အပိုင်း - ၂၁

5K 995 76
                                    

ထိုနေ့က ကိစ္စပြီးကတည်းက မမက ဘာမှမမေးပေမယ့်
Jongin အတိတ်ကလူနဲ့ ပတ်သတ်ရာ ပတ်သတ်ကြောင်းဖြစ်မယ်ဆိုတာကို ရိပ်မိဟန်တူပါတယ်...

Jongin ကို ဘာဖိအားမှ မပေးဘဲ စောင့်ရှောက်ထားတဲ့အပြင် နားလည်ပေးတတ်လွန်းတဲ့ အမျိုးသမီးမို့ အားနာရသလို မမကိုလည်း မျက်နှာပူရသည်...

Jongin ရဲ့ လက်ရှိရေပန်းစားနေတဲ့ စာအုပ်လေးအကြောင်းကို ရေဒီယိုအသံလွှင့်လို့ပြီးပြီမို့ ဝန်ထမ်းတွေကို နှုတ်ဆက်ကာ အိမ်ပြန်ဖို့ အသံလွှင့်ရုံအပြင်ဘက်ထွက်လိုက်တော့ ကောင်းကင်ကြီးက မဲညို့နေကာ မိုးကာ တစ်ဖွဲဖွဲနဲ့...

တံစက်မြိတ်ကနေ ကျနေတဲ့ ရေစက်လေးတွေကိုကြည့်ရင်း
Jongin ကိုရီးယားမှာရှိနေတာကို ဦးသိများသွားပြီလားလို့ တွေးမိသေးသည်..

အသက်ရှင်လျှင်ရှိနေတုန်းမှာ ဘယ်တော့မှ ပြန်မရှာတော့ဖူးလို့ Jongin ဆူံးဖြတ်ထားတာမို့ ပြန်လည်းမတွေ့ချင်တော့..
မပြတ်မသား သူကြောင့် Jongin ဘဝမပျက်ခံစားဖူးတာမို့ အသိတရားလည်းရှိနေပါပြီ...

အိမ်ထောင် ၃ ဆက်နဲ့ ယောကျာ်းတစ်ယောက်က နစ်နာတယ်မဟုတ်ပေမယ့် တင့်တယ်တာမှ မဟုတ်ပေဘဲ...

အတွေးတွေကိုရပ်လိုက်ရင်း ကားစက်နှိုးကာ အိမ်ပြန်ဖို့ ဦးတည်လိုက်တော့တယ်...

သွားရင်းနဲ့မှ မမ ကြိုက်တတ်တဲ့ အမဲအူပြုတ်လေးဝယ်ဖို့ သတိရတာကြောင့် ကားကို ဦးတည်ရာပြောင်းလိုက်တယ်..

Jongin တို့ အိမ်နဲ့ဝေးတဲ့ ရပ်ကွက်က ဆိုင်မို့ မမမှာ တောင့်တတတ်သော်လည်း မအားတာမို့ သောက်ရဖို့ ခဲယဉ်းသည်လေ....

ပိုသည်းလာတဲ့ မိုးကြောင့် jongin ကားကို ဖြေးဖြေးမောင်းရင်းဘဲ ဆိုင်လေးဆီကို ဦးတည်လိုက်တော့သည်..

Dashboard ပေါ်က မိသားစုပုံလေးကို ကြည့်ရင်း
Jongin တကယ်ဘဲ နှစ်နှစ်ခြိုက်ခြိုက်ပြူံးလိုက်မိတယ်..

ဘဝဟာ အမြဲတမ်း တည်ငြိမ်မနေဘူးဆိုတာ သိပေမယ့်
ထပ်ပြီး ဂယက်ရိုက်စရာမရှိတော့ဟု Jongin ယုံကြည်ခဲ့ဖူးသည်...

ဒါပေမဲ့လည်းလေ....

------ ဦး ------

" ဟိတ်ကောင်..! မင်း အိတ်ပေးလို့ ငါတို့ပြောနေတယ်လေ..!!"

| ဦး | Zawgyi + Unicode  [ Completed ] Opowieści tętniące życiem. Odkryj je teraz