အပိုင်း 30 ( Final )

2.8K 184 9
                                    

Pa.. ဒါ ကျနော့်ကောင်မလေး ဆိုပြီး
သား မိတ်ဆက်ပေးလာမယ့် အမျိူးသမီးလေးဟာ
Gommie လေးဖြစ်နေခဲ့လိမ့်မယ်လို့ မထင်ထားခဲ့ပါ..

စသိသိချင်းမှာ စိတ်ထဲ မတင်မကျတွေဖြစ်ပေမယ့်
တစ်ယောက်နဲ့တစ်ယောက် တကယ်ချစ်မြတ်နိုးကြတဲ့ပုံပေါ်တဲ့ ၂ယောက်ကြောင့် Jongin သဘောတူဖိူ့သာတွေးလိုက်သည်...

ကမ္ဘာကြီးကပဲကျဉ်းတာလား မသိပေမယ့််
ဒါဟာဖူးစာသာဆိုရင် Jongin တိူ့ ဘာကိုတတ်နိုင်မည်လဲ..

သဘောမတူနိုင်ပါဘူးဆိုပြီး အတင်းလုပ်တဲ့ ဦးကြောင့် Jongin မှာ သားနဲ့ ယောကျာ်းကြားဗျာများရသေးသည်..

Gommie လိူ့ Jongin ချစ်စနိုးနဲ့ခေါ်ခဲ့တဲ့ တစ်ချိန်ကသက်ဆိုင်ဖူးတဲ့ သမီးကတော့ Jongin ကို သိပ်မှတ်မိဟန်ပင်မတူ..

အေးလေ.. မမရဲ့ နာရေးကိုတောင် Jongin မသွားဖြစ်သည်အထိ ဦးကို ဦးစားပေးခဲ့တာမဟုတ်လား...

Ji hun ကိုစိတ်ချရရင် တော်ပြီလို့ ဦးက တွေးထားလားမသိ လက်ထပ်ပွဲနီးလာတာနဲ့ အမျှ ချူချာလာတဲ့ ကျန်းမာရေးကြောင့် ကလေး၂ယောက်ကိုတောင် ဘာမှ မကူညီပေးနိုင်သေး..

" တော်ပြီ.. ကလေး လည်း ပင်ပန်းနေပြီ .. နားတော့ .. "

အသက် ၄၀ ကျော် ယောကျာ်းတစ်ယောက်ဆိုတာ သိပ်မအိုစာနိုင်သေးပေမယ့် ရောဂါဖိစီးသူ ဦးကတော့ အခြေနေသိပ်မတူ...

လက်ထဲက ကြက်သားဆန်ပြုတ်ပန်းကန်ကို ကုတင်ဘေးက စားပွဲလေးပေါ် ချလိုက်ရင်း ဦးလက်တွေကို Jongin ဖမ်းဆုပ်လိုက်တယ်...

" ဦး.. အများကြီး မတွေးနဲ့နော်.. ကျနော်တို့ ဒီလောက်နှစ်အများကြီး အတူရှိခွင့်ရတာ အခုနေမကောင်းတာလည်း ခဏပဲ.. "

Jongin ရဲ့ စကားကို Sehun က အမည်မတပ်နိုင်တဲ့ အပြုံးနဲ့ တူန့်ပြန်ပြီး ခါးသိမ်သိမ်လေးကို ဆွဲပွေ့လိုက်ရင်း နွေးနွေးထွေးထွေး ဖက်ထားတယ်...

ရင်ခွင်ထဲကို ရောက်သွားတဲ့ Jongin အဖို့ ဒီလူမရှိပဲ နေနိုင်ပါ့မလား မသေချာ...

" Inလေး သိလား... ကိုယ် ဒီနှစ်တွေထဲ ရှင်သန်လာတာကို ပင်ပန်းတယ်လိူ့ တစ်ခါမှမတွေးဖူးဘူး.. သားကြားရင် စိတ်မကောင်းဖြစ်မလားမသိပေမယ့်
မင်းရှိလို့သာ ကိုယ်ဒီလောက်ထိ အသက်ရှည်လာတာ.. မင်းမို့လို့.. မင်းအနားမှာရှိချင်လို့ .. "

| ဦး | Zawgyi + Unicode  [ Completed ] Место, где живут истории. Откройте их для себя