" ဒီလာမယ့် sunday မှာ ခွဲကြမယ်.. Sehun ကို ဒီရက်ပိုင်း အစားအသောက်ကျွေးတာ သတိထားပေးပါနော် "
ဆရာဝန်ကြီးပြောထားတာကြောင့် jongin ဂရုတစိုက်ရှိနေပေမယ့် sehun က အစားကို ဟုတ်တိပတ်တိစားနိုင်သည်တော့လည်းမဟုတ်ပါ..
ဆေးတွေအကူညီနဲ့ကြောင့်သာ အာဟာရရှိနေတာမျိုးဖြစ်ပြီး စားဖို့လည်း ခံတွင်းပျက်လို့ တောင့်တသူမဟုတ်.." ဦး ရေ.. ပြတင်းပိတ်လိုက်မယ်နော်..
အေးလာပြီ.. "ညနေစောင်းလာတာနဲ့ အေးလာတဲ့ ရာသီဥတုက အနုတ်ဘက်ရောက်ချင်နေပါပြီ.. နှင်းမကျသေးပေမယ့် အပင်တွေက အရွက်တွေ ခါချလို့ နေဝင်တာနဲ အအေးဓာတ်ကသိသိသာသာ..
မကြာခင် ဦး နဲ့ jongin တို့ရဲ့ မင်္ဂလာနှစ်ပတ်လည်
ရောက်လာတော့မှာဘဲ.. အဲ့ဒီနေ့အထိသာမက နောင်လာမယ့် မင်္ဂလာနှစ်ပတ်လည်တိုင်းမှာ ဦးကို ရှိစေချင်လွန်းလှသည်..Sehun မပြောရသေးခင် Jongin ကမှန်ပြတင်းတံခါးကို ဆွဲပိတ်ကာ လိုက်ကာကိုတော့ လှပ်တင်ထားပေးသည်..
လွမ်းသည်...
အေးငွေ့ငွေ့နဲ့ ဆောင်းရာသီက အခန်းထဲက sehun နွေးထွေးနေပေမယ့် အလွမ်းအငွေ့သက်ကတော့ ရိုက်ခတ်ဆဲပါဘဲ...မျက်စိရှေ့က sehun ရဲ့ အဝတ်တွေကို သိမ်းနေတဲ့
အကောင်ငယ်လေးကိုလည်း မြင်နေပါရက် လွမ်းသည်..
သားကိုလည်း သတိရသည်..Sehun မရှိတော့ရင်ရော သူတို့တွေ ဒီလိုရှိနေကြဦးမှာဘဲထင်သည်...
" သားဆီက ဖုန်းလာသေးလား.."
Sehun မေးတော့ Jongin က ခေါင်းညိတ်ပြတယ်..
" jihun က ဦးကို သိပ်စိတ်ပူနေတာ .. ခွဲခန်းဝင်ရမယ့် ရက်ပြန်လာမယ်ပြောတယ်.. ကျနော်က ခရီးဝေးလို့ မလာစေချင်ဘူးဦးရယ်.. ဒါပေမယ့် ကလေးက အဖေဆိုတော့ စိတ်ပူရှာမှာ.."
" Innie .."
ပြောစရာရှိသလို ခေါ်လိုက်တဲ့ sehun ကြောင့် အဝတ်တွေ သိမ်းနေတဲ့ Jongin လက်တွေ ရပ်တန်သွားပြီး လှည့်ကြည့်လာတယ်..
"Jihun ကို တစ်ယောက်တည်း စောင့်ရှောက်ဖို့ ယုံကြည်ချက်ရှိလား.."
" ဦး ..!! "
သိပ်ဒေါသထွက်သွားပုံရတဲ့ Jongin က အိမ်ထိန်းယူလာပေးတဲ့ မီးပူတိုက်ပြီးသား အကျီ်ကို ဖိချေလိုက်တယ်.. အခုချိန်မှာ Jongin မျက်နှာက ဒေါသကြောင့် ခပ်ရဲရဲဖြစ်ကောင်းဖြစ်နေနိုင်တယ်..
ဒါပေမဲ့ sehun က ဂရုမစိုက်ဘဲ ဆက်ပြောတယ်.." အသက်ရှင်ချင်လို့ ခွဲစိတ်တာပါ Jongin..
ဒါပေမဲ့ မတော်တဆဆိုတာမျိုးရှိလာခဲ့ရင် ဘာမှမမှာခဲ့ရလို့ ကိုယ်နောင်တရနေမိလိမ့်မယ်.."တွေးတွေးဆဆ ပြောတဲ့ sehun ကို Jongin ပွေ့ဖက်လိုက်တယ်.. ဒေါသထွက်ပေမယ့် sehun နာကျင်သွားမှာ jongin စိုးရွံ့တယ်.. ဦးက jongin အတွက်နဲ့ နာကျင်မှုတွေကို တောင့်ခံနေတာမို့ ထပ်ပြီးမနာကျင်စေလိုပါ..
" ဟင့်အင်း.. ဘာမတော်တဆမှမရှိဘူး..
ဦး သိလား... ကျနော့် ဘဝမှာ ဦးမဟုတ်တဲ့ ယောကျာ်း မိန်းမတွေနဲ့ စိတ်ဆင်းရဲကြီးစွာ ကြိတ်မှိတ်နေခဲ့ဖူးတယ်..
မေ့နိုင်ဖို့လည်းကြိုးစားခဲ့တယ်.. ဒါပေမဲ့ အဆုံးသတ်မှာ ဦးကိုဘဲ ကြိမ်ဖန်များစွာ ရွေးချယ်နေမိတဲ့ ကျနော့်အချစ်ကို မယုံဘူးလားဟင်.. ကျနော် ဦးနဲ့ ဘာကြောင့်နဲ့မှ ထပ်မခွဲဘူး..."Sehun သူ့ရင်ခွင်ထဲက ကလေးလေးရဲ့ ခေါင်းလုံးလုံးလေးကို ငုံ့နမ်းမိတယ်... ဘာလို့များ ဒီလိုစစ်မှန်တဲ့အချစ်ကို
တစ်ဘဝလုံး sehun တွန်းထုတ်နေမိခဲ့တာလဲ.." အင်းပါ... ဦးက Innie အတွက်ကြိုးစားမှာပေါ့..
တစ်ခုခုစားဦး .. မနက်ကတည်းက ဘာမှဟုတ်တိပတ်တိစားတာမတွေ့ဘူး... ကိုယ်စိတ်ပူအောင်မလုပ်ပါနဲ့.."ဦးပြောမှ နေ့လည်စာစားဖို့သတိရတဲ့ jongin က တစ်ခါတစ်လေ တစ်နေကုန် တစ်နပ်နဲ့ ပြီးသွားတဲ့နေ့တွေတောင်ရှိသည်... sehun သတိလက်လွတ် နာကျင်နေတဲ့ အချိန်တိုင်းမှာ Jongin ပါးစပ်ထဲကို အစားထည့်ဖို့ မတွေးနိုင်ခဲ့ဘူး..
ဖုံးကွယ်နိုင်လွန်းတဲ့ဦးက သတိလက်လွတ်ချိန်မှသာ
ဘယ်လောက်နာကျင်နေခဲ့လဲ သိရတာမို့ Jongin မှာ ရင်ကွဲနာ မကျရုံတမယ်ပါဘဲ..ဆေးအရှိန်ကြောင့် နေသာသလိုလေးဖြစ်နေတဲ့ sehun ကို
လှည့်ပတ်ချော့ရင်း စွတ်ပြုတ်လေး ၃/၄ ဇွန်းရအောင် ကျွေးလိုက်နိုင်တာကို jongin မှာ ပျော်မဆူံး...ဦးရေ.. အားတင်းထားပေးပါနော်...
အချိန်အကြာကြီး ဆက်အတူရှိပေးနိုင်ဖို့ ...
မေတ္တာတရားတွေနဲ့ ကျနော်တို့၂ယောက်အေးချမ်းစွာဆက်အတူရှိနိုင်ဖို့ အားတင်းထားပေးပါ...--------
အရမ်းတွေ ဇာတ်သိမ်းတော့မယ်..
ဟေဟေးးးး
VOUS LISEZ
| ဦး | Zawgyi + Unicode [ Completed ]
Fanfictionဦးက ........ က်ေနာ့္ကို ........ မခ်စ္ဘူး......... ဦးက ..... ကျနော့်ကို ....... မချစ်ဘူး .........