" ဦးရေ.... !!
ဦးးး... ဒီမှာ လာကြည့်ပါဦး...!!!"
အောက်ထပ်က ဧည့်ခန်းထဲမှာ သတင်းစာဖတ်နေတဲ့ Sehun
ခြံထဲက Jongin အော်သံကြောင့် လက်ထဲက သတင်းစာကို တွေ့ရာပစ်ချကာ အိမ်အပြင်ပြေးထွက်လာသည်..
" Jongin....!! ဘာဖြစ်တာလဲ...."
Sehun အသစ်ဝယ်ထားပေးတဲ့ အမွှေးစုတ်ဖွားခွေးလေးကို ပိုက်ပြီး ဆင်းသွားတဲ့ Jongin က Sehun ကိုတွေ့တော့ တစ်ကိုယ်လူံးတုန်နေကာ..
" kate ... Kate လေးကိုကြည့်ပါဦး... ဦးရေ..."
ခုဏက Kate ရဲ့ ဟောင်သံကို ကြားပေမယ့် အခူလို မြွေနဲ့တွေ့တာကြောင့်လို့တော့ မထင်မိ...
ခွေးသဘာဝအရ သူ့ဟာသူ ဟောင်နေတယ်လို့ထင်မိတာ...
၂ပိုင်းပြတ်နေတဲ့ မြွေရယ် မြက်ခင်းပေါ်လဲကျနေတဲ့ Kate ရဲ့ အမွှေးဖြူလေးတွေပေါ်မှာ သွေးတွေစွန်းထင်းနေတယ်...
မြွေဆိူးမှန်း Sehun သိလိုက်တာမို့ ...
" Jongin... မင်း..မင်းရော ကိုက်ခံထိထားသေးလား..."
မြက်ခင်းပေါ်က ခွေးလေးကို စိတ်မဝင်စားအားစွာနဲ့ ဒူးလောက်ဘောင်းဘီ အမဲလေးနဲ့ ကွင်းထိုးဖိနပ်လေးစီးထားတဲ့ Jongin ခြေထောက်တွေကိုသာ Sehun လှည့်ပတ်ကြည့်နေမိသည်....
" ဦး... Kate လေးက သေသွားပြီလားဟင်..."
Sehun လက်မောင်းကို လာကိုင်တဲ့ Jongin လက်တွေက အေးစက်နေတယ်....
" ငါ မင်းကို မေးနေတယ်လေ...!!!!!
ဘယ်နားကို ထိထားသေးလဲလို့...."
Sehun သူတအားစိတ်ပူနေတာမို့ မေးတာမဖြေဘဲ
သူမေးချင်ရာကို လာမေးနေတဲ့ Jongin ကို စိတ်တိုစွာနဲ့ အော်လိုက်တော့ Jongin လန့်ကာ တုန်တက်သွားသည်....
ဘာမှမဖြေဘဲ မျက်ရည်တွေဖြိုက်ခနဲ ကျလာတဲ့ ကောင်လေးကြောင့် Sehun က သူမှားပြီမှန်းသိလိုက်ကာ Jongin ကို ဆွဲဖက်လိုက်ပြီး...
" ဆောရီး. ကိုယ် တအားစိတ်ပူနေလို့...
ဘယ်နားမှ မထိမိဘူး မဟုတ်လား..."
Jongin က Sehun ရင်ထဲကနေ သူ့ခွေးလေးကို
မျက်ရည်တွေ ကျရင်း ကြည့်ဆဲ...
YOU ARE READING
| ဦး | Zawgyi + Unicode [ Completed ]
Fanfictionဦးက ........ က်ေနာ့္ကို ........ မခ်စ္ဘူး......... ဦးက ..... ကျနော့်ကို ....... မချစ်ဘူး .........