့္ေျပာလိုက္သည္။
" မင္း ခဏေလာက္ စိတ္ေအးေအးထား၊ အသက္ျပင္းျပင္းရႉသြင္းလိုက္။ "
ကံုးရင့္ရွန္သည္ မ်က္လံုးကို ျဖည္းျဖည္းခ်င္းေမာ့ၾကည့္လိုက္ၿပီး၊ ရန္ရိအား ေငးၾကည့္ေနခဲ့သည္။
" အသက္ျပင္းျပင္းရႉ။ "
ရန္ရိသည္ ကိုယ္တိုင္အသက္အရႉအသြင္းလုပ္ျပလိုက္သည္။
" မင္း ဘာကိုပဲၾကားခဲ့ၾကားခဲ့၊ မင္း ဘာႀကီးပဲျဖစ္ခဲ့ျဖစ္ခဲ့၊ မင္း အခုလုပ္ဖို႔အလိုအပ္ဆံုးက စိတ္ၿငိမ္သြားေအာင္ပဲ။ "
ကံုးရင့္ရွန္၏ ထိုနီရဲေနသည့္မ်က္လံုးမ်ားသည္ တျဖည္းျဖည္းေဝဝါးလာကာ၊ ခႏၶာကိုယ္မွာလည္း တသိမ့္သိမ့္တုန္လာေတာ့သည္။
ရန္ရိ၏ႏွလံုးသားသည္ ေလးလံစြာအဖိႏိွပ္ခံထားရသလိုပင္။ သူသည္ ထိန္းခ်ဳပ္ဖို႔ရန္ခက္ခဲေနသည့္လက္ကိုဆန္႔ထုတ္လိုက္ၿပီး၊ ကံုးရင့္ရွန္၏လည္ပင္းကို ကိုင္ကာ၊ လက္မကေလးျဖင့္ ထိုေခ်ာမြတ္လွသည့္ပါးျပင္ကို ပြတ္ေပးေနခဲ့သည္ :
" မင္း ငါ့ကို ေျပာျပလို႔ရတယ္။ တစ္ေယာက္ထဲ တင္းခံေနစရာမလိုဘူး၊ မင္း ငါ့ကို ေျပာျပလို႔ရတယ္။ ဒါေပမဲ့ မင္း လံုးဝစိတ္လိုက္မာန္ပါလုပ္လို႔မျဖစ္ဘူး။ "
ကံုးရင့္ရွန္သည္ မ်က္လံုးကိုျပဴးလိုက္ၿပီး၊ မ်က္ရည္ကို စီးက်ခြင့္မေပးေခ်။ သူသည္ ျပာဝင္ေနသည့္အသံႏွင့္ေျပာလာခဲ့သည္ :
" ငွက္......ငွက္မ်က္ႏွာဖံုး။ "
" ဘာႀကီး ?"
" အဲ့ဒီလူက၊ ဝတ္ထားတယ္၊ ငွက္မ်က္ႏွာဖံုးကို။ "
ဤစကားေျပာၿပီးသည္ႏွင့္၊ ကံုးရင့္ရွန္၏အၾကည့္မွာ စတင္ၿပီး ေလ်ာ့ရဲလာကာ၊ အသက္ရႉ၍မရေတာ့သလိုပင္။ သူသည္ ရုတ္တရက္ ရန္ရိကို ဆြဲဖက္လိုက္သည္။ လူတစ္ေယာက္က ျပဳတ္မက်ခင္တြင္ တြယ္ဖက္ထားမိလိုက္မွ သူ႔အားကယ္တင္ေပးႏိုင္မည့္အရာဝတၴုတစ္ခုအလား၊ သူသည္ တင္းၾကပ္စြာဖက္ထားေလသည္။
ရန္ရိသည္လည္း လက္ေမာင္းကိုဖြင့္ဟလိုက္ၿပီး၊ ထိုက်ယ္ေျပာလွသည့္ေက်ာျပင္ကို ေပြ့ဖက္ေပးလိုက္သည္။ အလြန္စိတ္မေကာင္းျဖစ္လြန္းသျဖင့္ စကားပင္မေျပာႏိုင္ေတာ့ေခ်။
ဘာလို႔ ဒီအခ်ိန္က်မွလဲ။ ဘာလို႔မ်ား အခ်ိန္မွာမွလဲ။ ရန္ရိတစ္ေယာက္ ႏွလံုးသားမွနာက်င္မႈကို ရွင္းလင္းစြာ ခံစားမိသည့္အခ်ိန္တြင္၊ လြန္ကဲလြန္းသည့္သည္းညည္းမခံႏိုင္မႈႏွင့္ တန္ဖိုးထားျမတ္ႏိုးမႈတို႔ကို ခံစားမိၿပီး၊ ဝမ္းလည္းဝမ္းနည္း၊ ေဒါသလည္းထြက္မိသည္။ သူ ထပ္ၿပီး ဘယ္လိုမွေနာက္ဆုတ္မရေတာ့ဘဲ၊ ကိုယ့္ကိုယ္ကိုယ္ ဘယ္လိုမွလိမ္ညာ၍မရေတာ့သည့္ ဤအခိုက္အတန္႔တြင္၊ သူ ေနာက္ဆံုး၌ မဝန္ခံ၍မရေတာ့ေခ်။ သူသည္ ရင္ခြင္ထဲကလူကို စိတ္ဝင္စားေနေလၿပီ။
************************************