အပိုင်း - ၁၅

6.2K 899 219
                                    

အရာရာက ဖြစ်ချိန်တန်လို့ ဖြစ်လာတာပါဆိုလျှင်
Sehun နှလူံးသားကရော တစ်စစီဖြစ်ဖို့ အချိန်ရောက်လာပြီများလား....

ဒုတိယ ကိုယ်ဝန်ဆိုသော နှောင်ကြိုးအောက်မှာ sehun ဖြစ်ချင်စိတ်တွေကို ချိုးနှိမ်ပြီး မိသားစုဘဝကို အသာယာဆူံးတည်ဆောက်တော့မယ်လို့ဆူံးဖြတ်ထားသော်လည်း

တကယ်တမ်းကြုံလာတဲ့အခါ သတ္တဝါတစ်ခု ကံတစ်ခုရယ်လို့ မထားရက်ခဲ့ပါချေ...

အဲ့ဒီနေ့က
3 လထဲဝင်နေပြီဖြစ်တဲ့ sehun တို့ရဲ့ မိသားစုဝင်အသစ်လေးကို ဆေးခန်းပြပြီး အပြန်ပေါ့...

မိုးရွာနေလို့ ကားလမ်းချော်မှာစိုးတာကြောင့် sehun ကားကို သတိထားရင်းနဲ့ဘဲ မောင်းလာခဲ့တယ်...

ကားထဲမှာ Emma ဖွင့်ထားတဲ့ရေဒီယိုကလာနေတဲ့
သီချင်းအေးလေးတစ်ပုဒ်ရယ် သားကြီးရဲ့ စပ်စပ်စုစုစကားသံလေးတွေရယ်နဲ့ ကားထဲမှာ အသက်ဝင်နေခဲ့တယ်...

လမ်းချိုးထဲရောက်လာတာမို့ sehun ကားကို သတိထားမောင်းနေရင်းနဲ့ဘဲ အရှေ့ကို ပြေးဝင်လာတဲ့ အရိပ်တစ်ခုကြောင့် ဘရိတ်ကို အချိန်မှီအုပ်လိုက်ပေမယ့် ထိတ်လန့်သွားတာတော့အမှန်...

အရှိန်မပြင်းတာမို့ ကားထဲက လူတွေ သိပ်ပုံပျက်မသွားပေမယ့် ကားရှေ့က အရိပ်က ထမလာတော့....

Emma နဲ့ သားကို ကားပေါ်က မဆင်းဖို့ ပြောပြီး sehun ကားပေါ်က ကပျာကယာဆင်းကြည့်ရသည်...

လူရှင်းတဲ့လမ်းသွယ်လေးဖြစ်တဲ့အပြင် CCTV မရှိတာမို့ တစ်ပူအေးရသော်လည်း လှုပ်ရှားခြင်းမရှိတဲ့ အရှေ့က လူက ပုံမှန်တော့မဟုတ်ချေ...

မှောက်ရက်လဲကျနေတာကြောင့် မျက်နှာမမြင်ရတာမို့
ခပ်ရှည်ရှည်ဆံပင်ပျော့ပျော့တို့ ကာကွယ်နေတဲ့ မျက်နှာပြင်က မေ့လျော့ထားခဲ့တဲ့ အသက်လေးဖြစ်ဖို့ sehun တကယ်ဆုမတောင်းမိပါ....

ဖိနပ်ပင်မပါဘဲ ပေါက်ပြဲရာရှိနေတဲ့ ခြေဖမိုးငယ်ထက်က ခြေချောင်းလေးတွေကို sehun သိပ်ကို ရင်းနှီးနေသလားလို့လေ...

ကြည့်ရင်းနဲ့ဘဲ တူလွန်းတာမို့ sehun ခေါင်းထဲသွေးပင်တဒိန်းဒိန်းတိုးလာရသည်...

| ဦး | Zawgyi + Unicode  [ Completed ] Where stories live. Discover now