အပိုင်း - ၂၉ ( Unicode )

1.8K 136 3
                                    


ဒီနေ့က Jongin နဲ့ Sehun တို့ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့..

ဘယ်နနှစ်လဲဆိုတာ ရေတွက်ဖို့ မလိုဘူးလို့ jongin တွေးမတယ်.. အနားမှာ ဦးရှိနေတဲ့ နေ့တိုင်းက တန်ဖိုးရှိနေတာမို့

အတူရှိခဲ့တာ ဘယ်နနှစ်မြှောက်ပြီလဲ Jongin တကယ်မတွေးချင်ဘူး..

ခွဲစိတ်မှုက အောင်မြင်ပေမယ့် ဦးက တစ်ခါဘဲ သတိလည်လာသေးတယ်... နောက်ဆက်တွဲစိတ်ပူရတဲ့ လက္ခဏာတွေ မရှိပေမယ့် jongin ကတော့ သက်ပြင်းရဲရဲမချရဲသေးပေ...

" Daddy က သတိရလာမှာပါ.. Papa က လေတိုက်ရင် လဲတော့မလိုဖြစ်နေပြီ.. အစားလည်းစားပါဦး.."

အခန်းထဲကို ဝင်လာတဲ့ Jihun က အနောက်နိုင်ငံရောက်တာ သိပ်မကြာသေးတာတောင် လူကောင်ကထွားလိုက်တာ.. ဦးဆီက အမွေရထားတဲ့ ရင်အုပ်ကျယ်တွေ ခြေတံလက်တံရှည်နဲ့ ကောင်လေးက Jongin နဲ့ပင် မတိမ်းမယိမ်းဖြစ်နေချေပြီ...

ဦး ခွဲခန်းဝင်တဲ့ တစ်လျှောက်လုံးရော သတိမရခင်အချိန်အထိပါ အနားမှာ အားပေးဖော်ရနေတဲ့ Jihun က

အရင်ကထက် အများကြီးလူကြီးဆန်ပြီးရင့်ကျက်လာတယ်...

အင်းလေ.. ဦးက သားကို သိပ်ချစ်တဲ့ အဖေတစ်ယောက်ဘဲ မဟုတ်ပါလား..

သားကို သိပ်ချစ်လွန်းလို့ jongin ကိုတောင် စွန့်လွှတ်ဖူးခဲ့တာဘဲလေ..

စိတ်နာသည်ရယ်လည်းမဟုတ်ပေမယ့် ပြီးခဲ့တာတွေ ပြန်မတွေးချင်တော့ပါ...

ဆေးရုံ canteen ကို ထွက်လာလိုက်ပြီး ခရုဆန်ပြုတ်တစ်ပန်းကန်မှာလိုက်ကာ အခန်းထဲကို ပြန်ယူလာလိုက်တယ်...

Jihun က ခြေရင်းမှာ ထိုင်ရင်း သူယူလာခဲ့တဲ့ ကျောင်းစာတွေလုပ်ရင်းရှိနေခဲ့တယ်...

ဦးက တော့ ကုတင်ပေါ်မှာ တိတ်ဆိတ်နေဆဲ...

အပြင်မှာတော့ ရာသီဥတုက သာသာယာယာရှိနေဆဲကနေ မိုးလေးတွေ ဖျောက်တောက်တောက်ကျလာခဲ့တယ် ..

မိုးစက်လေးတွေ ကျနေတာကို ကြည့်ရင်း Jongin တီးတိုးဆုတောင်းမိသည်...

ဦးသဘောကျတဲ့ မိုးစက်တွေတောင် ကမ္ဘာပေါ်ကို ခုန်ဆင်းလာပြီလေ.. ကျနော်တို့ ၂ ယောက် အတူကြည့်ဖို့ မြန်မြန်နေကောင်းလာပါတော့ ...

| ဦး | Zawgyi + Unicode  [ Completed ] Where stories live. Discover now