အပိုင်း -၇ ( Unicode )

912 102 7
                                    


မျက်စိရှေ့က မြက်ခင်းစိမ်းကြီးနဲ့ ခန့်ညားလှတဲ့ ဘုရားကျောင်းကြီးကို ကြည့်ရင်း Jongin ပါးစပ်ပင် မစေ့နိူင်....

ပထမအစမ်းဖြေပြီးလို့ ကျောင်းပိတ်နေတဲ့ ရက်အတွင်း

အလုပ်တွေ များနေတဲ့ ဦးက ဒီနေ့တော့ သွားစရာရှိတယ်လို့ဆိုကာ ခေါ်လာတာကြောင့် Jongin ပါလာခြင်းဖြစ်သည်...

ဘယ်နေရာလဲမပြောပေမယ့် တစ်လမ်းလုံးငြိမ်ငြိမ်လေးလိုက်လာတဲ့ Jongin နယ်ဘက်မှာသာ မြင်ရတဲ့ မြင်ကွင်းအထိတွေ့တွေကြောင့် ပျော်ခဲ့တယ်ဆိုတာကတော့ အမှန်ပင်...

အခူရောက်လာတဲ့ ဘုရားကျောင်းကြီးကြောင့်လည်း Jongin

မှာ အံ့သြတကြီး...

နေမပွင့်ဘဲ အုံ့မှိုင်းမှိုင်းရာသီ ဥတုကြောင့် ဆွယ်တာအဝါလေးနဲ့ ဂျင်းပန်အပြာလေးတွဲဝတ်ထားကာ ဘုရားကျောင်းကြီးကို တမေ့တမောငေးနေတဲ့ ကောင်လေးကို Sehun ကြည့်ရင်း တစ်စူံတစ်ယောက်ကို သတိရမိသည်...

ဒါ ဆယ်စုနှစ် တစ်ခုအတွင်း သူမပါဘဲ ပထမဆုံးအကြိမ်ပြန်လာတာဘဲ..

တစ်ချိန်တူန်းက မိုးပြာရောင် ဂါဝန်နဲ့ မိန်းမငယ်လေးတစ်ယောက်ရဲ့ သွင်ပြင်တွေက ဒီကောင်လေးနဲ့ သိပ်ဆင်နေရပါသလဲနော်.....

" Sehun...! Oh Sehun မလား...."

ကားသံကြောင့် ထင်ပါရဲ့.... ခပ်သုတ်သုတ်ပြေးထွက်လာတဲ့မာသာက Sehun ကိုမြင်တော့ အံ့သြဝမ်းသာနေရှာသည်...

" မလာတာ ဘယ်နှနှစ်ရှိပြီလဲသားရယ်....

မင်းထောက်ပံ့တဲ့ အလှူငွေတွေထက် ဘယ်တော့များ လူကိုယ်တိုင်ရောက်လာမလဲမျှော်ခဲ့ရတာ.... အခုရော သမားတော်ကြီးဖြစ်နေပြီပေါ့..."

Sehun လက်ဖဝါး ၂ဖက်ကို အသာဆုပ်ကိုင်ကာ စကားတွေပြောနေတဲ့ မာသာမျက်နှာမှာ Sehun နဲ့ နောက်ဆုံးတွေ့ခဲ့တူန်းက မရှိသေးတဲ့ အရေးကြောင်းတွေက နေရာယူနေပြီ....

" ကျနော် အလုပ်ထွက်လိုက်ပြီ မာသာ....

အိမ်ရဲ့ စီးပွားရေးကို ကျနော်ဦးဆောင်နေတယ်...."

အတူမက်ဖူးတဲ့ အိမ်မက်ဟာ သူမရှိတော့မှတော့

အဓိပ္ပါယ်ရှိပါ့ဦးမလား မာသာရယ်...

| ဦး | Zawgyi + Unicode  [ Completed ] Where stories live. Discover now