အပိုင်း - ၂၃

5K 724 75
                                    

April Fool ~~~😝































































တစ်ချိန်က တူနှစ်ကိုယ် ခိုအောင်းခဲ့ဖူးတဲ့ ဒီအခန်းထဲကနေ ခြေတစ်လှမ်းမှ လှမ်းခွင့်မရဘဲ jongin အကျယ်ချူပ်မိနေတာ
တစ်ပတ်ကျော်လာတဲ့အခါ အရာရာကို နာကျည်းလာမိသည်...

အခန်းထောင့်က ချိတ်ဆွဲထားတဲ့ မင်္ဂလာဓာတ်ပုံကို ဘယ်နခါမြောက်မှန်းမသိ Jongin ဖျက်စီးအပြီးမှာ အခန်းတံခါးဖွင့်ကာ ဝင်လာသူက ထိခိုက်မိထားတဲ့ Jongin လက်ထိပ်ဖျားလေးတွေကို အသာကိုင်လိုက်တယ်..

ခံတွင်းနွေးနွေးထဲမှာ အာငွေ့ပေးခံနေရတဲ့လက်တွေကို Jongin ဆွဲထုတ်တာ ရုန်းပေမယ့် sehun ကလွှတ်မပေး..

သွေးစတွေ စို့နေဆဲ လက်ဖဝါးလေးကို sehun ခပ်ဖွဖွစုပ်ကိုင်လိုက်ရင်း သက်ပြင်းအသာချမိတယ်..

" ကိုယ်ပြန်မလွှတ်ဘူးဆိုတာ သိရဲ့သားနဲ့ ဘာလို့ဆိုးချင်ရတာလဲ ကလေးရယ်...."

Jongin စိတ်တိုလွန်းအားကြီးနေတာကြောင့် မျက်လုံးတွေပင်ရဲကာ မျက်ရည်တွေ တစ်လှိမ့်လှိမ့်...

" ကိုယ့်ကို စကားပြောပါဦး... အရင်ရက်တွေကလိုဘဲ ကလေး ကျေနပ်တဲ့အထိ ကိုယ့်ကိုထုရိုက်ပါဦးလား.."

မျက်ဝန်းရဲရဲတွေက sehun ကို စားတော့ဝါးတော့မတတ်ဖြစ်နေပေမယ့် မေးဖျားလေးကို sehun ဆွဲမော့လိုက်တော့ ရှိုက်သံသဲ့သဲ့က စိတ်ရှုပ်ဖွယ်ရာ...

" သားဆီကိုတောင် ခဏဘဲသွားနိုင်တယ်...
အိမ်က ကလေးကိုစိတ်ပူလို့ ဆေးရုံမှာဖြောင့်အောင်တောင်မထိုင်နိုင်ဘူး... ဆေးထည့်ပေးမယ်နော်..."

လက်ဖဝါးနွေးနွေးလေးကိုဆုပ်ကိုင်ထားပေမယ့် ထပ်မရုန်းတာမို့ လက်ထဲမှာ အဆင်သင့်ဆုပ်ကိုင်လာတဲ့ ဆေးဘူးလေးကိုလက်ထိပ်လေးတွေပေါ် ညှစ်ချရင်း sehun မျက်ရည်စို့လာတယ်...

အရင်ရက်က ဒဏ်ရာတွေတောင် အသားမကျက်သေးတာ အခု အသစ်တွေက လက်၂ဖက်လုံးမှာ ရှိနေပြန်ဘီ...

အဲ့လောက်တောင် Jongin ကပြောင်းလဲသွားပြီလား...
Sehun က Emma ကို ချစ်ခဲ့ဖူးပေမယ့် ဆက်မချစ်နိုင်တော့သလိုမျိုး Jongin က sehun ကိုမချစ်တော့ဘူးလား...

| ဦး | Zawgyi + Unicode  [ Completed ] Där berättelser lever. Upptäck nu