အပိုင်း - ၂၀

4.5K 907 68
                                    

Weekend မှာ Jongin လည်း အလုပ်နားသလို မမလည်း အလုပ်ပိတ်တာကြောင့် အိမ်မှာ မုန့်လုပ်စားဖို့ စဉ်းစားရင်း မြို့ထဲက super market ကို ဈေးဝယ်ထွက်ခဲ့ကြသည်....

ဈေးဝယ်တွန်းလှန်းထဲ ထည့်ထားတဲ့ သမီးကို စနောက်နေသည်အထိ Jongin အခြေနေက အရာအားလုံး အေးဆေးပါဘဲ...

" မောင် .. ငွေရှင်းဖို့ဘဲ ကျန်တော့တာ
မမ toilet ခဏသူံးချင်လို့ မောင်တန်းစီထားနှင့်လိုက်နော်..."

Jongin ခေါင်းညိတ်ပြလိုက်ရင်း gommie လေးလက်ထဲကို
ခုဏက ဝယ်ထားတဲ့ Princess အရုပ်လေး ထည့်ပေးလိုက်တော့သမီးက သဘောကျကာ မျက်လူံးလေးတွေ ဝိုင်းလို့..

" Aigoo... ဘယ်သူ့ သမီးလေးမို့ ဒီလောက်ချစ်စရာကောင်းနေတာလဲ.."

သမီးကိုကြည့်နေရင်း Jongin တွန်းလှည်းကို တွန်းလိုက်တာမို့ တစ်စုံတစ်ယောက်ရဲ့ တွန်းလှည်းကို အသံမြည်သည်အထိ တိုက်မိသွားသည်...

ခြင်းထဲမှာထိုင်နေတဲ့ သမီးက လန့်သွားကာ အော်ငိုတာမို့ Jongin မှာ တစ်ဖက်ကိုတောင်းပန်မအားသေးဘဲ သမီးကို ပွေ့ကာ ချော့ရတော့သည်...

" Daddy မင်းသမီးလေး လန့်သွားပြီလား.. Daddy အမှားပါ တိတ်တော့ မငိုပါနဲ့ကွာ..."

" Jongin Arrjushii လား....!! "

သမီးကို ချော့နေရင်း နှင့်ပင် တစ်ဖက်ကလူစကားကြောင့် Jongin စကားတို့ တိတ်ဆိတ်သွားရသည်...

ကကြီးပုံ မျက်လုံးမှေးမှေးလေး မေးရိုးချွန်ချွန်လေးနဲ့ ကောင်ငယ်လေးဟာ Jongin ကိုမရည်ရွယ်ပါဘဲ တစ်စုံတစ်ယောက်ကို သတိရစေသည်...

မျက်နှာနုနုငယ်ငယ်နဲ့ မလိုက်မဖက် အရပ်မောင်း ကောင်းကောင်း ရင်အုပ်ကျယ်ကျယ်တွေက တကယ်ကို သူမှသူ...
ယောကျာ်းတန်မဲ့လက်သွယ်သွယ်တွေကသာ သူ့အမေနဲ့ တူပုံရတဲ့ ကောင်လေးဟာ Jongin ကို ဘယ်လိုများ သိနေရတာလဲ....

" မဟုတ်ပါဘူး... လူမှားနေတယ် ကောင်လေး..."

Jongin မပတ်သတ်ဖို့ဆုံးဖြတ်ပြီးပြီမို့ မသိချင်ယောင် ဆောင်ကာ သွားဖို့စဉ်းစားမိတယ်... ဘယ်လိုဘဲ ကိုယ့်အမသွေးသား ကိုယ့်တူပင်ဖြစ်နေပါစေ မပတ်သတ်ကြတာပိုကောင်းတာမို့...

| ဦး | Zawgyi + Unicode  [ Completed ] Where stories live. Discover now