အပိုင်း - ၂

7.2K 884 19
                                    

Sehun နားထဲမှာ ညည်းသံလိုလို ရှိုက်သံလိုလိုကြားတာမို့
မျက်လုံးတွေကို ဖွင့်လိုက်တော့ ညအိပ်မီးမှိန်မှိန်အောက်မှာ
အခန်းထဲကနာရီ ညွှန်ပြနေတာ ည ၁ နာရီကျော်....

အိပ်ယာထဲကနေ အသာထလိုက်ရင်း ဘေးနားက ညည်းနေတဲ့ Jongin ကိုယ်လုံးလေးကို တစ်ဖက်ဆွဲလှည့်လိုက်တော့ ချွေးတွေနစ်နေတဲ့ ကိုယ်လုံးလေးက လက်ထဲပါလာ၏...

ဒီကောင်လေး ဖျားနေတာ ပုံမှန်မဟုတ်တဲ့ ခန္တာကိုယ်အပူက သိသိသာသာ...

" hey... Jongin .. ကိုယ်ခေါ်နေတာကြားလား..!"

ပါးကိုအသာပုတ်ရင်းနိုးတော့ ခပ်မှေးမှေးမျက်လူံးလေးတွေက ခက်ခက်ခဲခဲ ဖွင့်ကြည့်လာကာ...

" ဟင်... ဦး.... Nini ပူတယ်..."

သတိရှိသေးတာမို့ Sehun အလျှင်အမြန်ပင် Jongin ခန္တာကိုယ်က အကျီတွေကို ဆွဲချွတ်ပစ်ကာ ချွေးတွေကို အနားမှာရှိတဲ့ တဘက်အသေးလေးနဲ့ သုတ်ပစ်သည်....

Sehun အိပ်တဲ့ ဘက်ခြမ်းကို Jongin ကို ရွှေ့လိုက်ပြီး
စောင်အပါးလေးခြုံပေးကာ အောက်ထပ်ကို ကမန်းကတန်းပြေးဆင်းပြီး မမကြီးကို နှိုးရသည်...

" မမ ဟိုကလေးစားလို့ရမယ့်ဟာလေးတစ်ခုခုလုပ်ပေးပါ...
ဖျားနေလို့...."

အိပ်ချင်မူးတူးနဲ့ အခန်းထဲက ထွက်လာတဲ့ မမကြီးကလည်း Sehun စကားကြောင့် ကပျာကယာ နဲ့ မီးဖိုခန်းထဲ ဝင်သွားသည်....

ရေခဲသေတ္တာထဲက ရေခဲတွေကို ရေဖြည့်ထားတဲ့ ဇလုံထဲထည့်ပြီး အပေါ်ထပ်ကိုယူကာ Sehun ပြန်တက်လာရသည်....

ပြီးမှ
အိပ်ယာထဲက Jongin ခန္တာကိုယ်ကို အလျင်အမြန်ရေပတ်တိုက်ပေးပြီး အပူကျအောင်လုပ်ရသည်....

အတွင်းခံကအစ ဆွဲချွတ်ကာ Sehun သုတ်သင်ပေးနေပေမယ့် ဘာမှမခံစားရ...

အရွယ်ရောက်ခါစ ကလေးမှန်းသိသာတဲ့ လက္ခဏာတွေကိုမြင်ရတော့ Sehun ဘာရယ်မဟုတ် ပြုံးလိုက်မိသေးသည်...

မေမေကလည်းနော် ဘာလို့ ဒီကလေးလေးကိုမှ
Sehun လက်ထဲ ထည့်ပေးချင်တာပါလိမ့်....

ငယ်ငယ်ကတည်းက မျက်စိရှေ့ကြီးလာတဲ့ ကလေးမို့
Sehun အတွက်တော့ Jongin က မထူးဆန်းပါ...

| ဦး | Zawgyi + Unicode  [ Completed ] Where stories live. Discover now