အပိုင်း - ၂၉

3.7K 380 28
                                    

ဒီနေ့က Jongin နဲ့ Sehun တို့ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့..

ဘယ်နနှစ်လဲဆိုတာ ရေတွက်ဖို့ မလိုဘူးလို့ jongin တွေးမတယ်.. အနားမှာ ဦးရှိနေတဲ့ နေ့တိုင်းက တန်ဖိုးရှိနေတာမို့
အတူရှိခဲ့တာ ဘယ်နနှစ်မြှောက်ပြီလဲ Jongin တကယ်မတွေးချင်ဘူး..

ခွဲစိတ်မှုက အောင်မြင်ပေမယ့် ဦးက တစ်ခါဘဲ သတိလည်လာသေးတယ်... နောက်ဆက်တွဲစိတ်ပူရတဲ့ လက္ခဏာတွေ မရှိပေမယ့် jongin ကတော့ သက်ပြင်းရဲရဲမချရဲသေးပေ...

" Daddy က သတိရလာမှာပါ.. Papa က လေတိုက်ရင် လဲတော့မလိုဖြစ်နေပြီ.. အစားလည်းစားပါဦး.."

အခန်းထဲကို ဝင်လာတဲ့ Jihun က အနောက်နိုင်ငံရောက်တာ သိပ်မကြာသေးတာတောင် လူကောင်ကထွားလိုက်တာ.. ဦးဆီက အမွေရထားတဲ့ ရင်အုပ်ကျယ်တွေ ခြေတံလက်တံရှည်နဲ့ ကောင်လေးက Jongin နဲ့ပင် မတိမ်းမယိမ်းဖြစ်နေချေပြီ...

ဦး ခွဲခန်းဝင်တဲ့ တစ်လျှောက်လုံးရော သတိမရခင်အချိန်အထိပါ အနားမှာ အားပေးဖော်ရနေတဲ့ Jihun က
အရင်ကထက် အများကြီးလူကြီးဆန်ပြီးရင့်ကျက်လာတယ်...

အင်းလေ.. ဦးက သားကို သိပ်ချစ်တဲ့ အဖေတစ်ယောက်ဘဲ မဟုတ်ပါလား..
သားကို သိပ်ချစ်လွန်းလို့ jongin ကိုတောင် စွန့်လွှတ်ဖူးခဲ့တာဘဲလေ..

စိတ်နာသည်ရယ်လည်းမဟုတ်ပေမယ့် ပြီးခဲ့တာတွေ ပြန်မတွေးချင်တော့ပါ...

ဆေးရုံ canteen ကို ထွက်လာလိုက်ပြီး ခရုဆန်ပြုတ်တစ်ပန်းကန်မှာလိုက်ကာ အခန်းထဲကို ပြန်ယူလာလိုက်တယ်...

Jihun က ခြေရင်းမှာ ထိုင်ရင်း သူယူလာခဲ့တဲ့ ကျောင်းစာတွေလုပ်ရင်းရှိနေခဲ့တယ်...

ဦးက တော့ ကုတင်ပေါ်မှာ တိတ်ဆိတ်နေဆဲ...

အပြင်မှာတော့ ရာသီဥတုက သာသာယာယာရှိနေဆဲကနေ မိုးလေးတွေ ဖျောက်တောက်တောက်ကျလာခဲ့တယ် ..

မိုးစက်လေးတွေ ကျနေတာကို ကြည့်ရင်း Jongin တီးတိုးဆုတောင်းမိသည်...

ဦးသဘောကျတဲ့ မိုးစက်တွေတောင် ကမ္ဘာပေါ်ကို ခုန်ဆင်းလာပြီလေ.. ကျနော်တို့ ၂ ယောက် အတူကြည့်ဖို့ မြန်မြန်နေကောင်းလာပါတော့ ...

| ဦး | Zawgyi + Unicode  [ Completed ] Tempat cerita menjadi hidup. Temukan sekarang