အပိုင်း - ၁၄ ( Unicode )

905 83 7
                                    


Update တအားမျှော်နေကြတယ်လို့ အာရုံဒေရလို့

အပြေးလာ ဒိတ် <'3

" Jongin ..! "

ရင်းနှီးလွန်းတဲ့ ခေါ်သံကြောင့် အတူယှဉ်တွဲလျှောက်နေရာက

Jongin တိူ့ လှည့်ကြည့်မိတော့...

" Hansol !! "

Jongin မထင်မှတ်ထားတာမို့ ဝမ်းသာအားရနှုတ်ဆက်မိပေမယ့် Hansol ရဲ့ မျက်ဝန်းကျယ်တွေက တော့ Jongin တိူ့ ၂ ယောက်ကို အံ့အားသင့်စွာ...

" babe .. ဘယ်သူလဲ...? "

" အာ.. hyung ...

ဒါ ကျနော့် အထက်တန်းကျောင်းတုန်းက သူငယ်ချင်း

ji Hansol တဲ့....

Hansol ဒါ.. ငါ့ boyfriend အသစ် mike တဲ့.."

Jongin ရဲ့ သိပ်မထူးခြားသလို မိတ်ဆက်ပေးမှုက Hansol အတွက် အံ့သြစရာချည်း...

ကိုရီးယားမှာ မြင်ရခဲတဲ့ လက်ဖျံ၂ခုလုံး တက်တူးအပြည့်နဲ့ ဘဲကြီးကို Jongin ဘယ်လိုများ...!

Jongin ထက်အသက်ကြီးပုံရတဲ့ ထိုဘဲကြီးကို ကြည့်ရတာ ပုံမှန်ရော ဟုတ်ရဲ့လား...

အာရှရုပ်သိပ်မထွက်တဲ့ တက်တူးအပြည့်နဲ့ ထိုလူ့ မျက်ဝန်းမှေးတွေက Hansol စိတ်ထဲမှာ တစ်မျိုးကြီး...

အရောင်ခပ်လွင့်လွင့် T shirt တစ်ထည်ကို ဖြစ်သလိုဝတ်ထားပြီး ခပ်မှိုင်းမှိုင်းဘုတ်သိုက်ဆံပင်နဲ့ လူကောင်သေးသေးလေးက Jongin ဟုတ်ရဲ့လားလို့ Hansol ခေါ်လိုက်ပေမယ့် တကယ်ကို Jongin ဖြစ်နေခဲ့ခြင်း...

" jongin မင်း ကျောင်းပြန်မတက်ဘူးလား..

sehun arrjushii ရော..! "

Hansol ရဲ့ အမေးကြောင့် Jongin က ခပ်လှောင်လှောင်ရယ်လိုက်ကာ ...

" မသိဘူး Hansol ..!

ငါတို့ ကိစ္စရှိလို့သွားတော့မယ်..."

Hansol ဘာမှမပြောရသေးခင် လှည့်ထွက်သွားတဲ့

Jongin ကိုကြည့်ရင်း Hansol ခေါင်းထဲ ဗလာကျဉ်းနေခဲ့တယ်...

Jongin ကိုယ်လုံးသေးသေးလေးကို ခပ်ထွားထွားလူကြီးက သိုင်းဖက်သွားတာကို ကြည့်ရင်း Hansol ရင်ထဲ မွန်းကြပ်လာရသည်....

| ဦး | Zawgyi + Unicode  [ Completed ] Where stories live. Discover now