အပိုင်း - ၂၆ ( Unicode )

974 82 3
                                    


နေရောင်ခြည်တို့က လိုက်ကာကြားက အတင်းတိုးဝင်လာကာ နေ့သစ်ကို စတင်ဖို့ အစပျိူးနေကြသည်...

အလင်းရောင်ကြောင့် ကောင်းကောင်းအိပ်မရတော့တဲ့ Jongin မျက်လုံးတွေကို အလုပ်ပေးလိုက်ပြီး အနားမှာ အိပ်နေတဲ့ Sehun ဆီကို လက်လှမ်းလိုက်တယ်..

Jongin ဝယ်ပေးထားတဲ့ beanie မီးခိုးရောင် လေးနဲ့ အိပ်ပျော်နေတဲ့ ဦးက ဒီရက်ပိုင်း သိသိသာသာပိန်ကျသွားလိုက်တာ...

Jongin တမ်းတမ်းစွဲဖြစ်ခဲ့ရဖူးတဲ့ နှုတ်ခမ်းသွေးနီနီတို့ဟာ အခုတော့ ဖြူဖျော့ မှိန်ကျလု့ိ..

မျက်ကွင်းတွေ ချိူင့်ပြီးညိုပေမယ့် Jongin က နှလူံးသားနဲ့ ကြည့်သူမိူ့ ဦးဟာ ခန့်ညားဆဲ..

ငြိမ်းငြိမ်းချမ်းချမ်းအိပ်ပျော်နေတဲ့ Sehun ရဲ့ ယောကျာ်းဆန်ဆန် နဖူးပြင်ကျယ်ကို Jongin နှုတ်ခမ်းဖျားနွေးနွေးတို့ နဲ့ ဖိကပ်ကာ အနမ်းပေးမိသည်..

နောက်ဆို မနက်ခင်းဟာ တစ်ယောက်တည်း နိုးထလာရတော့မှာလားလိူ့ တွေးရင်း Jongin မျက်ရည်လည်လာရတယ်..

ဦးသာ ကျနော့်ကို ချစ်ရင် ထားသွားဖို့ဘဲ ပြင်ဆင်မနေပါနဲ့လားဗျာ... ကျနော့်တစ်ဘဝလုံး ဦးကဘဲ အမြဲကျောပေးတာ ခံရတဲ့ကောင်ပါ... ဒီတစ်ခါတော့

ကျနော့်ဘက်ကို လှည့်ကြည့်ပေးပါလား.. မမူန်းနိုင်အောင် ချစ်တဲ့ ကျနော့်ကို ဒီလောက်ထိလုပ်မှဖြစ်မှာလား..

Jongin မျက်ရည်သုတ်ကာ ဦးပါးကို ခပ်ဖွဖွနမ်းပြီး အိပ်ယာထဖိူ့ပြင်လိုက်တယ်...

၂ယောက်တည်း အေးအေးဆေးဆေးနေချင်လို့ လူပိုမရှိတဲ့ အိမ်မှာ ဦး အတွက် မနက်စာ ပြင်ပေးရဦးမယ်လေ..

---- / ---

မီးဖိုခန်းထဲမှာ ချက်ပြုတ်နေတဲ့ အသံတွေနဲ့ အနံ့မွှေးနေတဲ့ ဟင်းတွေရဲ့ အနံ့တွေက sehun ရဲ့ အသက်ရှိနေသေးတာကို သက်သေပြနေတဲ့ မနက်ခင်းပါဘဲ...

မီးဖိုခန်းထဲမှာ apron ဝတ်ထားတဲ့ ကောင်လေးတစ်ယောက် တလှုပ်လှုပ်နဲ့ sehun အတွက်ပြင်ဆင်နေမှာပေါ့..

မနက်ခင်းနိုးကတည်းက ကလေးငိုနေတာ sehun သိသည်..ဒါပေမဲ့ မျက်ရည်သုတ်ပေးဖို့တောင် လက်မလှမ်းရဲတဲ့ sehun က တကယ်ကို သတ္တိမရှိနေတာ ဖြစ်သည်...

| ဦး | Zawgyi + Unicode  [ Completed ] Kde žijí příběhy. Začni objevovat