အပိုင်း - ၁၇ ( Unicode )

911 88 4
                                    


" ကျနော် စိတ်ထဲရှိတဲ့အတိုင်းပြုမူလို့ ဖြစ်ပါ့မလား.. ဆရာ..

ပြီးတော့ ကျနော် သူ့အပေါ် ဟိူမိန်းကလေးနဲ့ ဖြစ်ဖူးသလိုမျိူး..."

စကားဆက်မပြောနိုင်ဘဲ ယူကျူံးမရပုံစံနဲ့ ခေါင်းငုံ့သွားတဲ့ sehun ကို ကြည့်ရင်း ဆရာဝန်က သက်ပြင်းချတယ်..

" ဒီမှာ.. sehun ..

ခင်ဗျား အမျိူးသားလေးနဲ့ ခင်ဗျားက တရားဝင်လက်ထပ်ထားပြီးသားမိူ့ ဒါမျိူးဖြစ်သွားတာ ခင်ဗျားမှာ အပြစ်မရှိဘူး..

ကျနော့်ကို ကြည့်ပါ sehun... ခင်ဗျားပြောပုံအရဆို kim jongin ဆီက ငြိုငြင်မှုတွေမရှိဘဲ လိုက်လိုက်လျှောလျှောနဲ့ ခင်ဗျားတို့ ၂ယောက်လူံး ဒီအခြေနေကို တက်ညီလက်ညီသွားခဲ့ကြတာ... ခင်ဗျားဆီ်မှာ အပြစ်မှာမရှိတာမို့ အတိတ်ကို ပြန်မသွားပါနဲ့.... "

စိတ်ရောဂါကုထူံးတော်တော်များများနဲ့ ရင်းနှီးသည်အထိ sehun ကို ခြောက်လှန့်ခဲ့တဲ့ အတိတ်ကိုပြန်ရောက်သွားရင် ဒီတစ်ခါ ဘယ်လိုမှကယ်လို့ရမှာမဟုတ်မှန်းသိနေတာမို့ တာဝန်ခံဆရာဝန်တစ်ယောက်အနေနဲ့ အတတ်နိုင်ဆူံး ကာကွယ်ပေးနေမိသည်...

" Emma ကို ကျနော် ချစ်ခဲ့တာမှန်ပါတယ်.. ဒါပေမဲ့ အခု ကျနော့်ဘဝကို ဒီကလေးလေးနဲ့ဘဲ နေဝင်ချင်တယ်... ကျနော် မတရားဘူးဆိုတာသိပါတယ်..ဒါပေမဲ့ ကျနော်ဆုံးဖြတ်လိုက်တိုင်း Emma နဲ့ ကလေးလေးတစ်ယောက်က ကျနော့်ကို အမုန်းတွေနဲ့ ကြည့်နေတယ်လို့ခံစားရတယ်.. ပြီးတော့ အဲ့ကိစ္စတွေ Jongin သိရင် တာဝန်မယူတတ်တဲ့ ယောကျာ်းလို့ ထင်ပြီး ကျနော့်ကို ရံွံသွားမယ်ထင်တယ်... ကျနော် တအားမွန်းကြပ်လို့ ဘာလုပ်ရမလဲ... ကျနော် .."

" oh sehun... ကျနော် ခေါ်နေတာကြားလား..! Sehun..!

သတိထားပါဦး...!! Oh sehun shiii..!!"

ပြောနေရင်းနဲ့ဘဲ အသိလွတ်သွားတဲ့ sehun ကို သူနာပြုတွေအကူညီနဲ့ စိတ်ငြိမ်ဆေးတစ်လုံးထိုးပြီး ကုတင်ပေါ်မှာ အနားယူခိုင်းလိုက်ရသည်...

" ဥက္ကဋ္ဌ oh ရဲ့ ကုသမှုမှတ်တမ်း အကုန်လုံးကို ယူလာခဲ့ပေးပါ.."

လက်ထောက်ဆရာဝန်လေးကို တာဝန်ပေးလိုက်ပြီး ၅ နှစ်ကျော်အထိ ကုသပေးခဲ့ရတဲ့ တပည့်ဖြစ်ဖူးတဲ့ လူနာတစ်ယောက်ကို သနားကြင်နာစွာနဲ့ဘဲ ဒေါက်တာ Lee ကြည့်နေမိသည်...

| ဦး | Zawgyi + Unicode  [ Completed ] Where stories live. Discover now